Input your search keywords and press Enter.

ပလက်ဝတွင် တပ်မတော်မှ ဒေသခံများကို အခကြေးငွေဖြင့် ရိက္ခာသယ်ယူခိုင်းမှုများရှိနေပြီး အသက်အန္တရာယ် စိုးရိမ်နေရဟုဆို

Salai Benezer

ပလက်ဝမြို့နယ်ရှိ မီးဇာကျေးရွာရှိ ဒေသခံပြည်သူများကို မြန်မာ့တပ်မတော်မှ အခကြေးငွေဖြင့် ရိက္ခာသယ်ယူခိုင်းမှုများရှိနေပြီး အသက်အန္တရာယ်ပိုင်းတွင် လုံခြုံမှုမရှိဘဲ စိုးရိမ်နေရဟု ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဆလိုင်း Terah ထံမှ သိရသည်။

“အခုဖြစ်နေတဲ့ ဒေသတွေက တိုက်ပွဲဖြစ်တဲ့ဒေသတွေဆိုတော့ ရွာသားတွေအတွက် လုံခြုံမှုမရှိဘူး၊ အသက်အန္တရာယ်ရှိတယ်ဆိုတော့ တပ်မတော်အနေနဲ့ မလုပ်သင့်ဘူးပေါ့၊ တစ်ကယ်လို့လုပ်ခိုင်းရင်တောင် လုံခြုံရေးလုပ်ပေးသင့်တယ်ပေါ့၊ ခုတော့ အဲလိုမျိုးလဲမရှိဘူး၊ ခုချိန်က တောင်သူတွေရဲ့ စပါးရိတ်သိမ်းတဲ့အချိန်ဆိုတော့ သူတို့အတွက် ဝန်ထုတ်ဝန်ပိုးလည်းဖြစ်တယ်၊ လုပ်ငန်းလည်းပျက်တယ်”ဟု ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဆလိုင်း Terah က ပြောသည်။

မြန်မာ့တပ်မတော်မှ ဒေသခံများအား ရိက္ခာသယ်ယူခိုင်းခြင်းကို အောက်တိုဘာ ၁၉ရက်နေ့ကစတင် စေခိုင်းခြင်းဖြစ်ပြီး တပ်မ ၇၇ ဗျူဟာထိုင်သည့် ခမောက်ဝအထိ ဆန်အပါအဝင် တပ်ရိက္ခာများ ထမ်းခိုင်းခြင်းဖြစ်ကြောင်း သိရသည်။
ရိက္ခာသယ်ယူခိုင်းခြင်းကို ပျမ်းမျှအားဖြင့် တစ်ရက်တွင် အယောက်နှစ်ဆယ်မှ အယောက်သုံးဆယ်ကျော်အထိ ဆန်တစ်အိတ်တွင်နှစ်ယောက်နှုန်းဖြင့် လူတစ်ဦးကို လေးထောင်ပေးကာ ထမ်းခိုင်းသော်လည်း အကွာအဝေး ကီလိုမီတာ ၅ဝခန့်ထမ်းရသဖြင့် ထိုက်တန်ခြင်းမရှိကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါ ရိက္ခာသယ်ယူမှုလုပ်ဆောင်ရာတွင် အများအားဖြင့် အမျိုးသားများကိုခိုင်းလေ့ရှိပြီး လူဦးရေမလုံလောက်ပါက အမျိုးသမီးများနှင့် အသက်ငါးဆယ်ကျော် လူကြီးများကိုလည်း ခိုင်းလေ့ရှိကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဆလိုင်း Terah ကပြောသည်။

မီးဇာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဟွေ့လောမှ “တစ်ချို့တွေတော့ မလုပ်ချင်ကြဘူး၊ တစ်ချို့တွေတော့ လုပ်ချင်ကြတယ်၊ ဒါပေမယ့် မလုပ်ရင်လည်း မကောင်းဘူးဆိုပြီးတော့ ထမ်းကြရတာဘဲ၊ ကျနော်တို့ အုပ်ချုပ်ရေးပိုင်းကနေလူစုပေးရတယ်၊ ကျနော်တို့ဘက်လည်း အခက်အခဲအရမ်းဖြစ်တယ်၊ ဘယ်လိုလုပ်ရမလဲမသိဘူး၊ ဘယ်သူမှတော့ ဒီကိစ္စကိုမလိုချင်ကြဘူး”ဟု ပြောသည်။

