Input your search keywords and press Enter.

သုံးပွဲဆက်တိုက် ဂိုးပြတ်နိုင်ပွဲရထားသည့် ချင်း U 12 အသင်း ကွာတားဖိုင်နယ်ကို ကစားသမား၁၂ဦးဖြင့် ဆက်လက်ကစားရမည်

Shein Mang

ပြည်နယ်နှင့်တိုင်း ၁၂ နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် ပွဲပယ်ခံရသူများ နေမကောင်းသူများရှိခြင်းကြောင့် သုံးပွဲဆက်တိုက် ဂိုးပြတ်နိုင်ပွဲရထားသည့် ချင်း U 12 အသင်း ကွာတားဖိုင်နယ်ကို ကစားသမား ၁၂ ဦးဖြင့် ဆက်လက်ရုံးကန်နေရမည်ဖြစ်ကြောင်းသိရသည်။

“၂ယောက်က အထုတ်ခံရတယ် ၂ယောက်ကနေမကောင်းဆိုတော့ ကွာတားဖိုင်နယ်ကို အဓိက ကစားသမား ၁၂ ဦးနဲ့ပဲ ဆက်လက် ရုံးကန်ရမှာဖြစ်တယ် ” လို့ ချင်း U-12 နည်းပြ ဦး ကီလိန်းထံမှ သိရသည်။

ကွာတားအဆင့်တွင် မနက်ဖြန်ယှဉ်ပြိုင်ကစားမည့် ရန်ကုန် Vs စစ်ကိုင်း ၊ ဧရာဝတီ Vs ကချင် တွင် နိုင်သည့် အသင်းအပေါ်မူတည်ပြီး ချင်း U-12 အသင်းဖြင့် ကွာတားဖိုင်နယ် အဆင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

ကျန်ပြိုင်ပွဲများနဲ့ ပတ်သက်ပြီး ဦးကီးလိန်း မှ “ပုံမှန်တော့ training လုပ်တယ် တခြားသင်းကစားတဲ့ပွဲတွေကို ကြည့်ပြီးမှ သူတို့ရဲ့အားနည်းချက် အားသာချက်တွေကိုကြည့်ရတယ်” ဟုပြောသည်။

အားကစားသမား၁၂ ဦးဖြင့် ရုံးကန်ရမှာဖြစ်သော်လည်း ဗိုလ်စွဲမည့် အဆင့်ထိရောက်ပြီး အကောင်းဆုံးဆုများကိုလည်း ဆွတ်ခူးရန်ယုံကြည်ကြောင်း နည်းပြ ဦးကီးလိန်းထံမှ သိရသည်။

“လူစားအားလုံး ဒုတိယပိုင်းမှာ မဖြစ်မနေ လှဲရမှာ ဆိုတော့ နာတဲ့လူတွေကို ပထမပိုင်းမှာ တစ်ယောက် ဒုတိယပိုင်းမှာ ၁ယောက် အဲဒီပုံစံနဲ့ သွားရတယ် ပြီးတော့ ကျန်တဲ့ အမာခံထဲက ပိုကောင်းတဲ့လူကို ၂ပိုင်း လုံးကစားနိုင်အောင် ကျွန်တော်တို့ Line -Up ဆွဲရတယ် ဒီပုံစံနဲ့ပဲ ဆက်သွားရမှာဖြစ်တယ် “ဟု ယင်းမှ ထပ်ပြောသည်။

ချင်း U-12 ဘောလုံးအသင်းသည် အုပ်စု (C)တွင် ပဲခူးအသင်းကို ၆ဂိုး၂ဂိုး၊ရခိုင်အသင်းကို ၁၅ဂိုး ဂိုးမရှိ ၊ ရှမ်း(မြောက်) အသင်းကို ၈ဂိုး ဂိုးမရှိဖြင့်အုပ်စုဗိုလ်အဖြင့်ရပ်တည်ကာ ကွားတားဖိုင်နယ် အဆင့်ကို Oct၂၇ ရက်နေ့ မနက်၈နာရီတွင် ဆက်လက်ကစားသွားမည်ဖြစ်ကြောင်းသိရသည်။

Zawgyi Version

သုံးပြဲဆက္တိုက္ ဂိုးျပတ္နိုင္ပြဲရထားသည့္ ခ်င္း U 12 အသင္း ကြာတားဖိုင္နယ္ကို ကစားသမား၁၂ဦးျဖင့္ ဆက္လက္ကစားရမည္

