Input your search keywords and press Enter.

ရက္ခိုင့်တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနှင့် အင်တာဗျူး

မေးမြန်း – Salai Hung Htun Gei

ရက္ခိုင့်တပ်မတော်က ချင်းပြည်နယ် ပလက်ဝမြို့နယ်ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးဝှေ့တင်းကို ဖမ်းစီးထားတာဖြစ်ပြီး အခုအထိ ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ ဦးဝှေ့တင်းရဲ့ အသက်ဘေး လုံခြုံရေးအခြေအနေအပါအဝင်၊ ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းအချို့ထုတ်ပြန်တဲ့ ချင်းတိုင်းရင်းသား တွေရဲ့ဖမ်းဆီးခံရမှု၊ တောင်းဆိုမှုတွေနဲ့ လက်ရှိပဋိပက္ခဖြစ်ပွားနေတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ချင်းဝေါလ်သတင်းဌာနရဲ့ တာဝန်ခံအယ်ဒီတာက အေအေရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နဲ့ပတ်သက်ပြီး ကြေညာချက်တွေကို အဲန်အယ်ဒီ အပါအဝင် ချင်းလူမှုအဖွဲ့အစည်းတွေက ပြန်လည်လွှတ်ပေးဖို့ထုတ်ပြန်ချက်တွေ ထုတ်တယ်။ သူ့အသက်လုံခြုံရေးကိစ္စအပေါ်လည်း စိုးရိမ်နေကြတယ်။ အခုသူ့ကို ဘယ်လိုထိန်းသိမ်းနေလဲခင်ဗျ။

ဖြေ။ ။ လောလောဆယ်တော့ ဦးဝှေ့တင်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးတွေလုပ်တုန်းရှိသေးတယ်။ စစ်ဆေးရေးလုပ်နေတုန်းဆိုတော့ ထွေထွေထူးထူး ထုတ်ပြောစရာတော့ မရှိသေးဘူး။ ဒါပေမယ့် သူကျန်းကျန်းမာမာရှိတယ်။ ကျွန်တော်တို့သူ့ကို ကောင်းကောင်းထိန်းသိမ်းထားတာဖြစ်တယ်။ ကျန်းမာရေးလည်းကောင်းတယ်။ ဘာမှစိုးရိမ်စရာမရှိဘူးဆိုတာတော့ ကျွန်တော်ပြောလို့ရတယ်။

မေး။ ။ လွှတ်တော်အမတ်ကို ပြန်လွှတ်ပေးဖို့အဲန်အယ်ဒီပါတီ အပါအဝင် လူမှုအဖွဲ့အစည်းတွေက တောင်းဆိုမှုတွေလည်းရှိတယ်။ လွှတ်ပေးဖို့အစီအစဉ်ရှိသလား။

ဖြေ ။ ။ စုံစမ်းစစ်ဆေးမှုပြီးသွားရင်တော့ သူနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာကတော့ စုံစမ်းစစ်ဆေးမှုပြီးမှ ပြောလို့ရမယ်။ အခုကတော့ စစ်ဆေးနေဆဲကာလပဲရှိသေးတာကိုး။

မေ။ ။ ဦးဝှေ့တင်းကို ဘာလို့ဖမ်းစီးတာလဲ။ သူနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်လည်း အေအေကထုတ်ပြန်ထားတယ်။ ထုတ်ပြန်ချက်မှာပါတဲ့ သူ့ကိုစွပ်စွဲတဲ့အပေါ် ဘယ်လိုသက်သေအခိုင်အလုံရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့ကတော့ ထုတ်ပြန်ချက်ထဲမှာလည်း ရှင်းရှင်းလင်းလင်းရေးထားတာရှိတယ်။ ဦးဝှေ့တင်းကို ဖမ်းစီးတာက လူမျိုးရေးအရ၊ ဘာသာရေးအရ မဟုတ်ဘူး။ သူ့လုပ်ရပ်အပေါ်မှာ အခြေခံပြီးတော့ ကျွန်တော်တို့ဖမ်းတာဖြစ်တယ်။ ကျွန်တော်တို့က ချင်းညီအစ်ကိုတွေကိုပြောချင်တာကတော့ ဦးဝှေ့တင်းကို ချင်းမို့လို့ဖမ်းတာမဟုတ်ဘူး။ အဲန်အယ်ဒီအမတ်မို့လို့ဖမ်းတာမဟုတ်ဘူး။ သူ့ရဲ့လုပ်ရပ်အပေါ် အခြေခံပြီးဖမ်းတာဖြစ်တယ်။ ကျွန်တော်တို့လည်း ရှင်းရှင်းလင်းလင်းထုတ်ပြန်ချက်မှာ ရေးထားပြီး သားဖြစ်တယ်။ ဦးဝှေ့တင်းဟာ ဗမာစစ်တပ်အတွက် ထောက်လှမ်းရေးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးနေတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ သက်သေခံအထောက်အထားတွေ အပြည့်အဝရှိတယ်။ သူ့ကိုဖမ်းတုန်းက သူနဲ့အတူပါတဲ့ သက်သေခံအထောက်အထားတွေကိုလည်း မှန်မှန်ကန်ကန် သိမ်းထားတာတွေရှိတယ်။

မေး။ ။ တစ်ချို့ကပြောတယ် ဒီလုပ်ရပ်က လူမျိုးရေးပြသနာမျိုးဖြစ်စေနိုင်တယ်ဆိုပြီးစိုးရိမ်ကြတယ်။ အဲဒါကို ပြောပေးပါစေချင်ပါတယ်။

ဖြေ။ ။ ပလက်ဝမြို့နယ်ထဲမှာ ချင်းနဲ့ရခိုင်ဖြစ်ဖြစ်၊ တစ်ခြားမျိုးနွယ်စုတွေဖြစ်ဖြစ် နှစ်ပေါင်း ထောင်ချီနေလာခဲ့တာ ဘာမှပြသနာမဖြစ်ခဲ့ဘူး။ အခုဗမာစစ်တပ်ရောက်လာပြီးမှ ခွဲခြားအုပ်ချုပ်မှု တွေလုပ်တယ်။ ခိုင်းလို့ရတဲ့သူတွေကို ပိုက်ဆံပေးပြီးခိုင်းတယ်။ အာဏာပေးပြီးခိုင်းတယ်။ နယ်ချဲ့တွေရဲ့သဘာဝအတိုင်းပေါ့။ သူ့အရိုးနဲ့သူကိုထိုးဆိုသလိုမျိုးပေါ့။ ပြသနာတွေအများကြီးဖန်တီးလာတယ်။

မေး။ ။ အဓိကတော့ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်နေတယ်။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ လူထုကရွေးချယ်ရတာဖြစ်တယ်။

