Input your search keywords and press Enter.

ပလက်ဝမြို့နယ်အတွင်း “ညမထွက်” အမိန့်ထုတ်ပြန်မှုကြောင့် ဘာသာရေးဝတ်ပြုရာတွင် အခက်ကြုံ

Salai C.Lian

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း နိုဝင်ဘာလ (၉) ကနေ့ မြို့နယ်ထွေ/အုပ်မှ “ညမထွက်” အမိန့်ထုတ်ပြန်မှုကြောင့် ဒေသခံပြည်သူများ ဝတ်ပြုစည်းဝေးပြုလုပ်ရာတွင် အခက်ကြုံနေရကြောင်း သိရသည်။

ပလက်ဝမြို့နယ် ဒေသခံ ဆလိုင်း အိုက်စောက “ညနေ ၆ နာရီကနေ မနက် ၆ နာရီထိ ဘယ်သူမှ အပြင်ထွက်လို့ မရဘူး၊ အမိန့်ထုတ်ထားတယ်၊ အခုကျွန်တော်တို့ နေတဲ့နေရာမှာကတော့ စစ်တိုက်တာတို့တော့ မရှိဘူး၊ အခုလိုအမိန့်ထုတ်လိုက်တော့ အသင်းတော်ပဲ ဖြစ်ဖြစ်၊ ဘုန်းကြီးကျောင်းတို့ ကျွန်တော်တို့ အလွယ်တကူသွားလို့ မရဘူး ဖြစ်နေတယ်၊ သာသနာဘောင်အတွင်းကို ၆ နာရီနောက်ပိုင်း ဘယ်သူမှ သွားလို့မရဘူး” ဟု ပြောသည်။

သူကဆက်ပြီး “ဒီလိုအမိန့်ထုတ်လိုက်တော့ ပြည်သူတွေကတော့ အခက်ကြုံနေရတာပေါ့၊ ဒါကိုလည်း ဒေသခံတစ်ယောက်အနေနဲ့ ပြောချင်တယ်၊ CNF ကလည်း ဒါကိုမသိဘူးလား မသိဘူး၊ ကိုယ့်ဒေသမှာ ဖြစ်ပျက်နေတဲ့ဟာကို သူတို့ပါဝင်ပြီး ညှိနှိုင်းဆောင်ရွက်သင့်တယ်လို့ ယူဆတယ်” ဟု ပြောသည်။

ခရစ်ယာန်ဘာသာဝင်များသည် တနင်္ဂနွေမဟုတ်သည့် နေ့များတွင် အသင်းတော် (သို့) ရပ်ကွက်နေ ခရစ်ယာန်ဘာသာဝင်များမှ အိမ်တိုင်ရာရောက်ဆုတောင်းပေးခြင်း၊ ဘုရားကျောင်းတွင် အတူဝတ်ပြုခြင်း၊ လူငယ်ဝတ်ပြုအစီအစဉ် စသည့် ဝတ်ပြုမှုများကို ညပိုင်းတွင် ပြုလုပ်လေ့ရှိကြသည်။

ညမထွက်ရ အမိန့်ထုတ်ပြန်ချက်တွင် ပလက်ဝမြို့နယ်အတွင်းရှိ လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ အများပြည်သူနှင့် က်ဆိုင်သော အဆောက်အဦးနေရာများတွင် ဆူပူလှုံ့ဆောင်လိုသော ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်လိုသည့် ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ လူ (၅) ဦး သို့မဟုတ် (၅) ဦးထက်ပို၍ဖြစ်စေ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟစ်အော်ကြွေးကြော်ခြင်း၊ လှုံ့ဆော်ခြင်း၊ ရုတ်ရင်းဆန်ခတ်ပြုခြင်းတို့ကိုလည်း မပြုလုပ်ရန် အမိန့်စာတွင် ပါရှိသည်။

