Input your search keywords and press Enter.

ခူမီးချင်းမျိုးနွယ်စုရေးရာပေါင်း စပ်ညှိနှိူင်းရေးကောင်စီညိနှိုင်းရေးမူး ဦးအိုက်စောမြနှင့်အင်တာဗျူး

ချင်းပြည်နယ်ပလက်ဝမဲဆန္ဒနယ်အမျိုးသားလွှတ်တော်အမတ်ဦးဝှေ့တင်းအား ရက္ခိုင့်တပ်တော် (AA)မှဖမ်းဆီးထားသည်မှာ ၂၅ ရက်ကြာမြင့်နေပြီဖြစ်ပါသည်။ ရက္ခိုင့်တပ်တော် (AA)မှ ပြောရေးဆိုခွင့်ရှိသူခိုင်သုခမှပလက်ဝနယ်ကုိရခိုင်ပြည်မှချင်းပြည်သို့ဗမာအစိုးရမှရွေ့ခြင်းကြောင့်ချင်းရခိုင်လူမျိုးရေးပြသနာတက်ခြင်း၊ဦးဝှေ့တင်းအားချင်းရခိုင်အကြားလူမျိုးရေး၊ဘာသာရေးသွေးခွဲသူဟုစွတ်စွဲမူများနှင့်ပတ်သက်ပြီးခူမီးချင်းမျိုးနွယ်စုရေးရာပေါင်း စပ်ညှိနှိူင်းရေးကောင်စီညှိနှိုင်းရေးမူး ဦးအိုက်စောမြနှင့်မေးမြန်းထားပါသည်။

CW ။ ရက္ခိုင့်တပ်တော် (AA)ရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ဗမာအစိုးရက ရခိုင်ပြည်ကနေ ပလက်ဝကို ချင်းပြည်နယ်ထဲရွှေ့ပေးလိုက်လို့ ရခိုင်နဲ့ချင်း ညီအကိုချင်း ပြသာနာတက်ရတယ်လို့ စွပ်စွဲထားတာကို ပလက်ဝသား ခူမီးချင်းမျိုးနွယ်စုရေးရာပေါင်း စပ်ညှိနှိူင်းရေးကောင်စီအနေနှင့် ဘယ်လိုဖြေရှင်းချင်ပါသလဲ။