ဖြေ။ ။ သူက ပြည်သူရွေးကောက်တဲ့လွှတ်တော်ကိုယ်စားလှယ်မှန်တယ်။ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်အလုပ်ပဲ လုပ်လို့ရှိရင် ကျွန်တော်တို့ဘာမှ လုပ်စရာအကြောင်းမရှိဘူး။ အခုက လွှတ်တော်ကိုယ်စားလှယ်အလုပ်ထက်ပိုပြီး စစ်တပ်ရဲ့အလုပ်တွေကို တစ်စိုက်မတ်မတ်လုပ်နေတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တော်လှန်ရေးကာလရဲ့ လိုအပ်ချက်အရ ကျွန်တော်တို့ထိန်းသိမ်းရတာဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့နှိပ်စက်ညှင်းပမ်းတာမျိုးလုံးဝမလုပ်ဘူး ခင်ဗျ။

မေး။ ။ AA အနေနဲ့အရပ်သားတွေကို ဖမ်းဆီးထိန်းသိမ်းတဲ့အပြင် နှိပ်စက်တာတွေရှိတယ် ဆိုတာတွေသိရတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ကော။

ဖြေ။ ။ အရင်က ကျွန်တော်တို့ဖမ်းစီးထိန်းသိမ်းတာတွေရှိတယ်။ ကျွန်တော်တို့ဘာမှမလုပ်ဘူး။ အဲဒါကြောင့်မို့လို့ ကျွန်တောတို့ချင်းညီအစ်ကိုတွေကို နားလည်စေချင်တာက ဒီကိစ္စမှာ လူမျိုးရေး၊ ဘာသာရေးကိစ္စဘာမှမပါဘူး။ ဦးဝှေ့တင်းလို ရခိုင်တိုင်းရင်းသားတစ်ယောက်လုပ်ရင်လည်း ကျွန်တော်တို့ဖမ်းမှာပဲ။ အဲဒါကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်။
တစ်ချို့လူတွေကပြောနေတာပေါ့။ လူမျိုးရေး၊ ဘာသာရေးပြသနာဖြစ်နိုင်တယ်ဆိုပြီး ပြောနေကြတာပေါ့ဗျာ။ အဲဒီလိုပြောတဲ့သူတွေက ဟိုးအရင်ကတည်းက အဲလိုဖွနေတဲ့သူတွေဖြစ်တယ်။ ဦးဝှေ့တင်းနောက်မှာ ဘယ်သူတွေရှိနေသလဲဆိုတာ ကျွန်တော်တို့ကောင်းကောင်းသိတယ်။

မေး။ ။ အဖမ်းခံရတဲ့ဒေသခံတွေနဲ့ ပတ်သက်ပြီးတော့ကော?

ဖြေ။ ။ ခင်ဗျားတို့ကြည့်လေ၊ ဗမာစစ်တပ်က ဖမ်းသွားလို့ရှိရင် အသက်ပါပျောက်သွားတယ်။ ရခိုင်တွေကို ဗမာစစ်တပ်ကဖမ်းလို့ သေတဲ့သူတွေ ၂၆ ယောက်ရှိပြီ။ တစ်ခြား မတရားပုဒ်မတပ်ပြီး ရုံးတင်ထားတဲ့သူတွေ၊ ရုံးမှာ အမှုရင်ဆိုင်နေရတဲ့သူတွေ၊ နောက်အမှုမရင်ဆိုင်ရသေးပဲ အဖမ်းစီးခံရတဲ့သူတွေ ၂၀၀ ကျော်လောက်ရှိတယ်။ အဲဒီလူတွေကလည်း ဗမာစစ်တပ်ရဲ့စစ်ဆေးရေးကာလပြီးရင် ဆေးရုံရောက်တဲ့သူတွေချည်းပဲ။ သွေးအန်တယ်။ တစ်ချို့က သွေးအန်တယ်။ သေတယ်။ ဘယ်သူမှ ကောင်းကောင်းမွန်မွန်ထွက်လာတာမရှိဘူး။ အခုကျွန်တော်တို့ဖမ်းစီးထိန်းသိမ်းထားသူတွေဆိုရင် ကြည့်ကြည့်လိုုက်၊ ကောင်းကောင်းမွန်မွန်ထိမ်းသိမ်းထားတာဖြစ်တယ်။ ဘာမှ နှိပ်စက်တာမလုပ်ဘူး။ တစ်ခုပြောမယ်ဆိုရင် မီးသတ်ဝန်ထမ်းတွေနဲ့အတူ ထိန်းသိမ်းတဲ့အထဲမှာ ဗမာလူမျိုးစစ်စစ်တွေပါတယ်။ ပန်းရံလုပ်တဲ့အရပ်သားတွေ၊ သူတို့က အရပ်သားစစ်စစ်တွေ၊ ကျွန်တော်တို့တိုက်နေတာက ဗမာစစ်တပ်ကို တိုက်နေတာဖြစ်တယ်။ အရပ်သားဗမာတွေဆိုရင်လည်း ကောင်းကောင်းမွန်မွန်ပြန်လွှတ်ပေးလိုက်တာပဲ။ ဘယ်သူ့ကိုမဆိုမေးကြည့်လို့ရတယ်။ လက်ဖျားနဲ့တောင် တုံ့တာမဟုတ်ဘူး။ ကျွန်တော်တို့ ULA အနေနဲ့ အစွန်းရောက်တာလက်မခံဘူး။ အဲလိုလုပ်တဲ့သူတွေကိုလည်း ဘယ်တော့မှသည်းခံမှာမဟုတ်ဘူး။ ကျွန်တော်တို့ လူမျိုးရေး၊ ဘာသာရေးတွေမကြည့်ဘူး။ လူပုဂ္ဂိုလ် နဲ့ သူ့လုပ်ရပ်ကိုပဲကြည့်တယ်။

မေး။ ။ ချင်းတိုင်းရင်းသားတွေ အဖမ်းခံရတုန်း၊ ပြန်လွှတ်လိုက်ပြီပြောတဲ့သူတွေလည်း အိမ်ပြန်မရောက်သေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဖြေပေးပါအုံး။

ဖြေ။ ။ CHRO ရဲ့ထုတ်ပြန်ချက်လိုမျိုးတွေ၊ လူ ၁၄ ဦးပျောက်နေသေးတယ်ဆိုတာမျိုး။ လူပျောက်တိုင်းကို ကျွန်တော်တို့ အေအေက ဖမ်းသွားတယ်ဆိုတဲ့ဟာမျိုး လိုက်ပြီးတော့ အခြေအမြစ်မရှိ စွပ်စွဲနေတယ်။ သူတို့မှာ ကျွန်တော်တို့ဖမ်းထားတယ်ဆိုတဲ့ အထောက်အထားရှိရင် ကျွန်တော်တို့ကိုပြလေ။ ကျွန်တော်တို့ စစ်တပ်တွင်းမှာ စုံစမ်းစစ်ဆေးဖို့အဆင်သင့်ပဲ။ ကျွန်တော်တို့ဖက်ကလည်း မှန်မှန်ဖြစ်ဖို့ အမြဲကြိုးစားတယ်။ ပြည်သူလူထုကိုလည်း ပွင့်လင်းမြင်သာစွာ ဖမ်းစီးတာတွေ၊ စစ်ဆေးတာတွေကို ပွင့်ပွင့်လင်းလင်းချပြတယ်။

