Input your search keywords and press Enter.

တွန်းဇံမြို့နယ်တွင် ဒုရဲအုပ်မှ အရက်မူးပြီး ရဲတပ်သားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား

Salai Khup Khup

တွန်းဇံမြို့နယ်တွင် ဒုရဲအုပ်ဟန်ဝင်းအောင်မှ အရက်မူးပြီး ရဲတပ်သား ထန်လျန်းပေါင်ကို 6mm သေနတ်ဖြင့် ဒီဇင်ဘာလ၁၄ ရက်နေ့က ၄ ကြိမ်ပစ်ခတ်ခဲ့သော်လည်း အပစ်ခံရသူမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့က လုံခြုံရေးဆောင်ရွက်ထားရှိမူ ဇာတ်သတ်လေ့ကျင့်ရေးအတွက် သွားရောက်စဉ် တွန်းဇံမြို့နယ်၊ ဘပီးအုပ်စု၊ ကျီခါး- ဇမ်မီး လမ်းခွဲအရောက်တွင် အကြောင်းကိစ္စမရှိဘဲ ဒုရဲအုပ် ဟန်ဝင်းအောင်မှ တပ်သား ထန်လျန်းပေါင်ကို ၎င်းကိုင်ဆောင်သည့် ခြောက်လုံးပြူး သေနတ် ကျည်(၄)တောင့်ဖြင့် ပစ်ခတ်သဖြင့် ကြောက်ရွံ့ပြီး တောထဲသို့ ထွက်ပြေးပုန်းခိုနေစဉ် စစ်ကြောင်းမှုးဖြစ်သူ ဗိုလ်ကြီး အောင်ကိုကို မှ မကြောက်ရန်နှင့် တာဝန်ယူပေးရန်ပြောသဖြင့် လေ့ကျင့်ရေးအဖွဲ့နှင့် ပြန်လည်ပူးပေါင်း ခဲ့ကြောင်းသိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဟန်ထွန်းဝင်းအောင်ကို အရေးယူပေးရန် တွန်းဇံမြို့မရဲစခန်းမှ တစ်ဆင့် ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တို့ထံ အပစ်ခံရသူမှ တိုင်တန်းစာပေးပို့ထားသည်။

ရဲတပ်သား ထန်လျန်းပေါင်နှင့် ဒုရဲအုပ် ဟန်ထွန်းဝင်းအောင်တို့အကြား လူမှုရေးကိစ္စဖြင့်စကားများ ရန်ဖြစ်ထားခြင်းမျိုးလည်း မရှိခဲ့ဘဲ အဆိုပါ အခင်းဖြစ်သည့်နေ့တွင် အရက်မူးနေသဖြင့် ဒုရဲအုပ်မှ ရဲတပ်သား ထန်လျန်းပေါင်ကို 6mmသေနတ်ဖြင့် ၄ ကြိမ်ပစ်ခတ်ခဲ့သော်လည်း ပထမ ပစ်ချက်မှာ ဆိုင်ကယ်ထိခဲ့ပြီး ဒုတိယနှင့် နောက်ဆုံးပစ်ချက်မှာ မြေကြီးထိမှန်ခဲ့သည့်အတွက် ရဲတပ်သား အသက်ဘေးမှ လွတ်မြောက်ခဲ့ရသည်။

ထို့နောက်တွင်လည်း ဒုရဲအုပ်မှ “လူတစ်ယောက်ကို သတ်ရင် သိန်း ၁၀၀၊ ၂၀၀ လောက်နဲ့လျော်လို့ရတယ်။ အခုငါ့မှာ သိန်း ၂၀ ပါတယ်”ဟုလည်း ရဲတပ်သား ထန်လျန်းပေါင်ကို ဒုရဲအုပ်မှ ပြောခဲ့ကြောင်းလည်း ထန်လျန်းပေါင်မှ မီဒီယာများတွင် ဖြေကြားထားသည်။

အဆိုပါ ရဲတပ်သား ထန်လျန်းပေါင်ကို ဒုရဲအုပ်မှ သေနတ်ဖြင့် ပစ်ခတ်နေချိန်တွင် မျက်မြင်သက်သေ ရဲတပ်ဖွဲ့ဝင် လူငါးဦး ရှိကြောင်းလည်း သိရသည်။

Zawgyi

တြန္းဇံၿမိဳ႕နယ္တြင္ ဒုရဲအုပ္မွ အရက္မူးၿပီး ရဲတပ္သားတစ္ဦးကို ေသနတ္ျဖင့္ ပစ္ခတ္မႈျဖစ္ပြား

