Input your search keywords and press Enter.

အိန္ဒိယနိူင်ငံ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုကြောင့် မြန်မာပြည်တွင်း ကုန်သည်များ အခက်ကြုံ

အိန္ဒိယနိူင်ငံနှင့် မြန်မာနိူင်ငံ၏ အဓိက ကုန်သွယ်ရေးလမ်းဖြစ်သည့် ကလေး – ရိဒ် လမ်းကြောင်း အိန္ဒိယနိူင်ငံ နယ်စပ်ဂိတ် ပိတ်ဆို့မှုကြောင့် မြန်မာဖက်ခြမ်းမှ ကုန်သည်များ အခက်ကြုံနေ ကြောင်း သိရသည်။

ထိုကဲ့သို့ တစ်ဖက်နိုင်ငံမှ နယ်စပ်ဂိတ်ပိတ်ဆို့မှုသည် ပြည်နယ်အစိုးရအနေဖြင့် ဖြေရှင်းပေးနိုင်ရန်ခက်ခဲပြီး ပြည်ထောင်စုအဆင့်ကသာ ဖြေရှင်းပေးနိုင်ကြောင်း ချင်းပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင် ဝန်ကြီး ဦး စိုးထက်ကပြောသည်။

ဝန်ကြီး ဦး စိုးထက်က “ကျွန်တော်တို့ သတင်းရထားတဲ့ သတင်းကတော့ အိန္ဒိယနိုင်ငံဖက်က စစ်တိုင်းမှုးတွေလာဖို့အစီအစဉ်ရှိတယ်။ အဲဒါကြောင့် ဂိတ်ကို နှစ်ရက်ပိတ်မယ်လို့သိထားတယ်။ အခုအနောက်ပိုင်းအခြေအနေကိုတော့ အသေးစိတ်မစုံစမ်းရသေးဘူး။ ဒီဖက်က ပို့တဲ့ကုန်တွေနဲ့ဟိုဖက်ကလက်ခံတဲ့နေရာမှာ အခွန်ကောက်မှုတွေ သိပ်အဆင်မပြေဘူးထင်တယ်။ ကျွန်တော်တို့ဖက်ကတော့ တရားဝင် ကုန်သွယ်ရေးလုပ်တာပဲ။ ဒီကိစ္စလိုမျိုးမှာ ဆိုးဆိုးရွားရွားဖြစ်ရင်တော့ ပြည်ထောင်စုကို တင်ပြရမှာပေါ့” ဟုပြောသည်။

သူက ဆက်ပြီး “ကျွန်တော်တို့ ဘက်ကအနေနဲ့ကျတော့ တော့အခွန်ဆောင်ရင် အကုန်သွားလို့ ရတယ်၊ ပြည်သူတွေ အခက်ကြုံတာကလည်း သိတယ်၊ အစိုးအနေဖြင့်တော့ ပြည်သူတွေ အလုပ်အကိုင်လုပ်ပေးဖို့ ရတယ်၊ ဟိုဖက်က ပိတ်ထားတော့ ကျွန်တော်တို့ လုပ်ပေးဖို့ မလွယ်တော့ဘူး၊ ပြည်နယ်အနေနဲ့ကတော့ လုပ်ပေးလို့ မရတော့ဘူး၊ နိူင်ငံချင်း စကားပြောဖို့ လိုတယ်၊ ဒါကတော့ ပြည်ထောင်စု အနေနဲ့ လုပ်ပေးဖို့လိုတယ်၊ ဒါကိုလည်း ကျွန်တော်တို့ လုပ်ပေးဖို့ ကြိုးစားနေတယ်” ဟု ပြောသည်။

မြန်မာပြည်ဖက်ခြမ်းမှ ကုန်သည်များအနေဖြင့် တစ်ဖက်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံမှ နယ်စပ်ပိတ်ဆို့နေမှုများကြောင့် ဆုံးရှုံးမှုများရင်ဆိုင်နေရကြောင်း သိရသည်။

ကလေး-ရိဒ် ကားလိုင်းဂိတ်ပိုင်ရှင်တစ်ဦးဖြစ်သူ ကိုဗျက်ကာက “ကွမ်းသီးတွေပို့ရမယ့် ဟာတွေက နယ်စပ်ဖက်က ပိတ်လိုက်တော့ ကျွန်တော်နာတာပေါ့၊ အရင်ကဆိုရင် အလုပ်သမားတွေ သူတို့ရတဲ့နူနု်း မရနိူ်င်တော့ဘူး၊ ကုန်သယ်တွေကလည်း သူတို့လှောင်တာတွေက ပုတ်သိုးနေတယ်၊ ပြောလိုက်ရင်တော့ ကုန်သည်တွေလည်း နာတာပေါ့၊ အခုလည်း လှောင်ထားတာများကြီး ရှိသေးတယ်၊ ကျွန်တော်တို့ဘက်ကတော့ လုံးဝကြိုးစားဖို့ မလွယ်ဘူး” ဟု ပြောသည်။