မေး ။ ။ ဦးဝှေ့တင်းကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်မှာလည်းဆွေးနွေးဖို့လုပ်နေကြတယ်။

ဖြေ။ ။ ။ အခုချင်းအမတ်ကိုဖမ်းတယ်ဆိုပြီး ဖွနေတာမျိုးတွေရှိတယ်။ ခင်ဗျားတို့သိထားဖို့က ဦးဝှေ့တင်းက ချင်းလူမျိုးဆိုပေမယ့် ချင်းအမတ်မဟုတ်ဘူး။ အဲန်အယ်ဒီအမတ်ဖြစ်တယ်။ အဲန်အယ်ဒီပါတီကို ကိုယ်စားပြု တာဖြစ်တယ်။ အခုကျမှ ဦးဝှေ့တင်းနောက်ကလူတွေဖွတာ။ ချင်းလူမျိုးကိုဖမ်းလို့ရှိရင် ချင်းနဲ့ရခိုင်ဘာညာ ပြသနာဖြစ်နိုင်တယ်ဆိုပြီးပြောနေကြတာ။ ချင်းတိုင်းရင်းသားကြားမှာလည်း အဲလောက်အတွေးအခေါ် မညံ့လောက်ဘူးလို့ထင်တယ်။ ဗမာစစ်တပ်က အဆက်ဆက် ခွဲခြားအုပ်ချုပ်လာတယ်။ တစ်ခနဲဖြစ်ရင် ပလက်ဝကိစ္စက ပေါ်နေတယ်။ ကျွန်တော်တို့က ပလက်ဝကို ပြန်သိမ်းနေတာမဟုတ်ဘူး။

မေး။ ။ ပလက်ဝမြို့နယ်က ရခိုင်ပြည်နယ်ဖြစ်တယ်ဆိုပြီး အေအေ ရဲ့ တပ်တွေက ပြောနေတာမျိုးရှိတယ်ဆိုပြီးကြားရတယ်။

ဖြေ။ ။ ပြောမယ်ဆိုရင် ချင်းတွေရဲ့မြေဖြစ်တဲ့ ကလေးခရိုင်ဆိုရင် ဗမာက ဖြတ်လိုက်ပြီးတော့စစ်ကိုင်းတိုင်းကို ထည့်လိုက်တယ်။ ဒီဖက်မှာဆိုရင် ပလက်ဝကို ဖြတ်ပြီးတော့ ချင်းပြည်နယ်ထဲကိုထည့်လိုက်တယ်။ ဒါကို ဗမာအစိုးရအဆက်ဆက် ပြသနာကိုဖန်တီးတာ။ ဒီအတိုင်းပဲ ရှမ်းပြည်နယ်က မိုးကုတ်ကို ဖြတ်ပြီး မန္တလေးတိုင်းကိုထည့်လိုက်တယ်။ အဲလိုပြသနာဖန်တီးတာ မြန်မာပြည်အနှံ့မှာရှိတယ်။ ပြသနာမဖြစ်ဖြစ်အောင် ဖန်တီးတာတွေ။ ဒါကြောင့် ဟိုတစ်လောက ချင်းလူငယ်အချို့ကိုပြောတာရှိတယ်။ ချင်းနဲ့ရခိုင်က နှစ်ပေါင်းများစွာ အတူနေထိုင်လာတဲ့ ညီအစ်ကိုအရင်းတွေဖြစ်တယ်။ ချင်းနဲ့ရခိုင်သာ ကျောချင်းကပ်နိုင်လို့ရှိရင် အကုန်ပြေလည်နိုင်တယ်။ ဒီကိစ္စကို အမြင်ကျယ်ကျယ်နဲ့ကြည့်ဖို့တော့လိုတယ်။ ကျွန်တော်တို့လည်း အခုတော်လှန်ရေးလုပ်နေတယ်။ ရခိုင်တွေလွတ်မြောက်လို့ရှိရင် ချင်းညီအစ်ကိုတွေလည်း လွတ်မြောက်ရမယ်ဆိုတဲ့ ခံယူချက်ရှိတယ်။ ဒါကိုကျွန်တော်ရှင်းရှင်းလင်းလင်းပြောပြတာဖြစ်တယ်။

မေး။ ။ အေအေက ဖမ်းပြီး ပြန်လွတ်လာတယ်ဆိုတဲ့သူတွေရဲ့ အင်တာဗျူးတွေ နားထောင်ရတယ်။ အေအေက ဘယ်လို နှိပ်စက်ခဲ့သလဲဆိုတာမျိုးတွေကြားရတယ်။ ဒါမျိုးတကယ်ဖြစ်နေသလား။

ဖြေ။ ။ သူ့ကိုအင်တာဗျူးလုပ်ထားတာကိုကြည့်ကြည်လိုက်၊ သူ့မျက်နှာကို မဖော်ဘူး။ သူတို့အင်တာဗျူးလုပ်တဲ့အချိန်မှာ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ တိတ်တစိတ်စီစဉ်တယ်။ ရခိုင်ဒေသမှာ အခြေစိုက်တဲ့ သတင်းဌာနတွေတောင် စစ်တွေမှာ သတင်းစာရှင်းလင်းပွဲလုပ်တာမသိလိုက်ဘူး။ အဲဒါကိုပဲကြည့် သူတို့ဘယ်လိုသူတို့ရိုးသားသလဲဆိုတာ။ သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော်မြင်လိုက်တာက MAIN STREAM မီဒီယာက တစ်ချို့နဲ့ ဗမာစစ်တပ်က နောက်ကွယ်ကနေထောင်လိုက်တဲ့ မီဒီယာတွေကိုပဲခေါ်ပြီးလုပ်တယ်။ သတင်းစာရှင်းလင်းပွဲဆိုတာ ဘယ်သတင်းထောက်မဆို တက်ပြီး သတင်းယူပိုင်ခွင့်ရှိရမယ်။ အဲဒါမှပဲ သတင်းထောက်တွေကလည်းသိချင်တာတွေကို မေးလို့ရမယ်။ အခုကတော့ ပြောချင်တာကိုပဲပြောပြီး မျက်နှာလည်း မဖော်ပြရဲဘူးဆိုတာ စဉ်းစားလို့ရတာပဲ။

မေး။ ။ စစ်ပွဲတွေက ထပ်ဖြစ်အုံးမှာလား။

ဖြေ။ ။ ပြောရမယ်ဆိုရင် ဗမာစစ်တပ်က မြေပြင်စစ်ပွဲမှာ အရှုံးကြီးရှုံးနေတယ်။ သူတို့တပ်တွေလည်း အများကြီးစိတ်ဓာတ်ကျနေတယ်။ အဲဒါကို ထိန်းဖို့အတွက် သူတို့လေယာဉ်တွေနဲ့ပစ်ပြီး အားထားနေရတာ။ အဲလိုလုပ်တဲ့အချိန်မှာ ဒေသခံတွေက ကျွန်တော်တို့တော်လှန်ရေးလုပ်တာကို မထောက်ခံအောင် နှိပ်စက်သတ်ဖြတ်တာတွေလုပ်နေတာ။

