Input your search keywords and press Enter.

ချင်းပြည်နယ်တွင် အမျိုးသမီးဦးရေပိုများနေသော်လည်း အဖွဲ့အစည်းများတွင် အမျိုးသမီးပါဝင်မှုနှုန်း နည်းနေသေးကြောင်းဝေဖန်

Salai Benezer

ချင်းပြည်နယ်တွင် လူဦးရေးအချိုးအစားအရ အမျိုးသားဦးရေထက် အမျိုးသမီးဦးရေ ပိုများနေသော်လည်း အဖွဲ့အစည်းများတွင် အမျိုးသမီးပါဝင်မှုနှုန်းနေသေးကြောင်း ထန်တလန်မြို့နယ်မှ ပြည်သူ့လွှတ်တော် အမတ် ဒေါ်နီရွှေလျန်မှ ပြောသည်။

“ကျမတို့ချင်းအသိုင်းဝိုင်း အတွင်းမှာဆိုရင် အမျိုးသမီးတစ်ယောက်က နိုင်ငံရေးလုပ်တော့မယ်ဆိုရင် သူတို့အလုပ်မဟုတ်တဲ့ဟာကို လုပ်တယ်ဆိုပြီး မြင်တဲ့သူတွေ အများကြီးရှိနေသေးတယ်၊ ကျမတို့အသိုင်းအဝိုင်းမှာ ဆိုရင် အမျိုးသမီးဦးရေ အမျိုးသားဦးရေထက်ပိုများတယ်၊ ဒါပေမယ့် အဖွဲ့အစည်းတွေမှာကြည့်လိုက်ရင် အမျိုးသမီးတွေပါဝင်နှုန်းက နည်းနေသေးတယ်၊ အမျိုးသမီးမရှိတဲ့အဖွဲ့အစည်းက အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကိုသိနိုင်တော့မှာမဟုတ်ဘူး၊ ဥပမာ- ရပ်မိရပ်ဖဆိုပြီး အဖွဲ့အစည်းလုပ်တယ်၊ ဒါပေမယ့် ထန်တလန်မှာဆိုရင် ကျမတစ်ယောက်တည်း ရပ်မိရပ်ဖ အစည်းအဝေးတက်နိုင်တာ၊ ဒါမျိုး မဖြစ်သင့်တော့ဘူး”ဟု ပြည်သူ့လွှတ်တော်အမတ် ဒေါ်နီရွှေလျန်မှ ပြောသည်။

လက်ရှိအစိုးရလက်ထက် ချင်းပြည်နယ်လွှတ်တော်တွင် ပြည်သူမှ ရွေးချယ်တင်မြောက်သည့် လွှတ်တော်အမတ် ၁၈ဦးတွင် အမျိုးသမီးလွှတ်တော်အမတ် မရှိဘဲ ပြည်သူ့လွှတ်တော်တွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားလွှတ်တော်တွင် နှစ်ဦးသာ ပါဝင်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့တွင်လည်း အမျိုးသမီးဝန်ကြီး တစ်ဦးမှ မရှိကြောင်း သိရသည်။

ဟားခါးမြို့ရှိ လူငယ်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Youth Corner (YC) အဖွဲ့၏ ဦးဆောင်သူ မိုင်နီထားဘောရ်မှ “နိုင်ငံရေးဖြစ်ဖြစ် လူမှုရေးမှာဘဲဖြစ်ဖြစ် ဘယ်နေရာမဆို အမျိုးသမီးတွေကို မပါဝင်ခိုင်းရင် အရမ်းနှမြောဖို့ကောင်းတယ်လို့မြင်တယ်၊ လူဦးရေအချိုးစားကြည့်ရင် အမျိုးသမီးတွေ ပိုများနေတဲ့အတွက် ဒီလောက်ကောင်းတဲ့ လူသားအရင်းအမြစ်တွေရှိနေရဲ့သားနဲ့ အသုံးမချရင် နှမြောဖို့ကောင်းတယ်၊ လက်တလောအခြေအနေကြည့်ရင် အမျိုးသမီးတွေရဲ့ ခေါင်ဆောင်မှုကို အသားမကျကြသေးဘူး၊ အဲဒါကြောင့် အမျိုးသမီးတွေအနေနဲ့ ပါဝင်ဖို့ မလွယ်ဘူး၊ ကြောက်နေကြသေးတယ်၊ အဲဒါကြောင့် လူကြီးအဖွဲ့အစည်းမှာ မပြောင်းနိုင်သေးရင်တောင် လူငယ်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသမီးခေါင်းဆောင်မှု ပါဝင်မှုအပိုင်းမှာ ဦးစားပေးနိုင်ရင် ကောင်းမယ်လို့မြင်တယ်”ဟု ပြောသည်။

