Input your search keywords and press Enter.

မတူပီမြို့နယ်အတွက် ပညာရေးဝန်ထမ်း လုပ်အားပေး ဦးရေ ၁၈ဝဝခေါ်ယူနေပြီး လျှောက်ထားသူ ၂ဝဝဝကျော်ရှိ

Salai Benezer

ချင်းပြည်နယ် မတူပီမြို့နယ်အတွက် လစ်လပ်နေသည့် ကျောင်း ဆရာ/ဆရာမ နေရာများအတွက် လုပ်အားပေးဦးရေ ၁၈၀၀ ခေါ်ယူနေပြီး လျှောက်ထားသူဦးရေ ၂ဝဝဝကျော်နေပြီဖြစ်ကြောင်း ချင်းပြည်နယ် ပညာရေးဝန်ကြီး ဦးပေါင်လွန်မင်းထန် ထံမှသိရသည်။

“လုပ်အားပေး ဆရာ/ဆရာမ ဆိုပြီးတော့ ၁၈၀၀ လောက်ခေါ်နေတယ်ဆိုတာမှန်ပါတယ်၊ လျှောက်ထားသူလည်း ၂ဝဝဝကျော်လောက်ရှိပါပီ၊ အဲဒါကတော့ အရေးပေါ်ပြသနာဖြေရှင်းဖို့ပေါ့၊ လုပ်အားပေး ဆရာ/ဆရာမအတွက် ဝင်ခွင့်ဖြေခိုင်းပြီးတော့ အောင်မြင်တဲ့သူတွေကို ခန့်ဖို့ပေါ့၊ လုံးဝအရည်ချင်းရှိတဲ့သူတွေကိုလည်း ခန့်လို့မရတာကြောင့် အရည်အချင်းရှိတဲ့သူတွေကို စားရိတ်ပေးပြီးတော့ သင်ခိုင်းမယ့်သဘောမျိုးပါဘဲ၊ ပညာရေးဝန်ကြီးဌာအနေနဲ့ကလည်း လောလောဆယ် ဆရာ/ဆရာမ ခန့်ဖို့ မလုပ်နိုင်သေးတဲ့အခါကျတော့ ဒီဟာကို အရေးပေါ်သုံးလို့ရအောင် ဆောင်ရွက်တာပါ”ဟု ချင်းပြည်နယ် ပညာရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်မှပြောသည်။

ယခုကဲ့သို့ ပညာရေး လုပ်အားပေးဝန်ထမ်း ခန့်အပ်ခြင်းမှာ မတူပီမြို့နယ်တွင် ကျောင်းဆရာ/ဆရာမ များစွာ လစ်လပ်လျက်ရှိနေကြောင်း လွှတ်တော်များတွင် တင်ပြဆွေးနွေးချက်များကို ပြည်ထောင်စုအစိုးရမှ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ဝန်ကြီးမှ ပြောသည်။

မတူပီလွှတ်တော်အမတ် ဆလိုင်းအောင်လျန်းမှ “ကျနော်တို့မတူပီမှာက ကျောင်း ဆရာ/ဆရာမ ၃ဝဝကျော်လစ်လပ်နေတယ်၊ အဲဒီလစ်လပ်နေတဲ့ကျောင်းတွင်ကလည်း ပိတ်ရတော့မယ့် အနေအထားထိဖြစ်နေတာကြောင့် ကျနော်နဲ့ဦးပါထန်းကနေပြီးတော့ ခန့်ပေးဖို့ တောင်းဆိုထားတာတွေရှိတယ်၊ ဟားခါးပညာရေးကောလိပ်ကလည်း တစ်နှစ်မှာ ၅ဝလောက်ဘဲ မွေးထုတ်ပေးနိုင်မှာ ချင်းပြည်နယ်မှာ ဝန်ထမ်းလိုအပ်ချက်က ၄ဝဝဝနီးပါးရှိနေတယ်၊ အဲဒါကြောင့် ဦးစားပေးတဲ့အနေနဲ့ အလုပ်လက်မဲ့ဖြစ်နေတဲ့ ဆယ်တန်းအောင်နှင့် ဘွဲ့ရတွေကိုတောင်းဆိုတာဖြစ်ပါတယ်”ဟုဖြစ်သည်။

ချင်းပြည်နယ်တွင် ကျောင်းများတွင် ဆရာ/ဆရာမ လိုအပ်ချက်များစွာရှိနေပြီး ယခုနှစ်အတွင်း ပလက်ဝမြို့နယ်တွင် ဝန်ထမ်းလိုအပ်ချက် ဖြည့်စွက်နိုင်ရန် လုပ်အားပေး ၃၅ဝခန့် ခေါ်ယူခဲ့ခန့်အပ်ခဲ့ကြောင်း သိရသည်။

Zawgyi Version

မတူပီၿမိဳ႕နယ္အတြက္ ပညာေရးဝန္ထမ္း လုပ္အားေပး ဦးေရ ၁၈ဝဝေခၚယူေနၿပီး ေလၽွာက္ထားသူ ၂ဝဝဝေက်ာ္ရွိ

