Input your search keywords and press Enter.

ဟားခါးရှုခင်းသာတွင် အဆောက်အဦးများတည်ဆောက်မှု ၅၀ ရာခိုင်နှုန်းပြီးပြီဖြစ်သော်လည်း ဒေသခံများကန့်ကွက်မှုကြောင့် ပြန်လည်ဖျက်သိမ်း

Shing Mang

ဟားခါးမြို့အတက် ဂန့်ဂေါလမ်းဘေးရှိ ဟားခါးရှုခင်းသာဧရိယာအတွင်း ကလေးကစားကွင်းနှင့် စားသောက်ဆိုင်ဖွင့်နိုင်ရန်အတွက် ကန်ထရိုက်ရရှိသူများမှ အဆောက်အဦး တည်ဆောက်မှု ၅၀ ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်သော်လည်း လူထုကန့်ကွက်ခြင်းကြောင့် ပြန်လည်ဖျက်စီးနေပြီဖြစ်ကြောင်းသိရသည်။

“လူထူက မကြိုက်လို့၊ပြည်သူလူထုက ကျယ်ကျယ်ဝန်းဝန်းရှိတဲ့နေရာမှာ အဆောက်အဦးဆောက်လိုက်လို့ရှိရင်နေရာကျဉ်းသွားတာပေါ့၊ အပန်းဖြေအနားယူတဲ့နေရာကျဉ်းသွားတယ်၊အဲဒါကို လူထုက လက်မခံလို့ ပြန်ဖျက်ရတာပါ၊ ကန်ထရိုက်ရတဲ့သူတွေကလည်း ပစ္စည်းတွေဝယ်၊ကုန်ကျစရိတ်အရသူတို့ကလည်းရှုံးသွားပါတယ်၊ဒါပေမယ့် ပြည်သူလူထုရဲ့ဆန္ဒကိုနားထောင်တဲ့အတွက်လည်း အများကြီးဝမ်းသာပါတယ်”ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးစိုးထက်မှ ပြောသည်။

အဆိုပါအဆောက်အဦးများတည်ဆောက်နေမှုမှာ ၅၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်သော်လည်း လူထု၏ ကန့်ကွက်မှုများလာခြင်းကြောင့် အစိုးရမှ ပြန်လည်ဖျက်သိမ်းရခြင်းဖြစ်သည်။
အဆိုပါ နေရာတွင် ကလေးကစားကွင်းအပါအဝင် ကော်ဖီဆိုင်ဖွင့်နိုင်ရန်အတွက် ချင်းပြည်နယ်အစိုးရမှ ကန်ထရိုက် ကျပ်သိန်းတစ်ရာ့တစ်သိန်း ပေးထားခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ် စည်ပင်ညွှန်/မှူးဟောင်း ဦး ထလာဟရဲမှ “ကန်ထရိုက်မှာက ကော်ဖီဆိုင်ဖွင့်လို့ရတယ်၊ စားသောက်ဆိုင်ရယ်၊ ကလေးကစားကွင်းလုပ်ခွင့်ရှိတယ်ဆိုပြီး လိုင်စင်ကိုသိန်းတစ်ရာ့တစ်သိန်းနဲ့ ရောင်းတာဖြစ်တယ်၊ကလေးကစားကွင်းဆောက်တဲ့ဟာက ၂နှစ်စာယာယီဆောက်ထားပေမယ့်၊စည်ပင်က နောက်မှာရွှေ့ပြီးတော့စောင်းတဲ့နေရာမှာပြန်ဆောက်ခိုင်းတယ်၊စောင်းတဲ့ဘက်ကဆောက်ဖို့အဆင်မပြေတော့ဘူး ၊ပြီးတော့ စည်ပင်ကသဘောမတူ ၊လူထုကသဘောမတူ ဆိုတော့ မဆောက်တာအကောင်းဆုံးပဲဆိုပြီၤးပြန်ဖျက်ရတာပါ”ဟုပြောသည်။
ဟားခါးမြို့ခံလူငယ်တစ်ဦးဖြစ်သူ ဒေါက်တာကျုံးပီး က “ကန်ထရိုက်ယူတဲ့သူတွေက ဘယ်လောက်ပဲ ပြည်သူတွေအဆင်ပြေဖို့ ကစားကွင်းလုပ်တယ်၊ဘယ်လောက်ကောင်းတဲ့ စားသောက်ဆိုင်တွေလုပ်ပါစေ ၊ ပြည်သူပိုင်ကို ပုဂ္ဂလိကကိုထိန်းချုပ်ခိုင်းတာ လူငယ်တစ်ယောက်အနေနဲ့ လုံးဝမကြိုက်ဘူး၊ Public Space နေရာကို အစိုးရက သတ်မှတ်ပြီးသား၊ လူတိုင်း free နဲ့သွားလို့ရတယ်လို့သတ်မှတ်ပြီးသားနေရာကို ထိန်းသိမ်းဖို့ဆိုတဲ့ဟာလေးနဲ့ ကန်ထရိုက်ပေးတယ်ဆိုတာကလည်း လုံးဝအဆင်မပြေဘူး”
ကလေးကစားကွင်းတည်ဆောက်မှုကို နိုဝင်ဘာလ ၂၀ရက်တွင်တည်ဆောက်မှုကို စတင်ခဲ့ပြီး ၁၇ရက်ကြာပြီးနောက် အဆိုပါကစားကွင်းတည်ဆောက်မှုကို ရှုခင်းသာ ဧရိယာတွင်တည်ဆောက်ခြင်းဖြစ်သဖြင့် ဒေသခံလူထုမှ ကန့်ကွက်ခြင်းကြောင့် ပြန်လည်ဖျက်သိမ်းခြင်းဖြစ်သည်။

