Input your search keywords and press Enter.

မတူပီမြို့မှ လူငယ်(၆)ဦးအား ထောင်ဒဏ်လေးနှစ်ခွဲစီချမှတ်လိုက်သည့်အမှုတွင် အမှန်တစ်ကယ် မကျူးလွန်သူများ ပါဝင်နေဟုဆို

Salai Benezer

ချင်းပြည်နယ် မတူပီမြို့တွင် ဖေဖော်ဝါရီ ၂ဝရက် ချင်းအမျိုးသားနေ့တွင်ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့်ဟုဆိုကာ လူငယ်(၆)ဦးအား ထောင်ဒဏ် ၄နှစ်ခွဲစီချမှတ်လိုက်သည့်အမှုတွင် အမှန်တစ်ကယ် မကျူးလွန်သူများပါဝင်နေကြောင်း ထောင်ဒဏ်ချမှတ်ခံရသည့်ထဲတွင်ပါဝင်သူ၏ မိဘဖြစ်သူထံမှ သိရသည်။

“ကျမတို့သားက အဲဒီအခင်းဖြစ်တဲ့ညတုန်းက ဆယ်နာရီမှာပြန်လာတယ်၊ သူက အဲဒီမတိုင်ခင် လေဖြတ်ထားတာကြောင့် စောစောပြန်လာဖို့ပြောထားတယ်၊ သူလည်း ဆယ်နာရီလောက်ပြန်ရောက်တယ်၊ သူနဲ့အတူတူအိပ်တဲ့ ကျမတို့ဆီမှာနေတဲ့ ကျောင်းသားလေးကလည်း ဆယ်နာရီပြန်ရောက်တယ်လို့သေချာပြောတယ်၊ တစ်ကယ်အခင်းဖြစ်တဲ့အချိန်က ၁၁နာရီလောက်မှာ ဖြစ်တယ်လို့သိရတယ်၊ ဖမ်းတာကလည်း သံသယရှိတယ်ဆိုပြီး ဖေဖော်ဝါရီလ ၂၄လောက်မှ ခေါ်သွားတာ၊ ကျမတို့လည်း သံသယရှိရုံလောက်ဘဲဆိုတော့ သိပ်မကြာလောက်ဘူးထင်ထားတာပေါ့၊ ဒါပေမယ့် လွတ်မလာတော့ မြန်မြန်လွတ်ဖို့ဆိုပြီး ကျမတို့နဲ့ဘာမှမဆိုင်ပေမယ့် ရဲကားပြင်ဖို့အတွက် ၁၈သိန်းကျော်အကုန်ကျခံပြီးပြင်ပေးတယ်၊ ရှေ့နေဌားခတွေလည်းကုန်တယ်၊ စခန်းမြို့နှင့် မြို့နယ်မှူးကို ပေးထားတာတွေရှိပေမယ့် ခုတော့ ထောင် လေးနှစ်ခြောက်လကျသွားတယ်”ဟု ထောင်ချခံရသည့်အထဲတွင်ပါဝင်သူ မောင်ထက်နိုင်ဦး ၏ အမေဖြစ်သူမှပြောသည်။

အခင်းဖြစ်စဉ်မှာ မတူပီမြို့ ဗိုလ်တိုက်ချွန်းခန်းတွင်ကျင်းပခဲ့သည့် (၇၁)နှစ်မြောက်ချင်းအမျိုးသားနေ့ အခန်းအနားအတွင်း ပြည်သူတစ်ချို့နှင့် ရဲတပ်ဖွဲ့ဝင်အချို့ ရုံးရင်းဆန်ခတ် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ပြည်သူပိုင် ပစ္စည်းအချို့ပျက်စီးသွားခဲ့ခြင်းကြောင့် လူငယ် ၆ဦးအား သံသယဖြစ်တရားခံဟုဆိုကာ ဖမ်းစီးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါဖြစ်ရပ်ကြောင့် ဖမ်းစီးခံရသည့် လူငယ်များမှာ မတူပီမြို့မှ ကိုအာဘောင်း (၂၃နှစ်)၊ ကိုဆောမ့်ထန် (၁၉နှစ်)၊ ကိုထန်ထဲန် (၂၅နှစ်) တတိယနှစ် (သမိုင်း) ၊ ကိုဗျက်ထန် (၂၃)၊ ကိုထက်နိုင်ဦး (၁၉နှစ်) ပထမနှစ် (သမိုင်း) နှင့် ကိုရိန်ဆန်းလျန် (၂၁နှစ်)တို့ (၆) ဦးဖြစ်ပီး အောက်တိုဘာ ၁ဝရက်နေ့တွင် မတူပီတရားရုံးမှ ထောင်ဒဏ်လေးနှစ်ခွဲစီကျခံရန် အမိန့်ချမှတ်ခဲ့သည်။

