Input your search keywords and press Enter.

ဟားခါးတွင် ယဉ်ကျေးမှုထိန်းသိမ်းသည့်အနေဖြင့် ပထမဦးဆုံးအကြိမ် စာပေနှင့်ရိုးရာနေ့ ကျင်းပမည်

Shing Mang

ချင်းပြည်နယ် ဟားခါးမြို့တွင် ယဉ်ကျေးမှုထိန်းသိမ်းသည့်အနေဖြင့် ဟားခါးတက္ကသိုလ်ကျောင်းသားများအဖွဲ့အစည်း(HUSO)မှ ဦးဆောင်ပြီး ပထမဆုံးအကြိမ် အဖြစ် “စာပေနှင့်ရိုးရာနေ့”ကို နိုဝင်ဘာလ ၂၁ရက်နေ့တွင်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

“ယင်းပြိုင်ပွဲအတွက် ဟားခါးမြို့မှာရှိတဲ့ရပ်ကွက် အားလုံးပေါင်းပြီး ရက်ကွက်ကြီး ၆ ရပ်ကွပ်ခွဲပြီး အကတွေကိုပြိုင်ခိုင်းမှာဖြစ်တယ်၊ဝါးညှပ် အက တစ်ခုစီရယ် တခြားရိုးရာ အက ၁ ခုစီ ပြိုင်ကြရမှာဖြစ်တယ်” ဟုHUSO ဥက္ကဌ ဆလိုင်း ကြာကမ်းမှ ပြောသည်။

ဟားခါးမြို့ရှိရပ်ကွက်များကို Vaurawng အုပ်စု၊ Senri အုပ်စု ၊ Phaizawng အုပ်စု၊Bingbir အုပ်စု ၊ Chokhlei အုပ်စု ၊Dingdi အုပ်စု စသည့်အုပ်စုများအဖြစ် အုပ်စုအလိုက်ခွဲကာ ပြိုင်ပွဲများယှဉ်ပြိုင်ရမည် ဖြစ်ကြောင်းသိရသည်။

ယင်းပြိုင်ပွဲတွင် ယဉ်ကျေးမှုဆိုင်ရာ ဟောပြောပွဲများ၊ကဗျာရွက်ပွဲများ၊ချင်းရိုးရာ အကပြိုင်ပွဲများနှင့် အခြားအစီအစဉ်များ ပါဝင်မည်ဖြစ်သည်။

ယင်းပြိုင်နှင့် ပတ်သတ်ပြီး စာပေကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဆလိုင်းဟုန်းဘူနိန် မှ ” အကပြိုင်ပွဲမှာက ခွဲထားတဲ့ ရပ်ကွက် ၆ ရပ်ကွက် က အက တစ်ခုစီရယ် ဝါးညှပ်အကရယ် ဆိုပြီးတော့ အက ၂ မျိုးစီ ပြိုင်ကြမှာ ဖြစ်တယ်” ဟုပြောသည်။

ယင်း ပြိုင်ပွဲတွင် ကဗျာရွက်ပြိုင်ပွဲများ နှင့် ချင်းရိုးရာအက အမျိုးစားများဖြစ်သည့် Rualzapum၊Kokek၊Kamlo Chuncha၊ Conglai Zonh ၊Pa Sawm Rel နဲ့ Sunpar ၊စသည့် အကများဖြင့် ပြိုင်ပွဲဝင်ကြရမည် ဖြစ်ကြောင်းလည်းသိရသည်။

Zawgyi Code

ဟားခါးတြင္ ယဥ္ေက်းမႈထိန္းသိမ္းသည့္အေနျဖင့္ ပထမဦးဆုံးအႀကိမ္ စာေပႏွင့္ရိုးရာေန႔ က်င္းပမည္

ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕တြင္ ယဥ္ေက်းမႈထိန္းသိမ္းသည့္အေနျဖင့္ ဟားခါးတကၠသိုလ္ေက်ာင္းသားမ်ားအဖြဲ႕အစည္း(HUSO)မွ ဦးေဆာင္ၿပီး ပထမဆုံးအႀကိမ္ အျဖစ္ “စာေပႏွင့္ရိုးရာေန႔”ကို နိုဝင္ဘာလ ၂၁ရက္ေန႔တြင္က်င္းပမည္ျဖစ္ေၾကာင္းသိရသည္။

“ယင္းၿပိဳင္ပြဲအတြက္ ဟားခါးၿမိဳ႕မွာရွိတဲ့ရပ္ကြက္ အားလုံးေပါင္းၿပီး ရက္ကြက္ႀကီး ၆ ရပ္ကြပ္ခြဲၿပီး အကေတြကိုၿပိဳင္ခိုင္းမွာျဖစ္တယ္၊ဝါးညႇပ္ အက တစ္ခုစီရယ္ တျခားရိုးရာ အက ၁ ခုစီ ၿပိဳင္ၾကရမွာျဖစ္တယ္” ဟုHUSO ဥကၠဌ ဆလိုင္း ၾကာကမ္းမွ ေျပာသည္။

ဟားခါးၿမိဳ႕ရွိရပ္ကြက္မ်ားကို Vaurawng အုပ္စု၊ Senri အုပ္စု ၊ Phaizawng အုပ္စု၊Bingbir အုပ္စု ၊ Chokhlei အုပ္စု ၊Dingdi အုပ္စု စသည့္အုပ္စုမ်ားအျဖစ္ အုပ္စုအလိုက္ခြဲကာ ၿပိဳင္ပြဲမ်ားယွဥ္ၿပိဳင္ရမည္ ျဖစ္ေၾကာင္းသိရသည္။

ယင္းၿပိဳင္ပြဲတြင္ ယဥ္ေက်းမႈဆိုင္ရာ ေဟာေျပာပြဲမ်ား၊ကဗ်ာရြက္ပြဲမ်ား၊ခ်င္းရိုးရာ အကၿပိဳင္ပြဲမ်ားႏွင့္ အျခားအစီအစဥ္မ်ား ပါဝင္မည္ျဖစ္သည္။

ယင္းၿပိဳင္ႏွင့္ ပတ္သတ္ၿပီး စာေပေကာ္မတီ အဖြဲ႕ဝင္တစ္ဦးျဖစ္သည့္ ဆလိုင္းဟုန္းဘူနိန္ မွ ” အကၿပိဳင္ပြဲမွာက ခြဲထားတဲ့ ရပ္ကြက္ ၆ ရပ္ကြက္ က အက တစ္ခုစီရယ္ ဝါးညႇပ္အကရယ္ ဆိုၿပီးေတာ့ အက ၂ မ်ိဳးစီ ၿပိဳင္ၾကမွာ ျဖစ္တယ္” ဟုေျပာသည္။

ယင္း ၿပိဳင္ပြဲတြင္ ကဗ်ာရြက္ၿပိဳင္ပြဲမ်ား ႏွင့္ ခ်င္းရိုးရာအက အမ်ိဳးစားမ်ားျဖစ္သည့္ Rualzapum၊Kokek၊Kamlo Chuncha၊ Conglai Zonh ၊Pa Sawm Rel နဲ႔ Sunpar ၊စသည့္ အကမ်ားျဖင့္ ၿပိဳင္ပြဲဝင္ၾကရမည္ ျဖစ္ေၾကာင္းလည္းသိရသည္။