မေး။ ။ ဒေသခံတွေပျောက်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ထပ်ပြောပြစေချင်ပါတယ်။

ဖြေ။ ။ အခု CHRO ကပြောထားတဲ့ လူပျောက်တယ်ဆိုတဲ့ဟာက တစ်ချို့ဆိုရင် ရွာမှာမနေနိုင်တော့လို့ တစ်ခြားနေရာကို ထွက်သွားတာရှိတယ်။ တစ်ချို့ဆိုရင် ဘင်္ဂလားဒေ့ရှ်ဖက်ဖြစ်ဖြစ်၊ အိန္ဒိယဖက်ဖြစ်ဖြစ် ထွက်သွားတာရှိတယ်။ အဲဒါကို CHRO က လူပျောက်တယ်။ အေအေကဖမ်းသွားတယ်ဆိုပြီးပြောတယ်။ ဒါညီအစ်ကိုချင်းချင်းမဖြစ်သင့်တဲ့ကိစ္စလေ။ ကျွန်တော်တို့က အဲဒီလူတွေကို ဘာအကြောင်းကြောင့် ထိန်းသိမ်းထားမှာလဲ။ ကျွန်တော်တို့တစ်ယောက်ဖမ်းတဲ့သူရဲ့စားစရိတ်နဲ့ရဲဘော်တစ်ယောက်ကို ထမင်းကျွေးလို့ရတယ်။ ကျွန်တော်တို့က အလဟသဘာကြောင့် သူတို့ကို ထမင်းခေါ်ကျွေးမှာလဲ။ တော်လှန်ရေးလုပ်တဲ့သူမှန်သမျှသိပါတယ်။ ဘယ်လောက်ခက်ခက်ခဲခဲနဲ့ လုပ်နေရတယ်ဆိုတာ။ ဘာလို့ အလဟသ ကျွန်တော်တို့က ထိန်းသိမ်းထားရမှာလဲ။ နောက်တစ်ခုက အဲလူတွေကို ဖမ်းလို့ ကျွန်တော်တို့ဘာရမှာမို့လို့လဲ။

မေး။ ။ အဲဒါဆိုရင် ပျောက်သွားတဲ့သူတွေက ဘယ်နေရာတွေမှာ ရောက်နေတာလဲ။

ဖြေ။ ။ ကျွန်တော်တို့သိရသလောက်ဆိုရင် တစ်ချို့သူတွေကို ဗမာစစ်တပ်က လမ်းမှာတွေ့ပြီး အထမ်းသမားအဖြစ် ခေါ်သွားတယ်။ ဘယ်သူမှမတွေ့လိုက်ဘူး။ နောက်တော့ သတ်လိုက်တယ်။ ဒါကို အေအေက လုပ်သလိုမျိုးပြောတယ်။ တစ်ချို့သူတွေက တစ်ခြားဒေသကိုထွက်သွားတယ်။ တစ်ချို့ကတော့ အထဲကို ဝင်သွားကြတယ်။ ဒါကို CHRO ကတစ်ဖက်သတ်တွေးပြီးလုပ်တာ။ CHRO ရဲ့နောက်ကွယ်မှာ ဘယ်သူရှိတယ်ဆိုတာ ကျွန်တော်တို့ကောင်းကောင်းသိတယ်။ ကျွန်တော်တို့က PROJECT နိုင်ငံရေးလုပ် တာမဟုတ်ဘူး။ ကိုယ့်နယ်မြေပြန်ရဖို့ ဗမာစစ်တပ်နဲ့တိုက်ပွဲဝင်နေတာ။

မေး။ ။ အေအေ ရဲ့တော်လှန်ရေးကာလတွေမှာ ဒေသခံတွေအေးချမ်းဖို့ ဘယ်လိုဆောင်ရွက်မှာလဲ?

ဖြေ။ ။ ကျွန်တော်တို့ကတော့ ဖမ်းရင်ဖမ်းမယ်ပြောမယ်။ ဘာကြောင့်ဖမ်းလဲဆိုတာပြောမယ်။ ဒါက ကျွန်တော်တို့ဖက်က ပွင့်လင်းမြင်သာစွာလုပ်နေတာဖြစ်တယ်။ ချင်းညီအစ်ကိုတွေမှာ ကျွန်တော်တို့မရိုးမသားလုံးဝမလုပ်ဘူး။ ကျွန်တော်တို့စစ်တပ်က ဒေသခံတွေဆီကို မတရားယူတာရှိရင်၊ ပြန်သာတောင်း နှစ်ဆပြန်ပေးမယ်ဆိုပြီး ကျွန်တော်တို့ပြောထားပြီးသား။ တစ်ကယ်လည်းပေးဖူးတယ်။

Zawgyi Version

ရကၡိဳင့္တပ္မေတာ္၏ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခႏွင့္ အင္တာဗ်ဴး

ရကၡိဳင့္တပ္မေတာ္က ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ရဲ့ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္တဲ့ ဦးေဝွ႕တင္းကို ဖမ္းစီးထားတာျဖစ္ၿပီး အခုအထိ ထိန္းသိမ္းထားဆဲျဖစ္ပါတယ္။ ဦးေဝွ႕တင္းရဲ့ အသက္ေဘး လုံျခဳံေရးအေျခအေနအပါအဝင္၊ ခ်င္းအရပ္ဖက္လူမႈအဖြဲ႕အစည္းအခ်ိဳ႕ထုတ္ျပန္တဲ့ ခ်င္းတိုင္းရင္းသား ေတြရဲ့ဖမ္းဆီးခံရမႈ၊ ေတာင္းဆိုမႈေတြနဲ႔ လက္ရွိပဋိပကၡျဖစ္ပြားေနတဲ့ ကိစၥရပ္ေတြနဲ႔ပတ္သက္ၿပီး ခ်င္းေဝါလ္သတင္းဌာနရဲ့ တာဝန္ခံအယ္ဒီတာက ေအေအရဲ့ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကို ဖုန္းနဲ႔ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမးျမန္း – Salai Hung Htun Gei

ေမး။ ။ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္နဲ႔ပတ္သက္ၿပီး ေၾကညာခ်က္ေတြကို အဲန္အယ္ဒီ အပါအဝင္ ခ်င္းလူမႈအဖြဲ႕အစည္းေတြက ျပန္လည္လႊတ္ေပးဖို႔ထုတ္ျပန္ခ်က္ေတြ ထုတ္တယ္။ သူ႔အသက္လုံျခဳံေရးကိစၥအေပၚလည္း စိုးရိမ္ေနၾကတယ္။ အခုသူ႔ကို ဘယ္လိုထိန္းသိမ္းေနလဲခင္ဗ်။

