Input your search keywords and press Enter.

AAအဖွဲ့မှ ချင်းပြည်နယ်၏ ဒေသဖွံ့ဖြိုးမှုကို မလိုလားသည့် စိတ်ဓာတ်ပေါ်လွန်ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်မှပြော

Salai Khup Khup

ပလက်ဝ- ဇိုရမ်ပူလမ်းစီမံကိန်အတွက် ယာဉ်၊ယန္တရားများ တင်ဆောင်လာသည့် သင်္ဘောကို AAအဖွဲ့မှ ချောင်းမြောင်း ပစ်ခတ်ခြင်းမှာ ချင်းပြည်နယ်၏ ဒေသဖွံ့ဖြိုးမှုကို မလိုလားသည့် စိတ်ဓာတ်ပေါ်လွန်ကြောင်း ချင်းပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်မှပြောသည်။

ရက္ခိုင့်တပ်မတော်AAအဖွဲ့မှ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ပလက်ဝ- ဇိုရမ်ပူ လမ်းစီမံကိန်းတွင် အသုံးပြုရန် မြေတူးစက်သုံးစီး၊ မြေကော်ယာဉ် တစ်စီးနှင့် မြေညှိစက်တစ်စီး တင်ဆောင်ထားသည့် ပင်လယ်မင်းသမီး ဇက်သင်္ဘောကို AAအဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ် တားဆီးခဲ့ကြောင်း သိရသည်။

ဝန်ကြီးဦးစိုးထက်က “ပစ်တာခက်တာတွေနဲ့ ဒီလိုမျိုးတော့ အနှောက့်ယှက် မပေးစေချင်ဘူး အခုလိုလုပ်ရပ်က သူတို့ရဲ့စိတ်ဓာတ်ဘဲ သူတို့ရဲ့ တော်လှန်ရေးအရ အဲလိုဘဲ ပုံဖော်ထားတော့ ကျွန်တော်တို့ ဖက်ကဘဲ လုံခြုံမှုရှိအောင် ပြည်သူတွေရဲ့ လုံခြုံရေးဘဲဖြစ်ဖြစ် ဆောက်လုပ်ရေး လုပ်ငန်းမှာဖြစ်ဖြစ် အောင်မြင်အောင်လုပ်ရမှာ ကျွန်တော်တို့ ဒေသရဲ့ ဖွံ့ဖြိုးမှုကို မလိုလားတဲ့ သူတို့ရဲ့စိတ်ဓာတ်ပေါ်လွန် တာပေါ့ အခုလိုလုပ်ရပ်က သူတို့ရဲ့စိတ်ဓာတ်မျိုးနဲ့ သူတို့တိုင်းပြည်လည်း တည်ဆောက်နိုင်မှာ မဟုတ်ဘူး ဒီလောက်ဆင်းရဲပြီး ခက်ခဲနေတဲ့ ဒေသတွေမှာ အခုလိုအနှောက်ယှက် ပေးတာအံသြစရာလည်း ကောင်းတယ် သူတို့တိုင်းပြည်လည်း မဖွံ့ဖြိုးဘူး ကျွန်တော်တို့ တိုင်းပြည်လည်း မဖွံ့ဖြိုးဘူး”ဟုပြောသည်။

ပလက်ဝ- ဇိုရမ်ပူ လမ်းစီမံကိန်းအတွက် သယ်ဆောင်လာသည့် သင်္ဘောကို တားစီးပြီးနောက် AAအဖွဲ့ဝင်များက သင်္ဘောပေါ်သို့ ရောက်ရှိလာပြီး ရေယာဉ် အမူထမ်းများကို လက်ပြန်ကြိုးတုပ်၍ ကမ်းပေါ်သို့ ခေါ်ဆောင်စစ်ဆေးမူများ ပြုလုပ်ပြီး လက်ကိုင်တယ်လီဖုန်းလေးလုံးနှင့် ငွေကျပ်သုံးသိန်းခန့်အား ယူဆောင်ပြီး ပြန်လည်စေလွှတ်ပေးခဲ့ကြောင်းလည်း သိရှိရသည်။

AAအဖြဲ႔မွ ခ်င္းျပည္နယ္၏ ေဒသဖြံ႔ၿဖိဳးမႈကို မလုိလားသည့္ စိတ္ဓာတ္ေပၚလြန္ဟု စည္ပင္ဝန္ၾကီး ဦးစိုးထက္မွေျပာ

