Input your search keywords and press Enter.

ဒေသခံလူငယ်များ အနုပညာလမ်းကြောင်းတွင်း ဝင်နိုင်ရန် ဟားခါးတွင် ပထမဆုံးအကြိမ် မယ်ရွေးချယ်ပွဲပြုလုပ်မည်

Shing Mang

ချင်းပြည်နယ် ဟားခါးမြို့တွင်ကျင်းပမည့် International Beauty of Angel Myanmar Hakha City Winner ရွေးချယ်ပွဲကို ဒေသတွင်းရှိ လူငယ်များ အနုပညာလမ်းကြောင်းတွင် လျှောက်လှမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

“ရည်ရွယ်ချက်အနေနဲ့ ဟားခါးမှာဒီဟာတွေမရှိဖူးတော့ လုပ်ချင်တာပါတယ်၊ ဟားခါးမှာရှိတဲ့ အမျိုးသမီးတွေလည်း အနုပညာလမ်းကြောင်းမှာ ပေါက်ရောက်နိုင်အောင်လည်းရည်ရွယ်တယ်၊အခုလည်း ဒါရိုက်တာတွေလည်းလာမယ်။ ပြိုင်ပွဲဝင်ထဲက သူတို့သဘောကျရင် MTV ဖြစ်ဖြစ်၊ဓာတ်ပုံမှာဖြစ်ဖြစ် သူတို့နဲ့ ဆက်ပြီးစကားပြောမှာလည်းဖြစ်တယ်” ဟု ပြိုင်ပွဲ ဦးဆောင်သူ ရေဗက်ကာ ဆုန်ကီး ကပြောသည်။

ယင်းပြိုင်ပွဲကို Mister.Miss & Mrs International Beauty Of Angel Myanmar ၏ ထောက်ပံ့မှုဖြင့် ရေဗက်ကာ ဆုန်ကီးမှ အဓိက ဦးဆောင်ပြီး ဒီဇင်ဘာ ၂၃ ရက်နေ့ ဟားခါးမြို့ Carson Hall ခန်းမတွင် ကျင်းပသွားမည်ဖြစ်သည်။

ရေဗက်ကာဆုန်ကီးက“အခုပြိုင်မယ့်ဟာမှာအမျိုးသားတွေကသိပ်ပြီးတော့စိတ်မဝင်စားကြဘူး၊ လျှောက်တဲ့သူတွေကလည်း၁၀ဦးမပြည့်သေးပေမယ့် လျှောက်လွှာတွေကို လက်ခံနေဆဲပါ။ အချိန်လည်းရှိပါသေးတယ်”ဟုပြောသည်။
ယခုပြိုင်ပွဲတွင် အဓိက Sponsar အနေဖြင့် Miss & Mrs Summer Global Myanmar မှ ပေးဖြစ်ကာ ယခုပြိုင်ပွဲအတွက် ငွေကြေး သိန်း၅၀ မှ သိန်း ၁၀၀ အကြား အကုန်ကျခံသွားမည်ဖြစ်ပြီး မိတ်ကပ်အနေဖြင့် ဒေသခံ အလှပြင်ဆိုင်များမှ ကူညီအားဖြည့်ပေးမည်ဟုသိရသည်။

Zawgyi






photo credit; The Chinland Post