Input your search keywords and press Enter.

ချင်းပြည်နယ်ရှိ အများပြည်သူအပန်းဖြေလည်ပတ်သည့်နေရာများကို ထိန်းသိမ်းနိုင်ရန် ဝင်ကြေးကောက်ခံနေခြင်းဖြစ်ဟုဆို

Salai C Lian

ချင်းပြည်နယ်အတွင်းရှိ အများပြည်သူများလည်ပတ်သည့် အထင်ကရနေရာများကို ပြုပြင်ထိန်းသိမ်းနိုင်ရန် ဝင်ကြေးများကောက်ခံခြင်းဖြစ်ကြောင်း ချင်းပြည်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင် ဝန်ကြီး ဦး စိုးထက်က ပြောသည်။

ဝန်ကြီး ဦး စိုးထက်က “ အများပြည်သူများလည်ပတ်ရာ နေရာမှာ အဆောက်အဦးတွေဆောက်ပြီးရင် ရေရှည်ထိန်းသိမ်းဖို့မလွယ်ဘူး။ အဲဒါကြောင့် ထိန်းသိမ်းမှုတွေအတွက် တင်တာရောင်းတယ်။ ဟားခါးရှုခင်းသာဝင်ကြေးအတွက် သိန်းတစ်ရာနဲ့တင်ဒါရောင်းတာဖြစ်တယ်။ ပြီးတော့ လိုအပ်တဲ့ဟာတွေကို သူတို့ပြန်လုပ်မယ်။ ပြည်သူအပန်းဖြေဖို့၊ အပေါ့သွားဖို့တွေလုပ်ပေးဖို့တင်ဒါခေါ်တာဖြစ်တယ်၊ ဒီကိိစ္စအတွက် ကျွန်တော်တို့ ဆွေးနွေးတယ်၊ ဝင်ကြေးအတွက် ကျွန်တော်တို့ စမ်းလိုက်တယ်။ တစ်ချို့ကပေးတယ်။ တစ်ချို့က မပေးဘူး” ဟု ပြောသည်။

ချင်းပြည်နယ်အတွင်းရှိ အများပြည်သူအပန်းဖြေနိုင်သည့်နေရာများအတွက် အစိုးရမှ ထောက်ပံ့မှုရှိသော်ညလး် ရေရှည်ထိန်းသိမ်းရန်အခက်အခဲရှိနေကြောင်းသိရသည်။

ဝန်ကြီး ဦးစိုးထက်က “တစ်ခုရှိတာကတော့ အထင်ကရဖြစ်တဲ့နေရာတော့ အစိုးရအနေနဲ့ ထိန်းသိမ်းဖို့ ခဏခဏထောက်ပံ့ မပေးနိူင်ဘူး၊နိုင်ငံတော်ငွေတွေ ဝန်ကြေးဌာနတွေက ထည့်ပေးတဲ့ဟာ ဆိုပေမဲ့ ရေရှည်အတွက်ကျတော့ အစိုးရဖက်က ပေးဖို့ဆို်တာ ခက်တယ်၊ အဲဒါကြောင့် တင်ဒါကို ပေးလိုက်တာပါ။ ကန်ပက်လက်မှာရှိတဲ့ ခေါ်နူးစုမ်တောင်ဆိုရင်လည်း လူကြီးကို ၂၀၀၀ ယူထားတယ်၊ တစ်ချို့ကလည်း များနေတယ် ပြောတဲ့သူရှိတယ်၊ သဘာဝဥယျာဉ်တွေကို ထိန်းသိမ်းဖို့အတွက် လုပ်ပေးဖို့လိုတယ်” ဟု ပြောသည်။

ချင်းပြည်နယ်အတွင်းရှိ အထင်ကရ ပြည်သူအပန်းဖြေသည့် နေရာများကို အစိုးရအနေဖြင့် ဝင်ကြေးကောက်ခံမှုများရှိသည့်အပေါ် ပြည်သူတစ်ချို့မှ ဆိုရှယ်မီဒီယာများပေါ်တွင် ဝေဖန်မှုများရှိနေသော်လည်း အဆိုပါနေရာများကို ပြန်လည်ထိန်းသိမ်းနိုင်ရန် ဝင်ကြေးကောက်ခံမှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version

ခ်င္းျပည္နယ္ရွိ အမ်ားျပည္သူအပန္းေျဖလည္ပတ္သည့္ေနရာမ်ားကို ထိန္းသိမ္းႏုိင္ရန္ ၀င္ေၾကးေကာက္ခံေနျခင္းျဖစ္ဟုဆို