တြန္းဇံၿမိဳ႕နယ္တြင္ ဒုရဲအုပ္ဟန္ဝင္းေအာင္မွ အရက္မူးၿပီး ရဲတပ္သား ထန္လ်န္းေပါင္ကို 6mm ေသနတ္ျဖင့္ ဒီဇင္ဘာလ၁၄ ရက္ေန႔က ၄ ႀကိမ္ပစ္ခတ္ခဲ့ေသာ္လည္း အပစ္ခံရသူမွာ အသက္ေဘးမွ လြတ္ေျမာက္ခဲ့ေၾကာင္း သိရသည္။

ဒီဇင္ဘာလ ၁၄ ရက္ေန႔က လုံျခဳံေရးေဆာင္ရြက္ထားရွိမူ ဇာတ္သတ္ေလ့က်င့္ေရးအတြက္ သြားေရာက္စဥ္ တြန္းဇံၿမိဳ႕နယ္၊ ဘပီးအုပ္စု၊ က်ီခါး- ဇမ္မီး လမ္းခြဲအေရာက္တြင္ အေၾကာင္းကိစၥမရွိဘဲ ဒုရဲအုပ္ ဟန္ဝင္းေအာင္မွ တပ္သား ထန္လ်န္းေပါင္ကို ၎ကိုင္ေဆာင္သည့္ ေျခာက္လုံးျပဴး ေသနတ္ က်ည္(၄)ေတာင့္ျဖင့္ ပစ္ခတ္သျဖင့္ ေၾကာက္ရြံ့ၿပီး ေတာထဲသို႔ ထြက္ေျပးပုန္းခိုေနစဥ္ စစ္ေၾကာင္းမႈးျဖစ္သူ ဗိုလ္ႀကီး ေအာင္ကိုကို မွ မေၾကာက္ရန္ႏွင့္ တာဝန္ယူေပးရန္ေျပာသျဖင့္ ေလ့က်င့္ေရးအဖြဲ႕ႏွင့္ ျပန္လည္ပူးေပါင္း ခဲ့ေၾကာင္းသိရသည္။

ေသနတ္ျဖင့္ ပစ္ခတ္ခဲ့သူ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ဟန္ထြန္းဝင္းေအာင္ကို အေရးယူေပးရန္ တြန္းဇံၿမိဳ႕မရဲစခန္းမွ တစ္ဆင့္ ခ်င္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္တို႔ထံ အပစ္ခံရသူမွ တိုင္တန္းစာေပးပို႔ထားသည္။

ရဲတပ္သား ထန္လ်န္းေပါင္ႏွင့္ ဒုရဲအုပ္ ဟန္ထြန္းဝင္းေအာင္တို႔အၾကား လူမႈေရးကိစၥျဖင့္စကားမ်ား ရန္ျဖစ္ထားျခင္းမ်ိဳးလည္း မရွိခဲ့ဘဲ အဆိုပါ အခင္းျဖစ္သည့္ေန႔တြင္ အရက္မူးေနသျဖင့္ ဒုရဲအုပ္မွ ရဲတပ္သား ထန္လ်န္းေပါင္ကို 6mmေသနတ္ျဖင့္ ၄ ႀကိမ္ပစ္ခတ္ခဲ့ေသာ္လည္း ပထမ ပစ္ခ်က္မွာ ဆိုင္ကယ္ထိခဲ့ၿပီး ဒုတိယႏွင့္ ေနာက္ဆုံးပစ္ခ်က္မွာ ေျမႀကီးထိမွန္ခဲ့သည့္အတြက္ ရဲတပ္သား အသက္ေဘးမွ လြတ္ေျမာက္ခဲ့ရသည္။

ထို႔ေနာက္တြင္လည္း ဒုရဲအုပ္မွ “လူတစ္ေယာက္ကို သတ္ရင္ သိန္း ၁၀၀၊ ၂၀၀ ေလာက္နဲ႔ေလ်ာ္လို႔ရတယ္။ အခုငါ့မွာ သိန္း ၂၀ ပါတယ္”ဟုလည္း ရဲတပ္သား ထန္လ်န္းေပါင္ကို ဒုရဲအုပ္မွ ေျပာခဲ့ေၾကာင္းလည္း ထန္လ်န္းေပါင္မွ မီဒီယာမ်ားတြင္ ေျဖၾကားထားသည္။

အဆိုပါ ရဲတပ္သား ထန္လ်န္းေပါင္ကို ဒုရဲအုပ္မွ ေသနတ္ျဖင့္ ပစ္ခတ္ေနခ်ိန္တြင္ မ်က္ျမင္သက္ေသ ရဲတပ္ဖြဲ႕ဝင္ လူငါးဦး ရွိေၾကာင္းလည္း သိရသည္။