Input your search keywords and press Enter.

ချင်းလွှတ်တော်အမတ်ကို AA မှ အမြန်ဆုံး ပြန်လွှတ်ပေးရန် ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆိုတင်မှု အောင်မြင်

Salai Benezer

ချင်းပြည်နယ် ပလက်ဝ မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းအား ရက္ခိုင့်တပ်မတော်(AA)မှ ဖမ်းဆီးမှုအား အမြန်ဆုံး ပြန်လွှတ်ပေးရန် ယနေ့ နိုင်ဝင်ဘာ ၁၃ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အောင်မြေသာဇံလွှတ်တော်အမတ် ဒေါက်တာလှမိုးမှ အရေးကြီး အဆိုတင်သွင်းခဲ့ကြောင်းသိရသည်။

အရေးကြီးအဆိုတွင်သွင်းခဲ့သည့် ဒေါက်တာလှမိုး၏ အဆိုမှာ “ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၄ကြိမ်မြောက် အစည်းအဝေး တက်ရောက်ရန် လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ရခိုင်လက်နက်ကိုင်အဖွဲ့ AA က အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းသည် နိုင်ငံတော်က ဆောင်ရွက်နေသည့် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့အပြင် ပြည်သူလူထုဆန္ဒနှင့် ကိုယ်စားပြုမှုအပေါ် တိုက်ရိုက်ဆန့်ကျင်အကြမ်းဖက်ခြင်း ဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ယခုကဲ့သို့ ဦးဝှေ့တင်းနှင့်တကွ ဝန်ထမ်းများ၊ အရပ်သားများကို ဖမ်းဆီးခြင်းမှာ လုံခြုံစိတ်ချ အန္တရာယ်ကင်းရှင်းစွာ ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွတ်ပေးပါရန် တောင်းဆိုကြောင်း” တင်သွင်းထားခြင်းဖြစ်သည်။

ဒေါက်တာလှမိုး၏ အရေးကြီးအဆိုမှာ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့် ညီညွတ်သဖြင့် မွန်းလွဲပိုင်းတွင် အဆိုတင်သွင်းခြင်း၊ တင်သွင်းဆွေးနွေးခြင်း၊ ထောက်ခံခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ်ရယူခြင်း အစီအစဉ်များ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။

မွန်းလွဲပိုင်းတွင်ဆွေးနွေးရာတွင် ဒေါက်တာလှမိုး၏ အဆိုတင်သွင်းဆွေးနွေးချက်ကို စစ်ကိုင်းအမျိုးသားလွှတ်တော်အမတ် ဦးမောင်မောင်လတ်မှ ထောက်ခံကြောင်းဆွေးနွေးခဲ့ပြီး သဘောထားကောက်ခံရာတွင် ကန့်ကွက်သူမရှိသဖြင့် ဦီးဝှေ့တင်းအား ရက္ခိုင့်တပ်မတော်မှ ဖမ်းဆီီးမှုအား အမြန်ဆုံး ပြန်လွှတ်ပေးရန် အဆိုအား ၁၈.၁၁.၂၀၁၉တွင်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစီးအဝေးတွင် ဆက်လက်ဆွေးနွေးရန် အတည်ပြုခဲ့သည်။

ဖြစ်စဉ်မှာ ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအားအပါအဝင် ၁ဝဦးအား ၃ရက်၊ ၁၁လ၊ ၂၀၁၉ရက်နေ့တွင် ပလက်ဝမြို့နယ်မှ ကျောက်တော်သို့ ထွက်ခွါလာသည့် ခရီးစဉ်အတွင်း ရက္ခိုင့်တပ်မတော် (AA)မှ ဖမ်းဆီးခဲ့ပြီး ကျန်ကိုးဦးကို နောက်ရက်တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဦးဝှေ့တင်းမှာ ယနေ့အချိန်ထိ ပြန်လွတ်မလာသေးကြောင်းသိရသည်။

Zawgyi Version

ခ်င္းလႊတ္ေတာ္အမတ္ကို AA မွ အျမန္ဆုံး ျပန္လႊတ္ေပးရန္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ အေရးႀကီးအဆိုတင္မႈ ေအာင္ျမင္

Salai Benezer

ခ်င္းျပည္နယ္ ပလက္ဝ မဲဆႏၵနယ္မွ အမ်ိဳးသားလႊတ္ေတာ္အမတ္ ဦးေဝွ႕တင္းအား ရကၡိဳင့္တပ္မေတာ္(AA)မွ ဖမ္းဆီးမႈအား အျမန္ဆုံး ျပန္လႊတ္ေပးရန္ ယေန႔ နိုင္ဝင္ဘာ ၁၃ရက္ေန႔တြင္ က်င္းပခဲ့သည့္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးတြင္ ေအာင္ေျမသာဇံလႊတ္ေတာ္အမတ္ ေဒါက္တာလွမိုးမွ အေရးႀကီး အဆိုတင္သြင္းခဲ့ေၾကာင္းသိရသည္။