ယခုကဲ့သို့ ညမထွက်ရ အမိန့်ထုတ်ပြန်ရခြင်းမှာ ပလက်ဝမြို့နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများမှ မိုင်းထောင်ဖောက်ခွဲခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်း သာမန်အရပ်သားပြည်သူ အယောင်ဆောင်ဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူများအား အကြမ်းဖက် တိုက်ခိုက်မှု၊ ခေါ်ဆောင်မှုများဆောင်ရွက်ခဲ့ခြင်း၊ ထိတွေ့တိုက်ပွဲဖြစ်စဉ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူအချို့သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့ခြင်း များဖြစ်ပေါ်နေသည့်အတွက် လွတ်လပ်စွာ သွားလာခွင့် ဆက်လက်ပြုပါက အကြမ်းဖက်မှု ပိုမိုထိရောက်စွာ ဆောင်ရွက်လာဖွယ်ရှိသဖြင့် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အများပြည်သူ လိုက်နာကျင့်သုံးနိုင်ရန်အတွက် ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ပါရှိသည်။

Zawgyi

ပလက္၀ၿမိဳ႔နယ္အတြင္း “ညမထြက္” အမိန္႔ထုတ္ျပန္မႈေၾကာင့္ ဘာသာေရး၀တ္ျပဳရာတြင္ အခက္ႀကံဳ

ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္အတြင္း ႏို၀င္ဘာလ (၉) ကေန႕ ၿမိဳ႕နယ္ေထြ/အုပ္မွ “ညမထြက္” အမိန္႔ထုတ္ျပန္မႈေၾကာင့္ ေဒသခံျပည္သူမ်ား ၀တ္ျပဳစည္းေ၀းျပဳလုပ္ရာတြင္ အခက္ႀကံဳေနရေၾကာင္း သိရသည္။

ပလက္၀ၿမိဳ႕နယ္ ေဒသခံ ဆလုိင္း အုိက္ေစာက “ညေန ၆ နာရီကေန မနက္ ၆ နာရီထိ ဘယ္သူမွ အျပင္ထြက္လုိ႔ မရဘူး၊ အမိန္႔ထုတ္ထားတယ္၊ အခုကၽြန္ေတာ္တုိ႔ ေနတဲ့ေနရာမွာကေတာ့ စစ္တုိက္တာတုိ႔ေတာ့ မရွိဘူး၊ အခုလုိအမိန္႔ထုတ္လုိက္ေတာ့ အသင္းေတာ္ပဲ ျဖစ္ျဖစ္၊ ဘုန္းႀကီးေက်ာင္းတုိ႔ ကၽြန္ေတာ္တုိ႔ အလြယ္တကူသြားလုိ႔ မရဘူး ျဖစ္ေနတယ္၊ သာသနာေဘာင္အတြင္းကုိ ၆ နာရီေနာက္ပုိင္း ဘယ္သူမွ သြားလုိ႔မရဘူး” ဟု ေျပာသည္။

သူကဆက္ၿပီး “ဒီလုိအမိန္႔ထုတ္လုိက္ေတာ့ ျပည္သူေတြကေတာ့ အခက္ႀကံဳေနရတာေပါ့၊ ဒါကုိလည္း ေဒသခံတစ္ေယာက္အေနနဲ႔ ေျပာခ်င္တယ္၊ CNF ကလည္း ဒါကုိမသိဘူးလား မသိဘူး၊ ကုိယ္႔ေဒသမွာ ျဖစ္ပ်က္ေနတဲ့ဟာကုိ သူတုိ႔ပါ၀င္ၿပီး ညွိႏွိဳင္းေဆာင္ရြက္သင့္တယ္လုိ႕ ယူဆတယ္” ဟု ေျပာသည္။