တရားရုံးမှ လူငယ် ၆ ဦးကို ထောင်ဒဏ်ကျခံရန် ချမှတ်မှုကြောင့် မတူပီမြို့ခံ ပြည်သူအချို့မှ တရားစီရီမှုအပေါ် သက်ညှာပေးရန်နှင့် ပြစ်ဒဏ်ကိုပြန်လည်ပြင်ဆင်ပေးရန် အောက်တိုဘာ ၂၉ရက်နေ့တွင် ဆန္ဒဖော်ထုတ်သွားမည်ဟု သိရသည်။
ဆန္ဒဖော်ထုတ်မှုတွင် ဦးဆောင်မည့် ချင်းလူငယ်အဖွဲ့အစည်း (မတူပီ)မှ အဖွဲ့ဝင်တစ်ဦးက “ဒီခြောက်ယောက်ထဲမှာဆိုရင် တက္ကသိုလ်တက်နေတဲ့သူ နှစ်ယောက်ပါတယ်၊ ဆယ်တန်းတက်နေတဲ့သူနှစ်ယောက်ပါတယ်၊ ကျန်တဲ့နှစ်ယောက်က မိဘတွေကို ကြည့်ရှုစောင့်ရှောက်နေကြတဲ့သူတွေပါတယ်၊ အခုဆန္ဒထုတ်ဖော်မှာက မိဘတွေရဲ့ဆန္ဒသဘောအတိုင်း ဖြစ်ဒဏ်စီရင်တဲ့အပေါ်မှာ သက်ညှာပေးဖို့ အသနားခံ တောင်ဆိုတာပါ၊ ဘယ်သူမှားတယ် မှန်တယ်လို့ ထောက်ပြသွားမှာမဟုတ်ပါဘူး”ဟုပြောသည်။

အဆိုပါဖြစ်ရပ်ကြောင့် အရပ်ကားတစ်စီးနှင့် ရဲကားတစ်စီးပျက်စီးသွားခဲ့ပြီး အဖမ်းခံရသည့်လူငယ်များကိုလည်း အခင်းဖြစ်စဉ်တွင် ဖမ်းစီးခြင်းမဟုတ်ဘဲ အခင်းဖြစ်ပွားပြီး နောက်ရက်များတွင် အသီးသီးဖမ်းစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version

မတူပီၿမိဳ႕မွ လူငယ္(၆)ဦးအား ေထာင္ဒဏ္ေလးႏွစ္ခြဲစီခ်မွတ္လိုက္သည့္အမႈတြင္ အမွန္တစ္ကယ္ မက်ဴးလြန္သူမ်ား ပါဝင္ေနဟုဆို

ခ်င္းျပည္နယ္ မတူပီၿမိဳ႕တြင္ ေဖေဖာ္ဝါရီ ၂ဝရက္ ခ်င္းအမ်ိဳးသားေန႔တြင္ျဖစ္ပြားခဲ့သည့္ ႐ုန္းရင္းဆန္ခတ္ျဖစ္မႈေၾကာင့္ဟုဆိုကာ လူငယ္(၆)ဦးအား ေထာင္ဒဏ္ ၄ႏွစ္ခြဲစီခ်မွတ္လိုက္သည့္အမႈတြင္ အမွန္တစ္ကယ္ မက်ဴးလြန္သူမ်ားပါဝင္ေနေၾကာင္း ေထာင္ဒဏ္ခ်မွတ္ခံရသည့္ထဲတြင္ပါဝင္သူ၏ မိဘျဖစ္သူထံမွ သိရသည္။

“က်မတို႔သားက အဲဒီအခင္းျဖစ္တဲ့ညတုန္းက ဆယ္နာရီမွာျပန္လာတယ္၊ သူက အဲဒီမတိုင္ခင္ ေလျဖတ္ထားတာေၾကာင့္ ေစာေစာျပန္လာဖို႔ေျပာထားတယ္၊ သူလည္း ဆယ္နာရီေလာက္ျပန္ေရာက္တယ္၊ သူနဲ႔အတူတူအိပ္တဲ့ က်မတို႔ဆီမွာေနတဲ့ ေက်ာင္းသားေလးကလည္း ဆယ္နာရီျပန္ေရာက္တယ္လို႔ေသခ်ာေျပာတယ္၊ တစ္ကယ္အခင္းျဖစ္တဲ့အခ်ိန္က ၁၁နာရီေလာက္မွာ ျဖစ္တယ္လို႔သိရတယ္၊ ဖမ္းတာကလည္း သံသယရွိတယ္ဆိုၿပီး ေဖေဖာ္ဝါရီလ ၂၄ေလာက္မွ ေခၚသြားတာ၊ က်မတို႔လည္း သံသယရွိ႐ုံေလာက္ဘဲဆိုေတာ့ သိပ္မၾကာေလာက္ဘူးထင္ထားတာေပါ့၊ ဒါေပမယ့္ လြတ္မလာေတာ့ ျမန္ျမန္လြတ္ဖို႔ဆိုၿပီး က်မတို႔နဲ႔ဘာမွမဆိုင္ေပမယ့္ ရဲကားျပင္ဖို႔အတြက္ ၁၈သိန္းေက်ာ္အကုန္က်ခံၿပီးျပင္ေပးတယ္၊ ေရွ႕ေနဌားခေတြလည္းကုန္တယ္၊ စခန္းၿမိဳ႕ႏွင့္ ၿမိဳ႕နယ္မႉးကို ေပးထားတာေတြရွိေပမယ့္ ခုေတာ့ ေထာင္ ေလးႏွစ္ေျခာက္လက်သြားတယ္”ဟု ေထာင္ခ်ခံရသည့္အထဲတြင္ပါဝင္သူ ေမာင္ထက္နိုင္ဦး ၏ အေမျဖစ္သူမွေျပာသည္။

