Input your search keywords and press Enter.

ICJ တွင် သွားရောက်အမှုရင်ဆိုင်မည့် နိုင်ငံတော်အတိုင်ပင်ခံအား ချင်းပြည်နယ် NLD အနေဖြင့် ရပ်တည်ပေးမည်မဟုတ်ပဲ လူထုအနေဖြင့်သာ ထောက်ခံပွဲပြုလုပ်မည်

Salai C Lian

ရခိုင်ပြည်နယ်တွင်း လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံအပေါ် တရားစွဲဆိုမှုကို ရင်ဆိုင်မည့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အား ထောက်ခံမည့်ပွဲကို ချင်းပြည်နယ် NLD အနေဖြင့် ရပ်တည်ထောက်ခံပေးမည်မဟုတ်ပဲ ချင်းပြည်သူများအနေဖြင့်သာ ထောက်ခံပွဲပြုလုပ်ပေးမည်ဖြစ်ကြောင်း ချင်းပြည်နယ် လွှတ်တော်ဥက္ကဌလည်းဖြစ် ချင်းပြည်နယ် NLD ပါတီဥက္ကဌဖြစ်သူ ဦးဇိုဘွေးကပြောသည်။

ဦး ဇိုဘွေးက “ကျွန်တော်တို့ ပါတီအနေနဲ့တော့ ရပ်တည်ပေးဖို့မရှိသေးဘူး၊ ပြည်သူကပဲ လုပ်ပေးရင်လုပ်ပေးလိုက်မယ်၊ ချင်းပြည်နယ် NLD အနေနဲ့တော့ ဒေါ်စုကို ရပ်တည်ပေးဖို့မရှိဘူး၊ ဒါမျိုးကတော့ နိူင်ငံကိုယ်စားသွားမယ် ဆိုတော့တစ်နိူင်ငံလုံးက ထောက်ခံရင် ပြည်သူကပဲလုပ်ပေးမယ်လေ” ဟု ပြောသည်။

ထောက်ခံပွဲပြုလုပ်မည့် ကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရအနေဖြင့် ဆောင်ရွက်မည်မဟုတ်ကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ် ကပြောသည်။

ချင်းပြည်နယ် ဝန်ကြီးချုပ် ဦး ဆလိုင်း လျန်လွယ်က “တစ်နေ့ကတော့ ကျွန်တော်တို့ ရပ်တည်ပေးဖို့တော့ ဆွေးနွေးထားတယ်၊ ပြည်နယ်အစိုးရ အနေဖြင့်တော့ မဟုတ်ဘူး၊ နိူင်ငံရေး ပါတီတွေပါမယ်၊ လူမှုရေးအဖွဲ့အစည်းလည်း ပါတယ်၊ ဒေါ်စုကို ထောက်ခံတဲ့ပွဲကို တစ်ရက်တော့ လုပ်မယ်။ အစိုးရ ဦးဆောင်တာ မဟုတ်ပဲ ပြည်သူတွေ၊ ဘာသာရေးခေါင်းဆောင်တွေ အကုန်လုံး ပါဝင်ပြီး လုပ်ဆောင်ဖို့ရှိတယ်။ ချင်းပြည်နယ်အတွင်း ခရိုင်တစ်ချို့နေရာတွေမှာလည်း လုပ်ဖို့ရှိတယ်” ဟု ပြောသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အတွင်းရေးမှုးဖြစ်သူက ထောက်ခံပွဲကို တရားမရင်ဆိုင်ခင် ဆောင်ရွက်ရမည့် ကိစ္စမဟုတ်ပဲ အမှန်တရားပေါ်ပေါက်ပြီးမှသာ ထောက်ခံခြင်း၊ မထောက်ခံခြင်းကို ဆောင်ရွက်သင့်သည်ဟုပြောသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)ပါတီအတွင်းရေးမူးဆလိုင်းကျဲအိုဘိခ်ထောင်းက “ကျွန်တေ်ာ့ အမြင်ကတော့ ICJ ဆိုတာက ကုလသမဂ္ဂ ကနေအမှန်တရားအတိုင်း စီရင်ဆုံးဖြတ် ဆောင်ရွက်မယ့် အစီအစဉ်ဖြစ်တော့ အခုက တရားလိုနဲ့ တရားခံ နှစ်ဖက် ကြားနှာပြီး တရားဆွဲတဲ့သူကလည်း ဘယ်လောက်ထိ အချက်လက် မှန်ကန်သလဲပေါ့၊ တပ်မတော်နဲ့ အစိုးရကလည်း ဘယ်လောက်ထိ ကျိုးလွန်သလဲ ဆိုတာသိရှိရမှာဖြစ်တယ်၊ အဲဒါပြီးမှ ဒီကိစ္စကို ထောက်ခံဖို့၊ ကန့်ကွက်ဖို့ ဆိုတာမျိုး လုပ်သင့်တယ်၊ အခုက အမှန်တရား မပေါ်ပေါက်ခင်မှာ ICJ ကလည်း စီရင်ဆုံးဖြတ်ချက် မချခင် ထောက်ခံခြင်း ကန့်ကွက်ခြင်းဆိုတာ နွားရှေ့ထွန်ကျူး ဆိုသလို ဖြစ်သွားတယ်၊ ကျွန်တော်တို့ ရပ်တည်ရမှာက အမှန်တရားပေါ် မှုတည်ပြီး ဖြစ်ရပ်မှန်ကို ရှာရမယ်၊ အဲဒါမှ ကျွန်တော်တို့လည်း စကားပြောဖြစ်မယ်” ဟု ပြောသည်။

