Input your search keywords and press Enter.

ပြည်နယ်အစိုးရ စီမံခန့်ခွဲမှုညံ့ဖျင်းနေခြင်းနှင့် CSOs / မီဒီယာအခန်းကဏ္ဍရဲ့ ကွက်လပ်

ရေး – လျန်တွောင်

ဒီမိုကရေစီ ယဉ်ကျေးမှု ထွန်းကား နိုင်ရန် ရွေးကောက်ပွဲ တစ်ခုတည်းဖြင့် မလုံလောက်နိုင်ပါ။ အစိုးရ၊ ဈေးကွက် (ကုမ္ပဏီ)၊ လူမှုရေး အသင်းအဖွ့ဲများ အားလုံး လက်တွဲညီညီ အပြန်အလှန် ထိန်းကွပ်နိုင်မှ သာလျှင် ဒီမိုကရေစီ ယဉ်ကျေးမှု အမြစ်တွယ် ခိုင်မာလာနိုင်မည်ဟု မိန့်ဆိုကြပါသည်။

သို့သော်လည်း လက်ရှိ ချင်းပြည်နယ် အနေအထားတွင် အစိုးရနှင့် ဈေးကွက် (ကုမ္ပဏီ) သာ ခိုင်မာအားကောင်းပြီး လူမှုရေးအသင်းအဖွဲ့များမှာ လိုအပ်သည်ထက် များစွာ အားနည်းနေသည်ဟု သုံးသပ်ရပါမည်။ ယခင် အစိုးရလက်ထက်တွင် အတိုက်အခံ အင်အားစုနှင့် လူမှုရေး အသင်းအဖွဲ့များသည် နိုင်ငံတော် တည်ဆောက်ရေး၏ မိတ်ဖက် ဘက်တော်သားများ အဖြစ် လက်ခံ သဘောထား ရှိသည်ဖြစ်ရာ NLD ပါတီနှင့် လူမှုရေး အသင်းအဖွဲ့များသည် နှစ်အိမ့် တစ်အိမ် ကဲ့သို့ နီးနီးကပ်ကပ် လက်တွဲလှုပ်ရှားကာ အများပြည်သူအတွက် မိမိ ကျရာ အခန်းကဏ္ဍတွင် အားကြိုးမာန်တက် ပါဝင်ခွင့် ရခဲ့ကြပါသည်။ ပြည်သူလူထု၏ လိုလားချက်၊ လိုအပ်ချက်များကို ပြည်သူ့ကိုယ်စား အရေးဆိုခြင်း၊ တင်ပြဆွေးနွေးခြင်းများ ပြုလုပ်နိုင်ခဲ့သလို အစိုးရ၏ အားနည်းချက်၊လိုအပ်ချက်များကို လည်း ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြ ခဲ့ကြပါသည်။

အစိုးရအနေဖြင့် အတိုက်အခံ အင်အားစု များနှင့် လူမှုရေး အသင်းအဖွဲ့များ၏ သဘောထားနှင့် ရပ်တည်ချက်များကို အတိုင်းအတာတစ်ခု အထိ အသိအမှတ်ပြု လက်ခံခဲ့သဖြင့် ပြည်သူလူထု၏ အားကိုး ယုံကြည်မှု တိုးတက်လာကာ မွန်မြတ်သော လူမှုရေးအသင်းအဖွဲ့များ အဖြစ် ချီးကျူး လက်ခံကြပါသည်။ သို့သော်လည်း NLD အစိုးရတက်လာသောအခါ လူမှုအသင်းအဖွဲ့များသည် ယခင်ကလောက် အားမကောင်း နိုင်တော့ပါ။ ထိုသို့ဖြစ်ရသည့် အကြောင်းများစွာ ထဲတွင်…

(၁) CSOs များ၏ အနီးကပ် လုပ်ဖော်ကိုင်ဖက်တစ်ချို့မှာ ရွေးကောက်ခံအစိုးရ ဖြစ်သွားသဖြင့် CSOs အင်အား လျှော့နည်းလာခြင်း

