Input your search keywords and press Enter.


Salai C.lian







Zawgyi Version
ကလေး-မုံရွာ လမ်းစီမံကိန်း ပြီးစီးပါက ၄ နာရီသာ ကြာမြင့်တော့မည်

အိန္ဒိယနိုင်ငံ အစိုးရ၏ အကူအညီဖြင့် အမေရိကန် ဒေါ်လာ သန်း ၂၀၀ အသုံးပြုပြီး စစ်ကိုင်းတိုင်းဒေသကြီး ကလေး-ကလေးဝ-မုံရွာလမ်းကို Nylon ကတ္တာရာအဖြစ် အဆင့်မြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး ၄ နာရီသာ ကြာမြင့်တော့မည် ဖြစ်ကြောင်း သိရသည်။
အိန္ဒိယ မြန်မာ ချစ်ကြည်ရေး လုပ်ငန်း၏ Project Mangager က “ကျွန်တော်တို့ ဒီစီမံကိန်းကို သုံးနှစ်အတွင်း အပြီးလုပ်မယ်၊ ဒီအတွက် အမေရိကန် ဒေါ်လာ သန်း ၂၀၀ အသုံးပြုသွားမယ်၊ ပြီးတော့ ကလေး-ကလေးဝ-မုံရွာကို နာရီ ၄ ချက်နဲ့သွားလို့ ရတော့မယ်၊ ပေ ၆၀ အကျယ် နှစ်လမ်းသွား နဲ့လုပ်ပေးမယ်၊လက်ရှိမှာ လုပ်ငန်း ၁၁ ရာခိုင်နူန်းတော့ ပြီးပြီ၊ လာမည့် ၂၀၂၁ ကြရင်တော့ အသုံးပြုလို့ ရတော့မယ်” ဟု ပြောသည်။

အဆိုပါ လမ်းစီမံကိန်းကို နှစ်နိုင်ငံပိုမို ဆက်ဆံရေးကောင်းမွန်စေရန် နှင့် ကုန်စည်များ အလွယ်တကူ ပို့ဆောင်နိုင်ပြီး ချစ်ကြည်ရေးကောင်မွန်စေဖို့ ကူညီးခြင်း ဖြစ်ကြောင်း သိရသည်။

အိန္ဒိယ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန် Mr. Namgya Khampa က “ကျွန်တော်တို့ ဒီဟာလုပ်ပေးတယ် ဆိုတာကတော့ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် လုပ်ပေးတာပါ၊ လိုအပ်တဲ့ဟာကိုလည်း ထပ်ပြီးလုပ်ဆောင်သွားမယ်၊ ဒါလုပ်ပြီးရင်တော့ ခရီးအရှည်ကြီးကို နီးနီးနဲ့ ရောက်နိုင်တော့မယ်၊ ပြည်သူအတွက် အကျိုးရှိဖို့ ကူညီပေးတာပါ၊” ဟု ပြောသည်။

သူကဆက်ပြီး “ဒီ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်း ပြီးသွားရင်တော့ နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုကောင်းမွန်သွားမယ်၊ ကုန်စည်စီးဆင်းမှုကလည် လျှင်မြန်စွာ သွားနိုင်တော့မယ်၊ နယ်မြေဒေသခံတွေလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမယ်” ဟု ပြောသည်။

အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦး ကိုကိုနိုင်က “အဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက်လာမည့်တောင်တွင်း ဒေသ ဒေသခံပြည်များအတွက် လှိုက်လှဲဝမ်းသာကြောင်း၊ လမ်းပမ်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်လာပြီး မိမိတို့ဒေစသဖွံဖြိုးတက်လာနိုင်သော အခြေအနေကောင်းများ ပေါ်ထွန်းလာတော့မည်ကို ယုံကြည်ပါကြောင်း အိန္ဒိယအစိုးရနှင့် အလှုရှင်များအား အထူးကျေးဇူးတင်ရှိပါကြောင်း” လူမှုကွန်ယက်တွင် ရေးသားခဲ့သည်။

ယင်း အိန္ဒိယ – မြန်မာ ချစ်ကြည်ရေးလမ်းသည် မြေသားလမ်းပုခုံးပါ နိုင်လွန် ကတ္တရာလုပ်ငန်း စီမံကိန်းကို ၂၀၁၈ မေလ ၂၇ ရက်နေ့က စတင်ပြီး ၂၀၂၁ ခုနှစ် မေလ ၂၇ ရက်နေ့တွင် စီမံကိန်းပြီးစီးသွားမည် ဖြစ်ကြောင်း သိရသည်။