Input your search keywords and press Enter.

ICJ တွင်တရားစွဲခံရသည့်ကိစ္စမှာ နိုင်ငံတော်အဆင့်ပြသနာဖြစ်သည့်အတွက် ထောက်ခံပွဲကို ခရိုင် ၄ခုတွင် ပြည်နယ်အစိုးရအနေနဲ့ ကျင်းပခြင်းဖြစ်ဟုဆို

Hakha IPRD

Salai Benezer

ချင်းပြည်နယ်အစိုးရအနေနဲ့ နိုင်ငံတကာတရားရုံး (ICJ) တွင် တရားရင်ဆိုင်မည့် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကျင်းပခြင်းမှာ ICJ တွင်တရားစွဲခံရသည့်ကိစ္စမှာ နိုင်ငံတော်အဆင့်ပြသနာဖြစ်သည့်အတွက် ကျင်းပခြင်းဖြစ်သည်ဟု ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်မှပြောသည်။

“ဒီမိုကရေစီခက်ဖြစ်တဲ့အတွက် ဒီမိုကရေစီစနစ်နဲ့ပေါ့နော် လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိတယ်၊ လွတ်လပ်စွာ သဘောထား ထောက်ခံခွင့်ရှိတယ်၊ အားလုံးသဘောထားတူညီမှုဆိုတာကတော့ မလွယ်ပါဘူး၊ တစ်ခြားပြည်နယ်နှင့် တိုင်းမှာလည်း အဲလိုပဲ လုပ်ကြတယ်၊ လက်ရှိကတော့ နိုင်ငံတော်အဆင့်အနေနဲ့ ဖြေရှင်းနေရတဲ့အတွက် ကျွန်တော်တို့ချင်းပြည်နယ် အစိုးရအနေနဲ့လည်း ဖွဲ့စည်းထားတဲ့ ခရိုင် (၄) ခုလုံးမှာ ထောက်ခံပွဲလုပ်ထားတာပါ၊ တစ်ချို့သဘောထား မတိုက်ဆိုင်တာတွေလည်းရှိမှာ ပါတီကိစ္စတွေပေါ့၊ ဒါပေမဲ့ ကျွန်တော်တို့ အစိုးရဖွဲ့အနေနဲ့ကတော့ လုပ်သင့်တယ်ထင်လို့ ထောက်ခံပွဲကို လုပ်တာဖြစ်တယ်” ဟု စည်ပင် ဝန်ကြီး ဦး စိုးထက်က ပြောသည်။

ချင်းပြည်နယ်အစိုးရအနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံပဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲအား ခရိုင် (၄)ခုဖြစ်သည့် ဟားခါးမြို့၊ ဖလမ်းမြို့၊ မင်းတပ်မြို့နှင့် မတူပီမြို့တို့တွင် ကျင်းပခဲ့ပြီး ကုန်ကျစားရိတ်များကို ရပ်ပိရပ်ဖများနှင့် ဘာသာရေးအဖွဲ့အစည်းများမှ ကုန်ကျခံထားကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်မှပြောသည်။

ခရိုင် (၄)ခုတွင် ကျင်းပခဲ့သည့် ထောက်ခံပွဲအပေါ် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ တွဲဖက်ဥက္ကဌဖြစ်သူ ဆလိုင်းငိုင်ဆာ့ခ်မှ “အစိုုးရက အပေါ်ကဆိုတော့ ဝန်ထမ်းဆိုတာက အပေါ်က ခိုင်းရင်လုပ်ရတာဘဲလေ၊ ခုကိစ္စလည်း သူတို့သဘောထားနဲ့ မဟုတ်ဘဲနဲ့ အပေါ်က ခိုင်းလို့လုပ်တာလို့ထင်တယ်ပေ့ါ”ဟု ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာမွတ်စလင်တွေများကို လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန် သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံအပေါ် အမူဖွင့်ထားသည်ကို နယ်သာလန်နိုင်ငံ သဟိတ်ဂ်မြို့တွင်ရှိသော အပြည်ပြည်ဆိုင်ရာ တရားရုံး ICJတွင် ဒီကနေ့မှ စတင်ပြီး ကြားနာရမှာဖြစ်သည်။

နယ်သာလန်နိုင်ငံ The Hague မြို့ နိုင်ငံတကာတရားရုံးတွင် မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် တရားရင်ဆိုင်ရန်သွားသည့် နိုင်ငံတော်အတိုင်ပင်ခံအား ထောက်ခံပွဲကို ယနေ့ ဒီဇင်ဘာ ၁ဝရက်နေ့တွင်ရန်ကုန်မန္တလေးမြို့ကြီးများအပါအဝင်နိုင်ငံတဝှမ်းတွင်လူထုထောက်ခံပွဲများအသီးသီးကျင်းပခဲ့သည်။

Zawgyi Version

ICJ တြင္တရားစြဲခံရသည့္ကိစၥမွာ ႏိုင္ငံေတာ္အဆင့္ျပသနာျဖစ္သည့္အတြက္ ေထာက္ခံပြဲကို ခရိုင္ ၄ခုတြင္ ျပည္နယ္အစိုးရအေနနဲ႔ က်င္းပျခင္းျဖစ္ဟုဆို