Zawgyi

ဟားခါးရွဳခင္းသာတြင္ အေဆာက္အဦးမ်ားတည္ေဆာက္မႈ ၅၀ ရာခုိင္ႏွဳန္းၿပီးၿပီျဖစ္ေသာ္လည္း ေဒသခံမ်ားကန္႕ကြက္မႈေၾကာင့္ ျပန္လည္ဖ်က္သိမ္း

ဟားခါးၿမိဳ႕အတက္ ဂန္႕ေဂါလမ္းေဘးရွိ ဟားခါးရွဳခင္းသာဧရိယာအတြင္း ကေလးကစားကြင္းႏွင့္ စားေသာက္ဆုိင္ဖြင့္ႏုိင္ရန္အတြက္ ကန္ထရုိက္ရရွိသူမ်ားမွ အေဆာက္အဦး တည္ေဆာက္မႈ ၅၀ ရာခုိင္ႏွဳန္းေက်ာ္ၿပီးစီးၿပီျဖစ္ေသာ္လည္း လူထုကန္႕ကြက္ျခင္းေၾကာင့္ ျပန္လည္ဖ်က္စီးေနၿပီျဖစ္ေၾကာင္းသိရသည္။
“လူထူက မၾကိဳက္လို႔၊ျပည္သူလူထုက က်ယ္က်ယ္ဝန္းဝန္းရွိတဲ့ေနရာမွာ အေဆာက္အဦးေဆာက္လိုက္လို႔ရွိရင္ေနရာက်ဥ္းသြားတာေပါ့၊ အပန္းေျဖအနားယူတဲ့ေနရာက်ဥ္းသြားတယ္၊အဲဒါကို လူထုက လက္မခံလို႔ ျပန္ဖ်က္ရတာပါ၊ ကန္ထရိုက္ရတဲ့သူေတြကလည္း ပစၥည္းေတြဝယ္၊ကုန္က်စရိတ္အရသူတို႔ကလည္းရွုံဳးသြားပါတယ္၊ဒါေပမယ့္ ျပည္သူလူထုရဲ႕ဆႏၵကိုနားေထာင္တဲ့အတြက္လည္း အမ်ားၾကီးဝမ္းသာပါတယ္”ဟု ခ်င္းျပည္နယ္အစိုးရအဖြဲ႕ စည္ပင္ဝန္ၾကီး ဦးစိုးထက္မွ ေျပာသည္။
အဆိုပါအေဆာက္အဦးမ်ားတည္ေဆာက္ေနမႈမွာ ၅၀ ရာခုိင္ႏွဳန္းေက်ာ္ ၿပီးစီးေနၿပီျဖစ္ေသာ္လည္း လူထု၏ ကန္႕ကြက္မႈမ်ားလာျခင္းေၾကာင့္ အစိုးရမွ ျပန္လည္ဖ်က္သိမ္းရျခင္းျဖစ္သည္။
အဆုိပါ ေနရာတြင္္ ကေလးကစားကြင္းအပါအ၀င္ ေကာ္ဖီဆုိင္ဖြင့္ႏုိင္ရန္အတြက္ ခ်င္းျပည္နယ္အစိုးရမွ ကန္ထရုိက္ က်ပ္သိန္းတစ္ရာ့တစ္သိန္း ေပးထားခဲ့ျခင္းျဖစ္သည္။