(၂) မိမိအပေါင်းအသင်းများကိုယ်တိုင် အစိုးရတာဝန်ထမ်းဆောင်ခွင့်ရသဖြင့် CSOs များကိုယ်တိုင် စိတ်အေးလက်အေး မျက်နှာလွှဲခဲ့မိခြင်း

(၃) CSOs များ၏ အားနည်းချက် တစ်ခုဖြစ်သော တစ်ဖက်လူ အထင်မကြီးတတ်သည့် အကျင့်ဆိုးကို အစိုးရ ထိုင်ခုံ အထိ သယ်ဆောင်သွား ကြသဖြင့် လက်ရှိ လူမှုအသင်းအဖွဲ့များကို တန်ဖိုးထား အလေးမပေးနိုင်ခြင်း စသည့် အချက်များကြောင့် လက်ရှိ လူမှုအသင်းအဖွဲ့ များသည် တစ်ဖြည်းဖြည်း အင်အား လျော့နည်းလာကာ ပြည်သူလူထု၏ ယုံကြည်မှုများ ကျဆင်းပြီး အဖွဲ့အစည်း ရပ်တည်နိုင်ဖို့ပင် ခက်ခဲလာပါသည်။ ထို့ကြောင့် CSOs များအနေဖြင့် မိမိ အစိုးရအား မိမိကျရာ ကဏ္ဍမှ ကူညီပံ့ပိုးမှု အားနည်း လာသလို လိုအပ်သည့် ဝေဖန်ထောက်ပြမှုများ မလုပ်နိုင်သည့်အပြင် ပြည်သူ့အကျိုးကိုလည်း ယခင်ကကဲ့သို့ အားသွန်ခွန်စိုက် မစွမ်းဆောင်နိုင်တော့ပါ။ သို့ဖြစ်သောကြောင့် အစိုးရ၏ လွဲမှားသော လုပ်ဆောင်မှုတိုင်းတွင် CSOs များ၏ တာဝန် မကျေမှုသည်လည်း အရေးကြီးသော အကြောင်းပြချက် တစ်ခုအဖြစ် သုံးသပ်မိပါသည်။

မဏ္ဍိုင်တိမ်းစောင်းခြင်း အစိုးရကောင်း တစ်ရပ် ဖြစ်ပေါ်လာရန် ခေတ်မီတိုးတက်သော နိုင်ငံတော်တစ်ရပ် တည်ဆောက်ရာတွင် အဓိက မောင်းနှင်အား ဖြစ်သော အစိုးရ မဏ္ဍိုင်သုံးရပ်အပြင် စတုတ္ထမဏ္ဍိုင်အဖြစ် တင်စားခေါ်ဝေါ်ကြသော မီဒီယာ ကဏ္ဍမှာလည်း အထူး အရေးကြီးလှပါသည်။ သို့သော်လည်း ချင်းပြည်နယ်မီဒီယာ၏ အခန်းကဏ္ဍမှာ ဖြစ်သင့်သလောက် ရှေ့တန်း ရောက်မလာနိုင်သည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။ ပြည်နယ်တွင်း အရေးကိစ္စကြီးငယ်များ ဖတ်ရှုလေ့လာနိုင်ရန် ပုဂ္ဂလိက မီဒီယာ သည် အဓိက ဖြစ်သည်မှာ လက်ရှိ အရှိတရား ဖြစ်သည်။ ထို့ပြင် မီဒီယာများသည် CSOs များကဲ့သို့ ယခင်အချိန်များတွင် အတိုက်အခံအင်အားစုများနှင့် လိုအပ်ပါက နီးနီးကပ်ကပ် လက်တွဲ ခဲ့ကြပါသည်။ နိုင်ငံရေးပါတီနှင့် လူမှုရေး အသင်းအဖွဲ့များ လှုပ်ရှားခွင့် ကန့်သတ်ခံရသည့် အချိန်များတွင် ပင်လျှင် မီဒီယာများသည် အများအကျိုး၊ ပြည်သူ့အကျိုးကို ရွက်ရွက်ချွန်ချွန် အကျိုးပြုထမ်းဆောင်ခဲ့ပြီးသား ဖြစ်ပါသည်။ ပုဂ္ဂလိက မီဒီယာများသည် လူထု၏အားပေးထောက်ခံမှုဖြင့် ရပ်တည်ခဲ့ရသည်ဖြစ်ရာ လက်ရှိ အချိန်တွင်ပြည်သူလူထု တစ်ရပ်လုံးမှ ရွေးကောက်တင်မြောက်ခဲ့သော လက်ရှိအစိုးရကို အပြုသဘောဖြစ်ဖြစ်၊ အပျက်သဘောဖြစ်ဖြစ် ဝေဖန်ထောက်ပြရန် အခက်အခဲ ရှိနိုင်သည်ဟု ယူဆပါသည်။