ဒီကိစ္စ ရခိုင်တွေဘက်ကပြောဆိုနေတာ ခိုင်သုခရယ်မဟုတ်ပါဘူး၊တော်တော်များများပြောကြတာတွေ့ရတယ်။သူတို့ဘက်က အရိုးစွဲနေတဲ့ ရခိုင်းမင်းပိုင်နက် ဘာညာရှိမှာပေါ့လေ၊ ကျွန်တော်တို့ ဘက်ကလည်း သမိုင်းအထောက်ထားနဲ့ ပြန်ရှင်းပြတာတွေလုပ်ခဲ့ရှိပါတယ်။CNF ကဒေါက်တာရွှေခါးလည်း ဆောင်းပါးရှည်ရေးပြီး ပလက်ဝနယ်ကိစ္စကို အကျယ်တဝင့် ရေးထားတာတွေလည်းရှိပါတယ်။ အဲဒါကို မပြီးနိုင်မစီးနို်င် အခုလည်းထပ်ပြောပြန်တယ်ဆိုတာက နံပါတ် (၁) ခိုင်သုခ က သမိုင်းမသိလို့ စာမကြေလို့ဖြစ်မယ်။ နံပါတ်(၂) သိရက်သားနဲ့ ပြောတယ်ဆိုရင် ကျွန်တော်တို့ ချင်းရဲ့ ဖြစ်တည်မှုကို အလေးမထား၊ဂရုမစိုက်လို့ဖြစ်မယ်။
တကယ်တော့ ဒီပလက်ဝနယ်အကြောင်းကို ပြောရမယ်ဆိုရင် အဝေးကြီးသွားစရာမလိုဘူး၊မှတ်တမ်း တွေနဲ့အတိအကျပြောလို့ရတာ ၁၈၂၆ ပထမ အင်္ဂလိပ်-မြန်မာ ပထမစစ်အပြီး ရခိုင်ဒေသကို အင်္ဂလိပ်က သိမ်းတော့ ပလက်ဝနယ်မပါဘူး၊မပါဘူးဆိုတာ ရခိုင်နယ်မဟုတ်လို့ပေါ့ ၊၁၈၈၅ မန္တလေးနေပြည်တော်ကို သိမ်းတော့ ကချင်နယ်မပါဘူး၊ချင်းတောင်တန်းမပါဘူး ဆိုသလိုပေါ့။
အဲတော့ အင်္ဂလိပ်တွေက ၁၈၃၅ လောက်မှာ ပလက်ဝနယ်ကို တက်လာတယ်၊ ကျွန်တော်တို့ ခူမီးချင်းတွေ ပထမဆုံး ခုခံတဲ့နေရာက တင်းမကျေးရွာကနေပေါ့၊ အခုအဲဒီရွာ ကျောက်တော် ရခိုင်နယ်ထဲမှာ ရောက်သွားပြီ။ တောင်မင်းဆိန်ဒါတို့် တောင်မင်းဆိုက်ရုပ်တို့က ဦးဆောင်ခဲ့တာ သမိုင်းအတိအကျရှိတယ်၊ဆိုပါစို့ ခိုင်သုခပြောသလို ပလက်ဝကရခိုင်နယ်ဆိုရင် အဲတုန်းက ရခိုင်တွေဘယ်ရောက်ကုန်တာလည်း မေးစရာရှိတယ်။နောက်ပိုင်း ပလက်ဝနယ် အင်္ဂလိပ်လက်ရောက်သွားတယ်ဆိုပေမယ့် တစ်နယ်လုံးမဟုတ်ဘူး၊သူတို့ပိုင်တာ ကလက်ဝ အထိပဲ၊ အင်္ဂလိပ်ယူနီယံဂျက် အလံစိုက်တာက ပလက်ဝ၊မီးဇာအထက်နားအထိပဲ၊ကျန်တဲ့ အထက်ပိုင်းက ခူမီးချင်းတောင်မင်းဘဟေ အပိုင်၊ အဲလိုတွေရှိတယ်။
နောက် ၁၈၇၈ ပလက်ဝမှာ အင်္ဂလိပ်အရေးပိုင်မင်းခရိုင်ဝန်ရုံးစိုက်တော့ ခူမီးနွယ်အကြီးကဲ The Chief of Khumi Tribes အဖြစ် ခူမီးချင်းအမျိုးသားတောင်မင်း လဟောက်ကို တင်မြှောက်ခဲ့တယ်။ အုပ်ချုပ်ရေးကိုလည်း ဗမာပြည်မ အောက်မှာမထားဘူး၊ Northern Arkan Hill Track Regulation နဲ့ သီးခြား အုပ်ချုပ်ခဲ့တာ၊ ဒါတွေက ဘာကိုပြောနေသလဲ စဉ်းစားတတ်ရင်သိနိုင်တယ်၊လျှေက်ပြောလို့မရဘူး။ လွတ်လပ်ရေးပေးတောာ့မယ်ဆိုတဲ့အခါမှာလည်း ဒေသခေါင်းဆောင်တွေကို တောင်တန်းဒေသစုံစမ်းရေးကော်မရှင် (ရီးစ်ဝီလျံကော်မရှင်လို့လည်းလူသိများတယ်)က ခေါ်မေးတယ်။ အနာဂတ်လွတ်လပ်တဲ့ မြန်မာနိုင်ငံထဲမှာပါဝင်ရမှာမို့ ဗမာပြည်မနဲ့ ပေါင်းမှာလား ၊ ချင်းတောင်တန်းနဲ့ပေါင်းမှာလား ဆိုတာကို မေးတယ်။ပလက်ဝခေါင်းဆောင်တွေ(ကိုယ်စားလှယ်အဖွဲ့)က ရန်ကုန်မြို့မှာ ထွက်ဆိ်ုချက်ပေးတယ်။ အဲဒီအဖွဲ့မှာ ခူမီးချင်းအမျိုးသား (၃)ဦး၊ဒိုင်း(ချင်း)အမျိုးသား(၁)ဦး၊ မီဇိုချင်းအမျိုးသား (၁) ဦးပါတယ်။အဲဒီထွက်ဆိုချက်အရ ချင်းတောင်တန်းနဲ့ပေါင်းဖို့ဖြစ်လာတယ်။ တကယ်လို့ အဲဒီတုန်းကသာ ဗမာပြည်မနဲ့ ပေါင်းမယ်လို့ ထွက်ဆိုခဲ့ရင် ပလက်ဝနယ်ကလည်း ရခိုင်တိုင်းထဲဖွဲ့စည်းတာမျိုးလည်း ဖြစ်သွားနိုင်တယ်။ ခိုင်သုခ ပြောသလို ဗမာတွေကရွှေ့တာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းသိဖို့လိုတယ်။