ကုန်တင်ကုန်ချပိုင်းတွင် ဦးဆောင်သူအဖြစ် ဆောင်ရွက်နေသူတစ်ဦးကလည်း “ ဇူလိုင်လ ကတည်းကဆိုတော့ တော်တော်တော့ ခံရတာပေါ့၊ အခုကတော့ သူတို့ဘက်က နယ်ခြားစောင့်က ပိတ်တာဆိုတော့ လုံးဝလုပ်လို့မရဘူး၊ ပြီးတော့ ကျွန်တော်တို့ အလုပ်သမားက ၇၀ ကျော်ရှိတယ်၊ အရင်ကဆိုရင် တစ်ရက်ကို နယ်စပ်မှာ ၂၅၀၀၀ ရတဲ့ ဟာကို ၇၀၀၀ လောက်ပဲရတော့ မိသားစုစားဝတ်နေရေးလည်း ထိခိုက်တာပေါ့” ဟု ပြောသည်။

အိန္ဒိယ – မြန်မာနှစ်နိုင်ငံကြား အဓိက ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် အတွင်းရှိ နယ်စပ်မြို့ ရိခေါဒါရ်တို့ကြား ကုန်သွယ်မှုများကို ဇူလိုင်လကတည်းက ပိတ်ပင်ထားကြောင်းသိရသည်။

Zawgyi

အိႏၵိယႏူိင္ငံ နယ္စပ္ ကုန္သြယ္ေရးလမ္းေၾကာင္း ပိတ္ဆုိ႔မႈေၾကာင့္ ျမန္မာျပည္တြင္း ကုန္သည္မ်ား အခက္ႀကံဳ

အိႏၵိယႏူိင္ငံႏွင့္ ျမန္မာႏူိင္ငံ၏ အဓိက ကုန္သြယ္ေရးလမ္းျဖစ္သည့္ ကေလး – ရိဒ္ လမ္းေၾကာင္း အိႏၵိယႏူိင္ငံ နယ္စပ္ဂိတ္ ပိတ္ဆုိ႔မႈေၾကာင့္ ျမန္မာဖက္ျခမ္းမွ ကုန္သည္မ်ား အခက္ႀကံဳေန ေၾကာင္း သိရသည္။

ထိုကဲ့သို႕ တစ္ဖက္ႏုိင္ငံမွ နယ္စပ္ဂိတ္ပိတ္ဆို႕မႈသည္ ျပည္နယ္အစိုးရအေနျဖင့္ ေျဖရွင္းေပးႏုိင္ရန္ခက္ခဲၿပီး ျပည္ေထာင္စုအဆင့္ကသာ ေျဖရွင္းေပးႏုိင္ေၾကာင္း ခ်င္းျပည္နယ္ အစုိးရ ေျပာေရးဆုိခြင့္ရွိသူ စည္ပင္ ၀န္ႀကီး ဦး စုိးထက္ကေျပာသည္။

၀န္ႀကီး ဦး စုိးထက္က “ကၽြန္ေတာ္တုိ႔ သတင္းရထားတဲ႕ သတင္းကေတာ့ အိႏၵိယႏုိင္ငံဖက္က စစ္တုိင္းမႈးေတြလာဖုိ႕အစီအစဥ္ရွိတယ္။ အဲဒါေၾကာင့္ ဂိတ္ကို ႏွစ္ရက္ပိတ္မယ္လုိ႕သိထားတယ္။ အခုအေနာက္ပုိင္းအေျခအေနကိုေတာ့ အေသးစိတ္မစံုစမ္းရေသးဘူး။ ဒီဖက္က ပုိ႕တဲ့ကုန္ေတြနဲ႕ဟိုဖက္ကလက္ခံတဲ့ေနရာမွာ အခြန္ေကာက္မႈေတြ သိပ္အဆင္မေျပဘူးထင္တယ္။ ကၽြန္ေတာ္တို႕ဖက္ကေတာ့ တရား၀င္ ကုန္သြယ္ေရးလုပ္တာပဲ။ ဒီကိစၥလုိမ်ိဳးမွာ ဆိုးဆိုးရြားရြားျဖစ္ရင္ေတာ့ ျပည္ေထာင္စုကို တင္ျပရမွာေပါ့” ဟုေျပာသည္။

