Input your search keywords and press Enter.

ဒိုင်ရ်ချင်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ဂီတပွဲတော် ကန်ပက်လကြ်မို့တွင် ကျင်းပမည်

Salai Khup Khup

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် ဒိုင်ရ်ရိုးရာယဉ်ကျေးမှု ဓလေ့ကို လူငယ်များ လက်ဆင့်ကမ်း ထိမ်းသိမ်းနိုင်ရန် ဒိုင်ရ်ချင်းတိုင်းရင်းသာ ရိုးရာယဉ်ကျေးမှု ဂီတပွဲတော်ကို ဒီဇင်ဘာ (၁၉)ရက်နေ့မှ စတင်ပြီး ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

ပွဲဖြစ်မြောက်ရေးကော်တီမှ ဦးမနားရှင်းက “ဒိုင်ရ်လူမျိုးတွေရဲ့ ရိုးရာပွဲဖြစ်တယ် ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ပလက်ဝမှာရှိတဲ့ ဒိုင်ရ် လူမျိုးအားလုံးကို ကိုယ်စားပြုကျင်းပမှာဖြစ်တယ်။နောက်ပြီး မြန်မာနိုင်ငံ အတွင်းမှာရှိ ဒိုင်ရ်ချင်းလူများကိုလည်း ဖိတ်ကြားထားတယ်။ အခုလိုပွဲမျိုး လုပ်ဖြစ်တာ ရှေးတုန်းက ဒိုင်ရ်ချင်းတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ထုံးစံကို အခုခတ်လူငယ်တွေက သိရှိပြီးတော့ လက်ဆင့်ကမ်း ထိမ်းသိမ်းနိုင်အောင် ဆိုပြီးဒီပွဲကို ကျင်းပရတာဖြစ်တယ်”ဟုပြောသည်။

ကန်ပက်လက်မြို့နယ်တွင် ဒိုင်ရ်ချင်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမူ ဂီတပွဲတော်ကို ဒီဇင်ဘာလ (၁၉)ရက်မှ (၂၀) ရက်အထိ စည်ကားစွာ ကျင်းပသွားမည် ဖြစ်ပြီး အဆိုပါပွဲတွင် မြို့ပေါ်ရှိ ဌာန ဆိုင်ရာ အားလုံးနှင့် ချင်းပြည်နယ် အစိုးရအဖွဲ့ကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။

ဒိုင်ရ် ချင်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ဂီတပွဲတော်ကို ကန်ပက်လက်မြို့တွင် ပထမဆုံးကြိမ် ကျင်းပသော အခမ်းအနားဖြစ်ပြီး အဆိုပါပွဲတော်တွင် ဂီတအသိုင်းအဝိုင်းနှင့် ရိုးရာပွဲ မျိုးစုံကို နေ့ည ဆက်ပြီး နှစ်ရက်တာ ကျင်းပမည် ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version

ဒိုင္ရ္ခ်င္းတုိင္းရင္းသား ရိုးရာယဥ္ေက်းမႈ ဂီတပြဲေတာ္ ကန္ပက္လကၿ္မိဳ႕တြင္ က်င္းပမည္

ခ်င္းျပည္နယ္ ကန္ပက္လက္ၿမဳိ႕နယ္တြင္ ဒိုင္ရ္ရိုးရာယဥ္ေက်းမႈ ဓေလ႔ကို လူငယ္မ်ား လက္ဆင့္ကမ္း ထိမ္းသိမ္းႏုိင္ရန္ ဒိုင္ရ္ခ်င္းတိုင္းရင္းသာ ရိုးရာယဥ္ေက်းမႈ ဂီတပြဲေတာ္ကို ဒီဇင္ဘာ (၁၉)ရက္ေန႔မွ စတင္ၿပီး က်င္းပသြားမည္ ျဖစ္ေၾကာင္းသိရသည္။

ပြဲျဖစ္ေျမာက္ေရးေကာ္တီမွ ဦးမနားရွင္းက “ဒိုင္ရ္လူမ်ိဳးေတြရဲ႕ ရိုးရာပြဲျဖစ္တယ္ ကန္ပက္လက္၊ မင္းတပ္၊ မတူပီ၊ ပလက္ဝမွာရွိတဲ႔ ဒိုင္ရ္ လူမ်ိဳးအားလံုးကို ကိုယ္စားျပဳက်င္းပမွာျဖစ္တယ္။ေနာက္ၿပီး ျမန္မာႏုိင္ငံ အတြင္းမွာရွိ ဒုိင္ရ္ခ်င္းလူမ်ားကိုလည္း ဖိတ္ၾကားထားတယ္။ အခုလုိပြဲမ်ိဳး လုပ္ျဖစ္တာ ေရွးတုန္းက ဒိုင္ရ္ခ်င္းတုိင္းရင္းသားေတြရဲ႕ ရိုးရာဓေလ႔ထံုးစံကို အခုခတ္လူငယ္ေတြက သိရွိၿပီးေတာ့ လက္ဆင့္ကမ္း ထိမ္းသိမ္းႏုိင္ေအာင္ ဆုိၿပီးဒီပြဲကို က်င္းပရတာျဖစ္တယ္”ဟုေျပာသည္။

ကန္ပက္လက္ၿမိဳ႕နယ္တြင္ ဒိုင္ရ္ခ်င္းတုိင္းရင္းသား ရိုးရာယဥ္ေက်းမူ ဂီတပြဲေတာ္ကို ဒီဇင္ဘာလ (၁၉)ရက္မွ (၂၀) ရက္အထိ စည္ကားစြာ က်င္းပသြားမည္ ျဖစ္ၿပီး အဆုိပါပြဲတြင္ ၿမိဳ႕ေပၚရွိ ဌာန ဆုိင္ရာ အားလံုးႏွင့္ ခ်င္းျပည္နယ္ အစိုးရအဖြဲ႔ကိုလည္း ဖိတ္ၾကားထားေၾကာင္း သိရသည္။

ဒိုင္ရ္ ခ်င္းတုိင္းရင္းသား ရိုးရာယဥ္ေက်းမႈ ဂီတပြဲေတာ္ကို ကန္ပက္လက္ၿမိဳ႕တြင္ ပထမဆံုးၾကိမ္ က်င္းပေသာ အခမ္းအနားျဖစ္ၿပီး အဆုိပါပြဲေတာ္တြင္ ဂီတအသိုင္းအဝိုင္းႏွင့္ ရိုးရာပြဲ မ်ိဳးစံုကို ေန႔ည ဆက္ၿပီး ႏွစ္ရက္တာ က်င္းပမည္ ျဖစ္ေၾကာင္းလည္း သိရသည္။