CW ။ ပလက်ဝမှာ AA စစ်လှုပ်ရှားရခြင်းဟာ ဗမာစစ်တပ်က ဖိအားပေးထိုးစစ်မဆင်တော့ဘူးဆိုရင် ပလက်ဝနယ်ဟာပိုတည်ငြိမ်လာမယ်လို့ AA ပြောရေးဆိုခွင့်ရှိသူက ပြောဖူးတယ်။ ဒါနဲ့ ပတ်သတ်ပြီး ပြောချင်တာများရှိသလား။

အခြေအမြစ်မရှိတဲ့ ပြောကြားချက်ပါ။ သူတို့ (AA) ရောက်လာတာ ၂၀၁၅ မွပါ။ သူတို့ရောက်လာမှ ်ပလက်ဝဒေသဒုက္ခပင်လယ်ဝေရတာ အားလုံးသိတယ်။ ကျွန်တော်တို့မှမဟုတ်ဘူုး။ပလက်ဝမှာရှိတဲ့ ရခိုင်တွေလည်းသိတယ်။

CW ။ ဦးဝှေ့တင်းကို ဖမ်းဆီးစစ်ဆေးရတာ ချငိးနဲ့ ရခိုင်ကြား ပြသာနာမီးမွှေးတယ်လို့ စွပ်ဆွဲထားတာနဲ့ပတ်သတ်ပြီး ဦးဝှေ့တင်းအကြောင်းကို သိသလောက်ပြောပြပေးပါ။သူဘယ်လိုလူမျီုးလဲ။

တကယ်တန်း ချင်းနဲ့ရခိုင်ကြားမှာ ပြသာနာ မီးမွှေးနေတာ ပလက်ဝအမတ် ဦးဝှေ့တင်းမဟုတ်ပါဘူး သူတို့(AA) တွေပဲ ၊ ကျွန်တော်တို့ ခူမီးချင်းတိုင်းရင်းသားတွေကို ရခိုင်မျိုုးနွယ်စုထဲ ပါသလိုလိုပြောတယ်။ ပလက်ဝပါရခိုင်နဲ့အတူ လွတ်လပ်မယ်ပြောလို့ပြော၊ကျွန်တော်တို့မကျေနပ်လို့အသံတွေထွက်တော့ စစ်တပ်လက်ကိုင်တုတ်လို့ပြောလိုပြော၊သူတို့ပဲလုပ်နေတာ၊ဦးဝှေ့တင်းမဟုတ်ဘူး။ရခိုင့်တော်လှန်ရေးကိုနှောင့်ယှက်ရင် ဘယ်သူ့ကိုမဆိုဖမ်းဆီးမယ် ဆိုပြီး ခြိမ်းခြောက်တာလည်းသူတို့ပဲ။

CW။ AA ပလက်ဝမှာ စမလှုပ်ရှားခင်နဲ့ လှုပ်ရှားပြီးနောက်ပိုင်း ချင်းနဲ့ရခိုင်ကြားဆက်ဆံရေးအခြေနေ ဘာများပြောင်းလဲသွားတာရှိလဲ။