ထို့အပြင် ချင်းပြည်နယ် အစိုးရမှ အစိုးရစာစောင် ထုတ်ဝေခြင်းနှင့် လူပုဂ္ဂိုလ် လူမှုကွန်ရက်များကို ပိုမိုအားပြုလာသဖြင့် မရည်ရွယ်သော်လည်း ပုဂ္ဂလိက မီဒီယာများနှင့် ပြိုင်ဆိုင်သည့် သဘောသက်ရောက်နေပါသည်။ အစိုးရ၏ သုံးနှစ်တာ လုပ်ငန်း ဆောင်ရွက်မှု၊ သတင်းစာ ရှင်းလင်းပွဲအတွက် နေရာထိုင်ခင်း ကျင်းပပုံကို သေချာ သုံးသပ်မည်ဆိုပါက အစိုးရသည် ပုဂ္ဂလိကမီဒီယာများကို မိမိနှင့်ပြည်သူ တစ်ရပ်လုံး၏ ဘက်တော်သား အဖြစ် အသိအမှတ် မပြုခဲ့သည်မှာ ဝမ်းနည်းစွာ မြင်နေရပါသည်။ ဤကဲ့သို့ အစိုးရမှ ပုဂ္ဂလိကမီဒီယာများကို ဖြစ်သင့်သလောက် အသိအမှတ် မပြုနိုင်ကြသဖြင့် မီဒီယာများမှ လည်း အပြန်အလှန်အားဖြင့် အစိုးရကို လိုအပ်သလို ဝေဖန်ထောက်ပြရန် အခက်အခဲ ရှိနိုင်ပါသည်။ မီဒီယာ ထိန်းကျောင်းမှုအားနည်းနေခြင်းသည်လည်း လက်ရှိအစိုးရ၏ လွဲမှားသောစီမံခန့်ခွဲမှုများကို ဖြစ်ပေါ်လာစေ သည့် အချက်တစ်ခု ဖြစ်လိမ့်မည်ဟု ယူဆရပါသည်။

