Input your search keywords and press Enter.

လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေရြးေကာက္ပြဲနီးလာခ်ိန္တြင္ ၿခိမ္းေျခာက္မႈႏွင့္အၾကမ္း ဖက္မႈႀကံဳေတြ႕ရႏုိင္ဟု လႊတ္ေတာ္ကိုယ္စားလွယ္ေျပာ

Salai Khup Khup

လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်ပွဲနီးလာချိန်တွင် ခြိမ်းခြောက်မှုနှင့်အကြမ်း ဖက်မှုကြုံတွေ့ရနိုင်ဟု လွှတ်တော်ကိုယ်စားလှယ်ပြော

၂၀၂၀ ရွေးကောက်ပွဲ နီးလာပြီဖြစ်ခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ခြိမ်းခြောက်မှုနှင့် အကြမ်းဖက်မှုကြုံတွေ့ရနိုင်ကြောင်း ဒီဇင်ဘာလ (၃) ရက်နေ့က နေအိမ်တွင်း လက်ပစ်ဗုံး အပစ်ခံရသူ တမူးမြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးမောင်မောင်လတ် ကပြောသည်။

အမျိုးသားလွှတ်တော်အမတ် ဦးမောင်မောင်လတ်က “၂၀၂၀ ရွေးကောက်ပွဲ နီးလာတယ် ဆိုတော့ ကိုယ်စားလှယ်တွေကို ခြိမ်းခြောက်တာတွေ လုပ်ကြံတာတွေ အကြမ်းဖက်တာတွေ ရှိလာနိုင်တယ်။ ဒါတော့ နိုင်ငံရေးဖြစ်စဉ်ဆိုတော့ သိပ်မဆန်းပါဘူး။ နိုင်ငံရေးသမားဆိုတော့ ဒီလိုခြိမ်းခြောက်တာတွေ ကြောက်စရာမလိုပါဘူး။ လုပ်စရာရှိတာ ဆက်လုပ်ဖို့ဘဲရှိတယ် ဒါပေမဲ့ မိသားစုရဲ့ လုံခြုံရေးကိုတော့ စိုးရိမ်ရတယ်”ဟုပြောသည်။

အမျိုးသားလွှတ်တော်အမတ် ဦးမောင်မောင်လတ် နေပြည်တော်တွင် ရောက်ရှိနေချိန်တွင် သူ၏ နေအိမ်၌ ဒီဇင်ဘာလ (၃)ရက်နေ့ ည(၇)နာရီဝန်းကျင်တွင် ဆိုင်ကယ်စီးလာသူ အမည်မသိ နှစ်ဦးမှ နေအိမ်အတွင်း လက်ပစ်ဗုံး ပစ်သွင်းခဲ့သည်။

ဦးမောင်မောင်လတ်က “ကျွန်တော်တော့ နေပြည်တော်ရောက်နေတယ် ပေါက်ကွဲမှုတော့ မဖြစ်လိုက်ဘူး။ အုပ်ချုပ်ရေးလိုင်း တာဝန်ရှိသူ ရဲတွေက လာပြီးယူသွားတယ်။ လက်ပစ်ဗုံးက 91 အမျိုးအစားလို့ သိရတယ် နောက်တစ်နေ့ မနက် ရွှေကဘော် ဂေါက်ကွင်းမှာ သွားခွဲလိုက်တဲ့ အခါကျတော့ တော်တော်လေးပြင်းပြင်း ထန်ထန်နဲ့ ပေါက်ကွဲသွားတယ် လို့ ပြောပါတယ်”ဟုပြောသည်။

လက်ပစ်ဗုံးပစ်သွင်း ခံရသည့် အမျိုးသားလွှတ်တော်အမတ် ဦးမောင်မောင်လတ် နေအိမ်တွင် ဦးမောင်မောင်လတ်၏ မိခင်၊ ညီမနှင့် အစ်ကိုတို့ရှိကြပြီး မည်သည့်ရည်ရွယ်ချက်ဖြင့် လက်ပစ်ဗုံးလာ ပစ်သွားကြောင်း သုံးသပ်ရ ခက်နေကြောင်း အမျိုးသားလွှတ်တော်အမတ် ဦးမောင်မောင်လတ် ကပြောသည်။

သူက “ကျွန်တော်လည်း မရှိတဲ့အချိန် လာချသွားတယ်ဆိုတော့ ကျွန်တော်မိသားစု ကို ခြိမ်းခြောက်တာလား။ ကျွန်တော်မရှိတာကို မသိလို့လား။ ဒါတွေကို စဉ်းစားဆုံးဖြတ် ရတာခက်တယ်။ ဘယ်သူလုပ်တာလည်း တရားခံဖော်နိုင်မှဘဲ တိတိကျကျ သိရမှာဆိုတော့ သုံးသပ်ရတာ အရမ်းခက်တယ်”ဟုပြောသည်။

အမျိုးသားလွှတ်တော်အမတ် ဦးမောင်မောင်လတ်သည် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်အတွင်း ခိုအောင်းလှုပ်ရှားနေသည့် ကသည်းသူပုန်များအား ရှင်းလင်းဖယ်ရှင်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းမေးမြန်းခဲ့သူဖြစ်သည်။