အရင်က ပလက်ဝနယ်မှာ ရခိုင်တိုင်းရင်းသားတွေက သူတို့ကိုသူတို့ချောင်းသားလို့သုံးတယ်၊မန်အောင်သား၊ရမ်းဗြဲသား ဆိုတာလိုမျိုးပေါ့၊ သူတို့ကျွန်တော်တီု့ ခူမီးတွေကြားမှာ ကတိသစ္စာ(၃) ကြိမ်တိုင်တို်င် လုပ်ထားတာရှ်ိခဲ့တယ်။ အဲဒါကလည်း သူတို့ဘက်က စတင်ကမ်းလှန်းပြီးမှ လုပ်ခဲ့တာချည်းပဲ၊ တစ်ကြိမ်က လောင်ကဒူးမှာ၊နောက်တစ်ကြိမ်မှာ င\ဒက်သောင်မှာ ၊နောက်ဆုံးကအကြိမ်က ဖရုံချေင်း ချောင်းဝမှာ၊ဒီနယ်မြျေမှာ အန္တရယ်တစ်စုံတစ်ရာကျရောက်လာရင် တစ်ဦးအပေါ်တစ်ဦးကာကွယ်မယ်၊အဲဒီအန္တရယ်ကို အတူတူတွန်းလှန်မယ် ဆိုပြီး သစ္စာရေသောက်ပြီး ကတိကဝတ်ပြုတာ၊ဒါကို ပလက်ဝက ရခိုင်တွေ လည်း ဘယ်မေ့လိမ့်မတုန်း။ကျွန်တော်တို့ဘက်က ဒါကိုဘယ်တုန်းကမှသစ္စာမဖောက်ခဲ့ဘူး၊ကနေ့အထိ ကျွန်တော်တို့ (ခူမီးချင်း)ကြောင့် ရခိုင်တွေသွေးမြေကျရတယ်ဆိုတာမရှိဘူး။သူတို့အပေါ် ကူညီခဲ့တာပဲရှှိတယ်။ဥပမာပြောမယ်၊ဆက္ကမ သူပုန်တွေထတော့ ဘင်္ဂလားဒေရှ့်ဘက်က ရခိုင်တွေ ဒီဘက်ရောက်လာတယ်၊အခုစက်ပစ်ြ့ပင်ဆိုတဲ့ရွာဖြစ်လာတယ်၊ရောက်စမှာ သူတို့စားရေးသောက်ရေးအတွက် ဥသာလင်းရွာက ကျွန်တော်တို့ခူမီးချင်းတွေ စပါးတောင်း(၄၀၀၀) လောက်ကူညီခဲ့တယ်။နောက်တစ်ခု ဇဉ်ဘောင်းပြင် ရွာအောက်နားမှာရွာလေးတည်ပြီး နေတဲ့ရခိုင်တွေကို ဒလက်မေချောင်းထဲက မျိုးနွယ်စုအချို့က တစ်ရွာလုံးသတ်မယ်ဆိုတာလုပ်တော့ တရွန်အိုင်က ကျွန်တော်တို့ခူမီးချင်း(ဘောက်လိုက်၊လိန်လွေ၊အမ္မလိုင်းအနွယ်)တွေက ကယ်တင်ခဲ့တယ်၊ သူတို့ကို တရွန်အိုင် အထက်ရွာ(ရွာသစ်) အဖြစ်နေထိုင်စေခဲ့တယ်။အခုထိ သမိုင်းအမှန်တွေ၊ဇတ်လမ်းဆင်ပြီးပြောနေတာမဟုတ်ဘူး။သူတို့ကိုယ်တိုင်လည်း ဘောက်လိုက်အနွယ်၊လိန်းလွယ်အနွယ်၊အမ္မလို်င်းအနွယ်ခံယူခဲ့ကြတယ်။ အခုတော်လှန်ရေးဆိုပြီးဝင်လာတော့ ဘယ်လိုပြောရမလဲ၊အချင်းချင်းကြား ယုံကြည်မှုတွေတဖြည်းဖြည်းလျော့ကုန်တာပေါ့ဗျာ။

CW ။ ချင်းနဲ့ ရခိုင်ကြားစည်းလုံးညီညွတ်ဖို့ဆိုရင် ရက္ခိုင့်တပ်တော် (AA)အနေနဲ့ ဘာတွေလုပ်ဆောင်ဖို့လိုမလဲဆိုတာအကြံပြုချက်ပြောပြပေးပါ။

ကျွန်တော်တော်လှန်ရေးသမားမဟုတ်တော့ သိပ်နားမလည်ပါဘူး ၊ သူတို့ပိုသိမှာပါ။ ကျွန်တော့် ဆန္ဒကတော့ ထိခိုက်မှုအနည်းဆုံးဖြစ်ပါစေပေါ့။ပလက်ဝနယ်က ကျွန်တော်တို့ခူမီးချင်းတွေကို ခုတုံးမလုပ်ပါနဲ့ ဒါပါပဲ။