တိုက်ရိုက်အချိုးကျမှု ကောင်းမွန်သည့် အုပ်ချုပ်ရေး တစ်ရပ်ဖြစ်ပေါ်လာရန် အဓိကအချက်များစွာ ထဲတွင် ပြည်သူလူထု၏ နိုင်ငံရေး အသိရေချိန် မြင့်မားမှုလည်း ပါဝင်သည်ဟု သိရပါသည်။ အထူးသဖြင့် ဒီမိုကရေစီ နိုင်ငံများတွင်မိမိတို့ တင်မြောက်ခဲ့သော ပုဂ္ဂိုလ်များမှ စီမံအုပ်ချုပ်ခွင့်ရသည်ဖြစ်ရာ ပြည်သူလူထု၏ ရွေးချယ်ဆုံးဖြတ်ချက်သည် အထူး အရေးကြီးလှပါသည်။ ပြည်သူလူထု၏ နိုင်ငံရေးနှင့် အထွေထွေ ဗဟုသုတ အသိရေချိန် မြင့်မားနေပါက အမှန်အမှား၊ အဆိုးအကောင်းကို လက်တွေ့ကျကျ ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိလာမည်ဖြစ်ပြီး မိမိတို့အစိုးရ၏ မူဝါဒနှင့် လုပ်ဆောင်မှုများကို ဝေဖန်သုံးသပ်နိုင်မည် ဖြစ်သည်။ လက်ရှိအစိုးရ၏ မူဝါဒနှင့် လုပ်ဆောင်မှုများ ကသောင်းကနင်း ဖြစ်ခဲ့ရသည်မှာလည်း ပြည်သူလူထု၏ အသိရေချိန် မြင့်မားမှုနှင့် တိုက်ရိုက်ဆက်စပ်သည်ဟု သုံးသပ်မည် ဆိုပါက အစိုးရ အားနည်းရသည့် အကြောင်းရင်းသည် ပြည်သူ့အားနည်းချက်သာ ဖြစ်သည်ဟု မှတ်ယူရပါမည်။
နောက်ဆုံးအနေဖြင့် ဝန်ကြီး ဦးစိုးထက်၏ ပြောဆိုမှုသည် အတိုင်းအတာ တစ်ခုသာ မှန်ကန်သည်ဟု သုံးသပ်ရမည် ဖြစ်သလို ယခုကဲ့သို့ ပြည်နယ်အစိုးရ စွမ်းဆောင်ရည် ညံ့ဖျင်းလွန်းခြင်းသည် အစိုးရ တစ်ဖွ့ဲ့တည်းကြောင့် မဟုတ်ပဲ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မပြည့်ဝခြင်း၊ အတိုက်အခံ အင်အားစုပျောက်ဆုံးခြင်း၊ မီဒီယာနှင့် လူမှုအဖွဲ့အစည်းများ အင်အားချည့်နဲ့ခြင်း၊ ပြည်သူလူထု၏ အသိရေချိန် နည်းပါးခြင်း အပြင် အခြားသော အကြောင်းတရားများစွာ ရှိမည် ဖြစ်ရာ ယင်းအနေအထားတွင် အချင်းချင်းကြား လက်ညှိုးထိုး အပြစ်ပုံချခြင်း မပြုပဲ အင်အားစု အသီးသီး ကြားတွင် တစ်ဦးပေါ်တစ်ဦး အပြန်အလှန် အသိအမှတ်ပြုမှု၊ လေးစားယုံကြည်မှုများ တည်ဆောက်ကာ ပြည်သူလူထု တစ်ရပ်လုံးအတွက် လက်တွဲညီ ကြိုးစားလုပ်ဆောင်ရန် အချိန်ရောက်ပြီဟု လေးစားစွာ တင်ပြအပ်ပါသည်။

(ယခုဆောင်းပါးသည် စာရေးသူ၏ အာဘော်ဖြစ်သည်)

Zawgyi

ျပည္နယ္အစိုးရ စီမံခန္႕ခြဲမႈညံ့ဖ်င္းေနျခင္းႏွင့္ CSOs / မီဒီယာအခန္းက႑ရဲ႕ ကြက္လပ္

ဒီမိုကေရစီ ယဥ္ေက်းမႈ ထြန္းကား ႏုိ္င္ရန္ ေရြးေကာက္ပြဲ တစ္ခုတည္းျဖင့္ မလံုေလာက္ႏုိင္ပါ။ အစိုးရ၊ ေစ်းကြက္ (ကုမၸဏီ)၊ လူမႈေရး အသင္းအဖြ႕ဲမ်ား အားလံုး လက္တြဲညီညီ အျပန္အလွန္ ထိန္းကြပ္ႏုိင္မွ သာလွ်င္ ဒီမိုကေရစီ ယဥ္ေက်းမႈ အျမစ္တြယ္ ခုိင္မာလာႏုိင္မည္ဟု မိန္႕ဆိုၾကပါသည္။