ေျဖ။ ။ ေလာေလာဆယ္ေတာ့ ဦးေဝွ႕တင္းနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးေရးေတြလုပ္တုန္းရွိေသးတယ္။ စစ္ေဆးေရးလုပ္ေနတုန္းဆိုေတာ့ ေထြေထြထူးထူး ထုတ္ေျပာစရာေတာ့ မရွိေသးဘူး။ ဒါေပမယ့္ သူက်န္းက်န္းမာမာရွိတယ္။ ကၽြန္ေတာ္တို႔သူ႔ကို ေကာင္းေကာင္းထိန္းသိမ္းထားတာျဖစ္တယ္။ က်န္းမာေရးလည္းေကာင္းတယ္။ ဘာမွစိုးရိမ္စရာမရွိဘူးဆိုတာေတာ့ ကၽြန္ေတာ္ေျပာလို႔ရတယ္။

ေမး။ ။ လႊတ္ေတာ္အမတ္ကို ျပန္လႊတ္ေပးဖို႔အဲန္အယ္ဒီပါတီ အပါအဝင္ လူမႈအဖြဲ႕အစည္းေတြက ေတာင္းဆိုမႈေတြလည္းရွိတယ္။ လႊတ္ေပးဖို႔အစီအစဥ္ရွိသလား။

ေၿဖ ။ ။ စုံစမ္းစစ္ေဆးမႈၿပီးသြားရင္ေတာ့ သူနဲ႔ပတ္သက္ၿပီးေတာ့ ကၽြန္ေတာ္တို႔ဘယ္လိုဆုံးျဖတ္မလဲ ဆိုတာကေတာ့ စုံစမ္းစစ္ေဆးမႈၿပီးမွ ေျပာလို႔ရမယ္။ အခုကေတာ့ စစ္ေဆးေနဆဲကာလပဲရွိေသးတာကိုး။

ေမ။ ။ ဦးေဝွ႕တင္းကို ဘာလို႔ဖမ္းစီးတာလဲ။ သူနဲ႔ပတ္သက္ၿပီး ထုတ္ျပန္ခ်က္လည္း ေအေအကထုတ္ျပန္ထားတယ္။ ထုတ္ျပန္ခ်က္မွာပါတဲ့ သူ႔ကိုစြပ္စြဲတဲ့အေပၚ ဘယ္လိုသက္ေသအခိုင္အလုံရွိလဲ။

ေျဖ။ ။ ကၽြန္ေတာ္တို႔ကေတာ့ ထုတ္ျပန္ခ်က္ထဲမွာလည္း ရွင္းရွင္းလင္းလင္းေရးထားတာရွိတယ္။ ဦးေဝွ႕တင္းကို ဖမ္းစီးတာက လူမ်ိဳးေရးအရ၊ ဘာသာေရးအရ မဟုတ္ဘူး။ သူ႔လုပ္ရပ္အေပၚမွာ အေျခခံၿပီးေတာ့ ကၽြန္ေတာ္တို႔ဖမ္းတာျဖစ္တယ္။ ကၽြန္ေတာ္တို႔က ခ်င္းညီအစ္ကိုေတြကိုေျပာခ်င္တာကေတာ့ ဦးေဝွ႕တင္းကို ခ်င္းမို႔လို႔ဖမ္းတာမဟုတ္ဘူး။ အဲန္အယ္ဒီအမတ္မို႔လို႔ဖမ္းတာမဟုတ္ဘူး။ သူ႔ရဲ့လုပ္ရပ္အေပၚ အေျခခံၿပီးဖမ္းတာျဖစ္တယ္။ ကၽြန္ေတာ္တို႔လည္း ရွင္းရွင္းလင္းလင္းထုတ္ျပန္ခ်က္မွာ ေရးထားၿပီး သားျဖစ္တယ္။ ဦးေဝွ႕တင္းဟာ ဗမာစစ္တပ္အတြက္ ေထာက္လွမ္းေရးကို က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္ေပးေနတယ္။ အဲဒါနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္တို႔မွာ သက္ေသခံအေထာက္အထားေတြ အျပည့္အဝရွိတယ္။ သူ႔ကိုဖမ္းတုန္းက သူနဲ႔အတူပါတဲ့ သက္ေသခံအေထာက္အထားေတြကိုလည္း မွန္မွန္ကန္ကန္ သိမ္းထားတာေတြရွိတယ္။

ေမး။ ။ တစ္ခ်ိဳ႕ကေျပာတယ္ ဒီလုပ္ရပ္က လူမ်ိဳးေရးျပသနာမ်ိဳးျဖစ္ေစနိုင္တယ္ဆိုၿပီးစိုးရိမ္ၾကတယ္။ အဲဒါကို ေျပာေပးပါေစခ်င္ပါတယ္။

ေျဖ။ ။ ပလက္ဝၿမိဳ႕နယ္ထဲမွာ ခ်င္းနဲ႔ရခိုင္ျဖစ္ျဖစ္၊ တစ္ျခားမ်ိဳးႏြယ္စုေတြျဖစ္ျဖစ္ ႏွစ္ေပါင္း ေထာင္ခ်ီေနလာခဲ့တာ ဘာမွျပသနာမျဖစ္ခဲ့ဘူး။ အခုဗမာစစ္တပ္ေရာက္လာၿပီးမွ ခြဲျခားအုပ္ခ်ဳပ္မႈ ေတြလုပ္တယ္။ ခိုင္းလို႔ရတဲ့သူေတြကို ပိုက္ဆံေပးၿပီးခိုင္းတယ္။ အာဏာေပးၿပီးခိုင္းတယ္။ နယ္ခ်ဲ႕ေတြရဲ့သဘာဝအတိုင္းေပါ့။ သူ႔အရိုးနဲ႔သူကိုထိုးဆိုသလိုမ်ိဳးေပါ့။ ျပသနာေတြအမ်ားႀကီးဖန္တီးလာတယ္။

ေမး။ ။ အဓိကေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္လည္းျဖစ္ေနတယ္။ လႊတ္ေတာ္ကိုယ္စားလွယ္ဆိုတာ လူထုကေရြးခ်ယ္ရတာျဖစ္တယ္။

ေျဖ။ ။ သူက ျပည္သူေရြးေကာက္တဲ့လႊတ္ေတာ္ကိုယ္စားလွယ္မွန္တယ္။ ဒါေပမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္အလုပ္ပဲ လုပ္လို႔ရွိရင္ ကၽြန္ေတာ္တို႔ဘာမွ လုပ္စရာအေၾကာင္းမရွိဘူး။ အခုက လႊတ္ေတာ္ကိုယ္စားလွယ္အလုပ္ထက္ပိုၿပီး စစ္တပ္ရဲ့အလုပ္ေတြကို တစ္စိုက္မတ္မတ္လုပ္ေနတဲ့အတြက္ေၾကာင့္မို႔လို႔ ကၽြန္ေတာ္ေတာ္လွန္ေရးကာလရဲ့ လိုအပ္ခ်က္အရ ကၽြန္ေတာ္တို႔ထိန္းသိမ္းရတာျဖစ္တယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ႏွိပ္စက္ညႇင္းပမ္းတာမ်ိဳးလုံးဝမလုပ္ဘူး ခင္ဗ်။

