Input your search keywords and press Enter.

ချင်းလွှတ်တော်ကိုယ်စားလှယ်အား ပြန်လွှတ်ပေးရန် ချင်းအရပ်ဖက်လူမှုအဖွဲ့ အစည်း (၄၃) ဖွဲ့မှ ထပ်မံတောင်းဆို

Salai C Lian

ရက္ခိုင့်တပ်မတော် မှ စွပ်စွဲဖမ်းစီးအဆက်အသွယ်ဖြတ်ထားသည့် ပလက်ဝမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းအား ပြန်လည်လွှတ်ပေးရန် ချင်းအရပ်ဖက်လူမှု အဖွဲ့အစည်း ၄၃ ဖွဲ့မှ နိုဝင်ဘာလ (၁၁) ရက်နေ့တွင် ထပ်မံတောင်းဆိုလိုက်သည်။

ချင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို နိုဝင်ဘာလ (၃) ရက်နေ့တွင် ရက္ခိုင့်တပ်မတော် မှ အိန္ဒိယနိုင်ငံသားများနှင့်အတူ ပလက်ဝမှ ကျောက်တော်မြို့ကြား ခရီးတွင် ဖမ်းစီးလိုက်ခြင်းဖြစ်သည်။
“ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းအနေဖြင့် ဦးဝှေ့တင်းအား အမြန်ဆုံး လွှတ်ပေးရန် ထပ်မံတောင်းဆိုလိုက်သည်။ နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်းများနှင့်အညီ လူ့ဂုဏ် သိက္ခာပြည့်ဝစွာ ဆက်ဆံရန် သတိပေးလိုပါသည်” ဟုထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများအနေဖြင့် ခိုင်လုံသည့်အထောက်အထားများဖြင့် ပွင့်လင်းမြင်သာစွာ မိသားစုဝင်များနှင့် အများပြည်သူအား သိရှိနိုင်ရန် ချပြရန် အချိန်တန်ပြီဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် သတိပေးထားသည်။
“ ဦးဝှေ့တင်းကို ဖမ်းဆီးထိန်းသိမ်းထားသည့် အချိန် ကြာမြင့်လာသည်နှင့်အမျှ လက်နက်ကိုင် အဖွဲ့သည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပြည်သူလူထုအကြား ၎င်းတို့၏ ပုံရိပ်စွန်းထင်းကျဆင်း လာမည်ကို သတိချပ်စေလိုကြောင်း ထပ်မံအသိပေးအပ်သည်” ဟုကြေညာချက်တွင် ပါရှိသည်။

ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းအနေဖြင့် မည်သည့်အကြောင်းပြချက်ဖြင့် ဖြစ်စေ အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထားကာ အကြမ်းဖက်ကျူးလွန်၍ မရကြောင်းနှင့် ယင်းသို့ ကျူးလွန်ခြင်းသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ဥပဒေအရ ရာဇဝတ်မှုရောက်နိုင်ကြောင်းကိုလည်း ထပ်မံသတိပေးထားသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်ခြင်းသည် ချင်းပြည်သူများနှင့် AA လက်နက်ကိုင်အဖွဲ့တို့အကြား ဆက်ဆံရေး တင်းမာလာစေမည့်အပြင် AA လက်နက်ကိုင်အဖွဲ့၏ လုပ်ရပ်များကို အကြမ်းဖက်လုပ်ရပ်များအဖြစ် ပြည်သူများမှ မှတ်ယူသွားနိုင်ကြောင်း ပြည်တွင်း၊ ပြည်ပအခြေစိုက် ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းပေါင်း (၄၃) ဖွဲ့မှ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

Zawgyi Version

ခ်င္းလႊတ္ေတာ္ကိုယ္စားလွယ္အား ျပန္လႊတ္ေပးရန္ ခ်င္းအရပ္ဖက္လူမႈအဖြဲ႕ အစည္း (၄၃) ဖြဲ႕မွ ထပ္မံေတာင္းဆို