အဆိုပါ ရိက္ခာသယ်ယူခိုင်းခြင်းကို အောက်တိုဘာ ၁၉ရက်နေ့မှ ယနေ့ထိ သယ်ယူခိုင်းနေပြီး နောက်ရက်များတွင်လည်း ဆက်လယ်သယ်ယူရမည်ဖြစ်ပြီး ရိက္ခာမကုန်မခြင်း သယ်ယူခိုင်းမည်ဟု ယူဆကြောင်း ဦးဟွေ့လောမှ ပြောသည်။

ယခုကဲ့သို့ ဒေသခံပြည်သူများအား တပ်မတော်မှ ရိက္ခာသယ်ယူခိုင်းခြင်းကို ယခုနှစ် ဧပြီလအတွင်းကလည်း လုပ်ဆောင်ခဲ့ဖူးပြီး အနီးအနားရှိ ကျေးရွာငါးရွာမှ ဒေသခံများကို လုပ်ဆောင်ခိုင်းခဲ့ကြောင်းသိရသည်။

ပလက်ဝမြို့နယ်တွင် ဒေသခံအချို့ တောထဲသွားရာမှ အစအနမရှိဘဲ ပျောက်ဆုံးမှု ယခုနှစ်အတွင်း ၁၅ဦးအထိရှိခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းတွင် လင်မယား ၂ဦးပြန်တွေ့သဖြင့် လက်ရှိအချိန်ထိ ၁၃ဦး ပျောက်ဆုံးနေသေးကြောင်းသိရသည်။

Zawgyi Version

ပလက္ဝတြင္ တပ္မေတာ္မွ ေဒသခံမ်ားကို အခေၾကးေငြျဖင့္ ရိကၡာသယ္ယူခိုင္းမႈမ်ားရွိေနၿပီး အသက္အႏၲရာယ္ စိုးရိမ္ေနရဟုဆို
====================
Salai Benezer

ပလက္ဝၿမိဳ႕နယ္ရွိ မီးဇာေက်းရြာရွိ ေဒသခံျပည္သူမ်ားကို ျမန္မာ့တပ္မေတာ္မွ အခေၾကးေငြျဖင့္ ရိကၡာသယ္ယူခိုင္းမႈမ်ားရွိေနၿပီး အသက္အႏၲရာယ္ပိုင္းတြင္ လုံျခဳံမႈမရွိဘဲ စိုးရိမ္ေနရဟု ခ်င္းလူ႔အခြင့္အေရးအဖြဲ႕မွ ဆလိုင္း Terah ထံမွ သိရသည္။

“အခုျဖစ္ေနတဲ့ ေဒသေတြက တိုက္ပြဲျဖစ္တဲ့ေဒသေတြဆိုေတာ့ ရြာသားေတြအတြက္ လုံျခဳံမႈမရွိဘူး၊ အသက္အႏၲရာယ္ရွိတယ္ဆိုေတာ့ တပ္မေတာ္အေနနဲ႔ မလုပ္သင့္ဘူးေပါ့၊ တစ္ကယ္လို႔လုပ္ခိုင္းရင္ေတာင္ လုံျခဳံေရးလုပ္ေပးသင့္တယ္ေပါ့၊ ခုေတာ့ အဲလိုမ်ိဳးလဲမရွိဘူး၊ ခုခ်ိန္က ေတာင္သူေတြရဲ့ စပါးရိတ္သိမ္းတဲ့အခ်ိန္ဆိုေတာ့ သူတို႔အတြက္ ဝန္ထုတ္ဝန္ပိုးလည္းျဖစ္တယ္၊ လုပ္ငန္းလည္းပ်က္တယ္”ဟု ခ်င္းလူ႔အခြင့္အေရးအဖြဲ႕မွ ဆလိုင္း Terah က ေျပာသည္။

