Input your search keywords and press Enter.

ICJတွင် အမှုရင်ဆိုင်မည့် ဒေါ်အောင်ဆန်းစုကြည်ကို ကလေးမြို့နှင့်ချင်းပြည်နယ်မြို့ကြီးများတွင် ထောက်ခံပွဲကျင်းပ

Hakha IPRD

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJတွင် ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံကို တရားစွဲထားခြင်းကို ရင်ဆိုင်ဖြေရှင်းမည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်းဆန္ဒထုတ်ဖော်ပွဲကို ယနေ့ စစ်ကိုင်းတိုင်း ကလေးမြို့၊ ချင်းပြည်နယ် ဟားခါး၊ဖလမ်းနှင့် မင်းတပ် မြို့အသီးသီးတွင် လူထုထောက်ခံပွဲများကျင်းပခဲ့သည်။

လူထုထောက်ခံပွဲကျင်းပရာ ကလေးမြို့၊ ချင်းပြည်နယ် ဟားခါး၊ဖလမ်းနှင့် မင်းတပ် မြို့အသီးသီးတွင် We stand with Daw Aung San Su Kyi အမေစုနှင့်အတူ ၊နိုင်ငံတော်၏အကျိူးစီးပွားကိုကာကွယ်ရန် နိုင်ငံသားတိုင်းတာဝန်ရှိသည် စာတန်းများပါဝင်သောပိုစတာများကိုကိုင်ဆောင်ပြီး ကလေးမြို့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောက်ခံပွဲကိုလူအင်အား၁၀၀၀၀န်းကျင်ဖြင့်ပြုလုပ်ခဲ့သလိုချင်းပြည်နယ်ဟားခါးမြို့တွင်ဝမ္မသူးမောင်းအားကစားကွင်းတွင်ပြည်နယ်အစိုးရဦးဆောင်မူဖြင့်လူထုအင်အား(၉၀၀၀)ကျော်ဖြင့်ထောက်ခံပွဲပြုလုပ်ခဲ့ပြီး၊ဖလမ်းမြို့နှင့်မင်းတပ်မြို့တွင်လူထုအင်အား၁၀၀၀၀န်းကျင်ဖြင့်ထောက်ခံပွဲများကိုယနေ့မနက်ပိုင်းတွင်ပြုလုပ်ခဲ့ကြသည်။

ကလေးမြို့ လူထုထောက်ခံအားပေးပွဲတွင် ဦးဆောင်သူ တစ်ဦးထဲမှ ဦးအေးမြင့်က “နိုင်ငံရေး အကျဉ်းသား အဖွဲ့အစည်းဟောင်းရယ် အရပ်အဖွဲ့အစည်းတွေနဲ့ ဦးဆောင်ပြီးမှ ဒေါ်အောင်ဆန်းစုကြည် ICJ မှာ အမူရင်ဆိုင်မဲ့ ကိစ္ဓနဲ့ပက်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်သွေးထဲ တစ်သားထဲ ရှိတဲ့ အကြောင်း အမြဲတမ်း ထောက်ခံတဲ့အကြောင်း ပြည်သူလူထုနဲ့ ပြတဲ့ လူထုလှုပ်ရှားမှုဖြစ်တယ်” ဟုဆိုသည်။
ဦး အေးမြင့်က “အရပ်ဖက်လူမှုအဖွဲ့အစည်း စုပေါင်းပြီးမှ NLDရဲ့ပံ့ပိုးကူညီပေးမှုနဲ့ အခြားပါတီဝင်တွေရော ဘာသာပေါင်းစုံကရော တစ်စုတစ်စည်းထဲ ဒေါ်အောင်ဆန်းစုကြည် နောက်မှာ ဝိုင်းရံနေတဲ့ကြောင်း ပြသခြင်းဖြစ်တယ်” ဟု ပြောသည်။
နယ်သာလန်နိုင်ငံ သဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် တရားရင်ဆိုင်ရမည့် နိုင်ငံတော်အ တိုင်ပင်ခံကို အားပေးထောက်ခံကြောင်း ဦးဆောင်သူ ဦးအေးမြင့်ကပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာမွတ်စလင်တွေများကို လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန် သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံအပေါ် အမူဖွင့်ထားသည်ကို နယ်သာလန်နိုင်ငံ သဟိတ်ဂ်မြို့တွင်ရှိသော အပြည်ပြည်ဆိုင်ရာ တရားရုံး ICJတွင် ဒီကနေ့မှ စတင်ပြီး ကြားနာရမှာဖြစ်သည်။
ဦး အေးမြင့်က “လူအများက လူမျိုးတုန်းသတ်ဖြတ်တာကို မသိဘူး ကျွန်တော်တို့နိုင်ငံကသာ ဒီကိစ္စကို ကျူးလွန်တယ် ဆိုရင် ဂမ်ဘီယာ ကစွတ်စွဲတယ် ကျူးလွန်တာ မှန်ရင် ခိုးဝင်ဘင်္ဂါလီတွေက ဒီနေ့ထိ ဘာလို့ ခိုးဝင်နေမှာ လည်း မနေ့တစ်နေ့ကတောင် ကလေးမြို့ကနေဖမ်းမိတယ်” ဟု ပြောသည်။