ျပည္နယ္ႏွင့္တိုင္း ၁၂ ႏွစ္ေအာက္ ေဘာလုံးၿပိဳင္ပြဲတြင္ ပြဲပယ္ခံရသူမ်ား ေနမေကာင္းသူမ်ားရွိျခင္းေၾကာင့္ သုံးပြဲဆက္တိုက္ ဂိုးျပတ္နိုင္ပြဲရထားသည့္ ခ်င္း U 12 အသင္း ကြာတားဖိုင္နယ္ကို ကစားသမား ၁၂ ဦးျဖင့္ ဆက္လက္႐ုံးကန္ေနရမည္ျဖစ္ေၾကာင္းသိရသည္။

“၂ေယာက္က အထုတ္ခံရတယ္ ၂ေယာက္ကေနမေကာင္းဆိုေတာ့ ကြာတားဖိုင္နယ္ကို အဓိက ကစားသမား ၁၂ ဦးနဲ႔ပဲ ဆက္လက္ ႐ုံးကန္ရမွာျဖစ္တယ္ ” လို႔ ခ်င္း U-12 နည္းၿပ ဦး ကီလိန္းထံမွ သိရသည္။

ကြာတားအဆင့္တြင္ မနက္ျဖန္ယွဥ္ၿပိဳင္ကစားမည့္ ရန္ကုန္ Vs စစ္ကိုင္း ၊ ဧရာဝတီ Vs ကခ်င္ တြင္ နိုင္သည့္ အသင္းအေပၚမူတည္ၿပီး ခ်င္း U-12 အသင္းျဖင့္ ကြာတားဖိုင္နယ္ အဆင့္ ယွဥ္ၿပိဳင္ကစားသြားမည္ျဖစ္သည္။

က်န္ၿပိဳင္ပြဲမ်ားနဲ႔ ပတ္သက္ၿပီး ဦးကီးလိန္း မွ “ပုံမွန္ေတာ့ training လုပ္တယ္ တျခားသင္းကစားတဲ့ပြဲေတြကို ၾကည့္ၿပီးမွ သူတို႔ရဲ့အားနည္းခ်က္ အားသာခ်က္ေတြကိုၾကည့္ရတယ္” ဟုေျပာသည္။

အားကစားသမား၁၂ ဦးျဖင့္ ႐ုံးကန္ရမွာျဖစ္ေသာ္လည္း ဗိုလ္စြဲမည့္ အဆင့္ထိေရာက္ၿပီး အေကာင္းဆုံးဆုမ်ားကိုလည္း ဆြတ္ခူးရန္ယုံၾကည္ေၾကာင္း နည္းၿပ ဦးကီးလိန္းထံမွ သိရသည္။

“လူစားအားလုံး ဒုတိယပိုင္းမွာ မျဖစ္မေန လွဲရမွာ ဆိုေတာ့ နာတဲ့လူေတြကို ပထမပိုင္းမွာ တစ္ေယာက္ ဒုတိယပိုင္းမွာ ၁ေယာက္ အဲဒီပုံစံနဲ႔ သြားရတယ္ ၿပီးေတာ့ က်န္တဲ့ အမာခံထဲက ပိုေကာင္းတဲ့လူကို ၂ပိုင္း လုံးကစားနိုင္ေအာင္ ကၽြန္ေတာ္တို႔ Line -Up ဆြဲရတယ္ ဒီပုံစံနဲ႔ပဲ ဆက္သြားရမွာျဖစ္တယ္ “ဟု ယင္းမွ ထပ္ေျပာသည္။

ခ်င္း U-12 ေဘာလုံးအသင္းသည္ အုပ္စု (C)တြင္ ပဲခူးအသင္းကို ၆ဂိုး၂ဂိုး၊ရခိုင္အသင္းကို ၁၅ဂိုး ဂိုးမရွိ ၊ ရွမ္း(ေျမာက္) အသင္းကို ၈ဂိုး ဂိုးမရွိျဖင့္အုပ္စုဗိုလ္အျဖင့္ရပ္တည္ကာ ကြားတားဖိုင္နယ္ အဆင့္ကို Oct၂၇ ရက္ေန႔ မနက္၈နာရီတြင္ ဆက္လက္ကစားသြားမည္ျဖစ္ေၾကာင္းသိရသည္။