ရိုဟင်ဂျာ မွတ်ဆလင်များအပေါ် တပ်မတော်အနေဖြင့် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သည်ဟုဆိုကာ OIC နိုင်ငံများအကိုယ်စား ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံကို အမှုဖွင့်ထားပြီး လာမည့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၂ နေ့အထိ နယ်သာလန်နိုင်ငံ The Hague မြို့တွင် ကြားနာသွားမည်ဖြစ်သည်။

ICJ တြင္ သြားေရာက္အမႈရင္ဆုိင္မည့္ ႏုိင္ငံေတာ္အတုိင္ပင္ခံအား ခ်င္းျပည္နယ္ NLD အေနျဖင့္ ရပ္တည္ေပးမည္မဟုတ္ပဲ လူထုအေနျဖင့္သာ ေထာက္ခံပြဲျပဳလုပ္မည္

ရခုိင္ျပည္နယ္တြင္း လူမ်ိဳးတုန္းသတ္ျဖတ္မႈ က်ဴးလြန္သည္ဆုိသည့္ စြပ္စြဲခ်က္ျဖင့္ ျမန္မာႏုိင္ငံအေပၚ တရားစြဲဆိုမႈကို ရင္ဆုိင္မည့္ ႏုိင္ငံေတာ္အတုိင္ပင္ခံ ပုဂိၢဳလ္အား ေထာက္ခံမည့္ပြဲကုိ ခ်င္းျပည္နယ္ NLD အေနျဖင့္ ရပ္တည္ေထာက္ခံေပးမည္မဟုတ္ပဲ ခ်င္းျပည္သူမ်ားအေနျဖင့္သာ ေထာက္ခံပြဲျပဳလုပ္ေပးမည္ျဖစ္ေၾကာင္း ခ်င္းျပည္နယ္ လႊတ္ေတာ္ဥကၠဌလည္းျဖစ္ ခ်င္းျပည္နယ္ NLD ပါတီဥကၠဌျဖစ္သူ ဦးဇိုေဘြးကေျပာသည္။

ဦး ဇုိေဘြးက “ကၽြန္ေတာ္တုိ႔ ပါတီအေနနဲ႔ေတာ့ ရပ္တည္ေပးဖုိ႔မရွိေသးဘူး၊ ျပည္သူကပဲ လုပ္ေပးရင္လုပ္ေပးလုိက္မယ္၊ ခ်င္းျပည္နယ္ NLD အေနနဲ႔ေတာ့ ေဒၚစုကုိ ရပ္တည္ေပးဖုိ႔မရွိဘူး၊ ဒါမ်ဳိးကေတာ့ ႏူိင္ငံကုိယ္စားသြားမယ္ ဆုိေတာ့တစ္ႏူိင္ငံလုံးက ေထာက္ခံရင္ ျပည္သူကပဲလုပ္ေပးမယ္ေလ” ဟု ေျပာသည္။