ချင်းပြည်နယ်အစိုးရ၏ တရားဝင် ဝဘ်ဆိုဒ်တွင် ရေးသားချက်အရ ချင်းပြည်နယ်တွင် လူဦးရေ ၅၂၀၀၃၂ဦး နေထိုင်ပြီး အမျိုးသားဦးရေ ၂၅၅၅၉၂ဦး နှင့် အမျိုးသမီးဦးရေ ၂၆၄၄၄ဝဦး ရှိကြောင်း သိရသည်။

ချင်းအရပ်ဘက် လူမှုအဖွဲ့အစည်း ကွန်ရက်၏ ဒါရိုက်တာ ဆလိုင်း ယာကုတ်ထန်မှ “အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဆိုတာက ကိုယ့်ရဲ့ စိတ်ထဲမှာ ထည့်ထားဖို့လိုတယ်၊ အဖွဲ့အစည်းတစ်ခုမှာဆိုရင် အမျိုးသမီးရဲ့ အခန်းကဏ္ဍအရေးကြီးကြောင်း Policy မှာထည့်လိုက်ရင် သူ့ဟာနဲ့သူ ပါကိုပါသွားမယ်လို့ ပြောချင်တယ်” ဟု ၄င်း၏ အမြင်ကိုပြောသည်။

Zawgyi Version

ခ်င္းျပည္နယ္တြင္ အမ်ဳိးသမီးဦးေရပိုမ်ားေနေသာ္လည္း အဖြဲ႕အစည္းမ်ားတြင္ အမ်ဳိးသမီးပါ၀င္မႈႏႈန္း နည္းေနေသးေၾကာင္းေ၀ဖန္

ခ်င္းျပည္နယ္တြင္ လူဦးေရးအခ်ဳိးအစားအရ အမ်ဳိးသားဦးေရထက္ အမ်ဳိးသမီးဦးေရ ပိုမ်ားေနေသာ္လည္း အဖြဲ႕အစည္းမ်ားတြင္ အမ်ဳိးသမီးပါ၀င္မႈႏႈန္းေနေသးေၾကာင္း ထန္တလန္ၿမဳိ႕နယ္မွ ျပည္သူ႔လႊတ္ေတာ္ အမတ္ ေဒၚနီေရႊလ်န္မွ ေျပာသည္။

“က်မတို႔ခ်င္းအသိုင္း၀ိုင္း အတြင္းမွာဆိုရင္ အမ်ဳိးသမီးတစ္ေယာက္က ႏိုင္ငံေရးလုပ္ေတာ့မယ္ဆိုရင္ သူတို႔အလုပ္မဟုတ္တဲ့ဟာကို လုပ္တယ္ဆိုၿပီး ျမင္တဲ့သူေတြ အမ်ားႀကီးရွိေနေသးတယ္၊ က်မတို႔အသိုင္းအ၀ိုင္းမွာ ဆိုရင္ အမ်ဳိးသမီးဦးေရ အမ်ဳိးသားဦးေရထက္ပိုမ်ားတယ္၊ ဒါေပမယ့္ အဖြဲ႕အစည္းေတြမွာၾကည့္လိုက္ရင္ အမ်ဳိးသမီးေတြပါ၀င္ႏႈန္းက နည္းေနေသးတယ္၊ အမ်ဳိးသမီးမရွိတဲ့အဖြဲ႕အစည္းက အမ်ဳိးသမီးေတြရဲ႕ လိုအပ္ခ်က္ေတြကိုသိႏိုင္ေတာ့မွာမဟုတ္ဘူး၊ ဥပမာ- ရပ္မိရပ္ဖဆိုၿပီး အဖြဲ႕အစည္းလုပ္တယ္၊ ဒါေပမယ့္ ထန္တလန္မွာဆိုရင္ က်မတစ္ေယာက္တည္း ရပ္မိရပ္ဖ အစည္းအေ၀းတက္နိုင္တာ၊ ဒါမ်ဳိး မျဖစ္သင့္ေတာ့ဘူး”ဟု ျပည္သူ႔လႊတ္ေတာ္အမတ္ ေဒၚနီေရႊလ်န္မွ ေျပာသည္။

