Input your search keywords and press Enter.

ပလက်ဝမြို့ပေါ်နှင့် နီးကပ်စွာ တိုက်ပွဲဖြစ်သည့် လက်နက်သံများ ကြားလာရခြင်းကြောင့် ဒေသခံများစိုးရိမ်

Salai Khup Khup
ပလက်ဝမြို့အနီးအထိ ရက္ခိုင့်တပ်မတော်နှင့် မြန်မာတပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားလာပြီး မြို့ပေါ်ကနေပင်လျှင် လက်နက်သံများ ကြားလာရခြင်းကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်နေရကြောင်း ဒေသခံများကပြောသည်။

ပလက်ဝမြို့ ဒေသခံတစ်ဦးက “မနက် ခြောက်နာရီမထိုးခင် ငါးနာရီလောက်က ပလက်ဝမြို့အတွက် အခြေနေမကောင်းဘူးလို့ မြို့ထဲမှာတော့ သတင်းတွေတော့ ထွက်နေတယ်။ ဒီမနက်ပိုင်း လေးနာရီကျော်ကျော် လောက်မှာ ပလက်ဝမြို့ပေါ်ကနေ နှစ်ဖက် တိုက်ခိုက်သံတွေကြားနေရတယ်” ဟုပြောသည်။

ယခင်က ရက္ခိုင့်တပ်မတော်နှင့် မြန်မာတပ်မတော်အကြား တိုက်ပွဲများသည် ကျေးရွာနှင့် နယ်စပ်များတွင်သာ ဖြစ်ပွားခဲ့သော်လည်း ယခုအခါ မြို့နှင့်နီးသည့်နေရာအထိ တိုက်ပွဲများ ဖြစ်ပွားလာခြင်းကြောင့် မြို့ပေါ်နေဒေသခံများအနေဖြင့် စိုးရိမ်လာရခြင်းဖြစ်သည်။

ပလက်ဝမြို့ကီမိုလူမူစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးဌာနမှ ဦးဘူထန်ပိုင်က “ဒီမနက် ၄နာရီကနေ ၅ နာရီခွဲအထိ ပလက်ဝမြို့နဲ့ အနီးမှာရှိတဲ့ တပ်ရင်း၂၈၉ နဲ့ မျက်နှာချင်းဆိုင်နားက အပြန်အလှန် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကြတယ်။ ပြည်သူတွေ အနေနဲ့လည်း ဘာဖြစ်လာမလဲ ဆိုတာ မသိရတော့ အားလုံးက စိုးရိမ်နေရတယ်၊ လုံခြုံရေးတာဝန်ရှိသူတွေအနေနဲ့လည်း အခုချိန်မှာ လုံခြုံရေးအပိုင်းကို အတတ်နိုင်ဆုံးဆောင်ရွက်မယ်လို့ယုံကြည်ပါတယ်”ဟုပြောသည်။

ပလက်ဝမြို့နယ်အတွင်း ညမထွက်ရ အမိန့်နှင့် အတူ လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ အများပြည်သူနှင့် ဆိုင်သောအဆောက်အဦး နေရာများတွင် ဆူပူလှုံ့ဆောင်လိုသော ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်လိုသည့် ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ လူ(၅)ဦး (သို့) ဦးထက်ပို၍ဖြစ်စေ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း ဟစ်အော်ကြွေးကြော်ခြင်း၊ လှုံ့ဆော်ခြင်း၊ ရုတ်ရင်းဆန်ခတ်ပြုခြင်းတို့ကိုလည်း မပြုလုပ်ရန် ပလက်ဝမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ နိုဝင်ဘာ ကိုးရက်နေ့က ထုတ်ပြန်ထားသည်။

Zawgyi

ပလက္၀ၿမိဳ႕ေပၚနွင့္ နီးကပ္စြာ တုိက္ပြဲျဖစ္သည့္ လက္နက္သံမ်ား ၾကားလာရျခင္းေၾကာင့္ ေဒသခံမ်ားစိုးရိမ္

ပလက္၀ၿမိဳ႕အနီးအထိ ရကၡိဳင့္တပ္မေတာ္ႏွင့္ ျမန္မာတပ္မေတာ္တို႕အၾကား တုိက္ပြဲမ်ားျဖစ္ပြားလာၿပီး ၿမိဳ႕ေပၚကေနပင္လွ်င္ လက္နက္သံမ်ား ၾကားလာရျခင္းေၾကာင့္ ေဒသခံမ်ားအေနျဖင့္ စိုးရိမ္ေနရေၾကာင္း ေဒသခံမ်ားကေျပာသည္။

