Input your search keywords and press Enter.

“ချင်းအလှ ချင်းသဘာဝ ”ခေါင်းစဉ်ဖြင့် ပထမဆုံးအကြိမ်အဖြစ် ဓာတ်ပုံပြိုင်ပွဲ ကျင်းပမည်

Shing Mang

ချင်းပြည်နယ် အစိုးရအဖွဲ့၏ ကူညီပံံ့ပိုးမှု၊ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံဓာတ်ပုံအသင်းတို့ပူးပေါင်းပြီးပထမဦးဆုံးအကြိမ်အဖြစ် “ချင်းအလှ ချင်းသဘာဝ ” ခေါင်းစဉ်ဖြင့် ဓာတ်ပုံပြိုင်ပွဲကျင်းပမည် ဖြစ်ကြောင်းသိရသည်။

“ ချင်းပြည်နယ်အတွင်းမှာရှိတဲ့ပုံတွေ ချင်းပြည်နယ်မှာရှိတဲ့အလှတွေပဲဝင်ပြိုင်လို့ရမယ် ပြီးတော့ ချင်းပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်ဖွံ့ဖြိုးတိုးတက်ဖို့ရယ် ပြီးတော့ ပြည်တွင်းပြည်ပခရီးသွားပြပွဲတွေမှာလည်း ဆုရရှိတဲ့ ပုံတွေကို ထည့်သွင်းပြသသွားမှာပေါ့နော် ပြီးတော့ ဝန်ကြီးဌာနတွေရဲ့ Website တွေမှာလည်း ထည့်သွင်းဖော်ပြသွားမှာဖြစ်တယ်”ဟု ချင်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားလာရေး ဦးစီးအရာရှိ ဦး ပိုင်ဖြိုးကျော် မှ ပြောသည်။

အဆိုပါဓာတ်ပုံ ပြိုင်ပွဲကို တစ်နိုင်ငံလုံးရှိ ပြိုင်ပွဲဝင်လိုသူများအား ဖိတ်ခေါ်ထားပြီး ချင်းပြည်နယ်အတွင်းရှိ သဘာဝ အလှအပများ၊ရှုခင်းများ၊ပန်းမန်များ၊ရိုးရာယဉ်ကျေးမှုများ၊ ပွဲတော်များ၊ လူနေမှုဓလေ့များနှင့် ရိုးရာအစားအသောက်များ ဖော်ထုတ်ခြင်းနှင့်အတူ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ချင်းပြည်နယ်ကို စိတ်ဝင်စားကာ ပိုမိုလည်ပတ်ရေးအတွက် ရည်ရွယ်ထားခြင်းဖြစ်ကြောင်းသိရသည်။

ဦးပိုင်ဖြိုးကျော်မှဆက်ပြီး “ပြိုင်ပွဲက အခုကြေညာလိုက်ပြီဆိုတော့ လျှောက်လွှာတွေ ကျွန်တော်တို့ ဆီမှာ အခမဲ့ ထုတ်ယူလို့ရပါတယ် ပြီးတော့ ဓာတ်ပုံက ကိုယ့်မှာ ရှိပြီးသားဆိုရင်ပို့လို့ ရပြီပေါ့နော် ချက်ချင်းဝင်ပြိုင်လို့ရပြီပေါ့နော် ဒါပေမဲ့ အဲဒီဟာက တခြားပြိုင်ပွဲတွေမှာ ဆုရရှိတဲ့ပုံတော့မဖြစ်ရဘူး ပြီးတော့ ဓာတ်ပုံပို့ရက်နောက်ဆုံးရက်ကတော့ ၂၀၂၀ သုံးလပိုင်းနောက်ဆုံးပေါ့ အဲတာပြီးတော့ ဓာတ်ပုံရွေးချယ်မှုက ၂၅ ရက် သုံးလပိုင်း မှာရွေးမယ်၊ ဆုရရှိတဲ့သူတွေကို ပြန်ပြီးကြေညာပေးမှာပေါ့ “ဟုပြောသည်။

ယင်းပြိုင်ပွဲတွင်ဆုရရှိသည့် ပုံများကို ပထမဆု (၇) သိန်းကျပ်၊ ဒုတိယဆု ၅သိန်းကျပ် တတိယဆု ၃ သိန်းကျပ် နှစ်သိမ့်ဆု တစ်ဆုလျှင် ၅သောင်းကျပ်ဖြင့် ၂၀ဆု တို့အပြင် ချင်းပြည်နယ်၏ ရှားပါးသော ရိုးရာ၊သဘာဝနှင့် ဓလေ့ကို ဖော်ကြူးနိုင်သော ပုံများကိုလည်း တစ်ဆုလျှင် ကျပ် ၅ဝဝဝ၀ စီချီးမြှင့်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ပြိုင်ပွဲဆုရပုံများကို ၂၀၂၀ ခုနှစ် ၅ လပိုင်း ပထမအပတ်တွင် ပုဂံ၌ ဓာတ်ပုံပြပွဲ ပြုလုပ်သွားမည်ဟုသိရသည်။

Zawgyi Version

“ခ်င္းအလွ ခ်င္းသဘာဝ ”ေခါင္းစဥ္ျဖင့္ ပထမဆံုးအၾကိမ္အျဖစ္ ဓာတ္ပံုၿပဳိင္ပြဲ က်င္းပမည္