ZAWGYI VERSION

ခ်င္းျပည္နယ္ပလက္၀မဲဆႏၵနယ္အမ်ိဳးသားလႊတ္ေတာ္အမတ္ဦးေ၀ွ့တင္းအား ရကၡိဳင့္တပ္ေတာ္ (AA)မွဖမ္းဆီးထားသည္မွာ ၂၅ ရက္ၿကာျမင့္ေနျပီျဖစ္ပါသည္။ ရကၡိဳင့္တပ္ေတာ္ (AA)မွ ေျပာေရးဆုိခြင့္ရွိသူခုိင္သုခမွပလက္၀နယ္ကုိရခုိင္ျပည္မွခ်င္းျပည္သုိ့ဗမာအစုိးရမွေရြ့ျခင္းေၾကာင့္ခ်င္းရခုိင္လူမ်ိဳးေရးျပသနာတက္ျခင္း၊ဦးေ၀ွ့တင္းအားခ်င္းရခုိင္အၿကားလူမ်ိဳးေရး၊ဘာသာေရးေသြးခြဲသူဟုစြတ္စြဲမူမ်ားႏွင့္ပတ္သက္ျပီးခူမီးခ်င္းမ်ိဳးႏြယ္စုေရးရာေပါင္း စပ္ညွိနွိူင္းေရးေကာင္စီညိွနွိဳင္းေရးမူး ဦးအုိက္ေစာျမႏွင့္ေမးျမန္းထားပါသည္။

CW ။ ရကၡိဳင့္တပ္ေတာ္ (AA)ရဲ့ေျပာေရးဆုိခြင့္ရွိသူ ခိုင္သုခ ဗမာအစိုးရက ရခိုင္ျပည္ကေန ပလက္ဝကို ခ်င္းျပည္နယ္ထဲေရႊ႕ေပးလိုက္လို႔ ရခိုင္နဲ႔ခ်င္း ညီအကိုခ်င္း ျပသာနာတက္ရတယ္လို႔ စြပ္စြဲထားတာကို ပလက္ဝသား ခူမီးခ်င္းမ်ိဳးႏြယ္စုေရးရာေပါင္း စပ္ညွိနွိူင္းေရးေကာင္စီအေနနွင့္ ဘယ္လိုေျဖရွင္းခ်င္ပါသလဲ။