ပလက္ဝၿမိဳ႕ ေဒသခံတစ္ဦးက “မနက္ ေျခာက္နာရီမထုိးခင္ ငါးနာရီေလာက္က ပလက္ဝၿမိဳ႕အတြက္ အေျခေနမေကာင္းဘူးလို႔ ၿမိဳ႕ထဲမွာေတာ့ သတင္းေတြေတာ့ ထြက္ေနတယ္။ ဒီမနက္ပိုင္း ေလးနာရီေက်ာ္ေက်ာ္ ေလာက္မွာ ပလက္၀ၿမိဳ႕ေပၚကေန ႏွစ္ဖက္ တုိက္ခိုက္သံေတြၾကားေနရတယ္” ဟုေျပာသည္။

ယခင္က ရကၡိဳင့္တပ္မေတာ္ႏွင့္ ျမန္မာတပ္မေတာ္အၾကား တုိက္ပြဲမ်ားသည္ ေက်းရြာႏွင့္ နယ္စပ္မ်ားတြင္သာ ျဖစ္ပြားခဲ့ေသာ္လည္း ယခုအခါ ၿမိဳ႕နွင့္နီးသည့္ေနရာအထိ တုိက္ပြဲမ်ား ျဖစ္ပြားလာျခင္းေၾကာင့္ ၿမိဳ႕ေပၚေနေဒသခံမ်ားအေနျဖင့္ စိုးရိမ္လာရျခင္းျဖစ္သည္။

ပလက္ဝၿမိဳ႕ကီမိုလူမူေစာင့္ေရွာက္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးဌာနမွ ဦးဘူထန္ပိုင္က “ဒီမနက္ ၄နာရီကေန ၅ နာရီခြဲအထိ ပလက္ဝၿမိဳ႕နဲ႔ အနီးမွာရွိတဲ႔ တပ္ရင္း၂၈၉ နဲ႔ မ်က္ႏွာခ်င္းဆိုင္နားက အျပန္အလွန္ လက္နက္ၾကီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္ၾကတယ္။ ျပည္သူေတြ အေနနဲ႔လည္း ဘာျဖစ္လာမလဲ ဆိုတာ မသိရေတာ့ အားလံုးက စိုးရိမ္ေနရတယ္၊ လံုၿခံဳေရးတာ၀န္ရွိသူေတြအေနနဲ႕လည္း အခုခ်ိန္မွာ လံုၿခံဳေရးအပုိင္းကို အတတ္ႏုိင္ဆံုးေဆာင္ရြက္မယ္လို႕ယံုၾကည္ပါတယ္”ဟုေျပာသည္။

ပလက္ဝၿမိဳ႕နယ္အတြင္း ညမထြက္ရ အမိန္႔ႏွင့္ အတူ လမ္းမၾကီးမ်ား၊ အမ်ားျပည္သူသြားရာလမ္း၊ လမ္းသြယ္၊ လမ္းၾကား၊ အမ်ားျပည္သူႏွင့္ ဆိုင္ေသာအေဆာက္အဦး ေနရာမ်ားတြင္ ဆူပူလံႈ႕ေဆာင္လိုေသာ ရည္ရြယ္ခ်က္ျဖင့္ျဖစ္ေစ၊ ျပစ္မႈတစ္စံုတစ္ရာ က်ဴးလြန္လိုသည့္ ရည္ရြယ္ခ်က္ျဖင့္ျဖစ္ေစ၊ လူ(၅)ဦး (သို႔) ဦးထက္ပို၍ျဖစ္ေစ စုေဝးျခင္း၊ စီတန္းလွည့္လည္ျခင္း ဟစ္ေအာ္ေၾကြးေၾကာ္ျခင္း၊ လႈံ႕ေဆာ္ျခင္း၊ ရုတ္ရင္းဆန္ခတ္ျပဳျခငး္တို႔ကိုလည္း မျပဳလုပ္ရန္ ပလက္ဝၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာနမွ ႏုိဝင္ဘာ ကိုးရက္ေန႔က ထုတ္ျပန္ထားသည္။