နယ်သာလန်နိုင်ငံ The Hague မြို့ နိုင်ငံတကာတရားရုံးတွင် မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် တရားရင်ဆိုင်ရန်သွားသည့် နိုင်ငံတော်အတိုင်ပင်ခံအား ထောက်ခံပွဲကို ယနေ့ ဒီဇင်ဘာ ၁၀ရက်နေ့တွင်ရန်ကုန်မန္တလေးမြို့ကြီးများအပါအဝင်နိုင်ငံတဝှမ်းတွင်လူထုထောက်ခံပွဲများအသီးသီးကျင်းပခဲ့သည်။

ICJတြင္ အမႈရင္ဆိုင္မည့္ ေဒၚေအာင္ဆန္းစုၾကည္ကို ကေလးၿမိဳ႕ႏွင့္ခ်င္းျပည္နယ္ျမိဳ႕ၾကီးမ်ားတြင္ ေထာက္ခံပြဲက်င္းပ

အျပည္ျပည္ဆုိင္ရာ တရားရံုး ICJတြင္ ဂမ္ဘီယာႏုိင္ငံမွ ျမန္မာႏုိင္ငံကို တရားစြဲထားျခင္းကို ရင္ဆိုင္ေျဖရွင္းမည့္ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံေၾကာင္းဆႏၵထုတ္ေဖာ္ပြဲကုိ ယေန့ စစ္ကုိင္းတုိင္း ကေလးၿမိဳ႕၊ ခ်င္းျပည္နယ္ ဟားခါး၊ဖလမ္းႏွင့္ မင္းတပ္ ျမိဳ႕အသီးသီးတြင္ လူထုေထာက္ခံပြဲမ်ားက်င္းပခဲ့သည္။

လူထုေထာက္ခံပြဲက်င္းပရာ ကေလးၿမိဳ႕၊ ခ်င္းျပည္နယ္ ဟားခါး၊ဖလမ္းႏွင့္ မင္းတပ္ ျမိဳ႕အသီးသီးတြင္ We stand with Daw Aung San Su Kyi အေမစုႏွင့္အတူ ၊ႏုိင္ငံေတာ္၏အက်ိဴးစီးပြားကုိကာကြယ္ရန္ ႏုိုင္ငံသားတုိင္းတာ၀န္ရွိသည္ စာတန္းမ်ားပါ၀င္ေသာပုိစတာမ်ားကိုကုိင္ေဆာင္ျပီး ကေလးၿမိဳ႕တြင္ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ကို ေထာက္ခံပြဲကုိလူအင္အား၁၀၀၀၀န္းက်င္ျဖင့္ျပဳလုပ္ခဲ့သလုိခ်င္းျပည္နယ္ဟားခါးျမိဳ႔တြင္၀မၼသူးေမာင္းအားကစားကြင္းတြင္ျပည္နယ္အစုိးရဦးေဆာင္မူျဖင့္လူထုအင္အား(၉၀၀၀)ေက်ာ္ျဖင့္ေထာက္ခံပြဲျပဳလုပ္ခဲ့ျပီး၊ဖလမ္းျမိဳ့ႏွင့္မင္းတပ္ျမိဳ့တြင္လူထုအင္အား၁၀၀၀၀န္းက်င္ျဖင့္ေထာက္ခံပြဲမ်ားကုိယေန့မနက္ပုိင္းတြင္ျပဳလုပ္ခဲ့ၾကသည္။

