Input your search keywords and press Enter.

အမျိုးလွှတ်တော်အမတ် ဦးဝှေ့တင်းအား AA မှ ဖမ်းဆီးထားမှုအပေါ် ပြင်းထန်စွာကန့်ကွက် ရှုံ့ချကြောင်း ပြည်ထောင်စုလွှတ်တော် အတည်ပြု

Salai Benezer

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းအား ရက္ခိုင့်တပ်မတော် (AA) မှ ဖမ်းဆီးထားမှုအပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်းနှင့် ဦးဝှေ့တင်းနှင့်တကွ ဖမ်းဆီးထားသူများကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန် တောင်းဆိုကြောင်းအရေးကြီးအဆိုကို နိုင်ဝင်ဘာ ၁၈ရက် ယနေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည်။

အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းအား နိုင်ဝင်ဘာလ ၃ရက်နေ့တွင် ရက္ခိုင့်တပ်မတော် (AA)မှ ဖမ်းဆီးထားမှုနှင့်ပတ်သတ်ပြီး အောင်မြေသာဇံမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး တင်သွင်းခဲ့သည့် အရေးကြီးအဆိုကို ယနေ့တွင်ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခဲ့ကြသည်။

ဒေါက်တာလှမိုး၏ အရေးကြီးအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၈ဦးက ဆွေးနွေးခဲ့ကြပြီး လွှတ်တော်အမတ် ၅၇၆ယောက်ရှိသည့်အနက် ထောက်ခံမဲ ၃၆ရမဲ၊ ကန့်ကွက်မဲ ၇ မဲ၊ ကြားနေမဲ ၃မဲ၊ မဲမပေးသူ ၁၉၀ ဦး ဖြင့် အတည်ပြုခဲ့ကြောင်း သိရသည်။

ဒေါက်တာလှမိုးတင်သွင်းခဲ့သည့် အရေးကြီးအဆိုမှာ ဦးဝှေ့တင်းအား အေအေအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ထားခြင်းသည် နိုင်ငံတော်က ဆောင်ရွက်နေသည့် အမျိုးသားရင်းကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုတို့အပြင် ပြည်သူလူထုဆန္ဒနှင့် ကိုယ်စားပြုမှုအပေါ် တိုက်ရိုက်ဆန့်ကျင်အကြမ်းဖက်ခြင်းဖြစ်ခြင်းကြောင့် ပြည်ထောင်စုလွှတ်တော်က ပြင်းထန်စွာကန့်ကွက်ရှုံ့ချကြောင်း ပါဝင်သည်။

ရက္ခိုင့်တပ်မတော် (AA)အနေဖြင့် ဦးဝှေ့တင်းနှင့်တကွ ဝန်ထမ်းများ အရပ်သားများကို ဖမ်းစီးထားခြင်းမှ လုံခြုံစိတ်ချ အန္တရာယ်ကင်းရှင်းစွာ ခြွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွှတ်ပေးရန်လည်း ဒေါက်တာလှမိုး၏ အဆိုတွင် တောင်းဆိုထားသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အန်အယ်လ်ဒီပါတီကိုယ်စားပြု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းသည် ၁၄ ကြိမ်မြောက်ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး တက်ရောက်ရန် ပလက်ဝမြို့မှ ထွက်ခွာလာစဉ် အခြားကိုးဦးနှင့်အတူ AA အဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဦးဝှေ့တင်းနှင့်အတူ ဖမ်းစီးထားသည့် အန္ဒိယနိုင်ငံသားများအပါအဝင် အခြားကိုးဦးအား နိုဝင်ဘာ ၄ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့သော်လည်း ဦးဝှေ့တင်းမှ ယနေ့အချိန်ထိ လွတ်မြောက်လာခြင်းမရှိဘဲ စစ်ဆေးရန်များရှိနေသေသဖြင့် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း AA မှ ထုတ်ပြန်ထားသည်။

Zawgyi Version

အမ်ိဳးလႊတ္ေတာ္အမတ္ ဦးေဝွ႕တင္းအား AA မွ ဖမ္းဆီးထားမႈအေပၚ ျပင္းထန္စြာကန႔္ကြက္ ရႈံ႔ခ်ေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္ အတည္ျပဳ