ေမး။ ။ AA အေနနဲ႔အရပ္သားေတြကို ဖမ္းဆီးထိန္းသိမ္းတဲ့အျပင္ ႏွိပ္စက္တာေတြရွိတယ္ ဆိုတာေတြသိရတယ္။ အဲဒါနဲ႔ပတ္သက္ၿပီးေတာ့ေကာ။

ေျဖ။ ။ အရင္က ကၽြန္ေတာ္တို႔ဖမ္းစီးထိန္းသိမ္းတာေတြရွိတယ္။ ကၽြန္ေတာ္တို႔ဘာမွမလုပ္ဘူး။ အဲဒါေၾကာင့္မို႔လို႔ ကၽြန္ေတာတို႔ခ်င္းညီအစ္ကိုေတြကို နားလည္ေစခ်င္တာက ဒီကိစၥမွာ လူမ်ိဳးေရး၊ ဘာသာေရးကိစၥဘာမွမပါဘူး။ ဦးေဝွ႕တင္းလို ရခိုင္တိုင္းရင္းသားတစ္ေယာက္လုပ္ရင္လည္း ကၽြန္ေတာ္တို႔ဖမ္းမွာပဲ။ အဲဒါကို ကၽြန္ေတာ္တို႔ ရွင္းရွင္းလင္းလင္းေျပာခ်င္ပါတယ္။
တစ္ခ်ိဳ႕လူေတြကေျပာေနတာေပါ့။ လူမ်ိဳးေရး၊ ဘာသာေရးျပသနာျဖစ္နိုင္တယ္ဆိုၿပီး ေျပာေနၾကတာေပါ့ဗ်ာ။ အဲဒီလိုေျပာတဲ့သူေတြက ဟိုးအရင္ကတည္းက အဲလိုဖြေနတဲ့သူေတြျဖစ္တယ္။ ဦးေဝွ႕တင္းေနာက္မွာ ဘယ္သူေတြရွိေနသလဲဆိုတာ ကၽြန္ေတာ္တို႔ေကာင္းေကာင္းသိတယ္။

ေမး။ ။ အဖမ္းခံရတဲ့ေဒသခံေတြနဲ႔ ပတ္သက္ၿပီးေတာ့ေကာ?

ေျဖ။ ။ ခင္ဗ်ားတို႔ၾကည့္ေလ၊ ဗမာစစ္တပ္က ဖမ္းသြားလို႔ရွိရင္ အသက္ပါေပ်ာက္သြားတယ္။ ရခိုင္ေတြကို ဗမာစစ္တပ္ကဖမ္းလို႔ ေသတဲ့သူေတြ ၂၆ ေယာက္ရွိၿပီ။ တစ္ျခား မတရားပုဒ္မတပ္ၿပီး ႐ုံးတင္ထားတဲ့သူေတြ၊ ႐ုံးမွာ အမႈရင္ဆိုင္ေနရတဲ့သူေတြ၊ ေနာက္အမႈမရင္ဆိုင္ရေသးပဲ အဖမ္းစီးခံရတဲ့သူေတြ ၂၀၀ ေက်ာ္ေလာက္ရွိတယ္။ အဲဒီလူေတြကလည္း ဗမာစစ္တပ္ရဲ့စစ္ေဆးေရးကာလၿပီးရင္ ေဆး႐ုံေရာက္တဲ့သူေတြခ်ည္းပဲ။ ေသြးအန္တယ္။ တစ္ခ်ိဳ႕က ေသြးအန္တယ္။ ေသတယ္။ ဘယ္သူမွ ေကာင္းေကာင္းမြန္မြန္ထြက္လာတာမရွိဘူး။ အခုကၽြန္ေတာ္တို႔ဖမ္းစီးထိန္းသိမ္းထားသူေတြဆိုရင္ ၾကည့္ၾကည့္လိုုက္၊ ေကာင္းေကာင္းမြန္မြန္ထိမ္းသိမ္းထားတာျဖစ္တယ္။ ဘာမွ ႏွိပ္စက္တာမလုပ္ဘူး။ တစ္ခုေျပာမယ္ဆိုရင္ မီးသတ္ဝန္ထမ္းေတြနဲ႔အတူ ထိန္းသိမ္းတဲ့အထဲမွာ ဗမာလူမ်ိဳးစစ္စစ္ေတြပါတယ္။ ပန္းရံလုပ္တဲ့အရပ္သားေတြ၊ သူတို႔က အရပ္သားစစ္စစ္ေတြ၊ ကၽြန္ေတာ္တို႔တိုက္ေနတာက ဗမာစစ္တပ္ကို တိုက္ေနတာျဖစ္တယ္။ အရပ္သားဗမာေတြဆိုရင္လည္း ေကာင္းေကာင္းမြန္မြန္ျပန္လႊတ္ေပးလိုက္တာပဲ။ ဘယ္သူ႔ကိုမဆိုေမးၾကည့္လို႔ရတယ္။ လက္ဖ်ားနဲ႔ေတာင္ တုံ႔တာမဟုတ္ဘူး။ ကၽြန္ေတာ္တို႔ ULA အေနနဲ႔ အစြန္းေရာက္တာလက္မခံဘူး။ အဲလိုလုပ္တဲ့သူေတြကိုလည္း ဘယ္ေတာ့မွသည္းခံမွာမဟုတ္ဘူး။ ကၽြန္ေတာ္တို႔ လူမ်ိဳးေရး၊ ဘာသာေရးေတြမၾကည့္ဘူး။ လူပုဂၢိဳလ္ နဲ႔ သူ႔လုပ္ရပ္ကိုပဲၾကည့္တယ္။

ေမး။ ။ ခ်င္းတိုင္းရင္းသားေတြ အဖမ္းခံရတုန္း၊ ျပန္လႊတ္လိုက္ၿပီေျပာတဲ့သူေတြလည္း အိမ္ျပန္မေရာက္ေသးတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ေျဖေပးပါအုံး။

ေျဖ။ ။ CHRO ရဲ့ထုတ္ျပန္ခ်က္လိုမ်ိဳးေတြ၊ လူ ၁၄ ဦးေပ်ာက္ေနေသးတယ္ဆိုတာမ်ိဳး။ လူေပ်ာက္တိုင္းကို ကၽြန္ေတာ္တို႔ ေအေအက ဖမ္းသြားတယ္ဆိုတဲ့ဟာမ်ိဳး လိုက္ၿပီးေတာ့ အေျခအျမစ္မရွိ စြပ္စြဲေနတယ္။ သူတို႔မွာ ကၽြန္ေတာ္တို႔ဖမ္းထားတယ္ဆိုတဲ့ အေထာက္အထားရွိရင္ ကၽြန္ေတာ္တို႔ကိုျပေလ။ ကၽြန္ေတာ္တို႔ စစ္တပ္တြင္းမွာ စုံစမ္းစစ္ေဆးဖို႔အဆင္သင့္ပဲ။ ကၽြန္ေတာ္တို႔ဖက္ကလည္း မွန္မွန္ျဖစ္ဖို႔ အျမဲႀကိဳးစားတယ္။ ျပည္သူလူထုကိုလည္း ပြင့္လင္းျမင္သာစြာ ဖမ္းစီးတာေတြ၊ စစ္ေဆးတာေတြကို ပြင့္ပြင့္လင္းလင္းခ်ျပတယ္။