ကေလးျမိဳ့ လူထုေထာက္ခံအားေပးပြဲတြင္ ဦးေဆာင္သူ တစ္ဦးထဲမွ ဦးေအးျမင့္က “ႏုိင္ငံေရး အက်ဥ္းသား အဖြဲ႔အစည္းေဟာင္းရယ္ အရပ္အဖြဲ႔အစည္းေတြနဲ႔ ဦးေဆာင္ၿပီးမွ ေဒၚေအာင္ဆန္းစုၾကည္ ICJ မွာ အမူရင္ဆုိင္မဲ႔ ကိစၶနဲ႔ပက္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တစ္ေသြးထဲ တစ္သားထဲ ရွိတဲ႔ အေၾကာင္း အျမဲတမ္း ေထာက္ခံတဲ႔အေၾကာင္း ျပည္သူလူထုနဲ႔ ျပတဲ႔ လူထုလႈပ္ရွားမႈျဖစ္တယ္” ဟုဆုိသည္။
ဦး ေအးျမင့္က “အရပ္ဖက္လူမႈအဖြဲ႔အစည္း စုေပါင္းၿပီးမွ NLDရဲ႕ပံ႔ပုိုးကူညီေပးမႈနဲ႔ အျခားပါတီဝင္ေတြေရာ ဘာသာေပါင္းစံုကေရာ တစ္စုတစ္စည္းထဲ ေဒၚေအာင္ဆန္းစုၾကည္ ေနာက္မွာ ဝုိင္းရံေနတဲ႔ေၾကာင္း ျပသျခင္းျဖစ္တယ္္” ဟု ေျပာသည္။
နယ္သာလန္ႏုိင္ငံ သဟိတ္ၿမိဳ႕ရွိ အျပည္ျပည္ဆုိင္ရာ တရားရံုးတြင္ တရားရင္ဆုိင္ရမည့္ ႏုိင္ငံေတာ္အ တိုင္ပင္ခံကို အားေပးေထာက္ခံေၾကာင္း ဦးေဆာင္သူ ဦးေအးျမင့္ကေျပာသည္။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းရွိ ရုိဟင္ဂ်ာမြတ္စလင္ေတြမ်ားကို လူမ်ိဳးတံုး သတ္ျဖတ္မႈက်ဴးလြန္ သည္ဆိုသည့္ စြပ္စြဲခ်က္ျဖင့္ ဂမ္ဘီယာႏုိင္ငံမွ ျမန္မာႏုိင္ငံအေပၚ အမူဖြင့္ထားသည္ကို နယ္သာလန္နုိင္ငံ သဟိတ္ဂ္ၿမိဳ႕တြင္ရွိေသာ အျပည္ျပည္ဆုိင္ရာ တရားရံုး ICJတြင္ ဒီကေန႔မွ စတင္ၿပီး ၾကားနာရမွာျဖစ္သည္။
ဦး ေအးျမင့္က “လူအမ်ားက လူမ်ိဳးတုန္းသတ္ျဖတ္တာကို မသိဘူး ကၽြန္ေတာ္တို႔ႏုိင္ငံကသာ ဒီကိစၥကို က်ဴးလြန္တယ္ ဆုိရင္ ဂမ္ဘီယာ ကစြတ္စြဲတယ္ က်ဴးလြန္တာ မွန္ရင္ ခိုးဝင္ဘဂၤါလီေတြက ဒီေန႔ထိ ဘာလို႔ ခိုးဝင္ေနမွာ လည္း မေန႔တစ္ေန႔ကေတာင္ ကေလးၿမိဳ႕ကေနဖမ္းမိတယ္” ဟု ေျပာသည္။

နယ္သာလန္ႏုိင္ငံ The Hague ၿမိဳ႕ ႏုိင္ငံတကာတရားရုံးတြင္ ျမန္မာႏုိင္ငံအေပၚ လူမ်ဳိးတုံးသတ္ျဖတ္မႈ စြပ္စြဲခ်က္ျဖင့္ တရားရင္ဆုိင္ရန္သြားသည္႔ ႏုိင္ငံေတာ္အတုိင္ပင္ခံအား ေထာက္ခံပြဲကုိ ယေန့ ဒီဇင္ဘာ ၁၀ရက္ေန့တြင္ရန္ကုန္မႏၱေလးျမိဳ့ၾကီးမ်ားအပါအ၀င္ႏုိင္ငံတ၀ွမ္းတြင္လူထုေထာက္ခံပြဲမ်ားအသီးသီးက်င္းပခဲ့သည္။