ဒီကိစၥ ရခိုင္ေတြဘက္ကေျပာဆိုေနတာ ခိုင္သုခရယ္မဟုတ္ပါဘူး၊ေတာ္ေတာ္မ်ားမ်ားေျပာၾကတာေတြ႔ရတယ္။သူတို႔ဘက္က အရိုးစြဲေနတဲ့ ရခိုင္းမင္းပိုင္နက္ ဘာညာရွိမွာေပါ့ေလ၊ ကၽြန္ေတာ္တို႔ ဘက္ကလည္း သမိုင္းအေထာက္ထားနဲ့ ျပန္ရွင္းျပတာေတြလုပ္ခဲ့ရွိပါတယ္။CNF ကေဒါက္တာေရႊခါးလည္း ေဆာင္းပါးရွည္ေရးျပီး ပလက္ဝနယ္ကိစၥကို အက်ယ္တဝင့္ ေရးထားတာေတြလည္းရွိပါတယ္။ အဲဒါကို မျပီးနိုင္မစီးနို္င္ အခုလည္းထပ္ေျပာျပန္တယ္ဆိုတာက နံပါတ္ (၁) ခိုင္သုခ က သမိုင္းမသိလို႔ စာမေၾကလို႔ျဖစ္မယ္။ နံပါတ္(၂) သိရက္သားနဲ႔ ေျပာတယ္ဆိုရင္ ကၽြန္ေတာ္တို႔ ခ်င္းရဲ႔ ျဖစ္တည္မွဳကို အေလးမထား၊ဂရုမစိုက္လို႔ျဖစ္မယ္။
တကယ္ေတာ့ ဒီပလက္ဝနယ္အေၾကာင္းကို ေျပာရမယ္ဆိုရင္ အေဝးၾကီးသြားစရာမလိုဘူး၊မွတ္တမ္း ေတြနဲ႔အတိအက်ေျပာလို႔ရတာ ၁၈၂၆ ပထမ အဂၤလိပ္-ျမန္မာ ပထမစစ္အျပီး ရခိုင္ေဒသကို အဂၤလိပ္က သိမ္းေတာ့ ပလက္ဝနယ္မပါဘူး၊မပါဘူးဆိုတာ ရခိုင္နယ္မဟုတ္လို႔ေပါ့ ၊၁၈၈၅ မႏၱေလးေနျပည္ေတာ္ကို သိမ္းေတာ့ ကခ်င္နယ္မပါဘူး၊ခ်င္းေတာင္တန္းမပါဘူး ဆိုသလိုေပါ့။
အဲေတာ့ အဂၤလိပ္ေတြက ၁၈၃၅ ေလာက္မွာ ပလက္ဝနယ္ကို တက္လာတယ္၊ ကၽြန္ေတာ္တို႔ ခူမီးခ်င္းေတြ ပထမဆံုး ခုခံတဲ့ေနရာက တင္းမေက်းရြာကေနေပါ့၊ အခုအဲဒီရြာ ေက်ာက္ေတာ္ ရခိုင္နယ္ထဲမွာ ေရာက္သြားျပီ။ ေတာင္မင္းဆိန္ဒါတို္႔ ေတာင္မင္းဆိုက္ရုပ္တို႔က ဦးေဆာင္ခဲ့တာ သမိုင္းအတိအက်ရွိတယ္၊ဆိုပါစို႔ ခိုင္သုခေျပာသလို ပလက္ဝကရခိုင္နယ္ဆိုရင္ အဲတုန္းက ရခိုင္ေတြဘယ္ေရာက္ကုန္တာလည္း ေမးစရာရွိတယ္။ေနာက္ပိုင္း ပလက္ဝနယ္ အဂၤလိပ္လက္ေရာက္သြားတယ္ဆိုေပမယ့္ တစ္နယ္လံုးမဟုတ္ဘူး၊သူတို႔ပိုင္တာ ကလက္ဝ အထိပဲ၊ အဂၤလိပ္ယူနီယံဂ်က္ အလံစိုက္တာက ပလက္ဝ၊မီးဇာအထက္နားအထိပဲ၊က်န္တဲ့ အထက္ပိုင္းက ခူမီးခ်င္းေတာင္မင္းဘေဟ အပိုင္၊ အဲလိုေတြရွိတယ္။
ေနာက္ ၁၈၇၈ ပလက္ဝမွာ အဂၤလိပ္အေရးပိုင္မင္းခရိုင္ဝန္ရံုးစိုက္ေတာ့ ခူမီးနြယ္အၾကီးကဲ The Chief of Khumi Tribes အျဖစ္ ခူမီးခ်င္းအမ်ိဳးသားေတာင္မင္း လေဟာက္ကို တင္ေျမွာက္ခဲ့တယ္။ အုပ္ခ်ဳပ္ေရးကိုလည္း ဗမာျပည္မ ေအာက္မွာမထားဘူး၊ Northern Arkan Hill Track Regulation နဲ႔ သီးျခား အုပ္ခ်ဳပ္ခဲ့တာ၊ ဒါေတြက ဘာကိုေျပာေနသလဲ စဥ္းစားတတ္ရင္သိနိုင္တယ္၊ေလ်ွက္ေျပာလို႔မရဘူး။ လြတ္လပ္ေ၇းေပးေတာာ့မယ္ဆိုတဲ႔အခါမွာလည္း ေဒသေခါင္းေဆာင္ေတြကို ေတာင္တန္းေဒသစံုစမ္းေရးေကာ္မရွင္ (ရီးစ္ဝီလ်ံေကာ္မရွင္လို႔လည္းလူသိမ်ားတယ္)က ေခၚေမးတယ္။ အနာဂတ္လြတ္လပ္တဲ့ ျမန္မာႏိုင္ငံထဲမွာပါဝင္ရမွာမို႔ ဗမာျပည္မနဲ့ ေပါင္းမွာလား ၊ ခ်င္းေတာင္တန္းနဲ့ေပါင္းမွာလား ဆိုတာကို ေမးတယ္။ပလက္ဝေခါင္းေဆာင္ေတြ(ကိုယ္စားလွယ္အဖြဲ႔)က ရန္ကုန္ျမိဳ႔မွာ ထြက္ဆိ္ုခ်က္ေပးတယ္။ အဲဒီအဖြဲ႔မွာ ခူမီးခ်င္းအမ်ိဳးသား (၃)ဦး၊ဒိုင္း(ခ်င္း)အမ်ိဳးသား(၁)ဦး၊ မီဇိုခ်င္းအမ်ိုးသား (၁) ဦးပါတယ္။အဲဒီထြက္ဆိုခ်က္အရ ခ်င္းေတာင္တန္းနဲ႔ေပါင္းဖို႔ျဖစ္လာတယ္။ တကယ္လို႔ အဲဒီတုန္းကသာ ဗမာျပည္မနဲ႔ ေပါင္းမယ္လို႔ ထြက္ဆိုခဲ့ရင္ ပလက္ဝနယ္ကလည္း ရခိုင္တိုင္းထဲဖြဲ႔စည္းတာမ်ိဳးလည္း ျဖစ္သြားနိုင္တယ္။ ခိုင္သုခ ေျပာသလို ဗမာေတြကေရႊ႔တာမဟုတ္ဘူးဆိုတာ ရွင္းရွင္းလင္းလင္းသိဖို႔လိုတယ္။

