Input your search keywords and press Enter.

သီးကီရ်ရွာသို့ ပြောင်းရွှေ့လာသည့် စစ်ရှောင်ပြည်သူ ၁ဝဝခန့် ယနေ့ညနေ ထန်တလန်သို့ရောက်မည်

Salai Benezer

ပလက်ဝမြို့နယ်ရှိ မီးဇာဒေသမှ ထန်တလန်မြို့နယ်ရှိ သီးကီရ်ကျေးရွားသို့ ပြောင်းရွှေ့လာသည့် အိမ်ထောင်စု ၂၀ လူဦးရေ ၁ဝဝခန့်မှာ ယနေ့ညနေတွင် ထန်တလန်သို့ရောက်ရှိမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ပြုသူ စည်ပင်ဝန်ကြီး ဦးစိုးထက်မှ ပြောသည်။

သီးကီရ်ရွာသို့ ပြောင်းရွေ့လာသည့် စစ်ရှောင် ဒုက္ခသည်များမှာ ချင်းပြည်နယ် အစိုးရ၏ စီစဉ်ပေးမှုဖြင့် နိုဝင်ဘာ ၁၂ရက်နေ့တွင် မီးဇာမှ ထွက်လာခဲ့ကြပြီး စမီးတွင် ၁၂ရက်နေ့ညအိပ်၊ ထိုမှတစ်ဆင့် ၁၃ရက်နေ့တွင် မတူပီ၊ မတူပီမှတစ်ဆင့် ယနေ့ ၁၄ရက်နေ့တွင် ထန်တလန်သို့ ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း ဦးစိုးထက်မှ ပြောသည်။

“စစ်ရေးဖြစ်နေတဲ့ နေရာမှာ သူတို့မနေနိုင်လို့ ဒီဘက်ကိုပြောင်းရွှေ့တာလည်း ကောင်းပါတယ်၊ အဲဒီအတွက်လည်း လုံခြုံတဲ့နေရာရောက်လာတဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းလည်း ပိုကောင်းလာမှာပါ”ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်မှပြောသည်။

အဆိုပါ စစ်ဘေးရှောင်များနေထိုင်ရန် သီးကီရ်ကျေးရွာတွင် နတလ၏ ကူညီဆောင်ရွက်မှုဖြင့် တန်ဖိုးနည်း အိမ် ၂၄ လုံးတည်ဆောက်ပေးထားပြီး စစ်ဘေးရှောင်များအတွက် အထောက်အပံ့များရရှိရန် ပြည်ထောင်စုထံ တင်ပြသွားဖို့လည်းရှိကြောင်း ဦးစိုးထက်မှပြောသည်။

သီးကီရ်ကျေးရွာဥက္ကဌမှ “ကျနော်တို့ဘက်ကနေတော့ အဆင်သင့်ဖြစ်နေပါပြီ၊ သူတို့နေမယ့် အိမ်တွေကိုလည်း သန့်ရှင်းရေးလုပ်ပေးထားပါတယ်၊ မနက်ဖြန်ကျရင်လည်း ကြိုဆိုတဲ့အနေနဲ့ ဝတ်သတ်ပေးဖို့ရှိပါတယ်၊ နိုင်ငံခြားအကူအညီ ယူပြီး သူတို့အတွက် တစ်လစာ စားဖို့သောက်ဖို့ ထောက်ပံ့ပေးဖို့လည်းရှိပါတယ်”ဟု ပြောသည်။

စစ်ရှောင်ဒုက္ခသည်များမှာ နိုင်ဝင်ဘာ ၁၅ရက်နေ့မနက်တွင် အစိုးရနှင့်တွေ့ဆုံပြီးနောက် သီးကီရ်ရွာသို့ ဆက်လက်ထွက်ခွာသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ နှစ်ဘက် စစ်ဖြစ်ပွားမှုများကြောင့် ပလက်ဝမြို့နယ်ရှိ ပြည်သူများမှ စစ်ရှောင်နေရပြီး ယခုပြောင်ရွှေ့လာသည့် ပြည်သူများမှ ဘောမ်မျိုးနွယ်စုများဖြစ်ကြောင်း သိရသည်။

Zawgyi Version

သီးကီရ္ရြာသို႔ ေျပာင္းေရႊ႕လာသည့္ စစ္ေရွာင္ျပည္သူ ၁ဝဝခန႔္ ယေန႔ညေန ထန္တလန္သို႔ေရာက္မည္

