Input your search keywords and press Enter.

ကန်ပက်လက်တွင် အသေးစား လေယာဉ်ကွင်း တည်ဆောက်ဖို့ အစောဆုံး ၂၀၂၁ မှသာ စတင်နိူင်မည်ဟုဆို

C Lian

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း အသေးစား လေယာဉ်ကွင်း တည်ဆောက်ရန်အတွက် အစောဆုံး ခန့်မှန်းချက်အရ ၂၀၂၁ခုနှစ်မှသာ စတင်နိူင်မည်ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင် ဝန်ကြီး ဦး စိုးထက်ကပြောသည်။

ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင် ဝန်ကြီး ဦး စိုးထက်က “အခုက ကွင်းဆင်းစစ်ဆေးနေတုန်းပဲရှိသေးတယ်၊ အစောဆုံး စနိူင်ရင်တောင်မှ ၂၀၂၁ လောက်မှာပဲ စနိူင်မယ်၊ ၂၀၁၉-၂၀၂၀ မှာတော့ ဘတ်ဂျက်လည်း ထည့်မထားဘူး၊ လိုအပ်တဲ့ ဘတ်ဂျက်တွေ၊ နည်းပညာပိုင်းပဲဖြစ်ဖြစ်၊ ကျွမ်းကျင်သူတွေရော၊ ပြည်ထောင်စုက အကုန်လုံးလုပ်ပေးမယ်” ဟု ပြောသည်။

လက်ရှိအခြေအနေတွင် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ အသေးစား လေယာဉ်ကွင်း တည်ဆောက်ရန် ဒုတိယအကြိမ်မြောက် စစ်ဆေးမှုပြုလုပ်ခြင်း ဖြစ်ကြောင်း ကန်ပက်လက်မြို့နယ် အမျိုးသား လွှတ်တော်အမတ် ကိုယ်စားလှယ် ဒေါ် ခင်ရွှေလွင်က ပြောသည်။

ဒေါ်ခင်ရွှေလွင်က “အခု စစ်ဆေးမှုက ဒုတိယအကြိမ်ဆိုတော့ ဖြစ်မြောက်နိူင်စွမ်း ဘယ်လောက်ရှိလဲ၊ လုံလောက်တဲ့မြေအနေအထားရှိလာ၊ လေယာဉ်ဆင်းဖို့အတွက် လေတိုက်နှုန်း အနေအထားတွေကို အသေးစိတ်သိဖို့ သွားစစ်ဆေးတာဖြစ်တယ်၊ ဘယ်အချိန်မှာ စတင်တည်ဆောက်မလဲဆိုတာကတော့ ပြောလို့မရသေးဘူး၊ သူတို့တတိယအကြိမ်လာရင်တော့ ပုံလည်းထွက်မယ်၊ ပြီးတော့ဘယ်လောက်ကုန်မလဲဆိုတာတွေ သိရတော့မယ်” ဟု ပြောသည်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် အသေးစား လေယာဉ်ကွင်းအတွက် မြေပြင်ကွင်းဆင်းလာသည့် လေကြောင်း ဒုချုပ်နှင့် အဖွဲ့များ၏ စစ်ဆေးမှုအရ ချင်းပြည်နယ်တွင် အသေးစားလေယာဉ်ကွင်းတည်ဆောက်ရန် အသင့်တော်ဆုံးဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပြောပြချက်အရ သိရသည်။

အမျိုးသား လွှတ်တော်အမတ် ဒေါ် ခင်ရွှေလွင်က “စစ်ဆေးချက်အရကတော့ လေယာဉ်ကွင်းငယ်အတွက်တော့ ဖြစ်နိူင်တယ်၊ ကျန်တဲ့အနေအထားတွေလည်း ချင်းပြည်နယ်လုံးမှာ အဖြစ်သင့်ဆုံးဆိုတဲ့ ကနဦးအဖြေတော့ ထွက်တယ်၊ ပြေးလမ်း ပေ ၃၀၀၀ ရှိမယ်၊ ချင်းပြည်နယ်အတွင်းမှာ ယာထားတဲ့ အသေးစားလေယာဉ်ကွင်း တည်ဆောက်ဖို့ ပြောတဲ့ထဲမှာ ကန်ပက်လက်ကတော့ အသင့်တော်ဆုံးလို့ စစ်ဆေးတဲ့သူတွေကတော့ ပြောတယ်” ဟု ပြောသည်။