CW ။ ပလက္ဝမွာ AA စစ္လွဳပ္ရွားရျခင္းဟာ ဗမာစစ္တပ္က ဖိအားေပးထိုးစစ္မဆင္ေတာ့ဘူးဆိုရင္ ပလက္ဝနယ္ဟာပိုတည္ျငိမ္လာမယ္လို႔ AA ေျပာေရးဆိုခြင့္ရွိသူက ေျပာဖူးတယ္။ ဒါနဲ႔ ပတ္သတ္ျပီး ေျပာခ်င္တာမ်ား၇ွိသလား။

အေျခအျမစ္မရွိတဲ့ ေျပာၾကားခ်က္ပါ။ သူတို႔ (AA) ေရာက္လာတာ ၂၀၁၅ မွပါ။ သူတို႔ေရာက္လာမွ ္ပလက္ဝေဒသဒုကၡပင္လယ္ေဝရတာ အားလံုးသိတယ္။ ကၽြန္ေတာ္တို႔မွမဟုတ္ဘူုး။ပလက္ဝမွာရွိတဲ့ ရခိုင္ေတြလည္းသိတယ္။

CW ။ ဦးေဝွ႔တင္းကို ဖမ္းဆီးစစ္ေဆးရတာ ခ်ငိးနဲ့ ရခိုင္ၾကား ျပသာနာမီးေမႊးတယ္လို႔ စြပ္ဆြဲထားတာနဲ႔ပတ္သတ္ျပီး ဦးေဝွ႔တင္းအေၾကာင္းကို သိသေလာက္ေျပာျပေပးပါ။သူဘယ္လိုလူမ်ီုးလဲ။

တကယ္တန္း ခ်င္းနဲ့ရခိုင္ၾကားမွာ ျပသာနာ မီးေမႊးေနတာ ပလက္၀အမတ္ ဦးေ၀ွ့တင္းမဟုတ္ပါဘူး သူတို႔(AA) ေတြပဲ ၊ ကၽြန္ေတာ္တို႔ ခူမီးခ်င္းတိုင္းရင္းသားေတြကို ရခိုင္မ်ိုဳးႏြယ္စုထဲ ပါသလိုလိုေျပာတယ္။ ပလက္ဝပါရခိုင္နဲ့အတူ လြတ္လပ္မယ္ေျပာလို့ေျပာ၊ကၽြန္ေတာ္တို႔မေက်နပ္လို႔အသံေတြထြက္ေတာ့ စစ္တပ္လက္ကိုင္တုတ္လို႔ေျပာလိုေျပာ၊သူတို႔ပဲလုပ္ေနတာ၊ဦးေဝွ႔တင္းမဟုတ္ဘူး။ရခိုင့္ေတာ္လွန္ေရးကိုေနွာင့္ယွက္ရင္ ဘယ္သူ႔ကိုမဆိုဖမ္းဆီးမယ္ ဆိုျပီး ျခိမ္းေျခာက္တာလည္းသူတို႔ပဲ။

CW။ AA ပလက္ဝမွာ စမလွဳပ္ရွားခင္နဲ႔ လွဳပ္ရွားျပီးေနာက္ပိုင္း ခ်င္းနဲ႔ရခိုင္ၾကားဆက္ဆံေရးအေျခေန ဘာမ်ားေျပာင္းလဲသြားတာရွိလဲ။

