Input your search keywords and press Enter.

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ရည်ရွယ်လျက် ရိဒ်ရေကန်ဘေးတွင် ဂေါက်ကွင်းတည်ဆောက်

Salai C.Lian

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း အိန္ဒိယနယ်စပ်တွင် တည်ရှိသည့် အသည်းနှလုံးပုံသဏ္ဍန် ရိဒ်ရေကန်ဘေးတွ ခရီးသွားများအား ဆွဲဆောင်နိုင်ရန် ဂေါက်ကွင်းကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ဂေါက်ကွင်းတည်ဆောက်ရေးကော်မတီတွင် ပါရှိသူ ဦးလာလ်ပက်လောမ်က “ အခုလုပ်နေပြီ။ နောက်တစ်ရက်နှစ်ရက်အတွင်းတော့ ပြီးမယ်။ အဓိကရည်ရွယ်ချက်ကတော့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့နဲ့ လူတွေကိုဆွဲဆောင်နိုင်ဖို့ ရိဒ်ရေကန်ဘေးနားမှာ လုပ်ရခြင်းဖြစ်တယ်။ ပြီးတော့ ရပ်ကွက်ပြည်သူတွေကျန်းမာရေး၊ အားကစားလုပ်နိုင်ဖို့ ဖြစ်တယ်။ မြို့အင်္ဂါရပ်နဲ့အညီဖြစ်ဖို့ လုပ်တာဖြစ်တယ်။ အခုလုပ်နေတာဖြစ်တဲ့အတွက် ဘယ်လောက်အကျယ်အဝန်းဖြစ်မလဲဆိုတာ မပြောတတ်သေးဘူး။ ၃ ဧကလောက်တော့ဖြစ်မယ်ထင်တယ်” ဟုပြောသည်။

ချင်းပြည်နယ်၏ အထင်ကရ လည်ပတ်စရာဖြစ်သည့် အသည်းနှလုံးပုံသဏ္ဍန် ရိဒ်ရေကန်ဘေးတွင် ဂေါက်ကွင်းတည်ဆောက်မှုနှင့်ပတ်သက်ပြီး အစိုးရ၏ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်ခြင်းမဟုတ်ပဲ ဌာနဆိုင်ရာများနှင့် ဒေသခံများ၏ အလှူထည့်ဝင်ငွေဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်းသိရသည်။

ဦးလာလ်ပက်လောမ်က “ အခုလုပ်ငန်းနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရက ထောက်ပံ့ပေးတာမျိုးတော့မရှိဘူး။ မြို့မိမြို့ဖ၊ ထွေအုပ်၊ ဌာနဆိုင်ရာနဲ့ စည်ပင်ကော်မတီတွေပူးပေါင်းပြီး ဆောင်ရွက်တာဖြစ်တယ်။ ်အခုအချိန်ထိတော့ သိန်း ၂၀ လောက်ကုန်ပြီ။ ဝန်ထမ်းတွေကော၊ လူမှုရေးအဖွဲ့အစည်းတွေကော၊ ရပ်မိရပ်ဖ တွေကအလှူငွေထည့်ဝင်တာနဲ့ဆောင်ရွက်နေတာဖြစ်တယ်” ဟုပြောသည်။

ယခုဆောင်ရွက်လျက်ရှိသည့် ဂေါက်ကွင်းအမျိုးအစားမှာ အသေးစားဖြစ်သည့်အတွက် ဂေါက်ကျင်း ငါးခုသာပါရှိမည်ဖြစ်ပြီး ပြည်တွင်း ဧည့်သည်အပါအဝင် တစ်ဖက်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံမှလည်း အလည်အပတ်လာရင်း ကစားနိုင်မည်ဖြစ်ကာ ဝင်ကြေးကောက်ခံမှုများရှိမည်မဟုတ်သေးကြောင်း သိရသည်။