Zawgyi

၂၀၂၀ ေရြးေကာက္ပြဲ နီးလာၿပီျဖစ္ျခင္းေၾကာင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေနျဖင့္ ျခိမ္းေျခာက္မႈႏွင့္ အၾကမ္းဖက္မႈႀကံဳေတြ႕ရႏုိင္ေၾကာင္း ဒီဇင္ဘာလ (၃) ရက္ေန႕က ေနအိမ္တြင္း လက္ပစ္ဗံုး အပစ္ခံရသူ တမူးၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္အမတ္ ဦးေမာင္ေမာင္လတ္ ကေျပာသည္။

အမ်ိဳးသားလႊတ္ေတာ္အမတ္ ဦးေမာင္ေမာင္လတ္က “၂၀၂၀ ေရြးေကာက္ပြဲ နီးလာတယ္ ဆုိေတာ့ ကိုယ္စားလွယ္ေတြကို ျခိမ္းေျခာက္တာေတြ လုပ္ၾကံတာေတြ အၾကမ္းဖက္တာေတြ ရွိလာႏုိင္တယ္။ ဒါေတာ့ ႏုိင္ငံေရးျဖစ္စဥ္ဆိုေတာ့ သိပ္မဆန္းပါဘူး။ ႏုိင္ငံေရးသမားဆိုေတာ့ ဒီလုိျခိမ္းေျခာက္တာေတြ ေၾကာက္စရာမလိုပါဘူး။ လုပ္စရာရွိတာ ဆက္လုပ္ဖုိ႔ဘဲရွိတယ္ ဒါေပမဲ႔ မိသားစုရဲ႕ လံုျခံဳေရးကိုေတာ့ စိုးရိမ္ရတယ္”ဟုေျပာသည္။

အမ်ိဳးသားလႊတ္ေတာ္အမတ္ ဦးေမာင္ေမာင္လတ္ ေနျပည္ေတာ္တြင္ ေရာက္ရွိေနခ်ိန္တြင္ သူ၏ ေနအိမ္၌ ဒီဇင္ဘာလ (၃)ရက္ေန႔ ည(၇)နာရီဝန္းက်င္တြင္ ဆိုင္ကယ္စီးလာသူ အမည္မသိ ႏွစ္ဦးမွ ေနအိမ္အတြင္း လက္ပစ္ဗံုး ပစ္သြင္းခဲ႔သည္။

ဦးေမာင္ေမာင္လတ္က “ကၽြန္ေတာ္ေတာ့ ေနျပည္ေတာ္ေရာက္ေနတယ္ ေပါက္ကြဲမႈေတာ့ မျဖစ္လုိက္ဘူး။ အုပ္ခ်ဳပ္ေရးလုိင္း တာဝန္ရွိသူ ရဲေတြက လာၿပီးယူသြားတယ္။ လက္ပစ္ဗံုးက 91 အမ်ိဳးအစားလို႔ သိရတယ္ ေနာက္တစ္ေန႔ မနက္ ေရႊကေဘာ္ ေဂါက္ကြင္းမွာ သြားခြဲလုိက္တဲ႔ အခါက်ေတာ့ ေတာ္ေတာ္ေလးျပင္းျပင္း ထန္ထန္နဲ႔ ေပါက္ကြဲသြားတယ္ လုိ႔ ေျပာပါတယ္”ဟုေျပာသည္။

လက္ပစ္ဗံုးပစ္သြင္း ခံရသည့္ အမ်ိဳးသားလႊတ္ေတာ္အမတ္ ဦးေမာင္ေမာင္လတ္ ေနအိမ္တြင္ ဦးေမာင္ေမာင္လတ္၏ မိခင္၊ ညီမနွင့္ အစ္ကိုတို႔ရွိၾကၿပီး မည္သည့္ရည္ရြယ္ခ်က္ျဖင့္ လက္ပစ္ဗံုးလာ ပစ္သြားေၾကာင္း သံုးသပ္ရ ခက္ေနေၾကာင္း အမ်ိဳးသားလႊတ္ေတာ္အမတ္ ဦးေမာင္ေမာင္လတ္ ကေျပာသည္။

သူက “ကၽြန္ေတာ္လည္း မရွိတဲ႔အခိ်န္ လာခ်သြားတယ္ဆိုေတာ့ ကၽြန္ေတာ္မိသားစု ကို ျခိမ္းေျခာက္တာလား။ ကၽြန္ေတာ္မရွိတာကို မသိလုိ႔လား။ ဒါေတြကို စဥ္းစားဆံုးျဖတ္ ရတာခက္တယ္။ ဘယ္သူလုပ္တာလည္း တရားခံေဖာ္ႏုိင္မွဘဲ တိတိက်က် သိရမွာဆုိေတာ့ သံုးသပ္ရတာ အရမ္းခက္တယ္”ဟုေျပာသည္။

အမ်ိဳးသားလႊတ္ေတာ္အမတ္ ဦးေမာင္ေမာင္လတ္သည္ စစ္ကိုင္းတုိင္းေဒသၾကီး တမူးၿမိဳ႕နယ္အတြင္း ခိုေအာင္းလႈပ္ရွားေနသည့္ ကသည္းသူပုန္မ်ားအား ရွင္းလင္းဖယ္ရွင္းေပးရန္ အစီအစဥ္ ရွိ/မရွိႏွင့္ စပ္လ်ဥ္းသည့္ ေမးခြန္းေမးျမန္းခဲ့သူျဖစ္သည္။