သို႕ေသာ္လည္း လက္ရွိ ခ်င္းျပည္နယ္ အေနအထားတြင္ အစိုးရႏွင့္ ေစ်းကြက္ (ကုမၸဏီ) သာ ခုိင္မာအားေကာင္းျပီး လူမႈေရးအသင္းအဖြဲ႔မ်ားမွာ လုိအပ္သည္ထက္ မ်ားစြာ အားနည္းေနသည္ဟု သံုးသပ္ရပါမည္။ ယခင္ အစိုးရလက္ထက္တြင္ အတုိက္အခံ အင္အားစုႏွင့္ လူမႈေရး အသင္းအဖြဲ႔မ်ားသည္ ႏုိင္ငံေတာ္ တည္ေဆာက္ေရး၏ မိတ္ဖက္ ဘက္ေတာ္သားမ်ား အျဖစ္ လက္ခံ သေဘာထား ရွိသည္ျဖစ္ရာ NLD ပါတီႏွင့္ လူမႈေရး အသင္းအဖြဲ႔မ်ားသည္ ႏွစ္အိမ္႕ တစ္အိမ္ ကဲ႔သို႕ နီးနီးကပ္ကပ္ လက္တြဲလႈပ္ရွားကာ အမ်ားျပည္သူအတြက္ မိမိ က်ရာ အခန္းက႑တြင္ အားၾကိဳးမာန္တက္ ပါ၀င္ခြင့္ ရခဲ႔ၾကပါသည္။ ျပည္သူလူထု၏ လိုလားခ်က္၊ လိုအပ္ခ်က္မ်ားကို ျပည္သူ႕ကိုယ္စား အေရးဆိုျခင္း၊ တင္ျပေဆြးေႏြးျခင္းမ်ား ျပဳလုပ္ႏုိ္င္ခဲ႕သလို အစိုးရ၏ အားနည္းခ်က္၊လို္အပ္ခ်က္မ်ားကို လည္း ပြင့္ပြင့္လင္းလင္း ေ၀ဖန္ေထာက္ျပ ခဲ႕ၾကပါသည္။

အစိုးရအေနျဖင့္ အတိုက္အခံ အင္အားစု မ်ားႏွင့္ လူမႈေရး အသင္းအဖြဲ႕မ်ား၏ သေဘာထားႏွင့္ ရပ္တည္ခ်က္မ်ားကို အတုိင္းအတာတစ္ခု အထိ အသိအမွတ္ျပဳ လက္ခံခဲ႔သျဖင့္ ျပည္သူလူထု၏ အားကိုး ယံုၾကည္မႈ တုိးတက္လာကာ မြန္ျမတ္ေသာ လူမႈေရးအသင္းအဖြဲ႔မ်ား အျဖစ္ ခ်ီးက်ဴး လက္ခံၾကပါသည္။ သို႕ေသာ္လည္း NLD အစိုးရတက္လာေသာအခါ လူမႈအသင္းအဖြဲ႔မ်ားသည္ ယခင္ကေလာက္ အားမေကာင္း နိုင္ေတာ႔ပါ။ ထိုသို႕ျဖစ္ရသည့္ အေၾကာင္းမ်ားစြာ ထဲတြင္…

(၁) CSOs မ်ား၏ အနီးကပ္ လုပ္ေဖာ္ကုိင္ဖက္တစ္ခ်ိဳ႕မွာ ေရြးေကာက္ခံအစိုးရ ျဖစ္သြားသျဖင့္ CSOs အင္အား ေလွ်ာ့နည္းလာျခင္း

(၂) မိမိအေပါင္းအသင္းမ်ားကိုယ္တုိင္ အစိုးရတာ၀န္ထမ္းေဆာင္ခြင့္ရသျဖင့္ CSOs မ်ားကိုယ္တုိင္ စိတ္ေအးလက္ေအး မ်က္ႏွာလႊဲခဲ႔မိျခင္း

