Input your search keywords and press Enter.

ယခင်နှစ်ဘဏ္ဍာရေးဘတ်ဂျက်ဖြင့် တည်ဆောက်ရမည့် ပလက်ဝမြို့နယ် မှုံးတနူးကျေးရွာ ဆေးပေးခန်းကို ယခုနှစ်မှ တည်ဆောက်မည်

Salai Khup Khup

ပလက်ဝမြို့နယ် မှုံးတနူးကျေးရွာတွင် ကျန််းမာရေးဌာန ဆေးပေးခန်းကို၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် ဆောက်လုပ်ရန် ဘတ်ဂျက်ကျပြီးဖြစ်သော်လည်း ကုမ္ပဏီဖက်မှ လုပ်ငန်းစတင်မှုနောက်နှေးခြင်းနှင့် ဆောက်လုပ်ရေးအတွက် လိုအပ်သည့် ပစ္စည်းများ လမ်းပန်းဆက်သွယ်ရေးအခြေအနေအရ မသယ်ဆောင်နိုင်ခြင်းကြောင့် ယခုလမှသာ လုပ်ငန်းစတင်ဆောက်ရွက်နိုင်မည်ဖြစ်သည်။

မှုံးတနူးကျေးရွာ ဒေသခံဖြစ်သူ ဦးကွီထိုးက “လုပ်ငန်းစတာလည်း နောက်ကျတယ်။ မေလလောက်မှဘဲ စဖြစ်တယ်။ သံတွေ၊ သံတိုင်တွေ ဘိလပ်မြေတွေ အဲအချိန်မှ သယ်တယ်။ ဒါပေမဲ့ မိုးရာသီကျတော့ ဘိလပ်မြေအတွက် လိုအပ်တဲ့ သဲလည်းမရတော့ သူတို့က ရှိသလောက်နဲ့လုပ်တယ်။ အုတ်ခဲသုံးသောင်းနီးနီး နဲ့ ဘိလပ်မြေ အိတ် တစ်ထောင်နီးနီးလည်း ဒီတိုင်းထားထားတယ်။ သဲတွေမရှိတော့ အလုပ်သမားတွေလည်း လုပ်စရာမရှိဘူးဆိုတော့ သူတို့လုပ်ငန်းကို ပြန်နောက်ဆုတ်ရတယ်” ဟုပြောသည်။

မှုံတနူးကျေးရွာ တွင် တည်ဆောက်မည့် ဆေးပေးခန်းကို Royal Shinestar ကုမ္ပဏီလိမိတက်မှ တာဝန်ယူတည်ဆောက်ရန် ကန်ထရိုက်ရထားခြင်းဖြစ်သည်။ အဆိုပါကုမ္ပဏီအနေဖြင့် ကန်ထရိုက်ရရှိထားသည့် ရန်ပုံငွေမှ ၂၅ ရာခိုင်နှုန်းထုတ်ယူလိုက်ပြီဖြစ်သော်လည်း ယခင်နှစ် ပွင့်လင်းရာသီဖြစ်သည့် နွေရာသီကာလတွင် လုပ်ငန်းများ ဆောင်ရွက်ခြင်းမရှိကြောင်း ဒေသခံများက ထောက်ပြပြောဆိုသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က “ အဲလိုနေရာတွေမှာ ဆောက်လုပ်ဖို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်။ ပစ္စည်းတွေက သယ်လို့ မရဘူး။ လမ်းတွေကမပေါက်ဘူး။ ရချင်ဇောနဲ့ ဆေးပေးခန်းတွေ၊ ဆေးရုံဆေးခန်းတွေ ကျေးလက် ကျန်းမာရေးဌာနခွဲတွေ ချင်းတွေရဲ့လိုအပ်ချက်ကြောင့်တော့ ပေးလိုက်တယ်။ အဆောက်အဦးတည်ဆောက်ခွင့်လည်း ပေးလိုက်တယ်။ လမ်းကမပေါက်တော့ အဲဒီမှာရတဲ့ တင်ဒါသမားတွေက မဆောက်နိုင်ကြဘူး။ အဲလိုဖြစ်နေတာ တစ်ခြားနေရာတွေမှာလည်း ရှိတယ်” ဟုပြောသည်။

ထိုကဲ့သို့ လုပ်ငန်းများအတွက် တင်ဒါခေါ်မှုများ ကုမ္ပဏီများမှ ရရှိသော်လည်း လမ်းမပေါက်သည့်နေရာမျိုးတွင် လိုအပ်သည့် ပစ္စည်းများသယ်ယူနိုင်ခြင်းမရှိခြင်းကြောင့် အဆိုပါဒေသများအတွက် လုပ်ငန်း တင်ဒါများမပေးတော့ရန် ဆုံးဖြတ်ထားကြောင်း ဦးစိုးထက်ကဆက်ပြောသည်။