ဦးလာလ်ပက်လောမ်က “ အခုလုပ်တာက ဂေါက်ကွင်းအသေးစားလုပ်တာဖြစ်တဲ့အတွက် ဂေါက်ကျင်းငါးခုလောက်ရှိမယ်။ ဒီနေရာက ပြည်တွင်းခရီးသွားတွေအတွက်အပြင် အိန္ဒိယနိုင်ငံဖက်ခြမ်းကလာလည်တဲ့သူတွေလည်း အသုံးပြုလို့ရမယ်။ အခုက ရိဒ်ရေကန်ကိုလာလည်တဲ့သူတွေက တစ်ခြားအပန်းဖြေဖို့မရှိတဲ့အတွက် ဂေါက်လည်းရိုက်လို့ရအောင်ဆိုပြီး လုပ်တာဖြစ်တယ်။ အခုကတော့ ဝင်ကြေးတွေကောက်ခံမှုရှိမှာမဟုတ်သေးဘူး။ နောက်ပိုင်းမှာတော့ ပြောလို့မရသေးဘူး။ ကော်မတီကပဲ ဆက်ပြီး ဆွေးနွေးမှာဖြစ်တယ်” ဟုပြောသည်။

ရိဒ်ရေကန်သည် ချင်းပြည်နယ်ဖလမ်းမြို့နယ်တွင်းတွင် တည်ရှိပြီး မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံနယ်စပ်တွင်တည်ရှိသည်။ ရိဒ်ရေကန်ကို သွားရောက်လည်ပတ်လိုပါက စစ်ကိုင်းတိုင်း ကလေးမြို့မှ တီးတိန် (သို့) ဖလမ်းမြို့များမှ တစ်ဆင့် သွားရောက်လည်ပတ်နိုင်သည်။

Zawgyi

ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးေရးအတြက္ ရည္ရြယ္လ်က္ ရိဒ္ေရကန္ေဘးတြင္ ေဂါက္ကြင္းတည္ေဆာက္

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္အတြင္း အိႏၵိယနယ္စပ္တြင္ တည္ရွိသည့္ အသည္းႏွလံုးပံုသ႑န္ ရိဒ္ေရကန္ေဘးတြ ခရီးသြားမ်ားအား ဆြဲေဆာင္ႏုိင္ရန္ ေဂါက္ကြင္းကို တည္ေဆာက္လ်က္ရွိေၾကာင္း သိရသည္။

ေဂါက္ကြင္းတည္ေဆာက္ေရးေကာ္မတီတြင္ ပါရွိသူ ဦးလာလ္ပက္ေလာမ္က “ အခုလုပ္ေနၿပီ။ ေနာက္တစ္ရက္ႏွစ္ရက္အတြင္းေတာ့ ၿပီးမယ္။ အဓိကရည္ရြယ္ခ်က္ကေတာ့ ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ဖုိ႕နဲ႕ လူေတြကိုဆြဲေဆာင္ႏုိင္ဖုိ႕ ရိဒ္ေရကန္ေဘးနားမွာ လုပ္ရျခင္းျဖစ္တယ္။ ၿပီးေတာ့ ရပ္ကြက္ျပည္သူေတြက်န္းမာေရး၊ အားကစားလုပ္ႏုိင္ဖုိ႕ ျဖစ္တယ္။ ၿမိဳ႕အဂၤါရပ္နဲ႕အညီျဖစ္ဖုိ႕ လုပ္တာျဖစ္တယ္။ အခုလုပ္ေနတာျဖစ္တဲ့အတြက္ ဘယ္ေလာက္အက်ယ္အ၀န္းျဖစ္မလဲဆိုတာ မေျပာတတ္ေသးဘူး။ ၃ ဧကေလာက္ေတာ့ျဖစ္မယ္ထင္တယ္” ဟုေျပာသည္။

ခ်င္းျပည္နယ္၏ အထင္ကရ လည္ပတ္စရာျဖစ္သည့္ အသည္းႏွလံုးပံုသ႑န္ ရိဒ္ေရကန္ေဘးတြင္ ေဂါက္ကြင္းတည္ေဆာက္မႈႏွင့္ပတ္သက္ၿပီး အစိုးရ၏ ေထာက္ပံ့ေငြျဖင့္ ေဆာင္ရြက္ျခင္းမဟုတ္ပဲ ဌာနဆုိင္ရာမ်ားႏွင့္ ေဒသခံမ်ား၏ အလွဴထည့္၀င္ေငြျဖင့္ တည္ေဆာက္ျခင္းျဖစ္ေၾကာင္းသိရသည္။