သူက ဆက္ၿပီး “ကၽြန္ေတာ္တုိ႔ ဘက္ကအေနနဲ႔က်ေတာ့ ေတာ့အခြန္ေဆာင္ရင္ အကုန္သြားလုိ႔ ရတယ္၊ ျပည္သူေတြ အခက္ႀကံဳတာကလည္း သိတယ္၊ အစုိးအေနျဖင့္ေတာ့ ျပည္သူေတြ အလုပ္အကုိင္လုပ္ေပးဖုိ႔ ရတယ္၊ ဟုိဖက္က ပိတ္ထားေတာ့ ကၽြန္ေတာ္တုိ႔ လုပ္ေပးဖုိ႔ မလြယ္ေတာ့ဘူး၊ ျပည္နယ္အေနနဲ႔ကေတာ့ လုပ္ေပးလုိ႔ မရေတာ့ဘူး၊ ႏူိင္ငံခ်င္း စကားေျပာဖုိ႔ လုိတယ္၊ ဒါကေတာ့ ျပည္ေထာင္စု အေနနဲ႔ လုပ္ေပးဖုိ႔လုိတယ္၊ ဒါကုိလည္း ကၽြန္ေတာ္တုိ႔ လုပ္ေပးဖုိ႔ ႀကိဳးစားေနတယ္” ဟု ေျပာသည္။

ျမန္မာျပည္ဖက္ျခမ္းမွ ကုန္သည္မ်ားအေနျဖင့္ တစ္ဖက္ႏုိင္ငံျဖစ္သည့္ အိႏၵိယႏုိင္ငံမွ နယ္စပ္ပိတ္ဆို႕ေနမႈမ်ားေၾကာင့္ ဆံုးရွံဳးမႈမ်ားရင္ဆုိင္ေနရေၾကာင္း သိရသည္။

ကေလး-ရိဒ္ ကားလုိင္းဂိတ္ပုိင္ရွင္တစ္ဦးျဖစ္သူ ကိုဗ်က္ကာက “ကြမ္းသီးေတြပို႕ရမယ့္ ဟာေတြက နယ္စပ္ဖက္က ပိတ္လုိက္ေတာ့ ကၽြန္ေတာ္နာတာေပါ့၊ အရင္ကဆုိရင္ အလုပ္သမားေတြ သူတုိ႔ရတဲ့ႏူနု္း မရႏူိ္င္ေတာ့ဘူး၊ ကုန္သယ္ေတြကလည္း သူတုိ႔ေလွာင္တာေတြက ပုတ္သုိးေနတယ္၊ ေျပာလုိက္ရင္ေတာ့ ကုန္သည္ေတြလည္း နာတာေပါ့၊ အခုလည္း ေလွာင္ထားတာမ်ားႀကီး ရွိေသးတယ္၊ ကၽြန္ေတာ္တုိ႔ဘက္ကေတာ့ လုံး၀ႀကိဳးစားဖုိ႔ မလြယ္ဘူး” ဟု ေျပာသည္။

ကုန္တင္ကုန္ခ်ပိုင္းတြင္ ဦးေဆာင္သူအျဖစ္ ေဆာင္ရြက္ေနသူတစ္ဦးကလည္း “ ဇူလုိင္လ ကတည္းကဆုိေတာ့ ေတာ္ေတာ္ေတာ့ ခံရတာေပါ့၊ အခုကေတာ့ သူတုိ႔ဘက္က နယ္ျခားေစာင့္က ပိတ္တာဆုိေတာ့ လုံး၀လုပ္လို႕မရဘူး၊ ၿပီးေတာ့ ကၽြန္ေတာ္တုိ႔ အလုပ္သမားက ၇၀ ေက်ာ္ရွိတယ္၊ အရင္ကဆုိရင္ တစ္ရက္ကုိ နယ္စပ္မွာ ၂၅၀၀၀ ရတဲ့ ဟာကုိ ၇၀၀၀ ေလာက္ပဲရေတာ့ မိသားစုစား၀တ္ေနေရးလည္း ထိခုိက္တာေပါ့” ဟု ေျပာသည္။

အိႏၵိယ – ျမန္မာႏွစ္ႏုိင္ငံၾကား အဓိက ကုန္သြယ္ေရး လမ္းေၾကာင္းျဖစ္သည္႔ စစ္ကုိင္းတုိင္း ကေလးၿမိဳ႕မွ ခ်င္းျပည္နယ္ အတြင္းရွိ နယ္စပ္ၿမိဳ႕ ရိေခါဒါရ္တို႕ၾကား ကုန္သြယ္မႈမ်ားကို ဇူလုိင္လကတည္းက ပိတ္ပင္ထားေၾကာင္းသိရသည္။