Input your search keywords and press Enter.

၂၀၂၀ ရွေးကောက်ပွဲအတွက် ချင်းပြည်နယ်အတွင်း မသန်စွမ်းမဲပေးပိုင်ခွင့်ရှိသူ ၃ ထောင်နီးပါးရှိ

Salai Khup Khup

ချင်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး၏ ရပ်/ကျေးအုပ်စု မဲရုံအလို်က်တွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် မသန်စွမ်း မဲပေးနိုင်သူ (၂၈၇၃) ဦး ရှိကြောင်း ချင်းပြည်နယ် မသန်စွမ်းအမျိုးအစားအခြေပြ စာရင်းအရသိရသည်။

ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးလိန်းကျော်က “ အခုစာရင်းက အကြမ်းပဲဖြစ်ပါသေးတယ်။ ကျွန်တော်တို့ အချက်အလက်တွေကို ဆက်လက်စုဆောင်းနေပါတယ်။ အရေအတွက် လျှော့စရာတော့မရှိဘူး။ တိုးလာဖို့ပဲရှိတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ မသန်စွမ်းမဲပေးပိုင်ခွင့်ရှိသူ ဦးရေကို သီးသန့်ခွဲပြီး စာရင်းလုပ်တာမရှိခဲ့ဘူး။ အခုတော့ ကျွန်တော်တို့ ကောင်းကောင်း စာရင်းပြုစုနေတယ်” ဟုပြောသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် ချင်းပြည်နယ်အတွင်း မြို့နယ်အသီးသီးတွင် မသန်စွမ်းများ အတွက် မဲရုံများထားရှိပြီး ဟားခါးမြို့နယ်တွင် မသန်စွမ်း စုစုပေါင်း (၃၉၄)ဦး၊ ထန်တလန်မြို့နယ်တွင် (၂၅၀) ဦး၊ဖလမ်းမြို့နယ်တွင် (၁၆၅)ဦး၊ တီးတိန်မြို့နယ်တွင် (၆၆၂)ဦး၊ တွန်းဇံမြို့နယ်တွင် စုစုပေါင်း (၂၄၅)ဦး၊ မင်းတပ်မြို့နယ်တွင် (၁၆၅)ဦး၊ ကန်ပက်လက်မြို့နယ်တွင် ( ၁၂)ဦး၊ မတူပီမြို့နယ်တွင် (၂၄၃)ဦး၊ ပလက်ဝမြို့နယ်တွင် (၇၃၇)ဦး အသီးသီးရှိကြောင်းသိရသည်။

ချင်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး၏ ရပ်/ကျေးအုပ်စု မဲရုံအလိုက် မသန်စွမ်းအမျိုးစား ခွဲခြားရာတွင် ကိုယ်လက်အင်္ဂါမသန်စွမ်း၊ အမြင်အာရုံမသန်စွမ်း၊ အကြားအာရုံမသန်စွမ်းနှင့် ညဏ်ရည်ဖွံ့ဖြိုးမှုနိမ့်ကျသူ ဟူ၍ မသန်စွမ်းလေးမျိုးရှိကြောင်းသိရသည်။

ချင်းပြည်နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်ဦးရေမှာ (၃၄၃၅၈၄) ဦးရေ ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏ အခြေခံမဲဆန္ဒရှင်စာရင်း အရသိရသည်။

Zawgyi Version

၂၀၂၀ ေရြးေကာက္ပြဲအတြက္ ခ်င္းျပည္နယ္အတြင္း မသန္စြမ္းမဲေပးပုိင္ခြင့္ရွိသူ ၃ ေထာင္နီးပါးရွိ

ခ်င္းျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္အသီးသီး၏ ရပ္/ေက်းအုပ္စု မဲရံုအလို္က္တြင္ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ မသန္စြမ္း မဲေပးႏုိင္သူ (၂၈၇၃) ဦး ရွိေၾကာင္း ခ်င္းျပည္နယ္ မသန္စြမ္းအမ်ိဳးအစားအေျချပ စာရင္းအရသိရသည္။

ခ်င္းျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္ အရာရွိ ဦးလိန္းေက်ာ္က “ အခုစာရင္းက အၾကမ္းပဲျဖစ္ပါေသးတယ္။ ကၽြန္ေတာ္တို႕ အခ်က္အလက္ေတြကို ဆက္လက္စုေဆာင္းေနပါတယ္။ အေရအတြက္ ေလွ်ာ့စရာေတာ့မရွိဘူး။ တုိးလာဖုိ႕ပဲရွိတယ္။ ၂၀၁၅ ေရြးေကာက္ပဲြတုန္းကေတာ့ မသန္စြမ္းမဲေပးပုိင္ခြင့္ရွိသူ ဦးေရကို သီးသန္႕ခြဲၿပီး စာရင္းလုပ္တာမရွိခဲ့ဘူး။ အခုေတာ့ ကၽြန္ေတာ္တို႕ ေကာင္းေကာင္း စာရင္းျပဳစုေနတယ္” ဟုေျပာသည္။

၂၀၂၀ ေရြးေကာက္ပြဲအတြက္ ခ်င္းျပည္နယ္အတြင္း ၿမိဳ႕နယ္အသီးသီးတြင္ မသန္စြမ္းမ်ား အတြက္ မဲရံုမ်ားထားရွိၿပီး ဟားခါးၿမိဳ႕နယ္တြင္ မသန္စြမ္း စုစုေပါင္း (၃၉၄)ဦး၊ ထန္တလန္ၿမိဳ႕နယ္တြင္ (၂၅၀) ဦး၊ဖလမ္းၿမိဳ႕နယ္တြင္ (၁၆၅)ဦး၊ တီးတိန္ၿမိဳ႕နယ္တြင္ (၆၆၂)ဦး၊ တြန္းဇံၿမိဳ႕နယ္တြင္ စုစုေပါင္း (၂၄၅)ဦး၊ မင္းတပ္ၿမိဳ႕နယ္တြင္ (၁၆၅)ဦး၊ ကန္ပက္လက္ၿမိဳ႕နယ္တြင္ ( ၁၂)ဦး၊ မတူပီၿမိဳ႕နယ္တြင္ (၂၄၃)ဦး၊ ပလက္ဝၿမိဳ႕နယ္တြင္ (၇၃၇)ဦး အသီးသီးရွိေၾကာင္းသိရသည္။

ခ်င္းျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္အသီးသီး၏ ရပ္/ေက်းအုပ္စု မဲရံုအလုိက္ မသန္စြမ္းအမ်ိဳးစား ခြဲျခားရာတြင္ ကိုယ္လက္အဂၤါမသန္စြမ္း၊ အျမင္အာရံုမသန္စြမ္း၊ အၾကားအာရံုမသန္စြမ္းႏွင့္ ညဏ္ရည္ဖြံ႔ၿဖိဳးမႈနိမ္႔က်သူ ဟူ၍ မသန္စြမ္းေလးမ်ိဳးရွိေၾကာင္းသိရသည္။

ခ်င္းျပည္နယ္အတြင္း ၂၀၂၀ ေရြးေကာက္ပြဲအတြက္ အေျခခံမဲဆႏၵရွင္ဦးေရမွာ (၃၄၃၅၈၄) ဦးေရ ရွိေၾကာင္း ၿမိဳ႕နယ္ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႔ခြဲမ်ား၏ အေျခခံမဲဆႏၵရွင္စာရင္း အရသိရသည္။