အေရးႀကီးအဆိုတြင္သြင္းခဲ့သည့္ ေဒါက္တာလွမိုး၏ အဆိုမွာ “ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ ၁၄ႀကိမ္ေျမာက္ အစည္းအေဝး တက္ေရာက္ရန္ လာေရာက္ခဲ့သည့္ ခရီးစဥ္အတြင္း ရခိုင္လက္နက္ကိုင္အဖြဲ႕ AA က အၾကမ္းဖက္ဖမ္းဆီးေခၚေဆာင္သြားျခင္းသည္ နိုင္ငံေတာ္က ေဆာင္ရြက္ေနသည့္ အမ်ိဳးသားရင္ၾကားေစ့ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈတို႔အျပင္ ျပည္သူလူထုဆႏၵႏွင့္ ကိုယ္စားျပဳမႈအေပၚ တိုက္ရိုက္ဆန႔္က်င္အၾကမ္းဖက္ျခင္း ျဖစ္သျဖင့္ ျပည္ေထာင္စုလႊတ္ေတာ္က ျပင္းထန္စြာ ကန႔္ကြက္ရႈတ္ခ်ေၾကာင္းႏွင့္ ယခုကဲ့သို႔ ဦးေဝွ႕တင္းႏွင့္တကြ ဝန္ထမ္းမ်ား၊ အရပ္သားမ်ားကို ဖမ္းဆီးျခင္းမွာ လုံျခဳံစိတ္ခ် အႏၲရာယ္ကင္းရွင္းစြာ ႁခြင္းခ်က္မရွိ အျမန္ဆုံး ျပန္လည္လြတ္ေပးပါရန္ ေတာင္းဆိုေၾကာင္း” တင္သြင္းထားျခင္းျဖစ္သည္။

ေဒါက္တာလွမိုး၏ အေရးႀကီးအဆိုမွာ ျပည္ေထာင္စု လႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒမ်ားႏွင့္ ညီညြတ္သျဖင့္ မြန္းလြဲပိုင္းတြင္ အဆိုတင္သြင္းျခင္း၊ တင္သြင္းေဆြးေႏြးျခင္း၊ ေထာက္ခံျခင္းႏွင့္ လက္ခံေဆြးေႏြးရန္ သင့္၊ မသင့္ အဆုံးအျဖတ္ရယူျခင္း အစီအစဥ္မ်ား ျပဳလုပ္ရန္ ဆုံးျဖတ္ခဲ့သည္။

မြန္းလြဲပိုင္းတြင္ေဆြးေႏြးရာတြင္ ေဒါက္တာလွမိုး၏ အဆိုတင္သြင္းေဆြးေႏြးခ်က္ကို စစ္ကိုင္းအမ်ိဳးသားလႊတ္ေတာ္အမတ္ ဦးေမာင္ေမာင္လတ္မွ ေထာက္ခံေၾကာင္းေဆြးေႏြးခဲ့ၿပီး သေဘာထားေကာက္ခံရာတြင္ ကန႔္ကြက္သူမရွိသျဖင့္ ဦီးေဝွ႕တင္းအား ရကၡိဳင့္တပ္မေတာ္မွ ဖမ္းဆီီးမႈအား အျမန္ဆုံး ျပန္လႊတ္ေပးရန္ အဆိုအား ၁၈.၁၁.၂၀၁၉တြင္က်င္းပမည့္ ျပည္ေထာင္စုလႊတ္ေတာ္အစီးအေဝးတြင္ ဆက္လက္ေဆြးေႏြးရန္ အတည္ျပဳခဲ့သည္။

ျဖစ္စဥ္မွာ ခ်င္းျပည္နယ္မဲဆႏၵနယ္အမွတ္(၁၁)မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႕တင္းအားအပါအဝင္ ၁ဝဦးအား ၃ရက္၊ ၁၁လ၊ ၂၀၁၉ရက္ေန႔တြင္ ပလက္ဝၿမိဳ႕နယ္မွ ေက်ာက္ေတာ္သို႔ ထြက္ခြါလာသည့္ ခရီးစဥ္အတြင္း ရကၡိဳင့္တပ္မေတာ္ (AA)မွ ဖမ္းဆီးခဲ့ၿပီး က်န္ကိုးဦးကို ေနာက္ရက္တြင္ ျပန္လႊတ္ေပးခဲ့ေသာ္လည္း ဦးေဝွ႕တင္းမွာ ယေန႔အခ်ိန္ထိ ျပန္လြတ္မလာေသးေၾကာင္းသိရသည္။