ဦးလာလ္ပက္ေလာမ္က “ အခုလုပ္ငန္းနဲ႕ပတ္သက္ၿပီး ျပည္နယ္အစိုးရက ေထာက္ပ့ံေပးတာမ်ိဳးေတာ့မရွိဘူး။ ၿမိဳ႕မိၿမိဳ႕ဖ၊ ေထြအုပ္၊ ဌာနဆုိင္ရာနဲ႕ စည္ပင္ေကာ္မတီေတြပူးေပါင္းၿပီး ေဆာင္ရြက္တာျဖစ္တယ္။ ္အခုအခ်ိန္ထိေတာ့ သိန္း ၂၀ ေလာက္ကုန္ၿပီ။ ၀န္ထမ္းေတြေကာ၊ လူမႈေရးအဖြဲ႕အစည္းေတြေကာ၊ ရပ္မိရပ္ဖ ေတြကအလွဴေငြထည့္၀င္တာနဲ႕ေဆာင္ရြက္ေနတာျဖစ္တယ္” ဟုေျပာသည္။

ယခုေဆာင္ရြက္လ်က္ရွိသည့္ ေဂါက္ကြင္းအမ်ိဳးအစားမွာ အေသးစားျဖစ္သည့္အတြက္ ေဂါက္က်င္း ငါးခုသာပါရွိမည္ျဖစ္ၿပီး ျပည္တြင္း ဧည့္သည္အပါအ၀င္ တစ္ဖက္ႏုိင္ငံျဖစ္သည့္ အိႏၵိယႏုိင္ငံမွလည္း အလည္အပတ္လာရင္း ကစားႏုိင္မည္ျဖစ္ကာ ၀င္ေၾကးေကာက္ခံမႈမ်ားရွိမည္မဟုတ္ေသးေၾကာင္း သိရသည္။

ဦးလာလ္ပက္ေလာမ္က “ အခုလုပ္တာက ေဂါက္ကြင္းအေသးစားလုပ္တာျဖစ္တဲ့အတြက္ ေဂါက္က်င္းငါးခုေလာက္ရွိမယ္။ ဒီေနရာက ျပည္တြင္းခရီးသြားေတြအတြက္အျပင္ အိႏၵိယႏုိင္ငံဖက္ျခမ္းကလာလည္တဲ့သူေတြလည္း အသံုးျပဳလုိ႕ရမယ္။ အခုက ရိဒ္ေရကန္ကိုလာလည္တဲ့သူေတြက တစ္ျခားအပန္းေျဖဖုိ႕မရွိတဲ့အတြက္ ေဂါက္လည္းရိုက္လုိ႕ရေအာင္ဆိုၿပီး လုပ္တာျဖစ္တယ္။ အခုကေတာ့ ၀င္ေၾကးေတြေကာက္ခံမႈရွိမွာမဟုတ္ေသးဘူး။ ေနာက္ပုိင္းမွာေတာ့ ေျပာလုိ႕မရေသးဘူး။ ေကာ္မတီကပဲ ဆက္ၿပီး ေဆြးေႏြးမွာျဖစ္တယ္” ဟုေျပာသည္။

ရိဒ္ေရကန္သည္ ခ်င္းျပည္နယ္ဖလမ္းၿမိဳ႕နယ္တြင္းတြင္ တည္ရွိၿပီး ျမန္မာႏုိင္ငံႏွင့္ အိႏၵိယႏုိင္ငံနယ္စပ္တြင္တည္ရွိသည္။ ရိဒ္ေရကန္ကို သြားေရာက္လည္ပတ္လုိပါက စစ္ကုိင္းတုိင္း ကေလးၿမိဳ႕မွ တီးတိန္ (သို႕) ဖလမ္းၿမိဳ႕မ်ားမွ တစ္ဆင့္ သြားေရာက္လည္ပတ္ႏုိင္သည္။