(၃) CSOs မ်ား၏ အားနည္းခ်က္ တစ္ခုျဖစ္ေသာ တစ္ဖက္လူ အထင္မၾကီးတတ္သည့္ အက်င့္ဆိုးကို အစိုးရ ထုိင္ခံု အထိ သယ္ေဆာင္သြား ၾကသျဖင့္ လက္ရွိ လူမႈအသင္းအဖြဲ႔မ်ားကို တန္ဖိုးထား အေလးမေပးႏုိင္ျခင္း စသည့္ အခ်က္မ်ားေၾကာင့္ လက္ရွိ လူမႈအသင္းအဖြဲ႔ မ်ားသည္ တစ္ျဖည္းျဖည္း အင္အား ေလ်ာ့နည္းလာကာ ျပည္သူလူထု၏ ယံုၾကည္မႈမ်ား က်ဆင္းျပီး အဖြဲ႕အစည္း ရပ္တည္ႏုိင္ဖို႕ပင္ ခက္ခဲလာပါသည္။ ထုိ႕ေၾကာင့္ CSOs မ်ားအေနျဖင့္ မိမိ အစိုးရအား မိမိက်ရာ က႑မွ ကူညီပံ႔ပိုးမႈ အားနည္း လာသလို လိုအပ္သည့္ ေ၀ဖန္ေထာက္ျပမႈမ်ား မလုပ္နုိင္သည့္အျပင္ ျပည္သူ႕အက်ိဳးကုိလည္း ယခင္ကကဲ႔သို႕ အားသြန္ခြန္စိုက္ မစြမ္းေဆာင္ႏုိင္ေတာ႔ပါ။ သို႕ျဖစ္ေသာေၾကာင့္ အစိုးရ၏ လြဲမွားေသာ လုပ္ေဆာင္မႈတုိင္းတြင္ CSOs မ်ား၏ တာ၀န္ မေက်မႈသည္လည္း အေရးၾကီးေသာ အေၾကာင္းျပခ်က္ တစ္ခုအျဖစ္ သံုးသပ္မိပါသည္။

မ႑ိဳင္တိမ္းေစာင္းျခင္း အစိုးရေကာင္း တစ္ရပ္ ျဖစ္ေပၚလာရန္ ေခတ္မီတုိးတက္ေသာ ႏုိင္ငံေတာ္တစ္ရပ္ တည္ေဆာက္ရာတြင္ အဓိက ေမာင္းႏွင္အား ျဖစ္ေသာ အစိုးရ မ႑ိဳင္သံုးရပ္အျပင္ စတုတၳမ႑ိဳင္အျဖစ္ တင္စားေခၚေ၀ၚၾကေသာ မီဒီယာ က႑မွာလည္း အထူး အေရးၾကီးလွပါသည္။ သို႕ေသာ္လည္း ခ်င္းျပည္နယ္မီဒီယာ၏ အခန္းက႑မွာ ျဖစ္သင့္သေလာက္ ေရွ႕တန္း ေရာက္မလာႏုိင္သည္မွာ အားလံုးအသိပင္ ျဖစ္ပါသည္။ ျပည္နယ္တြင္း အေရးကိစၥၾကီးငယ္မ်ား ဖတ္ရႈေလ့လာႏုိင္ရန္ ပုဂၢလိက မီဒီယာ သည္ အဓိက ျဖစ္သည္မွာ လက္ရွိ အရွိတရား ျဖစ္သည္။ ထို႕ျပင္ မီဒီယာမ်ားသည္ CSOs မ်ားကဲ႔သို႕ ယခင္အခ်ိန္မ်ားတြင္ အတုိက္အခံအင္အားစုမ်ားႏွင့္ လုိအပ္ပါက နီးနီးကပ္ကပ္ လက္တြဲ ခဲ႔ၾကပါသည္။ ႏုိင္ငံေရးပါတီႏွင့္ လူမႈေရး အသင္းအဖြဲ႔မ်ား လႈပ္ရွားခြင့္ ကန္႔သတ္ခံရသည့္ အခ်ိန္မ်ားတြင္ ပင္လွ်င္ မီဒီယာမ်ားသည္ အမ်ားအက်ိဳး၊ ျပည္သူ႕အက်ိဳးကို ရြက္ရြက္ခ်ြန္ခ်ြန္ အက်ိဳးျပဳထမ္းေဆာင္ခဲ႔ျပီးသား ျဖစ္ပါသည္။ ပုဂၢလိက မီဒီယာမ်ားသည္ လူထု၏အားေပးေထာက္ခံမႈျဖင့္ ရပ္တည္ခဲ႕ရသည္ျဖစ္ရာ လက္ရွိ အခ်ိန္တြင္ျပည္သူလူထု တစ္ရပ္လံုးမွ ေရြးေကာက္တင္ေျမာက္ခဲ႕ေသာ လက္ရွိအစိုးရကို အျပဳသေဘာျဖစ္ျဖစ္၊ အပ်က္သေဘာျဖစ္ျဖစ္ ေ၀ဖန္ေထာက္ျပရန္ အခက္အခဲ ရွိႏုိင္သည္ဟု ယူဆပါသည္။

