Input your search keywords and press Enter.

ထန်တလန်မြို့နယ်ရှိ ကျေးရွာချင်းဆက်လမ်းများဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ မေးမြန်း

Salai Khup Khup

ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ ကျေးရွာချင်းဆက်လမ်းများကို ၂၀၂၀ – ၂၁ ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးရန် အစီစဉ် ရှိ/မရှိနှင့် ပက်သက်ပြီး ဒုတိယအကြိမ် အမျိုးသား လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဘွဲခိန်းက မေးမြန်းခဲ့သည်။

ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဘွဲခိန်းက “ချင်းပြည်နယ် ထန်တလန်မြို့နယ်၊ ဆိုင်ကကျေးရွာအုပ်စု ဆိုင်ကကျေးရွာနှင့် ရွာဘုတ်ကျေးရွာအကြား ကျေးရွာချင်းဆက်လမ်း(၆)မိုင်၊ ရွာခွါကျေးရွာနှင့် ဆိုင်ကကျေးရွာကြားလမ်း (၈)မိုင်၊ ဆိုင်ဆီချောက်လမ်း၊ ဘုန်တလမ်ကျေးရွာသစ်မှ ဘုန်တလန် ကျေးရွာဟောင်း(၂)မိုင်တို့အား ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးရန် အစီစဉ် ရှိ/မရှိ” ဟုမေးမြန်းခဲ့သည်။

ဦးဘွဲခိန်း၏ မေးမြန်းမူကို နယ်စပ်ရေးရာ ဝန်ကြီးဌာန ဗိုလ်ချုပ်သန်းထွဋ်က “လမ်းတာချဲဲ့ဖောက်လုပ်ပေးရန်နှင့် ပက်သက်ပြီး သက်ဆိုင်ရာ ဒေသတာဝန်ရှိသူများက ပူးပေါင်းကွင်းဆင်းစိစစ်ရန် လိုအပ်မည် ဖြစ်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့မှ သတ်မှတ်စီမံကိန်း အဆိုပြုလွှာပုံစံဖြင့် တင်ပြလာပါက ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်ပြီး အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားဆောင်ရွက်ပေးမည်”ဟုပြောသည်။

ချင်းပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်များတွင် နယ်စပ်ဒေသဖွ့ံဖြိုးရေး လုပ်ငန်းများ အဆိုပြုလျာထား နိုင်ရေးအတွက် စီမံကိန်းများ ရေးဆွဲရာတွင် အကန့်အသတ်ဖြင့် ရရှိနိုင်သည့် ဘတ်ဂျက် အတိုင်းအတာ အတွင်း ပြည်သူများအတွက် အမှန်တကယ် အကျိုးပြုမည့် လုပ်ငန်းများ၊ ဒေသအတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဦးစားပေး အစီအစဉ်များအလိုက် စနစ်တကျ စိစစ်ရွေးချယ် အကောင်ထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်းလည်း နယ်စပ်ရေးရာ ဝန်ကြီးဌာန ဗိုလ်ချုပ်သန်းထွဋ်က ဆက်လက်ပြောသည်။

Zawgyi Version




ဦးဘွဲခိန်း၏ မေးမြန်းမူကို နယ်စပ်ရေးရာ ဝန်ကြီးဌာန ဗိုလ်ချုပ်သန်းထွဋ်က “လမ်းတာချဲ့ဖောက်လုပ်ပေးရန်နှင့် ပက်သက်ပြီး သက်ဆိုင်ရာ ဒေသတာဝန်ရှိသူများက ပူးပေါင်းကွင်းဆင်းစိစစ်ရန် လိုအပ်မည် ဖြစ်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့မှ သတ်မှတ်စီမံကိန်း အဆိုပြုလွှာပုံစံဖြင့် တင်ပြလာပါက ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်ပြီး အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားဆောင်ရွက်ပေးမည်”ဟုပြောသည်။

ချင်းပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်များတွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အဆိုပြုလျာထား နိုင်ရေးအတွက် စီမံကိန်းများ ရေးဆွဲရာတွင် အကန့်အသတ်ဖြင့် ရရှိနိုင်သည့် ဘတ်ဂျက် အတိုင်းအတာ အတွင်း ပြည်သူများအတွက် အမှန်တကယ် အကျိုးပြုမည့် လုပ်ငန်းများ၊ ဒေသအတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဦးစားပေး အစီအစဉ်များအလိုက် စနစ်တကျ စိစစ်ရွေးချယ် အကောင်ထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်းလည်း နယ်စပ်ရေးရာ ဝန်ကြီးဌာန ဗိုလ်ချုပ်သန်းထွဋ်က ဆက်လက်ပြောသည်။