ဦးစိုးထက်က “ အခုနောက်ပိုင်း ဆောက်တဲ့ဟာတွေကလည်း သစ်သားနဲ့ ဆောက်တဲ့ဟာတွေ မဟုတ်တော့ပဲ အုတ်နဲ့ ကျောက် တွေ၊ စတီးတွေပါလာတော့ ကျောင်းဘဲဖြစ်ဖြစ် ဆေးပေးခန်းပဲဖြစ်ဖြစ် တော်တော် အခက်အခဲဖြစ်တယ်။ အရင်က ဒေသကထွက်တဲ့ သစ်နဲ့ ဆောက်လိုက်လို့ လွယ်ပေမယ့် ဒီလိုလည်း အခွင့်အရေးလည်း မရပါဘူး။ အခုက နိုင်ငံတော်က လူထုကို ရစေချင်ဇောနဲ့ လမ်းမပေါက်တဲ့ နေရာတွေကိုလည်း ချပေးတယ်” ဟုပြောသည်။

သန်းတစ်ရာအထက် လုပ်ငန်းတင်ဒါခေါ်ရာတွင် တစ်လကြိုတင်ကြေညာရကာ ပြည်နယ်မှ အတည်ပြုရသဖြင့် နှစ်လခန့်ကြာသွားတတ်သဖြင့် မိုးရာသီနှင့်ဆုံသည့် အချိန်မျိုးတွင် ပစ္စည်းသယ်ရခက်ခဲတာကြောင့် အချိန်ကြန့်ကြာတတ်ကြောင်း ဦးစိုးထက်မှ ပြောသည်။

Zawgyi Version

ယခင္ႏွစ္ဘ႑ာေရးဘတ္ဂ်က္ျဖင့္ တည္ေဆာက္ရမည့္ ပလက္၀ၿမိဳ႕နယ္ မႈံးတႏူးေက်းရြာ ေဆးေပးခန္းကို ယခုႏွစ္မွ တည္ေဆာက္မည္

Salai Khup Khup

ပလက္ဝၿမိဳ႕နယ္ မံႈးတႏူးေက်းရြာတြင္ က်န္္းမာေရးဌာန ေဆးေပးခန္းကို၂၀၁၈-၁၉ ဘ႑ာေရးႏွစ္ ရန္ပံုေငြျဖင့္ ေဆာက္လုပ္ရန္ ဘတ္ဂ်က္က်ၿပီးျဖစ္ေသာ္လည္း ကုမၸဏီဖက္မွ လုပ္ငန္းစတင္မႈေနာက္ေနွးျခင္းႏွင့္ ေဆာက္လုပ္ေရးအတြက္ လိုအပ္သည့္ ပစၥည္းမ်ား လမ္းပန္းဆက္သြယ္ေရးအေျခအေနအရ မသယ္ေဆာင္ႏုိင္ျခင္းေၾကာင့္ ယခုလမွသာ လုပ္ငန္းစတင္ေဆာက္ရြက္ႏုိင္မည္ျဖစ္သည္။

မႈံးတႏူးေက်းရြာ ေဒသခံျဖစ္သူ ဦးကြီထိုးက “လုပ္ငန္းစတာလည္း ေနာက္က်တယ္။ ေမလေလာက္မွဘဲ စျဖစ္တယ္။ သံေတြ၊ သံတုိင္ေတြ ဘိလပ္ေျမေတြ အဲအခ်ိန္မွ သယ္တယ္။ ဒါေပမဲ႔ မုိးရာသီက်ေတာ့ ဘိလပ္ေျမအတြက္ လုိအပ္တဲ႔ သဲလည္းမရေတာ့ သူတို႔က ရိွသေလာက္နဲ႕လုပ္တယ္။ အုတ္ခဲသံုးေသာင္းနီးနီး နဲ႔ ဘိလပ္ေျမ အိတ္ တစ္ေထာင္နီးနီးလည္း ဒီတိုင္းထားထားတယ္။ သဲေတြမရွိေတာ့ အလုပ္သမားေတြလည္း လုပ္စရာမရွိဘူးဆိုေတာ့ သူတို႔လုပ္ငန္းကို ျပန္ေနာက္ဆုတ္ရတယ္” ဟုေျပာသည္။