ခ်င္းျပည္နယ္အစိုးရအေနနဲ႔ ႏိုင္ငံတကာတရားရံုး (ICJ) တြင္ တရားရင္ဆိုင္မည့္ ေဒၚေအာင္ဆန္းစုၾကည္အား ေထာက္ခံပြဲက်င္းပျခင္းမွာ ICJ တြင္တရားစြဲခံရသည့္ကိစၥမွာ ႏိုင္ငံေတာ္အဆင့္ျပသနာျဖစ္သည့္အတြက္ က်င္းပျခင္းျဖစ္သည္ဟု ခ်င္းျပည္နယ္အစိုးရ ေျပာေရးဆိုခြင့္ရွိသူ စည္ပင္၀န္ႀကီး ဦးစိုးထက္မွေျပာသည္။

“ဒီမုိကေရစီေခတ္ျဖစ္တဲ့အတြက္ ဒီမုိကေရစီစနစ္နဲ႔ေပါ့ေနာ္ လြတ္လပ္စြာ သေဘာထားကြဲလြဲခြင့္ရွိတယ္၊ လြတ္လပ္စြာ သေဘာထား ေထာက္ခံခြင့္ရွိတယ္၊ အားလုံးသေဘာထားတူညီမႈဆုိတာကေတာ့ မလြယ္ပါဘူး၊ တစ္ျခားျပည္နယ္ႏွင့္ တုိင္းမွာလည္း အဲလုိပဲ လုပ္ၾကတယ္၊ လက္ရွိကေတာ့ ႏုိင္ငံေတာ္အဆင့္အေနနဲ႔ ေျဖရွင္းေနရတဲ့အတြက္ ကၽြန္ေတာ္တုိ႔ခ်င္းျပည္နယ္ အစုိးရအေနနဲ႔လည္း ဖြဲ႔စည္းထားတဲ့ ခရုိင္ (၄) ခုလုံးမွာ ေထာက္ခံပြဲလုပ္ထားတာပါ၊ တစ္ခ်ဳိ႕သေဘာထား မတုိက္ဆုိင္တာေတြလည္းရွိမွာ ပါတီကိစၥေတြေပါ့၊ ဒါေပမဲ့ ကၽြန္ေတာ္တုိ႔ အစုိးရဖြဲ႔အေနနဲ႔ကေတာ့ လုပ္သင့္တယ္ထင္လုိ႔ ေထာက္ခံပြဲကုိ လုပ္တာျဖစ္တယ္” ဟု စည္ပင္ ၀န္ႀကီး ဦး စုိးထက္က ေျပာသည္။

ခ်င္းျပည္နယ္အစိုးရအေနျဖင့္ ႏိုင္ငံေတာ္အတိုင္ပင္ခံပဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ ေထာက္ခံပြဲအား ခရိုင္ (၄)ခုျဖစ္သည့္ ဟားခါးၿမဳိ႕၊ ဖလမ္းၿမဳိ႕၊ မင္းတပ္ၿမဳိ႕ႏွင့္ မတူပီၿမဳိ႕တို႔တြင္ က်င္းပခဲ့ၿပီး ကုန္က်စားရိတ္မ်ားကို ရပ္ပိရပ္ဖမ်ားႏွင့္ ဘာသာေရးအဖြဲ႕အစည္းမ်ားမွ ကုန္က်ခံထားေၾကာင္း စည္ပင္၀န္ႀကီး ဦးစိုးထက္မွေျပာသည္။

ခရိုင္ (၄)ခုတြင္ က်င္းပခဲ့သည့္ ေထာက္ခံပြဲအေပၚ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၏ တြဲဖက္ဥကၠဌျဖစ္သူ ဆလိုင္းငိုင္ဆာ့ခ္မွ “အစိုုးရက အေပၚကဆိုေတာ့ ၀န္ထမ္းဆိုတာက အေပၚက ခိုင္းရင္လုပ္ရတာဘဲေလ၊ ခုကိစၥလည္း သူတို႔သေဘာထားနဲ႔ မဟုတ္ဘဲနဲ႔ အေပၚက ခိုင္းလို႔လုပ္တာလို႔ထင္တယ္ေပ့ါ”ဟု ေျပာသည္။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းရွိ ရုိဟင္ဂ်ာမြတ္စလင္ေတြမ်ားကို လူမ်ိဳးတံုး သတ္ျဖတ္မႈက်ဴးလြန္ သည္ဆိုသည့္ စြပ္စြဲခ်က္ျဖင့္ ဂမ္ဘီယာႏုိင္ငံမွ ျမန္မာႏုိင္ငံအေပၚ အမူဖြင့္ထားသည္ကို နယ္သာလန္နုိင္ငံ သဟိတ္ဂ္ၿမိဳ႕တြင္ရွိေသာ အျပည္ျပည္ဆုိင္ရာ တရားရံုး ICJတြင္ ဒီကေန႔မွ စတင္ၿပီး ၾကားနာရမွာျဖစ္သည္။

နယ္သာလန္ႏုိင္ငံ The Hague ၿမိဳ႕ ႏုိင္ငံတကာတရားရုံးတြင္ ျမန္မာႏုိင္ငံအေပၚ လူမ်ဳိးတုံးသတ္ျဖတ္မႈ စြပ္စြဲခ်က္ျဖင့္ တရားရင္ဆုိင္ရန္သြားသည္႔ ႏုိင္ငံေတာ္အတုိင္ပင္ခံအား ေထာက္ခံပြဲကုိ ယေန့ ဒီဇင္ဘာ ၁၀ရက္ေန့တြင္ရန္ကုန္မႏၱေလးျမိဳ့ၾကီးမ်ားအပါအ၀င္ႏုိင္ငံတ၀ွမ္းတြင္လူထုေထာက္ခံပြဲမ်ားအသီးသီးက်င္းပခဲ့သည္။