Input your search keywords and press Enter.

ထီးလင်းမြို့ရှိ ချင်း-ဗမာ ချစ်ကြည်ရေး ကျောက်တိုင်ဟောင်းနေရာတွင် အမှတ်တရသစ်ပင်စိုက်မည်

Salai Benezer

မကွေးတိုင်း ထီးလင်းမြို့ရှိ ချင်း-ဗမာ ချစ်ကြည်ရေး ကျောက်တိုင်ဟောင်းနေရာတွင် ချင်းပြည်နယ်အစိုးရ၏ ဦးဆောင်မှုဖြင့် အမှတ်တရသစ်ပင် စိုက်မျိုးမည်ဖြစ်ကြောင်း ချင်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတမ်အောင်မှ ပြောသည်။

အမှတ်တရ သစ်ပင်စိုက်ပျိုးပွဲကို နိုဝင်ဘာ ၁ရရက်နေ့တွင် ချစ်ကြည်ရေးကျောက်တိုင်စိုက်ထူခဲ့သည့် ဒီးဒုတ်ဦးဘချို၏မြေးဖြစ်သူ၊ ဦးဝမ္မသူးမောင်၏ မြေးဖြစ်သူနှင့် ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်၊ မကွေးတိုင်း ချင်းရေးရာဝန်ကြီး ဦးလှထွန်း နှင့် တာဝန်ရှိသူများမှ ပါဝင်စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

“အဲဒါကတော့ အခုမှ ပြန်လည်ဆောင်ရွက်တာပေါ့နော်၊ သမိုင်းကိုပြန်လည်နှိုးဆွတဲ့သဘောပေါ့နော်၊ မပျောက်ပျက်အောင်၊ အဘိုးအရွယ်လုပ်ခဲ့တဲ့ဟာက မြေးအရွယ်မှာတောင်မှ ဒီဟာတွေကို သမိုင်းတွေမပျောက်ပျက်အောင် အစဉ်အလာကောင်းကို ပြန်ပြီးတော့မှ ထိမ်းသိမ်းတဲ့အနေနဲ့ ဆောင်ရွက်သွားမှာပါ”ဟု ချင်းပြည်နယ် ကျေးလက် ဒုတိယညွှန်မှူး ဦးတမ်အောင်မှပြောသည်။

ယခင်က စိုက်ထူခဲ့သည့် ချင်း-ဗမာ ချစ်ကြည်ရေးကျောက်တိုင်မှ ထိန်းသိမ်းမှုမရှိသဖြင့် ပျက်စီးသွားခဲ့ပြီး ထီးလင်းစည်ပင်နှင့်တိုင်ပင်ကာ ထီးလင်းမြို့ရှိ ပန်းခြံတွင် အများပြည်သူလေ့လာနိုင်ရန် မူလပုံစံအတိုင်း အသစ်ပြန်လည် စိုက်ထူသွားမည်ဖြစ်ကြောင်း ဦးတမ်အောင်မှ ပြောသည်။

ချင်း-ဗမာချစ်ကြည်ရေးကျောက်တိုင်မှာ ၁၉၄၇ မတ်လ ၃ရက်မှ ၅ရက်အတွင်း ထီးလင်းမြို့တွင် ကျင်းပခဲ့သည့် ချင်း-ဗမာ ချစ်ကြည်ရေးညီလာခံတွင် ဒီးဒုတ် ဦးဘချို၊ ဦးဝမ္မသူးမောင်မှ ဦးဆောက်ပြီး ကျောက်တိုင်စိုက်ထူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ချင်း-ဗမာ ချစ်ကြည်ရေးကျောက်တိုင်ဟောင်းနေရာတွင် အမှတ်တရသစ်ပင်စိုက်ပျိုးပွဲကို နိုင်ဝင်ဘာ ၁ရရက်နေ့တွင်ကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာ ၁၈ရက်နေ့တွင် မင်းတပ်မြို့ရှိ ဦးဝမ္မသူးမောင်ပန်းခြံထဲတွင်ထားရှိမည့် ဦးဝမ္မသူးမောင် ကြေးရုပ်ထားရှိရန် ပဏ္ဍပ်ရိုက်ပွဲအခန်းအနား ကျင်းပမည်ဖြစ်ကြောင်းလည်းသိရသည်။

Zawgyi Version

ထီးလင္းၿမိဳ႕ရွိ ခ်င္း-ဗမာ ခ်စ္ၾကည္ေရး ေက်ာက္တိုင္ေဟာင္းေနရာတြင္ အမွတ္တရသစ္ပင္စိုက္မည္