မႈံတႏူးေက်းရြာ တြင္ တည္ေဆာက္မည့္ ေဆးေပးခန္းကို Royal Shinestar ကုမၸဏီလိမိတက္မွ တာ၀န္ယူတည္ေဆာက္ရန္ ကန္ထရိုက္ရထားျခင္းျဖစ္သည္။ အဆိုပါကုမၸဏီအေနျဖင့္ ကန္ထရုိက္ရရွိထားသည့္ ရန္ပံုေငြမွ ၂၅ ရာခုိင္ႏွဳန္းထုတ္ယူလုိက္ၿပီျဖစ္ေသာ္လည္း ယခင္ႏွစ္ ပြင့္လင္းရာသီျဖစ္သည့္ ေႏြရာသီကာလတြင္ လုပ္ငန္းမ်ား ေဆာင္ရြက္ျခင္းမရွိေၾကာင္း ေဒသခံမ်ားက ေထာက္ျပေျပာဆိုသည္။

ခ်င္းျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆုိခြင့္ရွိသူ စည္ပင္၀န္ႀကီး ဦးစိုးထက္က “ အဲလုိေနရာေတြမွာ ေဆာက္လုပ္ဖို႔ လမ္းပန္းဆက္သြယ္ေရး ခက္ခဲတယ္။ ပစၥည္းေတြက သယ္လုိ႔ မရဘူး။ လမ္းေတြကမေပါက္ဘူး။ ရခ်င္ေဇာနဲ႔ ေဆးေပးခန္းေတြ၊ ေဆးရံုေဆးခန္းေတြ ေက်းလက္ က်န္းမာေရးဌာနခြဲေတြ ခ်င္းေတြရဲ႕လုိအပ္ခ်က္ေၾကာင့္ေတာ့ ေပးလိုက္တယ္။ အေဆာက္အဦးတည္ေဆာက္ခြင့္လည္း ေပးလုိက္တယ္။ လမ္းကမေပါက္ေတာ့ အဲဒီမွာရတဲ႔ တင္ဒါသမားေတြက မေဆာက္ႏုိင္ၾကဘူး။ အဲလုိျဖစ္ေနတာ တစ္ျခားေနရာေတြမွာလည္း ရွိတယ္” ဟုေျပာသည္။

ထိုကဲ့သို႕ လုပ္ငန္းမ်ားအတြက္ တင္ဒါေခၚမႈမ်ား ကုမၸဏီမ်ားမွ ရရွိေသာ္လည္း လမ္းမေပါက္သည့္ေနရာမ်ိဳးတြင္ လုိအပ္သည့္ ပစၥည္းမ်ားသယ္ယူႏုိင္ျခင္းမရွိျခင္းေၾကာင့္ အဆုိပါေဒသမ်ားအတြက္ လုပ္ငန္း တင္ဒါမ်ားမေပးေတာ့ရန္ ဆံုးျဖတ္ထားေၾကာင္း ဦးစိုးထက္ကဆက္ေျပာသည္။

ဦးစိုးထက္က “ အခုေနာက္ပိုင္း ေဆာက္တဲ႔ဟာေတြကလည္း သစ္သားနဲ႔ ေဆာက္တဲ႔ဟာေတြ မဟုတ္ေတာ့ပဲ အုတ္နဲ႔ ေက်ာက္ ေတြ၊ စတီးေတြပါလာေတာ့ ေက်ာင္းဘဲျဖစ္ျဖစ္ ေဆးေပးခန္းပဲျဖစ္ျဖစ္ ေတာ္ေတာ္ အခက္အခဲျဖစ္တယ္။ အရင္က ေဒသကထြက္တဲ႔ သစ္နဲ႔ ေဆာက္လုိက္လုိ႔ လြယ္ေပမယ့္ ဒီလိုလည္း အခြင့္အေရးလည္း မရပါဘူး။ အခုက ႏုိင္ငံေတာ္က လူထုကို ရေစခ်င္ေဇာနဲ႔ လမ္းမေပါက္တဲ႔ ေနရာေတြကိုလည္း ခ်ေပးတယ္” ဟုေျပာသည္။

သန္းတစ္ရာအထက္ လုပ္ငန္းတင္ဒါေခၚရာတြင္ တစ္လၾကဳိတင္ေၾကညာရကာ ျပည္နယ္မွ အတည္ျပဳရသျဖင့္ ႏွစ္လခန္႔ၾကာသြားတတ္သျဖင့္ မိုးရာသီႏွင့္ဆံုသည့္ အခ်ိန္မ်ဳိးတြင္ ပစၥည္းသယ္ရခက္ခဲတာေၾကာင့္ အခ်ိန္ၾကန္႔ၾကာတတ္ေၾကာင္း ဦးစိုးထက္မွ ေျပာသည္။