ခ်င္းျပည္နယ္ အစိုးရအဖြဲ႔၏ ကူညီပံံ့ပ္ိုးမွဳ၊ခ်င္းျပည္နယ္ ေဒသဆိုင္ရာခရီးသြားလုပ္ငန္းေကာ္မတီႏွင့္ ျမန္မာနိုင္ငံဓာတ္ပံုအသင္းတို႔ပူးေပါင္းျပီးပထမဦးဆံုးအၾကိမ္အျဖစ္ “ခ်င္းအလွ ခ်င္းသဘာဝ ” ေခါင္းစဥ္ျဖင့္ ဓာတ္ပံုျပိဳင္ပြဲက်င္းပမည္ ျဖစ္ေၾကာင္းသိရသည္။

“ ခ်င္းျပည္နယ္အတြင္းမွာရွိတဲ့ပံုေတြ ခ်င္းျပည္နယ္မွာရွိတဲ့အလွေတြြပဲဝင္ျပိဳင္လို႔ရမယ္ ျပီးေတာ့ ခ်င္းျပည္နယ္ရဲ႔ ခရီးသြားလုပ္ငန္ဖြံ႔ျဖိဳးတိုးတက္ဖို႔ရယ္ ျပီးေတာ့ ျပည္တြင္းျပည္ပခရီးသြားျပပြဲေတြမွာလည္း ဆုရရွိတဲ့ ပံုေတြကို ထည့္သြင္းျပသသြားမွာေပါ့ေနာ္ ျပီးေတာ့ ဝန္ၾကီးဌာနေတြရဲ႕ Website ေတြမွာလည္း ထည့္သြင္းေဖာ္ျပသြားမွာျဖစ္တယ္”ဟု ခ်င္းျပည္နယ္ဟိုတယ္နွင့္ခရီးသြားလာေရး ဦးစီးအရာရွိ ဦး ပိုင္ျဖိဳးေက်ာ္ မွ ေျပာသည္။

အဆိုပါဓာတ္ပံု ၿပဳိင္ပြဲကို တစ္နိုင္ငံလံုးရွိ ျပိဳင္ပြဲဝင္လိုသူမ်ားအား ဖိိတ္္ေခၚထားျပီး ခ်င္းျပည္နယ္အတြင္းရွိ သဘာဝ အလွအပမ်ား၊ရွုခင္းမ်ား၊ပန္းမန္မ်ား၊ရိုးရာယဥ္ေက်းမႈမ်ား၊ ပြဲေတာ္မ်ား၊ လူေနမႈဓေလ့မ်ားႏွင့္ ရိုးရာအစားအေသာက္မ်ား ေဖာ္ထုတ္ျခင္းႏွင့္အတူ ျပည္တြင္းျပည္ပခရီးသြားဧည့္သည္မ်ား ခ်င္းျပည္နယ္ကို စိတ္၀င္စားကာ ပိုမိုလည္ပတ္ေရးအတြက္ ရည္ရြယ္ထားျခင္းျဖစ္ေၾကာင္းသိရသည္။

ဦးပိုင္ျဖိဳးေက်ာ္မွဆက္ၿပီး “ျပိဳင္ပြဲက အခုေၾကညာလိုက္ျပီဆိုေတာ့ ေလ်ွာက္လႊာေတြ ကၽြန္ေတာ္တို႔ ဆီမွာ အခမဲ့ ထုတ္ယူလို႔ရပါတယ္ ျပီးေတာ့ ဓာတ္ပံုက ကိုယ့္မွာ ရွိျပီးသားဆိုရင္ပို႔လို႔ ရျပီေပါ့ေနာ္ ခ်က္ခ်င္းဝင္ျပိဳင္လို႔ရျပီေပါ့ေနာ္ ဒါေပမဲ့ အဲဒီဟာက တျခားျပိဳင္ပြဲေတြမွာ ဆုရရွိတဲ့ပံုေတာ့မျဖစ္ရဘူး ျပီးေတာ့ ဓာတ္ပံုပို႔ရက္ေနာက္ဆံုးရက္ကေတာ့ ၂၀၂၀ သံုးလပိုင္းေနာက္ဆံုးေပါ့ အဲတာျပီးေတာ့ ဓာတ္ပံုေရြးခ်ယ္မွဳက ၂၅ ရက္ သံုးလပိုင္း မွာေရြးမယ္၊ ဆုရရွိတဲ့သူေတြကို ျပန္ျပီးေၾကညာေပးမွာေပါ့ “ဟုေျပာသည္။

ယင္းျပိဳင္ပြဲတြင္ဆုရရွိသည္႔ ပံုမ်ားကို ပထမဆု (၇) သိန္းက်ပ္၊ ဒုတိယဆု ၅သိန္းက်ပ္ တတိယဆု ၃ သိန္းက်ပ္ ႏွစ္သိမ့္ဆု တစ္ဆုလ်ွင္ ၅ေသာင္းက်ပ္ျဖင့္ ၂၀ဆု တို႔အျပင္ ခ်င္းျပည္နယ္၏ ႐ွားပါးေသာ ႐ိုးရာ၊သဘာဝႏွင့္ ဓေလ့ကို ေဖာ္ၾကဴးႏိုင္ေသာ ပံုမ်ားကိုလည္း တစ္ဆုလ်ွင္ က်ပ္ ၅ဝဝဝ၀ စိီခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။

အဆိုပါ ၿပိဳင္ပြဲဆုရပုံမ်ားကို ၂၀၂၀ ခုႏွစ္ ၅ လပိုင္း ပထမအပတ္တြင္ ပုဂံ၌ ဓာတ္ပုံျပပြဲ ျပဳလုပ္သြားမည္ဟုသိရသည္။