မေကြးတိုင္း ထီးလင္းၿမိဳ႕ရွိ ခ်င္း-ဗမာ ခ်စ္ၾကည္ေရး ေက်ာက္တိုင္ေဟာင္းေနရာတြင္ ခ်င္းျပည္နယ္အစိုးရ၏ ဦးေဆာင္မႈျဖင့္ အမွတ္တရသစ္ပင္ စိုက္မ်ိဳးမည္ျဖစ္ေၾကာင္း ခ်င္းျပည္နယ္ ေက်းလက္ေဒသဖြံ့ၿဖိဳးေရးဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမႉး ဦးတမ္ေအာင္မွ ေျပာသည္။

အမွတ္တရ သစ္ပင္စိုက္ပ်ိဳးပြဲကို နိုဝင္ဘာ ၁ရရက္ေန႔တြင္ ခ်စ္ၾကည္ေရးေက်ာက္တိုင္စိုက္ထူခဲ့သည့္ ဒီးဒုတ္ဦးဘခ်ိဳ၏ေျမးျဖစ္သူ၊ ဦးဝမၼသူးေမာင္၏ ေျမးျဖစ္သူႏွင့္ ခ်င္းျပည္နယ္ အစိုးရေျပာေရးဆိုခြင့္ရွိသူ ဦးစိုးထက္၊ မေကြးတိုင္း ခ်င္းေရးရာဝန္ႀကီး ဦးလွထြန္း ႏွင့္ တာဝန္ရွိသူမ်ားမွ ပါဝင္စိုက္ပ်ိဳးမည္ျဖစ္ေၾကာင္း သိရသည္။

“အဲဒါကေတာ့ အခုမွ ျပန္လည္ေဆာင္ရြက္တာေပါ့ေနာ္၊ သမိုင္းကိုျပန္လည္ႏွိုးဆြတဲ့သေဘာေပါ့ေနာ္၊ မေပ်ာက္ပ်က္ေအာင္၊ အဘိုးအရြယ္လုပ္ခဲ့တဲ့ဟာက ေျမးအရြယ္မွာေတာင္မွ ဒီဟာေတြကို သမိုင္းေတြမေပ်ာက္ပ်က္ေအာင္ အစဥ္အလာေကာင္းကို ျပန္ၿပီးေတာ့မွ ထိမ္းသိမ္းတဲ့အေနနဲ႔ ေဆာင္ရြက္သြားမွာပါ”ဟု ခ်င္းျပည္နယ္ ေက်းလက္ ဒုတိယညႊန္မႉး ဦးတမ္ေအာင္မွေျပာသည္။

ယခင္က စိုက္ထူခဲ့သည့္ ခ်င္း-ဗမာ ခ်စ္ၾကည္ေရးေက်ာက္တိုင္မွ ထိန္းသိမ္းမႈမရွိသျဖင့္ ပ်က္စီးသြားခဲ့ၿပီး ထီးလင္းစည္ပင္ႏွင့္တိုင္ပင္ကာ ထီးလင္းၿမိဳ႕ရွိ ပန္းၿခံတြင္ အမ်ားျပည္သူေလ့လာနိုင္ရန္ မူလပုံစံအတိုင္း အသစ္ျပန္လည္ စိုက္ထူသြားမည္ျဖစ္ေၾကာင္း ဦးတမ္ေအာင္မွ ေျပာသည္။

ခ်င္း-ဗမာခ်စ္ၾကည္ေရးေက်ာက္တိုင္မွာ ၁၉၄၇ မတ္လ ၃ရက္မွ ၅ရက္အတြင္း ထီးလင္းၿမိဳ႕တြင္ က်င္းပခဲ့သည့္ ခ်င္း-ဗမာ ခ်စ္ၾကည္ေရးညီလာခံတြင္ ဒီးဒုတ္ ဦးဘခ်ိဳ၊ ဦးဝမၼသူးေမာင္မွ ဦးေဆာက္ၿပီး ေက်ာက္တိုင္စိုက္ထူခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ခ်င္း-ဗမာ ခ်စ္ၾကည္ေရးေက်ာက္တိုင္ေဟာင္းေနရာတြင္ အမွတ္တရသစ္ပင္စိုက္ပ်ိဳးပြဲကို နိုင္ဝင္ဘာ ၁ရရက္ေန႔တြင္က်င္းပမည္ျဖစ္ၿပီး နိုဝင္ဘာ ၁၈ရက္ေန႔တြင္ မင္းတပ္ၿမိဳ႕ရွိ ဦးဝမၼသူးေမာင္ပန္းၿခံထဲတြင္ထားရွိမည့္ ဦးဝမၼသူးေမာင္ ေၾကး႐ုပ္ထားရွိရန္ ပ႑ပ္ရိုက္ပြဲအခန္းအနား က်င္းပမည္ျဖစ္ေၾကာင္းလည္းသိရသည္။