ပလက္ဝၿမိဳ႕နယ္ရွိ မီးဇာေဒသမွ ထန္တလန္ၿမိဳ႕နယ္ရွိ သီးကီရ္ေက်းရြားသို႔ ေျပာင္းေရႊ႕လာသည့္ အိမ္ေထာင္စု ၂၀ လူဦးေရ ၁ဝဝခန႔္မွာ ယေန႔ညေနတြင္ ထန္တလန္သို႔ေရာက္ရွိမည္ျဖစ္ေၾကာင္း ခ်င္းျပည္နယ္အစိုးရ ေျပာေရးဆိုခြင့္ျပဳသူ စည္ပင္ဝန္ႀကီး ဦးစိုးထက္မွ ေျပာသည္။

သီးကီရ္ရြာသို႔ ေျပာင္းေရြ႕လာသည့္ စစ္ေရွာင္ ဒုကၡသည္မ်ားမွာ ခ်င္းျပည္နယ္ အစိုးရ၏ စီစဥ္ေပးမႈျဖင့္ နိုဝင္ဘာ ၁၂ရက္ေန႔တြင္ မီးဇာမွ ထြက္လာခဲ့ၾကၿပီး စမီးတြင္ ၁၂ရက္ေန႔ညအိပ္၊ ထိုမွတစ္ဆင့္ ၁၃ရက္ေန႔တြင္ မတူပီ၊ မတူပီမွတစ္ဆင့္ ယေန႔ ၁၄ရက္ေန႔တြင္ ထန္တလန္သို႔ ထြက္ခြာလာခဲ့ျခင္းျဖစ္ေၾကာင္း ဦးစိုးထက္မွ ေျပာသည္။

“စစ္ေရးျဖစ္ေနတဲ့ ေနရာမွာ သူတို႔မေနနိုင္လို႔ ဒီဘက္ကိုေျပာင္းေရႊ႕တာလည္း ေကာင္းပါတယ္၊ အဲဒီအတြက္လည္း လုံျခဳံတဲ့ေနရာေရာက္လာတဲ့အတြက္ အလုပ္အကိုင္အခြင့္အလမ္းလည္း ပိုေကာင္းလာမွာပါ”ဟု စည္ပင္ဝန္ႀကီး ဦးစိုးထက္မွေျပာသည္။

အဆိုပါ စစ္ေဘးေရွာင္မ်ားေနထိုင္ရန္ သီးကီရ္ေက်းရြာတြင္ နတလ၏ ကူညီေဆာင္ရြက္မႈျဖင့္ တန္ဖိုးနည္း အိမ္ ၂၄ လုံးတည္ေဆာက္ေပးထားၿပီး စစ္ေဘးေရွာင္မ်ားအတြက္ အေထာက္အပံ့မ်ားရရွိရန္ ျပည္ေထာင္စုထံ တင္ျပသြားဖို႔လည္းရွိေၾကာင္း ဦးစိုးထက္မွေျပာသည္။

သီးကီရ္ေက်းရြာဥကၠဌမွ “က်ေနာ္တို႔ဘက္ကေနေတာ့ အဆင္သင့္ျဖစ္ေနပါၿပီ၊ သူတို႔ေနမယ့္ အိမ္ေတြကိုလည္း သန႔္ရွင္းေရးလုပ္ေပးထားပါတယ္၊ မနက္ျဖန္က်ရင္လည္း ႀကိဳဆိုတဲ့အေနနဲ႔ ဝတ္သတ္ေပးဖို႔ရွိပါတယ္၊ နိုင္ငံျခားအကူအညီ ယူၿပီး သူတို႔အတြက္ တစ္လစာ စားဖို႔ေသာက္ဖို႔ ေထာက္ပံ့ေပးဖို႔လည္းရွိပါတယ္”ဟု ေျပာသည္။

စစ္ေရွာင္ဒုကၡသည္မ်ားမွာ နိုင္ဝင္ဘာ ၁၅ရက္ေန႔မနက္တြင္ အစိုးရႏွင့္ေတြ႕ဆုံၿပီးေနာက္ သီးကီရ္ရြာသို႔ ဆက္လက္ထြက္ခြာသြားမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္မေတာ္ (AA) တို႔ ႏွစ္ဘက္ စစ္ျဖစ္ပြားမႈမ်ားေၾကာင့္ ပလက္ဝၿမိဳ႕နယ္ရွိ ျပည္သူမ်ားမွ စစ္ေရွာင္ေနရၿပီး ယခုေျပာင္ေရႊ႕လာသည့္ ျပည္သူမ်ားမွ ေဘာမ္မ်ိဳးႏြယ္စုမ်ားျဖစ္ေၾကာင္း သိရသည္။