အရင္က ပလက္ဝနယ္မွာ ရခိုင္တိုင္းရင္းသားေတြက သူတို႔ကိုသူတို႔ေခ်ာင္းသားလို႔သံုးတယ္၊မန္ေအာင္သား၊ရမ္းျဗဲသား ဆိုတာလိုမ်ိဳးေပါ့၊ သူတို႔ကၽြန္ေတာ္တီု႔ ခူမီးေတြၾကားမွာ ကတိသစၥာ(၃) ၾကိမ္တိုင္တို္င္ လုပ္ထားတာရွ္ိခဲ့တယ္။ အဲဒါကလည္း သူတို႔ဘက္က စတင္ကမ္းလွန္းျပီးမွ လုပ္ခဲ့တာခ်ည္းပဲ၊ တစ္ၾကိမ္က ေလာင္ကဒူးမွာ၊ေနာက္တစ္ၾကိမ္မွာ င\ဒက္ေသာင္မွာ ၊ေနာက္ဆံုးကအၾကိမ္က ဖရံုေခ်င္း ေခ်ာင္းဝမွာ၊ဒီနယ္ေျမၽမွာ အႏၱရယ္တစ္စံုတစ္ရာက်ေရာက္လာရင္ တစ္ဦးအေပၚတစ္ဦးကာကြယ္မယ္၊အဲဒီအႏၱရယ္ကို အတူတူတြန္းလွန္မယ္ ဆိုျပီး သစၥာေရေသာက္ျပီး ကတိကဝတ္ျပဳတာ၊ဒါကို ပလက္၀က ရခိုင္ေတြ လည္း ဘယ္ေမ့လိမ့္မတုန္း။ကၽြန္ေတာ္တို႔ဘက္က ဒါကိုဘယ္တုန္းကမွသစၥာမေဖာက္ခဲ့ဘူး၊ကေန႔အထိ ကၽြန္ေတာ္တို႔ (ခူမီးခ်င္း)ေၾကာင့္ ရခိုင္ေတြေသြးေျမက်ရတယ္ဆိုတာမရွိဘူး။သူတို႔အေပၚ ကူညီခဲ့တာပဲရွွိတယ္။ဥပမာေျပာမယ္၊ဆကၠမ သူပုန္ေတြထေတာ့ ဘဂၤလားေဒရွ္႔ဘက္က ရခိုင္ေတြ ဒီဘက္ေရာက္လာတယ္၊အခုစက္ပစ္ျ႔ပင္ဆိုတဲ့ရြာျဖစ္လာတယ္၊ေရာက္စမွာ သူတို႔စားေရးေသာက္ေရးအတြက္ ဥသာလင္းရြာက က်ြန္ေတာ္တို႔ခူမီးခ်င္းေတြ စပါးေတာင္း(၄၀၀၀) ေလာက္ကူညီခဲ့တယ္။ေနာက္တစ္ခု ဇဥ္ေဘာင္းျပင္ ရြာေအာက္နားမွာရြာေလးတည္ျပီး ေနတဲ့ရခိုင္ေတြကို ဒလက္ေမေခ်ာင္းထဲက မ်ိဳးႏြယ္စုအခ်ိဳ႔က တစ္ရြာလံုးသတ္မယ္ဆိုတာလုပ္ေတာ့ တရြန္အိုင္က ကၽြန္ေတာ္တို႔ခူမီးခ်င္း(ေဘာက္လိုက္၊လိန္ေလြ၊အမၼလိုင္းအႏြယ္)ေတြက ကယ္တင္ခဲ့တယ္၊ သူတို႔ကို တရြန္အိုင္ အထက္ရြာ(ရြာသစ္) အျဖစ္ေနထိုင္ေစခဲ့တယ္။အခုထိ သမိုင္းအမွန္ေတြ၊ဇတ္လမ္းဆင္ျပီးေျပာေနတာမဟုတ္ဘူး။သူတို႔ကိုယ္တိုင္လည္း ေဘာက္လိုက္အႏြယ္၊လိန္းလြယ္အႏြယ္၊အမၼလို္င္းအႏြယ္ခံယူခဲ႔ၾကတယ္။ အခုေတာ္လွန္ေရးဆိုျပီးဝင္လာေတာ့ ဘယ္လိုေျပာရမလဲ၊အခ်င္းခ်င္းၾကား ယံုၾကည္မွုေတြတျဖည္းျဖည္းေလ်ာ့ကုန္တာေပါ့ဗ်ာ။

CW ။ ခ်င္းနဲ့ ရခိုင္ၾကားစည္းလံုးညီညြတ္ဖို႔ဆိုရင္ ရကၡိဳင့္တပ္ေတာ္ (AA)အေနနဲ႔ ဘာေတြလုပ္ေဆာင္ဖို႔လိုမလဲဆိုတာအၾကံျပဳခ်က္ေျပာျပေပးပါ။

ကၽြန္ေတာ္ေတာ္လွန္ေရးသမားမဟုတ္ေတာ့ သိပ္နားမလည္ပါဘူး ၊ သူတို႔ပိုသိမွာပါ။ ကၽြန္ေတာ့္ ဆႏၵကေတာ့ ထိခိုက္မွဳအနည္းဆံုးျဖစ္ပါေစေပါ့။ပလက္ဝနယ္က ကၽြန္ေတာ္တို႔ခူမီးခ်င္းေတြကို ခုတံုးမလုပ္ပါနဲ့ ဒါပါပဲ။