ေမး ။ ။ ဦးေဝွ႕တင္းကိစၥနဲ႔ပတ္သက္ၿပီး လႊတ္ေတာ္မွာလည္းေဆြးေႏြးဖို႔လုပ္ေနၾကတယ္။

ေျဖ။ ။ ။ အခုခ်င္းအမတ္ကိုဖမ္းတယ္ဆိုၿပီး ဖြေနတာမ်ိဳးေတြရွိတယ္။ ခင္ဗ်ားတို႔သိထားဖို႔က ဦးေဝွ႕တင္းက ခ်င္းလူမ်ိဳးဆိုေပမယ့္ ခ်င္းအမတ္မဟုတ္ဘူး။ အဲန္အယ္ဒီအမတ္ျဖစ္တယ္။ အဲန္အယ္ဒီပါတီကို ကိုယ္စားျပဳ တာျဖစ္တယ္။ အခုက်မွ ဦးေဝွ႕တင္းေနာက္ကလူေတြဖြတာ။ ခ်င္းလူမ်ိဳးကိုဖမ္းလို႔ရွိရင္ ခ်င္းနဲ႔ရခိုင္ဘာညာ ျပသနာျဖစ္နိုင္တယ္ဆိုၿပီးေျပာေနၾကတာ။ ခ်င္းတိုင္းရင္းသားၾကားမွာလည္း အဲေလာက္အေတြးအေခၚ မညံ့ေလာက္ဘူးလို႔ထင္တယ္။ ဗမာစစ္တပ္က အဆက္ဆက္ ခြဲျခားအုပ္ခ်ဳပ္လာတယ္။ တစ္ခနဲျဖစ္ရင္ ပလက္ဝကိစၥက ေပၚေနတယ္။ ကၽြန္ေတာ္တို႔က ပလက္ဝကို ျပန္သိမ္းေနတာမဟုတ္ဘူး။

ေမး။ ။ ပလက္ဝၿမိဳ႕နယ္က ရခိုင္ျပည္နယ္ျဖစ္တယ္ဆိုၿပီး ေအေအ ရဲ့ တပ္ေတြက ေျပာေနတာမ်ိဳးရွိတယ္ဆိုၿပီးၾကားရတယ္။

ေျဖ။ ။ ေျပာမယ္ဆိုရင္ ခ်င္းေတြရဲ့ေျမျဖစ္တဲ့ ကေလးခရိုင္ဆိုရင္ ဗမာက ျဖတ္လိုက္ၿပီးေတာ့စစ္ကိုင္းတိုင္းကို ထည့္လိုက္တယ္။ ဒီဖက္မွာဆိုရင္ ပလက္ဝကို ျဖတ္ၿပီးေတာ့ ခ်င္းျပည္နယ္ထဲကိုထည့္လိုက္တယ္။ ဒါကို ဗမာအစိုးရအဆက္ဆက္ ျပသနာကိုဖန္တီးတာ။ ဒီအတိုင္းပဲ ရွမ္းျပည္နယ္က မိုးကုတ္ကို ျဖတ္ၿပီး မႏၲေလးတိုင္းကိုထည့္လိုက္တယ္။ အဲလိုျပသနာဖန္တီးတာ ျမန္မာျပည္အႏွံ့မွာရွိတယ္။ ျပသနာမျဖစ္ျဖစ္ေအာင္ ဖန္တီးတာေတြ။ ဒါေၾကာင့္ ဟိုတစ္ေလာက ခ်င္းလူငယ္အခ်ိဳ႕ကိုေျပာတာရွိတယ္။ ခ်င္းနဲ႔ရခိုင္က ႏွစ္ေပါင္းမ်ားစြာ အတူေနထိုင္လာတဲ့ ညီအစ္ကိုအရင္းေတြျဖစ္တယ္။ ခ်င္းနဲ႔ရခိုင္သာ ေက်ာခ်င္းကပ္နိုင္လို႔ရွိရင္ အကုန္ေျပလည္နိုင္တယ္။ ဒီကိစၥကို အျမင္က်ယ္က်ယ္နဲ႔ၾကည့္ဖို႔ေတာ့လိုတယ္။ ကၽြန္ေတာ္တို႔လည္း အခုေတာ္လွန္ေရးလုပ္ေနတယ္။ ရခိုင္ေတြလြတ္ေျမာက္လို႔ရွိရင္ ခ်င္းညီအစ္ကိုေတြလည္း လြတ္ေျမာက္ရမယ္ဆိုတဲ့ ခံယူခ်က္ရွိတယ္။ ဒါကိုကၽြန္ေတာ္ရွင္းရွင္းလင္းလင္းေျပာျပတာျဖစ္တယ္။

ေမး။ ။ ေအေအက ဖမ္းၿပီး ျပန္လြတ္လာတယ္ဆိုတဲ့သူေတြရဲ့ အင္တာဗ်ဴးေတြ နားေထာင္ရတယ္။ ေအေအက ဘယ္လို ႏွိပ္စက္ခဲ့သလဲဆိုတာမ်ိဳးေတြၾကားရတယ္။ ဒါမ်ိဳးတကယ္ျဖစ္ေနသလား။

ေျဖ။ ။ သူ႔ကိုအင္တာဗ်ဴးလုပ္ထားတာကိုၾကည့္ၾကည္လိုက္၊ သူ႔မ်က္ႏွာကို မေဖာ္ဘူး။ သူတို႔အင္တာဗ်ဴးလုပ္တဲ့အခ်ိန္မွာ သတင္းစာရွင္းလင္းပြဲလုပ္ဖို႔ တိတ္တစိတ္စီစဥ္တယ္။ ရခိုင္ေဒသမွာ အေျခစိုက္တဲ့ သတင္းဌာနေတြေတာင္ စစ္ေတြမွာ သတင္းစာရွင္းလင္းပြဲလုပ္တာမသိလိုက္ဘူး။ အဲဒါကိုပဲၾကည့္ သူတို႔ဘယ္လိုသူတို႔ရိုးသားသလဲဆိုတာ။ သတင္းစာရွင္းလင္းပြဲမွာ ကၽြန္ေတာ္ျမင္လိုက္တာက MAIN STREAM မီဒီယာက တစ္ခ်ိဳ႕နဲ႔ ဗမာစစ္တပ္က ေနာက္ကြယ္ကေနေထာင္လိုက္တဲ့ မီဒီယာေတြကိုပဲေခၚၿပီးလုပ္တယ္။ သတင္းစာရွင္းလင္းပြဲဆိုတာ ဘယ္သတင္းေထာက္မဆို တက္ၿပီး သတင္းယူပိုင္ခြင့္ရွိရမယ္။ အဲဒါမွပဲ သတင္းေထာက္ေတြကလည္းသိခ်င္တာေတြကို ေမးလို႔ရမယ္။ အခုကေတာ့ ေျပာခ်င္တာကိုပဲေျပာၿပီး မ်က္ႏွာလည္း မေဖာ္ျပရဲဘူးဆိုတာ စဥ္းစားလို႔ရတာပဲ။