အခင္းျဖစ္စဥ္မွာ မတူပီၿမိဳ႕ ဗိုလ္တိုက္ခၽြန္းခန္းတြင္က်င္းပခဲ့သည့္ (၇၁)ႏွစ္ေျမာက္ခ်င္းအမ်ိဳးသားေန႔ အခန္းအနားအတြင္း ျပည္သူတစ္ခ်ိဳ႕ႏွင့္ ရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕ ႐ုံးရင္းဆန္ခတ္ ခိုက္ရန္ျဖစ္ပြားခဲ့ၿပီး ျပည္သူပိုင္ ပစၥည္းအခ်ိဳ႕ပ်က္စီးသြားခဲ့ျခင္းေၾကာင့္ လူငယ္ ၆ဦးအား သံသယျဖစ္တရားခံဟုဆိုကာ ဖမ္းစီးသြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

အဆိုပါျဖစ္ရပ္ေၾကာင့္ ဖမ္းစီးခံရသည့္ လူငယ္မ်ားမွာ မတူပီၿမိဳ႕မွ ကိုအာေဘာင္း (၂၃ႏွစ္)၊ ကိုေဆာမ့္ထန္ (၁၉ႏွစ္)၊ ကိုထန္ထဲန္ (၂၅ႏွစ္) တတိယႏွစ္ (သမိုင္း) ၊ ကိုဗ်က္ထန္ (၂၃)၊ ကိုထက္နိုင္ဦး (၁၉ႏွစ္) ပထမႏွစ္ (သမိုင္း) ႏွင့္ ကိုရိန္ဆန္းလ်န္ (၂၁ႏွစ္)တို႔ (၆) ဦးျဖစ္ပီး ေအာက္တိုဘာ ၁ဝရက္ေန႔တြင္ မတူပီတရား႐ုံးမွ ေထာင္ဒဏ္ေလးႏွစ္ခြဲစီက်ခံရန္ အမိန႔္ခ်မွတ္ခဲ့သည္။

တရား႐ုံးမွ လူငယ္ ၆ ဦးကို ေထာင္ဒဏ္က်ခံရန္ ခ်မွတ္မႈေၾကာင့္ မတူပီၿမိဳ႕ခံ ျပည္သူအခ်ိဳ႕မွ တရားစီရီမႈအေပၚ သက္ညႇာေပးရန္ႏွင့္ ျပစ္ဒဏ္ကိုျပန္လည္ျပင္ဆင္ေပးရန္ ေအာက္တိုဘာ ၂၉ရက္ေန႔တြင္ ဆႏၵေဖာ္ထုတ္သြားမည္ဟု သိရသည္။
ဆႏၵေဖာ္ထုတ္မႈတြင္ ဦးေဆာင္မည့္ ခ်င္းလူငယ္အဖြဲ႕အစည္း (မတူပီ)မွ အဖြဲ႕ဝင္တစ္ဦးက “ဒီေျခာက္ေယာက္ထဲမွာဆိုရင္ တကၠသိုလ္တက္ေနတဲ့သူ ႏွစ္ေယာက္ပါတယ္၊ ဆယ္တန္းတက္ေနတဲ့သူႏွစ္ေယာက္ပါတယ္၊ က်န္တဲ့ႏွစ္ေယာက္က မိဘေတြကို ၾကည့္ရႈေစာင့္ေရွာက္ေနၾကတဲ့သူေတြပါတယ္၊ အခုဆႏၵထုတ္ေဖာ္မွာက မိဘေတြရဲ့ဆႏၵသေဘာအတိုင္း ျဖစ္ဒဏ္စီရင္တဲ့အေပၚမွာ သက္ညႇာေပးဖို႔ အသနားခံ ေတာင္ဆိုတာပါ၊ ဘယ္သူမွားတယ္ မွန္တယ္လို႔ ေထာက္ျပသြားမွာမဟုတ္ပါဘူး”ဟုေျပာသည္။

အဆိုပါျဖစ္ရပ္ေၾကာင့္ အရပ္ကားတစ္စီးႏွင့္ ရဲကားတစ္စီးပ်က္စီးသြားခဲ့ၿပီး အဖမ္းခံရသည့္လူငယ္မ်ားကိုလည္း အခင္းျဖစ္စဥ္တြင္ ဖမ္းစီးျခင္းမဟုတ္ဘဲ အခင္းျဖစ္ပြားၿပီး ေနာက္ရက္မ်ားတြင္ အသီးသီးဖမ္းစီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။