ေထာက္ခံပြဲျပဳလုပ္မည့္ ကိစၥႏွင့္ပတ္သက္ၿပီး ျပည္နယ္အစိုးရအေနျဖင့္ ေဆာင္ရြက္မည္မဟုတ္ေၾကာင္း ခ်င္းျပည္နယ္ ၀န္ႀကီးခ်ဳပ္ ကေျပာသည္။
ခ်င္းျပည္နယ္ ၀န္ႀကီးခ်ဳပ္ ဦး ဆလုိင္း လ်န္လြယ္က “တစ္ေန႔ကေတာ့ ကၽြန္ေတာ္တုိ႔ ရပ္တည္ေပးဖုိ႔ေတာ့ ေဆြးေႏြးထားတယ္၊ ျပည္နယ္အစုိးရ အေနျဖင့္ေတာ့ မဟုတ္ဘူး၊ ႏူိင္ငံေရး ပါတီေတြပါမယ္၊ လူမႈေရးအဖြဲ႔အစည္းလည္း ပါတယ္၊ ေဒၚစုကုိ ေထာက္ခံတဲ့ပြဲကို တစ္ရက္ေတာ့ လုပ္မယ္။ အစုိးရ ဦးေဆာင္တာ မဟုတ္ပဲ ျပည္သူေတြ၊ ဘာသာေရးေခါင္းေဆာင္ေတြ အကုန္လုံး ပါ၀င္ၿပီး လုပ္ေဆာင္ဖုိ႔ရွိတယ္။ ခ်င္းျပည္နယ္အတြင္း ခရုိင္တစ္ခ်ိဳ႕ေနရာေတြမွာလည္း လုပ္ဖုိ႕ရွိတယ္” ဟု ေျပာသည္။

ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၏ အတြင္းေရးမႈးျဖစ္သူက ေထာက္ခံပြဲကို တရားမရင္ဆုိင္ခင္ ေဆာင္ရြက္ရမည့္ ကိစၥမဟုတ္ပဲ အမွန္တရားေပၚေပါက္ၿပီးမွသာ ေထာက္ခံျခင္း၊ မေထာက္ခံျခင္းကို ေဆာင္ရြက္သင့္သည္ဟုေျပာသည္။

ခ်င္းအမ်ိဳးသားဒီမုိကေရစီအဖြဲ့ခ်ဳပ္(CNLD)ပါတီအတြင္းေရးမူးဆလုိင္းက်ဲအုိဘိခ္ေထာင္းက “ကၽြန္ေတ္ာ့ အျမင္ကေတာ့ ICJ ဆုိတာက ကုလသမဂၢ ကေနအမွန္တရားအတုိင္း စီရင္ဆုံးျဖတ္ ေဆာင္ရြက္မယ့္ အစီအစဥ္ျဖစ္ေတာ့ အခုက တရားလုိနဲ႕ တရားခံ ႏွစ္ဖက္ ၾကားႏွာၿပီး တရားဆြဲတဲ့သူကလည္း ဘယ္ေလာက္ထိ အခ်က္လက္ မွန္ကန္သလဲေပါ့၊ တပ္မေတာ္နဲ႕ အစုိးရကလည္း ဘယ္ေလာက္ထိ က်ဳိးလြန္သလဲ ဆုိတာသိရွိရမွာျဖစ္တယ္၊ အဲဒါၿပီးမွ ဒီကိစၥကုိ ေထာက္ခံဖုိ႔၊ ကန္႔ကြက္ဖုိ႔ ဆုိတာမ်ဳိး လုပ္သင့္တယ္၊ အခုက အမွန္တရား မေပၚေပါက္ခင္မွာ ICJ ကလည္း စီရင္ဆုံးျဖတ္ခ်က္ မခ်ခင္ ေထာက္ခံျခင္း ကန္႔ကြက္ျခင္းဆုိတာ ႏြားေရွ႕ထြန္က်ဴး ဆုိသလုိ ျဖစ္သြားတယ္၊ ကၽြန္ေတာ္တုိ႔ ရပ္တည္ရမွာက အမွန္တရားေပၚ မႈတည္ၿပီး ျဖစ္ရပ္မွန္ကုိ ရွာရမယ္၊ အဲဒါမွ ကၽြန္ေတာ္တုိ႔လည္း စကားေျပာျဖစ္မယ္” ဟု ေျပာသည္။

ရိုဟင္ဂ်ာ မြတ္ဆလင္မ်ားအေပၚ တပ္မေတာ္အေနျဖင့္ လူမ်ိဳးတုန္းသတ္ျဖတ္မႈ က်ဴးလြန္သည္ဟုဆုိကာ OIC ႏုိင္ငံမ်ားအကိုယ္စား ဂမ္ဘီယာႏုိင္ငံမွ ျမန္မာႏုိင္ငံကို အမႈဖြင့္ထားၿပီး လာမည့္ ဒီဇင္ဘာလ ၁၀ ရက္ေန႕မွ ၁၂ ေန႕အထိ နယ္သာလန္ႏုိင္ငံ The Hague ၿမိဳ႕တြင္ ၾကားနာသြားမည္ျဖစ္သည္။