ထို႕အျပင္ ခ်င္းျပည္နယ္ အစိုးရမွ အစိုးရစာေစာင္ ထုတ္ေ၀ျခင္းႏွင့္ လူပုဂၢိဳလ္ လူမႈကြန္ရက္မ်ားကို ပိုမိုအားျပဳလာသျဖင့္ မရည္ရြယ္ေသာ္လည္း ပုဂၢလိက မီဒီယာမ်ားႏွင့္ ျပိဳင္ဆုိင္သည့္ သေဘာသက္ေရာက္ေနပါသည္။ အစိုးရ၏ သံုးႏွစ္တာ လုပ္ငန္း ေဆာင္ရြက္မႈ၊ သတင္းစာ ရွင္းလင္းပြဲအတြက္ ေနရာထုိင္ခင္း က်င္းပပံုကို ေသခ်ာ သံုးသပ္မည္ဆုိပါက အစိုးရသည္ ပုဂၢလိကမီဒီယာမ်ားကို မိမိႏွင့္ျပည္သူ တစ္ရပ္လံုး၏ ဘက္ေတာ္သား အျဖစ္ အသိအမွတ္ မျပဳခဲ႔သည္မွာ ၀မ္းနည္းစြာ ျမင္ေနရပါသည္။ ဤကဲ႔သို႕ အစိုးရမွ ပုဂၢလိကမီဒီယာမ်ားကို ျဖစ္သင့္သေလာက္ အသိအမွတ္ မျပဳႏုိင္ၾကသျဖင့္ မီဒီယာမ်ားမွ လည္း အျပန္အလွန္အားျဖင့္ အစိုးရကို လိုအပ္သလို ေ၀ဖန္ေထာက္ျပရန္ အခက္အခဲ ရွိႏုိင္ပါသည္။ မီဒီယာ ထိန္းေက်ာင္းမႈအားနည္းေနျခင္းသည္လည္း လက္ရွိအစိုးရ၏ လြဲမွားေသာစီမံခန္႕ခြဲမႈမ်ားကို ျဖစ္ေပၚလာေစ သည့္ အခ်က္တစ္ခု ျဖစ္လိမ္႕မည္ဟု ယူဆရပါသည္။