ခရစ္ယာန္ဘာသာ၀င္မ်ားသည္ တနဂၤေႏြမဟုတ္သည့္ ေန႕မ်ားတြင္ အသင္းေတာ္ (သို႕) ရပ္ကြက္ေန ခရစ္ယာန္ဘာသာ၀င္မ်ားမွ အိမ္တုိင္ရာေရာက္ဆုေတာင္းေပးျခင္း၊ ဘုရားေက်ာင္းတြင္ အတူ၀တ္ျပဳျခင္း၊ လူငယ္၀တ္ျပဳအစီအစဥ္ စသည့္ ၀တ္ျပဳမႈမ်ားကို ညပုိင္းတြင္ ျပဳလုပ္ေလ့ရွိၾကသည္။

ညမထြက္ရ အမိန္႕ထုတ္ျပန္ခ်က္တြင္ ပလက္၀ၿမိဳ႕နယ္အတြင္းရွိ လမ္းမႀကီးမ်ား၊ အမ်ားျပည္သူသြားရာလမ္း၊ လမ္းသြယ္၊ လမ္းၾကား၊ အမ်ားျပည္သူႏွင့္ က္ဆုိင္ေသာ အေဆာက္အဦးေနရာမ်ားတြင္ ဆူပူလွံဳ႕ေဆာင္လုိေသာ ရည္ရြယ္ခ်က္ျဖင့္ျဖစ္ေစ၊ ျပစ္မႈတစ္စံုတစ္ရာ က်ဴးလြန္လိုသည့္ ရည္ရြယ္ခ်က္ျဖင့္ျဖစ္ေစ၊ လူ (၅) ဦး သို႕မဟုတ္ (၅) ဦးထက္ပို၍ျဖစ္ေစ စုေ၀းျခင္း၊ စီတန္းလွည့္လည္ျခင္း၊ ဟစ္ေအာ္ေၾကြးေၾကာ္ျခင္း၊ လွံဳ႕ေဆာ္ျခင္း၊ ရုတ္ရင္းဆန္ခတ္ျပဳျခင္းတို႕ကိုလည္း မျပဳလုပ္ရန္ အမိန္႕စာတြင္ ပါရွိသည္။

ယခုကဲ့သို႕ ညမထြက္ရ အမိန္႕ထုတ္ျပန္ရျခင္းမွာ ပလက္၀ၿမိဳ႕နယ္အတြင္း အၾကမ္းဖက္ေသာင္းက်န္းသူမ်ားမွ မိုင္းေထာင္ေဖာက္ခြဲျခင္း၊ ေခ်ာင္းေျမာင္းတုိက္ခုိက္ျခင္း၊ ရပ္ကြက္/ေက်းရြာမ်ားအတြင္း သာမန္အရပ္သားျပည္သူ အေယာင္ေဆာင္၀င္ေရာက္ၿပီး အျပစ္မဲ့ျပည္သူမ်ားအား အၾကမ္းဖက္ တုိက္ခုိက္မႈ၊ ေခၚေဆာင္မႈမ်ားေဆာင္ရြက္ခဲ့ျခင္း၊ ထိေတြ႕တုိက္ပြဲျဖစ္စဥ္အခ်ိဳ႕တြင္ အျပစ္မဲ့ အရပ္သားျပည္သူအခ်ိဳ႕ေသဆံုး၊ ဒဏ္ရာရရွိမႈမ်ားရွိခဲ့ျခင္း မ်ားျဖစ္ေပၚေနသည့္အတြက္ လြတ္လပ္စြာ သြားလာခြင့္ ဆက္လက္ျပဳပါက အၾကမ္းဖက္မႈ ပိုမိုထိေရာက္စြာ ေဆာင္ရြက္လာဖြယ္ရွိသျဖင့္ လံုၿခံဳေရး၊ ရပ္ရြာေအးခ်မ္းသာယာေရးႏွင့္ တရားဥပေဒစိုးမိုးေရးလုပ္ငန္းမ်ား ေဆာင္ရြက္ႏုိင္ရန္ အမ်ားျပည္သူ လုိက္နာက်င့္သံုးႏုိင္ရန္အတြက္ ယခုကဲ့သို႕ ထုတ္ျပန္ျခင္းျဖစ္ေၾကာင္း ပါရွိသည္။