Input your search keywords and press Enter.

တွန်းဇံမြို့တွင်အသတ်ခံရသည့် ဆရာမအား သတ်ဖြတ်သူကို အမြန်ဆုံးဖမ်းစီးပေးရန် လူမှုအဖွဲ့အစည်းများမှ သမ္မတထံတောင်းဆို

Salai Khup Khup

တွန်းဇံမြို့ မူလတန်းပြဆရာမ လျာဒိန်လွန်းမန်ကို သတ်သွားသည့် တရားခံကို အမြန်ဆုံး ဖမ်းဆီးအရေးယူပေးရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဆီသို့ ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများမှ တောင်းဆိုလိုက်သည်။

Chin National Resource Watch Group မှ ဦးဆောင်သူဖြစ်သူဖြစ်သည့် ဦးလျန်တွန်က “တရားခံကို ဖမ်းဆီးဖို့က လက်ရှိအချိန်ထိ အကောင်ထည် ဖော်တာမတွေ့ရဘူး။ ဒါကြောင့် တွန်းအားပေးတဲ့ သဘောဖြစ်တယ်။ နောက်ပြီး လူမှုရေးဝန်ကြီးက ဆရာမအသတ်ခံရတာနဲ့ ပတ်သက်ပြီး လူမှုရေးအရ ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့တယ်။ ဝန်ထမ်းတွေမှာရှိတာက သိက္ခာပဲရှိတာ။ ဒီလိုဝန်ထမ်းတွေရဲ့ သိက္ခာကို အစိုးရကစော်ကားနေတာကို ဝမ်းနည်းလို့ တီးတိန်မှာလည်း လူထုလမ်းလျှောက်ပွဲလည်း ကျင်းပခဲ့တယ်။ ဒါတွေကိုမသိလို့ ငြိမ်နေတာလား ဒါတွေကြောင့် သမ္မတဆီ စာပေးပို့ရတာဖြစ်တယ်”ဟုပြောသည်။

အစိုးရဝန်ထမ်းများအနေဖြင့် အသက်အာမခံချက်မရှိခြင်းကြောင့် စိုးရိမ်ထိတ်လန့်နေရကြောင်း၊ တရားမဝင် ကသည်းလက်နက်ကိုင်အဖွဲ့များ ရောက်ရှိနေသည့် ပြဿနာကို ဒေသခံများအတွက် ထိတ်လန့် နေရကြောင်း ဒေသအတွင်းတွင် တရားမဝင်လက်နက် မှောင်ခိုရောင်းဝယ် တင်သွင်းနေမှုနှင့် အထူးသဖြင့် တွန်းဇံမြို့ထဲတွင် ဘိန်းစိုက်ပျိုးမှု တစ်နှစ်ထက်တစ်နှစ် များပြားလာကြောင်း၊ အိန္ဒိယမှ တရားမဝင် ဝင်ရောက်နေသည့် ကသည်းလက်နက်ကိုင် အဖွဲ့များကြောင့် မကြာခဏ ဗုံးပေါက်ကွဲမှု၊ လုပ်ကြံသတ်ဖြတ်ခံရမှု၊ ခြိမ်းခြောက်စာ အပို့ခံရမှု များရှိနေခြင်းကြောင့် ပြည်သူများ၏ နေ့စဉ်ဘဝလုံခြုံရေးကို ထိခိုက်နေကြောင်း သမ္မတထံသို့ ပေးပို့သည့် စာတွင် ပါရှိသည်။

စာပေးပို့တောင်းဆိုချက်များထဲတွင် ချင်းပြည်နယ်အပါဝင် စစ်ကိုင်းတိုင်းဒေသကြီး ကဘော်ချိုင့်ဝှမ်းဒေသ၏ လုံခြုံမှုအတွက် လုံခြုံရေးစီမံချက်များ ချထားပေးရန်အတွက်ပါ တစ်ပါတည်း တောင်းဆိုထားကြောင်း သိရသည်။

တွန်းဇံမြို့ တွီးဗျာလ်ဇန်ကျေးရွာ မှုလတန်းပြဆရာ အသတ်ခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး မနေ့က ရန်ကုန်မြို့တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲအပြီးတွင် ဇိုမီးကျောင်းသားနှင့် လူငယ်အဖွဲ့အစည်း အပါအဝင် ဇိုမီးလူငယ်အသင်း (တွန်းဇံမြို့)၊ ချင်းတောင်သယံဇာတ စောင့်ကြည့်ရေးအဖွဲ့၊ ကူကီးကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး စသည့် အဖွဲ့အစည်းများမှ သမ္မတထံသို့ ပူးပေါင်း စာပေးပို့တောင်းဆို ကြောင်း သိရသည်။

မူလတန်းပြဆရာမ လျာဒိန်လွန်းမန်ကို ပြီးခဲ့သည့် နိုဝင်ဘာလ (၁၇)ရက်နေ့ ညကိုးနာရီခွဲ လောက်တွင် ကသည်းလက်နက်ကိုင် တစ်ဦးမှ သေနတ်နဲ့ ပစ်သတ်ခဲ့ကြောင်း သိရသည်။

Zawgyi

တြန္းဇံၿမိဳ႕တြင္အသတ္ခံရသည့္ ဆရာမအား သတ္ျဖတ္သူကို အျမန္ဆံုးဖမ္းစီးေပးရန္ လူမႈအဖြဲ႕အစည္းမ်ားမွ သမၼတထံေတာင္းဆို