ချင်းပြည်နယ်တွင် Surbung လေယာဉ်ကွင်းသည် ပထမ တည်ဆောက်မှုဖြစ်ပြီး အခြား အသေးစားလေယာဉ်ကွင်း တည်ဆောက်ရန် ၅ နေရာ လျာထားမှုရှိကြောင်း သိရသည်။

Zawgyi Version

ကန်ပက်လက်တွင် အသေးစား လေယာဉ်ကွင်း တည်ဆောက်ဖို့ အစောဆုံး ၂၀၂၁ မှသာ စတင်နိုင်မည်ဟုဆို

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း အသေးစား လေယာဉ်ကွင်း တည်ဆောက်ရန်အတွက် အစောဆုံး ခန့်မှန်းချက်အရ ၂၀၂၁ခုနှစ်မှသာ စတင်နိုင်မည်ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင် ၀န်ကြီး ဦး စိုးထက်ကပြောသည်။

ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင် ၀န်ကြီး ဦး စိုးထက်က “အခုက ကွင်းဆင်းစစ်ဆေးနေတုန်းပဲရှိသေးတယ်၊ အစောဆုံး စနိုင်ရင်တောင်မှ ၂၀၂၁ လောက်မှာပဲ စနိုင်မယ်၊ ၂၀၁၉-၂၀၂၀ မှာတော့ ဘတ်ဂျက်လည်း ထည့်မထားဘူး၊ လိုအပ်တဲ့ ဘတ်ဂျက်တွေ၊ နည်းပညာပိုင်းပဲဖြစ်ဖြစ်၊ ကျွမ်းကျင်သူတွေရော၊ ပြည်ထောင်စုက အကုန်လုံးလုပ်ပေးမယ်” ဟု ပြောသည်။


ဒေါ်ခင်ရွှေလွင်က “အခု စစ်ဆေးမှုက ဒုတိယအကြိမ်ဆိုတော့ ဖြစ်မြောက်နိုင်စွမ်း ဘယ်လောက်ရှိလဲ၊ လုံလောက်တဲ့မြေအနေအထားရှိလာ၊ လေယာဉ်ဆင်းဖို့အတွက် လေတိုက်နှုန်း အနေအထားတွေကို အသေးစိတ်သိဖို့ သွားစစ်ဆေးတာဖြစ်တယ်၊ ဘယ်အချိန်မှာ စတင်တည်ဆောက်မလဲဆိုတာကတော့ ပြောလို့မရသေးဘူး၊ သူတို့တတိယအကြိမ်လာရင်တော့ ပုံလည်းထွက်မယ်၊ ပြီးတော့ဘယ်လောက်ကုန်မလဲဆိုတာတွေ သိရတော့မယ်” ဟု ပြောသည်။


အမျိုးသား လွှတ်တော်အမတ် ဒေါ် ခင်ရွှေလွင်က “စစ်ဆေးချက်အရကတော့ လေယာဉ်ကွင်းငယ်အတွက်တော့ ဖြစ်နိုင်တယ်၊ ကျန်တဲ့အနေအထားတွေလည်း ချင်းပြည်နယ်လုံးမှာ အဖြစ်သင့်ဆုံးဆိုတဲ့ ကနဦးအဖြေတော့ ထွက်တယ်၊ ပြေးလမ်း ပေ ၃၀၀၀ ရှိမယ်၊ ချင်းပြည်နယ်အတွင်းမှာ ယာထားတဲ့ အသေးစားလေယာဉ်ကွင်း တည်ဆောက်ဖို့ ပြောတဲ့ထဲမှာ ကန်ပက်လက်ကတော့ အသင့်တော်ဆုံးလို့ စစ်ဆေးတဲ့သူတွေကတော့ ပြောတယ်” ဟု ပြောသည်။