ေမး။ ။ စစ္ပြဲေတြက ထပ္ျဖစ္အုံးမွာလား။

ေျဖ။ ။ ေျပာရမယ္ဆိုရင္ ဗမာစစ္တပ္က ေျမျပင္စစ္ပြဲမွာ အရႈံးႀကီးရႈံးေနတယ္။ သူတို႔တပ္ေတြလည္း အမ်ားႀကီးစိတ္ဓာတ္က်ေနတယ္။ အဲဒါကို ထိန္းဖို႔အတြက္ သူတို႔ေလယာဥ္ေတြနဲ႔ပစ္ၿပီး အားထားေနရတာ။ အဲလိုလုပ္တဲ့အခ်ိန္မွာ ေဒသခံေတြက ကၽြန္ေတာ္တို႔ေတာ္လွန္ေရးလုပ္တာကို မေထာက္ခံေအာင္ ႏွိပ္စက္သတ္ျဖတ္တာေတြလုပ္ေနတာ။

ေမး။ ။ ေဒသခံေတြေပ်ာက္သြားတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ထပ္ေျပာျပေစခ်င္ပါတယ္။

ေျဖ။ ။ အခု CHRO ကေျပာထားတဲ့ လူေပ်ာက္တယ္ဆိုတဲ့ဟာက တစ္ခ်ိဳ႕ဆိုရင္ ရြာမွာမေနနိုင္ေတာ့လို႔ တစ္ျခားေနရာကို ထြက္သြားတာရွိတယ္။ တစ္ခ်ိဳ႕ဆိုရင္ ဘဂၤလားေဒ့ရွ္ဖက္ျဖစ္ျဖစ္၊ အိႏၵိယဖက္ျဖစ္ျဖစ္ ထြက္သြားတာရွိတယ္။ အဲဒါကို CHRO က လူေပ်ာက္တယ္။ ေအေအကဖမ္းသြားတယ္ဆိုၿပီးေျပာတယ္။ ဒါညီအစ္ကိုခ်င္းခ်င္းမျဖစ္သင့္တဲ့ကိစၥေလ။ ကၽြန္ေတာ္တို႔က အဲဒီလူေတြကို ဘာအေၾကာင္းေၾကာင့္ ထိန္းသိမ္းထားမွာလဲ။ ကၽြန္ေတာ္တို႔တစ္ေယာက္ဖမ္းတဲ့သူရဲ့စားစရိတ္နဲ႔ရဲေဘာ္တစ္ေယာက္ကို ထမင္းေကၽြးလို႔ရတယ္။ ကၽြန္ေတာ္တို႔က အလဟသဘာေၾကာင့္ သူတို႔ကို ထမင္းေခၚေကၽြးမွာလဲ။ ေတာ္လွန္ေရးလုပ္တဲ့သူမွန္သမၽွသိပါတယ္။ ဘယ္ေလာက္ခက္ခက္ခဲခဲနဲ႔ လုပ္ေနရတယ္ဆိုတာ။ ဘာလို႔ အလဟသ ကၽြန္ေတာ္တို႔က ထိန္းသိမ္းထားရမွာလဲ။ ေနာက္တစ္ခုက အဲလူေတြကို ဖမ္းလို႔ ကၽြန္ေတာ္တို႔ဘာရမွာမို႔လို႔လဲ။

ေမး။ ။ အဲဒါဆိုရင္ ေပ်ာက္သြားတဲ့သူေတြက ဘယ္ေနရာေတြမွာ ေရာက္ေနတာလဲ။

ေျဖ။ ။ ကၽြန္ေတာ္တို႔သိရသေလာက္ဆိုရင္ တစ္ခ်ိဳ႕သူေတြကို ဗမာစစ္တပ္က လမ္းမွာေတြ႕ၿပီး အထမ္းသမားအျဖစ္ ေခၚသြားတယ္။ ဘယ္သူမွမေတြ႕လိုက္ဘူး။ ေနာက္ေတာ့ သတ္လိုက္တယ္။ ဒါကို ေအေအက လုပ္သလိုမ်ိဳးေျပာတယ္။ တစ္ခ်ိဳ႕သူေတြက တစ္ျခားေဒသကိုထြက္သြားတယ္။ တစ္ခ်ိဳ႕ကေတာ့ အထဲကို ဝင္သြားၾကတယ္။ ဒါကို CHRO ကတစ္ဖက္သတ္ေတြးၿပီးလုပ္တာ။ CHRO ရဲ့ေနာက္ကြယ္မွာ ဘယ္သူရွိတယ္ဆိုတာ ကၽြန္ေတာ္တို႔ေကာင္းေကာင္းသိတယ္။ ကၽြန္ေတာ္တို႔က PROJECT နိုင္ငံေရးလုပ္ တာမဟုတ္ဘူး။ ကိုယ့္နယ္ေျမျပန္ရဖို႔ ဗမာစစ္တပ္နဲ႔တိုက္ပြဲဝင္ေနတာ။

ေမး။ ။ ေအေအ ရဲ့ေတာ္လွန္ေရးကာလေတြမွာ ေဒသခံေတြေအးခ်မ္းဖို႔ ဘယ္လိုေဆာင္ရြက္မွာလဲ?

ေျဖ။ ။ ကၽြန္ေတာ္တို႔ကေတာ့ ဖမ္းရင္ဖမ္းမယ္ေျပာမယ္။ ဘာေၾကာင့္ဖမ္းလဲဆိုတာေျပာမယ္။ ဒါက ကၽြန္ေတာ္တို႔ဖက္က ပြင့္လင္းျမင္သာစြာလုပ္ေနတာျဖစ္တယ္။ ခ်င္းညီအစ္ကိုေတြမွာ ကၽြန္ေတာ္တို႔မရိုးမသားလုံးဝမလုပ္ဘူး။ ကၽြန္ေတာ္တို႔စစ္တပ္က ေဒသခံေတြဆီကို မတရားယူတာရွိရင္၊ ျပန္သာေတာင္း ႏွစ္ဆျပန္ေပးမယ္ဆိုၿပီး ကၽြန္ေတာ္တို႔ေျပာထားၿပီးသား။ တစ္ကယ္လည္းေပးဖူးတယ္။