ျမန္မာ့တပ္မေတာ္မွ ေဒသခံမ်ားအား ရိကၡာသယ္ယူခိုင္းျခင္းကို ေအာက္တိုဘာ ၁၉ရက္ေန႔ကစတင္ ေစခိုင္းျခင္းျဖစ္ၿပီး တပ္မ ၇၇ ဗ်ဴဟာထိုင္သည့္ ခေမာက္ဝအထိ ဆန္အပါအဝင္ တပ္ရိကၡာမ်ား ထမ္းခိုင္းျခင္းျဖစ္ေၾကာင္း သိရသည္။
ရိကၡာသယ္ယူခိုင္းျခင္းကို ပ်မ္းမၽွအားျဖင့္ တစ္ရက္တြင္ အေယာက္ႏွစ္ဆယ္မွ အေယာက္သုံးဆယ္ေက်ာ္အထိ ဆန္တစ္အိတ္တြင္ႏွစ္ေယာက္ႏႈန္းျဖင့္ လူတစ္ဦးကို ေလးေထာင္ေပးကာ ထမ္းခိုင္းေသာ္လည္း အကြာအေဝး ကီလိုမီတာ ၅ဝခန႔္ထမ္းရသျဖင့္ ထိုက္တန္ျခင္းမရွိေၾကာင္း ေဒသခံမ်ားထံမွသိရသည္။

အဆိုပါ ရိကၡာသယ္ယူမႈလုပ္ေဆာင္ရာတြင္ အမ်ားအားျဖင့္ အမ်ိဳးသားမ်ားကိုခိုင္းေလ့ရွိၿပီး လူဦးေရမလုံေလာက္ပါက အမ်ိဳးသမီးမ်ားႏွင့္ အသက္ငါးဆယ္ေက်ာ္ လူႀကီးမ်ားကိုလည္း ခိုင္းေလ့ရွိေၾကာင္း ခ်င္းလူ႔အခြင့္အေရးအဖြဲ႕မွ ဆလိုင္း Terah ကေျပာသည္။

မီးဇာေက်းရြာ အုပ္ခ်ဳပ္ေရးမႉး ဦးေဟြ႕ေလာမွ “တစ္ခ်ိဳ႕ေတြေတာ့ မလုပ္ခ်င္ၾကဘူး၊ တစ္ခ်ိဳ႕ေတြေတာ့ လုပ္ခ်င္ၾကတယ္၊ ဒါေပမယ့္ မလုပ္ရင္လည္း မေကာင္းဘူးဆိုၿပီးေတာ့ ထမ္းၾကရတာဘဲ၊ က်ေနာ္တို႔ အုပ္ခ်ဳပ္ေရးပိုင္းကေနလူစုေပးရတယ္၊ က်ေနာ္တို႔ဘက္လည္း အခက္အခဲအရမ္းျဖစ္တယ္၊ ဘယ္လိုလုပ္ရမလဲမသိဘူး၊ ဘယ္သူမွေတာ့ ဒီကိစၥကိုမလိုခ်င္ၾကဘူး”ဟု ေျပာသည္။

အဆိုပါ ရိကၡာသယ္ယူခိုင္းျခင္းကို ေအာက္တိုဘာ ၁၉ရက္ေန႔မွ ယေန႔ထိ သယ္ယူခိုင္းေနၿပီး ေနာက္ရက္မ်ားတြင္လည္း ဆက္လယ္သယ္ယူရမည္ျဖစ္ၿပီး ရိကၡာမကုန္မျခင္း သယ္ယူခိုင္းမည္ဟု ယူဆေၾကာင္း ဦးေဟြ႕ေလာမွ ေျပာသည္။

ယခုကဲ့သို႔ ေဒသခံျပည္သူမ်ားအား တပ္မေတာ္မွ ရိကၡာသယ္ယူခိုင္းျခင္းကို ယခုႏွစ္ ဧၿပီလအတြင္းကလည္း လုပ္ေဆာင္ခဲ့ဖူးၿပီး အနီးအနားရွိ ေက်းရြာငါးရြာမွ ေဒသခံမ်ားကို လုပ္ေဆာင္ခိုင္းခဲ့ေၾကာင္းသိရသည္။

ပလက္ဝၿမိဳ႕နယ္တြင္ ေဒသခံအခ်ိဳ႕ ေတာထဲသြားရာမွ အစအနမရွိဘဲ ေပ်ာက္ဆုံးမႈ ယခုႏွစ္အတြင္း ၁၅ဦးအထိရွိခဲ့ၿပီး ၿပီးခဲ့သည့္ရက္ပိုင္းတြင္ လင္မယား ၂ဦးျပန္ေတြ႕သျဖင့္ လက္ရွိအခ်ိန္ထိ ၁၃ဦး ေပ်ာက္ဆုံးေနေသးေၾကာင္းသိရသည္။