ခ်င္းျပည္နယ္ စည္ပင္ညႊန္/မွဴးေဟာင္း ဦး ထလာဟရဲမွ “ကန္ထရိုက္မွာက ေကာ္ဖီဆိုင္ဖြင့္လို႔ရတယ္၊ စားေသာက္ဆိုင္ရယ္၊ ကေလးကစားကြင္းလုပ္ခြင္႔ရွိတယ္ဆိုျပီး လိုင္စင္ကိုသိန္းတစ္ရာ့တစ္သိန္းနဲ႔ ေရာင္းတာျဖစ္တယ္၊ကေလးကစားကြင္းေဆာက္္တဲ့ဟာက ၂နွစ္စာယာယီေဆာက္ထားေပမယ့္၊စည္ပင္က ေနာက္မွာေရႊ႕ျပီးေတာ့ေစာင္းတဲ့ေနရာမွာျပန္ေဆာက္ခိုင္းတယ္၊ေစာင္းတဲ့ဘက္ကေဆာက္ဖို႔အဆင္မေျပေတာ့ဘူး ၊ျပီးေတာ့ စည္ပင္ကသေဘာမတူ ၊လူထုကသေဘာမတူ ဆိုေတာ့ မေဆာက္တာအေကာင္းဆံုးပဲဆိုျပီၤးျပန္ဖ်က္ရတာပါ”ဟုုေျပာသည္။
ဟားခါးၿမိဳ႕ခံလူငယ္တစ္ဦးျဖစ္သူ ေဒါက္တာက်ံဳးပီး က “ကန္ထရိုက္ယူတဲ့သူေတြက ဘယ္္ေလာက္ပဲ ျပည္သူေတြအဆင္ေျပဖို႔ ကစားကြင္းလုပ္တယ္၊ဘယ္ေလာက္ေကာင္းတဲ့ စားေသာက္ဆိုင္ေတြလုပ္ပါေစ ၊ ျပည္သူပိုင္ကို ပုဂၢလိကကိုထိန္းခ်ဳပ္ခိုင္းတာ လူငယ္တစ္ေယာက္အေနနဲ႔ လံုးဝမၾကိဳက္ဘူး၊ Public Space ေနရာကို အစိုးရက သတ္မွတ္ျပီးသား၊ လူတိုင္း free နဲ႔သြားလို႔ရတယ္လို႔သတ္မွတ္ျပီးသားေနရာကို ထိန္းသိမ္းဖို႔ဆိုတဲ့ဟာေလးနဲ႔ ကန္ထရိုက္ေပးတယ္ဆိုတာကလည္း လံုးဝအဆင္မေျပဘူး”
ကေလးကစားကြင္းတည္ေဆာက္မွဳကို နိုဝင္ဘာလ ၂၀ရက္တြင္တည္ေဆာက္မွဳကို စတင္ခဲ့ျပီး ၁၇ရက္ၾကာျပီးေနာက္ အဆိုပါကစားကြင္းတည္ေဆာက္မွဳကို ရွဳခင္းသာ ဧရိယာတြင္တည္ေဆာက္ျခင္းျဖစ္သျဖင့္ ေဒသခံလူထုမွ ကန္႔ကြက္ျခင္းေၾကာင့္ ျပန္လည္ဖ်က္သိမ္းျခင္းျဖစ္သည္။