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွ အမ်ိဳးသားလႊတ္ေတာ္အမတ္ ဦးေဝွ႕တင္းအား ရကၡိဳင့္တပ္မေတာ္ (AA) မွ ဖမ္းဆီးထားမႈအေပၚ ျပင္းထန္စြာကန႔္ကြက္ေၾကာင္းႏွင့္ ဦးေဝွ႕တင္းႏွင့္တကြ ဖမ္းဆီးထားသူမ်ားကို ႁခြင္းခ်က္မရွိ ျပန္လည္လႊတ္ေပးရန္ ေတာင္းဆိုေၾကာင္းအေရးႀကီးအဆိုကို နိုင္ဝင္ဘာ ၁၈ရက္ ယေန႔တြင္ က်င္းပခဲ့သည့္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ အတည္ျပဳခဲ့သည္။

အမ်ိဳးသားလႊတ္ေတာ္အမတ္ ဦးေဝွ႕တင္းအား နိုင္ဝင္ဘာလ ၃ရက္ေန႔တြင္ ရကၡိဳင့္တပ္မေတာ္ (AA)မွ ဖမ္းဆီးထားမႈႏွင့္ပတ္သတ္ၿပီး ေအာင္ေျမသာဇံမဲဆႏၵနယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာလွမိုး တင္သြင္းခဲ့သည့္ အေရးႀကီးအဆိုကို ယေန႔တြင္က်င္းပခဲ့သည့္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ ေဆြးေႏြးခဲ့ၾကသည္။

ေဒါက္တာလွမိုး၏ အေရးႀကီးအဆိုကို လႊတ္ေတာ္ကိုယ္စားလွယ္ ၈ဦးက ေဆြးေႏြးခဲ့ၾကၿပီး လႊတ္ေတာ္အမတ္ ၅၇၆ေယာက္ရွိသည့္အနက္ ေထာက္ခံမဲ ၃၆ရမဲ၊ ကန႔္ကြက္မဲ ၇ မဲ၊ ၾကားေနမဲ ၃မဲ၊ မဲမေပးသူ ၁၉၀ ဦး ျဖင့္ အတည္ျပဳခဲ့ေၾကာင္း သိရသည္။

ေဒါက္တာလွမိုးတင္သြင္းခဲ့သည့္ အေရးႀကီးအဆိုမွာ ဦးေဝွ႕တင္းအား ေအေအအဖြဲ႕မွ ဖမ္းဆီးေခၚေဆာင္ထားျခင္းသည္ နိုင္ငံေတာ္က ေဆာင္ရြက္ေနသည့္ အမ်ိဳးသားရင္းၾကားေစ့ေရးႏွင့္ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈတို႔အျပင္ ျပည္သူလူထုဆႏၵႏွင့္ ကိုယ္စားျပဳမႈအေပၚ တိုက္ရိုက္ဆန႔္က်င္အၾကမ္းဖက္ျခင္းျဖစ္ျခင္းေၾကာင့္ ျပည္ေထာင္စုလႊတ္ေတာ္က ျပင္းထန္စြာကန႔္ကြက္ရႈံ႔ခ်ေၾကာင္း ပါဝင္သည္။

ရကၡိဳင့္တပ္မေတာ္ (AA)အေနျဖင့္ ဦးေဝွ႕တင္းႏွင့္တကြ ဝန္ထမ္းမ်ား အရပ္သားမ်ားကို ဖမ္းစီးထားျခင္းမွ လုံျခဳံစိတ္ခ် အႏၲရာယ္ကင္းရွင္းစြာ ႁခြင္းခ်က္မရွိ အျမန္ဆုံးျပန္လည္လႊတ္ေပးရန္လည္း ေဒါက္တာလွမိုး၏ အဆိုတြင္ ေတာင္းဆိုထားသည္။

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္မွ အန္အယ္လ္ဒီပါတီကိုယ္စားျပဳ အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႕တင္းသည္ ၁၄ ႀကိမ္ေျမာက္ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ ပုံမွန္အစည္းအေဝး တက္ေရာက္ရန္ ပလက္ဝၿမိဳ႕မွ ထြက္ခြာလာစဥ္ အျခားကိုးဦးႏွင့္အတူ AA အဖြဲ႕မွ ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

ဦးေဝွ႕တင္းႏွင့္အတူ ဖမ္းစီးထားသည့္ အႏၵိယနိုင္ငံသားမ်ားအပါအဝင္ အျခားကိုးဦးအား နိုဝင္ဘာ ၄ရက္ေန႔တြင္ ျပန္လည္လႊတ္ေပးခဲ့ေသာ္လည္း ဦးေဝွ႕တင္းမွ ယေန႔အခ်ိန္ထိ လြတ္ေျမာက္လာျခင္းမရွိဘဲ စစ္ေဆးရန္မ်ားရွိေနေသသျဖင့္ ဖမ္းဆီးထားျခင္းျဖစ္ေၾကာင္း AA မွ ထုတ္ျပန္ထားသည္။