Input your search keywords and press Enter.

ချင်းပြည်၏ ဒုတိယမြောက် ကောလိပ် နောက်နှစ်ဒီဇင်ဘာလတွင် စဖွင့်နိုင်မည်ဟုဆို

Shing Mang

ချင်းပြည်နယ်အတွက် ဒုတိယမြောက် ၀ိဇ္ဇာသိပ္ပံ ကောလိပ်ဖြစ်လာမည့် မင်းတပ်ကောလိပ်အတွက် အဆောက်အဦးတည်ဆောက်မှု နောက်နှစ်အောက်တိုဘာလ အတွင်းပြီးစီးပါက ဒီဇင်ဘာလတွင်စဖွင့်ရန်မျှော်လင့်ကြောင်း လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန် စီမှ သိရသည်။

“လောလောဆယ် တည်ဆောက်ရေးက စနေပြီ၊ ငွေကျပ် ၃ဘီလီယံကျော်ချပေးထားတယ် ကျွန်တော်တို့ချပေးတဲ့ဟာက နောက်နှစ်အောက်တိုဘာလမှာပြီးဖို့ဖြစ်တယ် အဲဒီလမှာပြီးမယ်ဆိုရင် ဒီဇင်ဘာလမှာတော့ တက်နိုင်မယ်လို့ ကျွန်တော်ကတော့ အဲလိုတော့မျှော်လင့်ထားတယ်”ဟု လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်မှ ပြောသည်။

မင်းတပ်ကောလိပ်တည်ဆောက်မှုနောက်ကျခြင်းမှာ မြေယာကိစ္စများတွင် လွဲချော်မှုများရှိနေခြင်းကြောင့်ဖြစ်ပြီး ယခုနှစ်တွင် အစိုးဘက်မှ ဘက်ဂျက်ချထားမှု လည်းအဆင်ပြေပြီး မြေနေရာများလည်း အဆင်ပြေပြီဖြစ်ကြောင်းလည်းသိရသည်။

ဝန်ကြီးမှ ဆက်ပြီး “အဓိကတော့ ပြည်ထောင်စုနဲ့ ညှိနှိုင်းပြီးလုပ်ရမှာပေါ့ တင်ပြရင်လည်းအဲလိုပဲတင်ပြရမှာပါ ကျွန်တော်တို့ အစပြုနိုင်ပြီ ကျောင်းသားတွေခေါ်တက်ခိုင်းလို့ရပြီ မင်းတပ်နဲ့ကန်ပလက် ဘက်ကတော့ စတက်လို့ရပြီဆိုရင် ဖြည်းဖြည်းချင်း လိုအပ်ချက်ပေါ်မှှာ အဆောက်အအုံတွေ ထပ်ဖြည့်ပေးမယ် ဆိုတော့ နောက်နှစ်ဒီဇင်ဘာလမှာတော့ ကျောင်းစဖွင့်နိုင်လောက်ပြီလို့ ကျွန်တော်တို့ထင်တယ်”ဟု ပြောသည်။

ချင်းပြည်နယ်တွင် ဟားခါးကောလိပ်ကို ၂၀၁၅ တွင် စတင်ဖွင့်လှစ်ပြီး မင်းတပ်ကောလိပ်စဖွင့်နိုင်ပါက ချင်းပြည်နယ်၏ ဒုတိယမြောက်ကောလိပ် ဖြစ်မည် ဖြစ်သည်။

Zawgyi Version

ခ်င္းျပည္၏ ဒုတိယေျမာက္ ေကာလိပ္ ေနာက္ႏွစ္ဒီဇင္ဘာလတြင္ စဖြင့္နိုင္မည္ဟုဆို

ခ်င္းျပည္နယ္အတြက္ ဒုတိယေျမာက္ ၀ိဇၨာသိပၸံ ေကာလိပ္ျဖစ္လာမည့္ မင္းတပ္ေကာလိပ္အတြက္ အေဆာက္အဦးတည္ေဆာက္မႈ ေနာက္ႏွစ္ေအာက္တိုဘာလ အတြင္းၿပီးစီးပါက ဒီဇင္ဘာလတြင္စဖြင့္ရန္ေမၽွာ္လင့္ေၾကာင္း လူမႈေရးဝန္ႀကီး ဦးေပါင္လြန္မင္းထန္ စီမွ သိရသည္။

“ေလာေလာဆယ္ တည္ေဆာက္ေရးက စေနၿပီ၊ ေငြက်ပ္ ၃ဘီလီယံေက်ာ္ခ်ေပးထားတယ္ ကၽြန္ေတာ္တို႔ခ်ေပးတဲ့ဟာက ေနာက္ႏွစ္ေအာက္တိုဘာလမွာၿပီးဖို႔ျဖစ္တယ္ အဲဒီလမွာၿပီးမယ္ဆိုရင္ ဒီဇင္ဘာလမွာေတာ့ တက္နိုင္မယ္လို႔ ကၽြန္ေတာ္ကေတာ့ အဲလိုေတာ့ေမၽွာ္လင့္ထားတယ္”ဟု လူမႈေရးဝန္ႀကီး ဦးေပါင္လြန္မင္းထန္မွ ေျပာသည္။

မင္းတပ္ေကာလိပ္တည္ေဆာက္မႈေနာက္က်ျခင္းမွာ ေျမယာကိစၥမ်ားတြင္ လြဲေခ်ာ္မႈမ်ားရွိေနျခင္းေၾကာင့္ျဖစ္ၿပီး ယခုႏွစ္တြင္ အစိုးဘက္မွ ဘက္ဂ်က္ခ်ထားမႈ လည္းအဆင္ေျပၿပီး ေျမေနရာမ်ားလည္း အဆင္ေျပၿပီျဖစ္ေၾကာင္းလည္းသိရသည္။

ဝန္ႀကီးမွ ဆက္ၿပီး “အဓိကေတာ့ ျပည္ေထာင္စုနဲ႔ ညႇိႏွိုင္းၿပီးလုပ္ရမွာေပါ့ တင္ျပရင္လည္းအဲလိုပဲတင္ျပရမွာပါ ကၽြန္ေတာ္တို႔ အစျပဳနိုင္ၿပီ ေက်ာင္းသားေတြေခၚတက္ခိုင္းလို႔ရၿပီ မင္းတပ္နဲ႔ကန္ပလက္ ဘက္ကေတာ့ စတက္လို႔ရၿပီဆိုရင္ ျဖည္းျဖည္းခ်င္း လိုအပ္ခ်က္ေပၚမွွာ အေဆာက္အအုံေတြ ထပ္ျဖည့္ေပးမယ္ ဆိုေတာ့ ေနာက္ႏွစ္ဒီဇင္ဘာလမွာေတာ့ ေက်ာင္းစဖြင့္နိုင္ေလာက္ၿပီလို႔ ကၽြန္ေတာ္တို႔ထင္တယ္”ဟု ေျပာသည္။

ခ်င္းျပည္နယ္တြင္ ဟားခါးေကာလိပ္ကို ၂၀၁၅ တြင္ စတင္ဖြင့္လွစ္ၿပီး မင္းတပ္ေကာလိပ္စဖြင့္နိုင္ပါက ခ်င္းျပည္နယ္၏ ဒုတိယေျမာက္ေကာလိပ္ ျဖစ္မည္ ျဖစ္သည္။