တိုက္ရုိက္အခ်ိဳးက်မႈ ေကာင္းမြန္သည့္ အုပ္ခ်ဳပ္ေရး တစ္ရပ္ျဖစ္ေပၚလာရန္ အဓိကအခ်က္မ်ားစြာ ထဲတြင္ ျပည္သူလူထု၏ ႏုိင္ငံေရး အသိေရခ်ိန္ ျမင့္မားမႈလည္း ပါ၀င္သည္ဟု သိရပါသည္။ အထူးသျဖင့္ ဒီမိုကေရစီ ႏုိင္ငံမ်ားတြင္မိမိတို႕ တင္ေျမာက္ခဲ႔ေသာ ပုဂၢိဳလ္မ်ားမွ စီမံအုပ္ခ်ဳပ္ခြင့္ရသည္ျဖစ္ရာ ျပည္သူလူထု၏ ေရြးခ်ယ္ဆံုးျဖတ္ခ်က္သည္ အထူး အေရးၾကီးလွပါသည္။ ျပည္သူလူထု၏ ႏုိင္ငံေရးႏွင့္ အေထြေထြ ဗဟုသုတ အသိေရခ်ိန္ ျမင့္မားေနပါက အမွန္အမွား၊ အဆုိးအေကာင္းကို လက္ေတြ႕က်က် ေ၀ဖန္ပိုင္းျခားနိုင္စြမ္း ရွိလာမည္ျဖစ္ျပီး မိမိတို႕အစိုးရ၏ မူ၀ါဒႏွင့္ လုပ္ေဆာင္မႈမ်ားကို ေ၀ဖန္သံုးသပ္ႏုိင္မည္ ျဖစ္သည္။ လက္ရွိအစိုးရ၏ မူ၀ါဒႏွင့္ လုပ္ေဆာင္မႈမ်ား ကေသာင္းကနင္း ျဖစ္ခဲ႔ရသည္မွာလည္း ျပည္သူလူထု၏ အသိေရခ်ိန္ ျမင့္မားမႈႏွင့္ တိုက္ရိုက္ဆက္စပ္သည္ဟု သံုးသပ္မည္ ဆိုပါက အစိုးရ အားနည္းရသည့္္ အေၾကာင္းရင္းသည္ ျပည္သူ႕အားနည္းခ်က္သာ ျဖစ္သည္ဟု မွတ္ယူရပါမည္။
ေနာက္ဆံုးအေနျဖင့္ ၀န္ၾကီး ဦးစိုးထက္၏ ေျပာဆိုမႈသည္ အတုိင္းအတာ တစ္ခုသာ မွန္ကန္သည္ဟု သံုးသပ္ရမည္ ျဖစ္သလို ယခုကဲ႕သို႕ ျပည္နယ္အစိုးရ စြမ္းေဆာင္ရည္ ညံ႔ဖ်င္းလြန္းျခင္းသည္ အစိုးရ တစ္ဖြ႔ဲ႔တည္းေၾကာင့္ မဟုတ္ပဲ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား စြမ္းရည္မျပည့္၀ျခင္း၊ အတုိက္အခံ အင္အားစုေပ်ာက္ဆံုးျခင္း၊ မီဒီယာႏွင့္ လူမႈအဖြဲ႔အစည္းမ်ား အင္အားခ်ည့္န႔ဲျခင္း၊ ျပည္သူလူထု၏ အသိေရခ်ိန္ နည္းပါးျခင္း အျပင္ အျခားေသာ အေၾကာင္းတရားမ်ားစြာ ရွိမည္ ျဖစ္ရာ ယင္းအေနအထားတြင္ အခ်င္းခ်င္းၾကား လက္ညႈိုးထိုး အျပစ္ပံုခ်ျခင္း မျပဳပဲ အင္အားစု အသီးသီး ၾကားတြင္ တစ္ဦးေပၚတစ္ဦး အျပန္အလွန္ အသိအမွတ္ျပဳမႈ၊ ေလးစားယံုၾကည္မႈမ်ား တည္ေဆာက္ကာ ျပည္သူလူထု တစ္ရပ္လံုးအတြက္ လက္တြဲညီ ၾကိဳးစားလုပ္ေဆာင္ရန္ အခ်ိန္ေရာက္ျပီဟု ေလးစားစြာ တင္ျပအပ္ပါသည္။