ရကၡိဳင့္တပ္မေတာ္ မွ စြပ္စြဲဖမ္းစီးအဆက္အသြယ္ျဖတ္ထားသည့္ ပလက္၀ၿမိဳ႕နယ္ အမ်ိဳးသား လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေ၀ွ႕တင္းအား ျပန္လည္လႊတ္ေပးရန္ ခ်င္းအရပ္ဖက္လူမႈ အဖြဲ႕အစည္း ၄၃ ဖြဲ႕မွ ႏုိ၀င္ဘာလ (၁၁) ရက္ေန႕တြင္ ထပ္မံေတာင္းဆိုလုိက္သည္။
ခ်င္းအမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေ၀ွ႕တင္းကို ႏို၀င္ဘာလ (၃) ရက္ေန႕တြင္ ရကၡိဳင့္တပ္မေတာ္ မွ အိႏၵိယႏုိင္ငံသားမ်ားႏွင့္အတူ ပလက္၀မွ ေက်ာက္ေတာ္ၿမိဳ႕ၾကား ခရီးတြင္ ဖမ္းစီးလုိက္ျခင္းျဖစ္သည္။

“ခ်င္းအရပ္ဖက္လူမႈအဖြဲ႕အစည္းအေနျဖင့္ ဦးေ၀ွ႕တင္းအား အျမန္ဆံုး လႊတ္ေပးရန္ ထပ္မံေတာင္းဆိုလုိက္သည္။ ႏုိင္ငံတကာလူ႕အခြင့္အေရး စံႏွဳန္းမ်ားႏွင့္အညီ လူ႕ဂုဏ္ သိကၡာျပည့္၀စြာ ဆက္ဆံရန္ သတိေပးလုိပါသည္” ဟုထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ထို႕အျပင္ ခ်င္းအရပ္ဖက္လူမႈအဖြဲ႕အစည္းမ်ားအေနျဖင့္ ခုိင္လံုသည့္အေထာက္အထားမ်ားျဖင့္ ပြင့္လင္းျမင္သာစြာ မိသားစု၀င္မ်ားႏွင့္ အမ်ားျပည္သူအား သိရွိႏုိင္ရန္ ခ်ျပရန္ အခ်ိန္တန္ၿပီျဖစ္ေၾကာင္း အဆုိပါထုတ္ျပန္ခ်က္တြင္ သတိေပးထားသည္။
“ ဦးေ၀ွ႕တင္းကို ဖမ္းဆီးထိန္းသိမ္းထားသည့္ အခ်ိန္ ၾကာျမင့္လာသည္ႏွင့္အမွ် လက္နက္ကိုင္ အဖြဲ႕သည္ ႏုိင္ငံတကာအသုိင္းအ၀ိုင္းႏွင့္ ျပည္သူလူထုအၾကား ၄င္းတို႕၏ ပံုရိပ္စြန္းထင္းက်ဆင္း လာမည္ကို သတိခ်ပ္ေစလိုေၾကာင္း ထပ္မံအသိေပးအပ္သည္” ဟုေၾကညာခ်က္တြင္ ပါရွိသည္။

ခ်င္းအရပ္ဖက္လူမႈအဖြဲ႕အစည္းအေနျဖင့္ မည္သည့္အေၾကာင္းျပခ်က္ျဖင့္ ျဖစ္ေစ အျပစ္မဲ့ျပည္သူမ်ားအား ပစ္မွတ္ထားကာ အၾကမ္းဖက္က်ဴးလြန္၍ မရေၾကာင္းႏွင့္ ယင္းသို႕ က်ဴးလြန္ျခင္းသည္ အျပည္ျပည္ဆုိင္ရာ လူသားခ်င္းစာနာေထာက္ထားမႈ ဆုိင္ရာ ဥပေဒအရ ရာဇ၀တ္မႈေရာက္ႏုိင္ေၾကာင္းကိုလည္း ထပ္မံသတိေပးထားသည္။

လူ႕အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကို ဆက္လက္က်ဴးလြန္ျခင္းသည္ ခ်င္းျပည္သူမ်ားႏွင့္ AA လက္နက္ကုိင္အဖြဲ႕တို႕အၾကား ဆက္ဆံေရး တင္းမာလာေစမည့္အျပင္ AA လက္နက္ကုိင္အဖြဲ႕၏ လုပ္ရပ္မ်ားကို အၾကမ္းဖက္လုပ္ရပ္မ်ားအျဖစ္ ျပည္သူမ်ားမွ မွတ္ယူသြားႏုိင္ေၾကာင္း ျပည္တြင္း၊ ျပည္ပအေျခစိုက္ ခ်င္းအရပ္ဖက္လူမႈအဖြဲ႕အစည္းေပါင္း (၄၃) ဖြဲ႕မွ ထုတ္ျပန္လိုက္ျခင္းျဖစ္သည္။