ခ်င္းျပည္နယ္ မတူပီၿမိဳ႕နယ္အတြက္ လစ္လပ္ေနသည့္ ေက်ာင္း ဆရာ/ဆရာမ ေနရာမ်ားအတြက္ လုပ္အားေပးဦးေရ ၁၈၀၀ ေခၚယူေနၿပီး ေလၽွာက္ထားသူဦးေရ ၂ဝဝဝေက်ာ္ေနၿပီျဖစ္ေၾကာင္း ခ်င္းျပည္နယ္ ပညာေရးဝန္ႀကီး ဦးေပါင္လြန္မင္းထန္ ထံမွသိရသည္။

“လုပ္အားေပး ဆရာ/ဆရာမ ဆိုၿပီးေတာ့ ၁၈၀၀ ေလာက္ေခၚေနတယ္ဆိုတာမွန္ပါတယ္၊ ေလၽွာက္ထားသူလည္း ၂ဝဝဝေက်ာ္ေလာက္ရွိပါပီ၊ အဲဒါကေတာ့ အေရးေပၚျပသနာေျဖရွင္းဖို႔ေပါ့၊ လုပ္အားေပး ဆရာ/ဆရာမအတြက္ ဝင္ခြင့္ေျဖခိုင္းၿပီးေတာ့ ေအာင္ျမင္တဲ့သူေတြကို ခန႔္ဖို႔ေပါ့၊ လုံးဝအရည္ခ်င္းရွိတဲ့သူေတြကိုလည္း ခန႔္လို႔မရတာေၾကာင့္ အရည္အခ်င္းရွိတဲ့သူေတြကို စားရိတ္ေပးၿပီးေတာ့ သင္ခိုင္းမယ့္သေဘာမ်ိဳးပါဘဲ၊ ပညာေရးဝန္ႀကီးဌာအေနနဲ႔ကလည္း ေလာေလာဆယ္ ဆရာ/ဆရာမ ခန႔္ဖို႔ မလုပ္နိုင္ေသးတဲ့အခါက်ေတာ့ ဒီဟာကို အေရးေပၚသုံးလို႔ရေအာင္ ေဆာင္ရြက္တာပါ”ဟု ခ်င္းျပည္နယ္ ပညာေရးဝန္ႀကီး ဦးေပါင္လြန္မင္းထန္မွေျပာသည္။

ယခုကဲ့သို႔ ပညာေရး လုပ္အားေပးဝန္ထမ္း ခန႔္အပ္ျခင္းမွာ မတူပီၿမိဳ႕နယ္တြင္ ေက်ာင္းဆရာ/ဆရာမ မ်ားစြာ လစ္လပ္လ်က္ရွိေနေၾကာင္း လႊတ္ေတာ္မ်ားတြင္ တင္ျပေဆြးေႏြးခ်က္မ်ားကို ျပည္ေထာင္စုအစိုးရမွ ေဆာင္ရြက္ေပးျခင္းျဖစ္ေၾကာင္း ဝန္ႀကီးမွ ေျပာသည္။

မတူပီလႊတ္ေတာ္အမတ္ ဆလိုင္းေအာင္လ်န္းမွ “က်ေနာ္တို႔မတူပီမွာက ေက်ာင္း ဆရာ/ဆရာမ ၃ဝဝေက်ာ္လစ္လပ္ေနတယ္၊ အဲဒီလစ္လပ္ေနတဲ့ေက်ာင္းတြင္ကလည္း ပိတ္ရေတာ့မယ့္ အေနအထားထိျဖစ္ေနတာေၾကာင့္ က်ေနာ္နဲ႔ဦးပါထန္းကေနၿပီးေတာ့ ခန႔္ေပးဖို႔ ေတာင္းဆိုထားတာေတြရွိတယ္၊ ဟားခါးပညာေရးေကာလိပ္ကလည္း တစ္ႏွစ္မွာ ၅ဝေလာက္ဘဲ ေမြးထုတ္ေပးနိုင္မွာ ခ်င္းျပည္နယ္မွာ ဝန္ထမ္းလိုအပ္ခ်က္က ၄ဝဝဝနီးပါးရွိေနတယ္၊ အဲဒါေၾကာင့္ ဦးစားေပးတဲ့အေနနဲ႔ အလုပ္လက္မဲ့ျဖစ္ေနတဲ့ ဆယ္တန္းေအာင္ႏွင့္ ဘြဲ႕ရေတြကိုေတာင္းဆိုတာျဖစ္ပါတယ္”ဟုျဖစ္သည္။

ခ်င္းျပည္နယ္တြင္ ေက်ာင္းမ်ားတြင္ ဆရာ/ဆရာမ လိုအပ္ခ်က္မ်ားစြာရွိေနၿပီး ယခုႏွစ္အတြင္း ပလက္ဝၿမိဳ႕နယ္တြင္ ဝန္ထမ္းလိုအပ္ခ်က္ ျဖည့္စြက္နိုင္ရန္ လုပ္အားေပး ၃၅ဝခန႔္ ေခၚယူခဲ့ခန႔္အပ္ခဲ့ေၾကာင္း သိရသည္။