လက္ရွိအစိုးရလက္ထက္ ခ်င္းျပည္နယ္လႊတ္ေတာ္တြင္ ျပည္သူမွ ေရြးခ်ယ္တင္ေျမာက္သည့္ လႊတ္ေတာ္အမတ္ ၁၈ဦးတြင္ အမ်ဳိးသမီးလႊတ္ေတာ္အမတ္ မရွိဘဲ ျပည္သူ႔လႊတ္ေတာ္တြင္ အမ်ဳိးသမီးတစ္ဦးႏွင့္ အမ်ဳိးသားလႊတ္ေတာ္တြင္ ႏွစ္ဦးသာ ပါ၀င္ၿပီး ခ်င္းျပည္နယ္အစိုးရအဖြဲ႕တြင္လည္း အမ်ဳိးသမီး၀န္ႀကီး တစ္ဦးမွ မရွိေၾကာင္း သိရသည္။

ဟားခါးၿမဳိ႕ရွိ လူငယ္အဖြဲ႕အစည္းတစ္ခုျဖစ္သည့္ Youth Corner (YC) အဖြဲ႕၏ ဦးေဆာင္သူ မိုင္နီထားေဘာရ္မွ “ႏိုင္ငံေရးျဖစ္ျဖစ္ လူမႈေရးမွာဘဲျဖစ္ျဖစ္ ဘယ္ေနရာမဆို အမ်ဳိးသမီးေတြကို မပါ၀င္ခိုင္းရင္ အရမ္းႏွေျမာဖို႔ေကာင္းတယ္လို႔ျမင္တယ္၊ လူဦးေရအခ်ဳိးစားၾကည့္ရင္ အမ်ဳိးသမီးေတြ ပိုမ်ားေနတဲ့အတြက္ ဒီေလာက္ေကာင္းတဲ့ လူသားအရင္းအျမစ္ေတြရွိေနရဲ႕သားနဲ႔ အသံုးမခ်ရင္ ႏွေျမာဖို႔ေကာင္းတယ္၊ လက္တေလာအေျခအေနၾကည့္ရင္ အမ်ဳိးသမီးေတြရဲ႕ ေခါင္ေဆာင္မႈကို အသားမက်ၾကေသးဘူး၊ အဲဒါေၾကာင့္ အမ်ဳိးသမီးေတြအေနနဲ႔ ပါ၀င္ဖို႔ မလြယ္ဘူး၊ ေၾကာက္ေနၾကေသးတယ္၊ အဲဒါေၾကာင့္ လူႀကီးအဖြဲ႕အစည္းမွာ မေျပာင္းနိုင္ေသးရင္ေတာင္ လူငယ္အဖြဲ႕အစည္းေတြအေနနဲ႔ အမ်ဳိးသမီးေခါင္းေဆာင္မႈ ပါ၀င္မႈအပိုင္းမွာ ဦးစားေပးႏိုင္ရင္ ေကာင္းမယ္လို႔ျမင္တယ္”ဟု ေျပာသည္။

ခ်င္းျပည္နယ္အစိုးရ၏ တရား၀င္ ၀ဘ္ဆိုဒ္တြင္ ေရးသားခ်က္အရ ခ်င္းျပည္နယ္တြင္ လူဦးေရ ၅၂၀၀၃၂ဦး ေနထိုင္ၿပီး အမ်ဳိးသားဦးေရ ၂၅၅၅၉၂ဦး ႏွင့္ အမ်ဳိးသမီးဦးေရ ၂၆၄၄၄၀ဦး ရွိေၾကာင္း သိရသည္။

ခ်င္းအရပ္ဘက္ လူမႈအဖြဲ႕အစည္း ကြန္ရက္၏ ဒါရိုက္တာ ဆလိုင္း ယာကုတ္ထန္မွ “အမ်ဳိးသမီးေတြရဲ႕ အခန္းက႑ဆိုတာက ကိုယ့္ရဲ႕ စိတ္ထဲမွာ ထည့္ထားဖို႔လိုတယ္၊ အဖြဲ႕အစည္းတစ္ခုမွာဆိုရင္ အမ်ဳိးသမီးရဲ႕ အခန္းက႑အေရးႀကီးေၾကာင္း Policy မွာထည့္လိုက္ရင္ သူ႔ဟာနဲ႔သူ ပါကိုပါသြားမယ္လို႔ ေျပာခ်င္တယ္” ဟု ၄င္း၏ အျမင္ကိုေျပာသည္။