ပလက္ဝ- ဇိုရမ္ပူလမ္းစီမံကိန္အတြက္ ယာဥ္၊ယႏၱရားမ်ား တင္ေဆာင္လာသည့္ သေဘၤာကို AAအဖြဲ႔မွ ေခ်ာင္းေျမာင္း ပစ္ခတ္ျခင္းမွာ ခ်င္းျပည္နယ္၏ ေဒသဖြံ႔ၿဖိဳးမႈကို မလုိလားသည့္ စိတ္ဓာတ္ေပၚလြန္ေၾကာင္း ခ်င္းျပည္နယ္အစုိးရ၏ ေျပာေရးဆိုခြင့္ရွိသူ စည္ပင္ဝန္ၾကီး ဦးစိုးထက္မွေျပာသည္။

ရကၡိဳင့္တပ္မေတာ္AAအဖြဲ႔မွ ႏိုဝင္ဘာလ ၃၀ ရက္ေန႔ နံနက္ပိုင္းတြင္ ပလက္ဝ- ဇိုရမ္ပူ လမ္းစီမံကိန္းတြင္ အသံုးျပဳရန္ ေျမတူးစက္သံုးစီး၊ ေျမေကာ္ယာဥ္ တစ္စီးႏွင့္ ေျမညိွစက္တစ္စီး တင္ေဆာင္ထားသည့္ ပင္လယ္မင္းသမီး ဇက္သေဘၤာကို AAအဖြဲ႔မွ လက္နက္ၾကီး၊ လက္နက္ငယ္မ်ားျဖင့္ ေခ်ာင္းေျမာင္းပစ္ခတ္ တားဆီးခဲ႔ေၾကာင္း သိရသည္။

ဝန္ၾကီးဦးစိုးထက္က “ပစ္တာခက္တာေတြနဲ႔ ဒီလုိမ်ိဳးေတာ့ အေႏွာက့္ယွက္ မေပးေစခ်င္ဘူး အခုလုိလုပ္ရပ္က သူတုိ႔ရဲ႕စိတ္ဓာတ္ဘဲ သူတို႔ရဲ႕ ေတာ္လွန္ေရးအရ အဲလိုဘဲ ပံုေဖာ္ထားေတာ့ ကၽြန္ေတာ္တို႔ ဖက္ကဘဲ လံုျခံဳမႈရွိေအာင္ ျပည္သူေတြရဲ႕ လံုျခံဳေရးဘဲျဖစ္ျဖစ္ ေဆာက္လုပ္ေရး လုပ္ငန္းမွာျဖစ္ျဖစ္ ေအာင္ျမင္ေအာင္လုပ္ရမွာ ကၽြန္ေတာ္တုိ႔ ေဒသရဲ႕ ဖြံ႔ျဖိဳးမႈကို မလုိလားတဲ႔ သူတုိ႔ရဲ႕စိတ္ဓာတ္ေပၚလြန္ တာေပါ႔ အခုလိုလုပ္ရပ္က သူတို႔ရဲ႕စိတ္ဓာတ္မ်ိဳးနဲ႔ သူတို႔တိုင္းျပည္လည္း တည္ေဆာက္ႏိုင္မွာ မဟုတ္ဘူး ဒီေလာက္ဆင္းရဲၿပီး ခက္ခဲေနတဲ႔ ေဒသေတြမွာ အခုလုိအေနွာက္ယွက္ ေပးတာအံၾသစရာလည္း ေကာင္းတယ္ သူတို႔တုိင္းျပည္လည္း မဖြံ႔ၿဖိဳးဘူး ကၽြန္ေတာ္တုိ႔ တုိင္းျပည္လည္း မဖြံ႔ၿဖိဳးဘူး”ဟုေျပာသည္။

ပလက္ဝ- ဇိုရမ္ပူ လမ္းစီမံကိန္းအတြက္ သယ္ေဆာင္လာသည့္ သေဘၤာကို တားစီးၿပီးေနာက္ AAအဖြဲ႔ဝင္မ်ားက သေဘၤာေပၚသို႔ ေရာက္ရွိလာၿပီး ေရယာဥ္ အမူထမ္းမ်ားကို လက္ျပန္ၾကိဳးတုပ္၍ ကမ္းေပၚသို႔ ေခၚေဆာင္စစ္ေဆးမူမ်ား ျပဳလုပ္ၿပီး လက္ကိုင္တယ္လီဖုန္းေလးလံုးႏွင့္ ေငြက်ပ္သံုးသိန္းခန္႔အား ယူေဆာင္ၿပီး ျပန္လည္ေစလႊတ္ေပးခဲ႔ေၾကာင္းလည္း သိရွိိရသည္။