ခ်င္းျပည္နယ္အတြင္းရွိ အမ်ားျပည္သူမ်ားလည္ပတ္သည့္ အထင္ကရေနရာမ်ားကို ျပဳျပင္ထိန္းသိမ္းႏုိင္ရန္ ၀င္ေၾကးမ်ားေကာက္ခံျခင္းျဖစ္ေၾကာင္း ခ်င္းျပည္အစုိးရေျပာေရးဆုိခြင့္ရွိသူ စည္ပင္ ၀န္ႀကီး ဦး စုိးထက္က ေျပာသည္။

၀န္ႀကီး ဦး စုိးထက္က “ အမ်ားျပည္သူမ်ားလည္ပတ္ရာ ေနရာမွာ အေဆာက္အဦးေတြေဆာက္ၿပီးရင္ ေရရွည္ထိန္းသိမ္းဖုိ႕မလြယ္ဘူး။ အဲဒါေၾကာင့္ ထိန္းသိမ္းမႈေတြအတြက္ တင္တာေရာင္းတယ္။ ဟားခါးရွဳခင္းသာ၀င္ေၾကးအတြက္ သိန္းတစ္ရာနဲ႕တင္ဒါေရာင္းတာျဖစ္တယ္။ ၿပီးေတာ့ လိုအပ္တဲ့ဟာေတြကို သူတို႕ျပန္လုပ္မယ္။ ျပည္သူအပန္းေျဖဖုိ႕၊ အေပါ့သြားဖုိ႕ေတြလုပ္ေပးဖုိ႕တင္ဒါေခၚတာျဖစ္တယ္၊ ဒီကိိစၥအတြက္ ကၽြန္ေတာ္တုိ႔ ေဆြးေႏြးတယ္၊ ၀င္ေၾကးအတြက္ ကၽြန္ေတာ္တုိ႔ စမ္းလုိက္တယ္။ တစ္ခ်ိဳ႕ကေပးတယ္။ တစ္ခ်ိဳ႕က မေပးဘူး” ဟု ေျပာသည္။

ခ်င္းျပည္နယ္အတြင္းရွိ အမ်ားျပည္သူအပန္းေျဖႏုိင္သည့္ေနရာမ်ားအတြက္ အစိုးရမွ ေထာက္ပံ့မႈရွိေသာ္ညလး္ ေရရွည္ထိန္းသိမ္းရန္အခက္အခဲရွိေနေၾကာင္းသိရသည္။

၀န္ႀကီး ဦးစုိးထက္က “တစ္ခုရွိတာကေတာ့ အထင္ကရျဖစ္တဲ့ေနရာေတာ့ အစိုးရအေနနဲ႔ ထိန္းသိမ္းဖုိ႕ ခဏခဏေထာက္ပံ့ မေပးႏူိင္ဘူး၊ႏုိင္ငံေတာ္ေငြေတြ ၀န္ေၾကးဌာနေတြက ထည္႔ေပးတဲ့ဟာ ဆုိေပမဲ့ ေရရွည္အတြက္က်ေတာ့ အစိုးရဖက္က ေပးဖုိ႔ဆုိ္တာ ခက္တယ္၊ အဲဒါေၾကာင့္ တင္ဒါကုိ ေပးလုိက္တာပါ။ ကန္ပက္လက္မွာရွိတဲ့ ေခၚႏူးစုမ္ေတာင္ဆုိရင္လည္း လူႀကီးကုိ ၂၀၀၀ ယူထားတယ္၊ တစ္ခ်ဳိ႕ကလည္း မ်ားေနတယ္ ေျပာတဲ့သူရွိတယ္၊ သဘာ၀ဥယ်ာဥ္ေတြကုိ ထိန္းသိမ္းဖုိ႔အတြက္ လုပ္ေပးဖုိ႔လုိတယ္” ဟု ေျပာသည္။

ခ်င္းျပည္နယ္အတြင္းရွိ အထင္ကရ ျပည္သူအပန္းေျဖသည္႔ ေနရာမ်ားကုိ အစုိးရအေနျဖင့္ ၀င္ေၾကးေကာက္ခံမႈမ်ားရွိသည္႔အေပၚ ျပည္သူတစ္ခ်ဳိ႕မွ ဆိုရွယ္မီဒီယာမ်ားေပၚတြင္ ေ၀ဖန္မႈမ်ားရွိေနေသာ္လည္း အဆိုပါေနရာမ်ားကို ျပန္လည္ထိန္းသိမ္းႏုိင္ရန္ ၀င္ေၾကးေကာက္ခံမႈမ်ား ဆက္လက္လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။