တြန္းဇံၿမိဳ႕ မူလတန္းျပဆရာမ လ်ာဒိန္လြန္းမန္ကို သတ္သြားသည့္ တရားခံကို အျမန္ဆံုး ဖမ္းဆီးအေရးယူေပးရန္ ႏုိင္ငံေတာ္သမၼတ ဦးဝင္းျမင့္ဆီသို႔ ခ်င္းအရပ္ဖက္လူမႈအဖြဲ႕အစည္းမ်ားမွ ေတာင္းဆိုလုိက္သည္။

Chin National Resource Watch Group မွ ဦးေဆာင္သူျဖစ္သူျဖစ္သည့္ ဦးလ်န္တြန္က “တရားခံကို ဖမ္းဆီးဖို႔က လက္ရွိအခ်ိန္ထိ အေကာင္ထည္ ေဖာ္တာမေတြ႔ရဘူး။ ဒါေၾကာင့္ တြန္းအားေပးတဲ႔ သေဘာျဖစ္တယ္။ ေနာက္ၿပီး လူမႈေရး၀န္ၾကီးက ဆရာမအသတ္ခံရတာနဲ႔ ပတ္သက္ၿပီး လူမႈေရးအရ ျဖစ္တယ္လုိ႔ မွတ္ခ်က္ေပးခဲ႔တယ္။ ဝန္ထမ္းေတြမွာရွိတာက သိကၡာပဲရွိတာ။ ဒီလုိဝန္ထမ္းေတြရဲ႕ သိကၡာကို အစိုးရကေစာ္ကားေနတာကို ဝမ္းနည္းလုိ႔ တီးတိန္မွာလည္း လူထုလမ္းေလွ်ာက္ပြဲလည္း က်င္းပခဲ႔တယ္။ ဒါေတြကိုမသိလုိ႔ ျငိမ္ေနတာလား ဒါေတြေၾကာင့္ သမၼတဆီ စာေပးပို႔ရတာျဖစ္တယ္”ဟုေျပာသည္။

အစိုးရ၀န္ထမ္းမ်ားအေနျဖင့္ အသက္အာမခံခ်က္မရွိျခင္းေၾကာင့္ စိုးရိမ္ထိတ္လန္႔ေနရေၾကာင္း၊ တရားမဝင္ ကသည္းလက္နက္ကိုင္အဖြဲ႔မ်ား ေရာက္ရွိေနသည့္ ျပႆနာကို ေဒသခံမ်ားအတြက္ ထိတ္လန္႔ ေနရေၾကာင္း ေဒသအတြင္းတြင္ တရားမဝင္လက္နက္ ေမွာင္ခိုေရာင္းဝယ္ တင္သြင္းေနမႈႏွင့္ အထူးသျဖင့္ တြန္းဇံၿမိဳ႕ထဲတြင္ ဘိန္းစိုက္ပ်ိဳးမႈ တစ္ႏွစ္ထက္တစ္ႏွစ္ မ်ားျပားလာေၾကာင္း၊ အိႏၵိယမွ တရားမဝင္ ဝင္ေရာက္ေနသည့္ ကသည္းလက္နက္ကိုင္ အဖြဲ႔မ်ားေၾကာင့္ မၾကာခဏ ဗံုးေပါက္ကြဲမႈ၊ လုပ္ၾကံသတ္ျဖတ္ခံရမႈ၊ ျခိမ္းေျခာက္စာ အပို႔ခံရမႈ မ်ားရွိေနျခင္းေၾကာင့္ ျပည္သူမ်ား၏ ေန႔စဥ္ဘဝလံုျခံဳေရးကို ထိခိုက္ေနေၾကာင္း သမၼတထံသို႔ ေပးပို႔သည့္ စာတြင္ ပါရွိသည္။

စာေပးပို႔ေတာင္းဆုိခ်က္မ်ားထဲတြင္ ခ်င္းျပည္နယ္အပါဝင္ စစ္ကိုင္းတုိင္းေဒသၾကီး ကေဘာ္ခ်ိဳင့္ဝွမ္းေဒသ၏ လံုျခံဳမႈအတြက္ လံုျခံဳေရးစီမံခ်က္မ်ား ခ်ထားေပးရန္အတြက္ပါ တစ္ပါတည္း ေတာင္းဆုိထားေၾကာင္း သိရသည္။

တြန္းဇံၿမိဳ႕ တီြးဗ်ာလ္ဇန္ေက်းရြာ မႈလတန္းျပဆရာ အသတ္ခံရသည့္ ကိစၥႏွင့္ပတ္သက္ၿပီး မေန႔က ရန္ကုန္ၿမိဳ႕တြင္က်င္းပေသာ သတင္းစာရွင္းလင္းပြဲအၿပီးတြင္ ဇိုမီးေက်ာင္းသားႏွင့္ လူငယ္အဖြဲ႔အစည္း အပါအဝင္ ဇို္မီးလူငယ္အသင္း (တြန္းဇံၿမိဳ႕)၊ ခ်င္းေတာင္သယံဇာတ ေစာင့္ၾကည့္ေရးအဖြဲ႔၊ ကူကီးေက်ာင္းသားမ်ား ဒီမိုကရက္တစ္တပ္ဦး စသည့္ အဖြဲ႔အစည္းမ်ားမွ သမၼတထံသို႔ ပူးေပါင္း စာေပးပို႔ေတာင္းဆုိ ေၾကာင္း သိရသည္။

မူလတန္းျပဆရာမ လ်ာဒိန္လြန္းမန္ကို ၿပီးခဲ႔သည့္ ႏိုဝင္ဘာလ (၁၇)ရက္ေန႔ ညကိုးနာရီခြဲ ေလာက္တြင္ ကသည္းလက္နက္ကိုင္ တစ္ဦးမွ ေသနတ္နဲ႔ ပစ္သတ္ခဲ႔ေၾကာင္း သိရသည္။