Input your search keywords and press Enter.

ဟားခါးကောလိပ်တွင် ကျောင်းသား ၄၃ဝထပ်တိုးမည်ဖြစ်ပြီး ကျောင်းနေဆောင်များအတွက်အခက်ခဲရှိနေ

Salai Shing

ချင်းပြည်နယ် ဟားခါးမြို့ရှိ ဟားခါးကောလိပ်တွင် လာမည့်နှစ်အတွက် ကျောင်းသား ၄၃ဝဦး ထပ်တိုးလာမည်ဖြစ်ပြီး ကျောင်းသားဦးရေတိုးလာသည်နှင့်အမျှ စာသင်ဆောင်များလုံလောက်သော်လည်း ကျောင်းနေအဆောင်များအတွက်အခက်ခဲရှိနေသေးကြောင်းသိရသည်။

“ဒီနှစ်က နေ့ကျောင်းသားဦးရေ ၄၃ဝဦး ထပ်တိုးလာမှာဖြစ်တယ်၊ ကျောင်းသားဆောင်ကတော့ လောလောဆယ် အဆင်ပြေတယ် ကျောင်းသူဆောင်က လောလောဆယ်အခက်ခဲရှိနေသေးတယ်၊ထပ်ပြီး မိန်းကလေးဆောင်ဆောက်နေတဲ့ဟာကလည်း ဒီဇင်ဘာလမှာမပြီးနိုင်လောက်ဘူး” ဟု မော်ကွန်းထိန်း ဦးမျိုးမင်း ထံမှ သိရသည်။

ဟားခါးကောလိပ်တွင် စာသင်ဆောင် (၅) ဆောင် နှင့် လူဦးရေ ၈၀ ကျော်ဆန့် မိန်းကလေးဆောင် (၁) ဆောင် ၊ ယောကျာ်းလေးဆောင် (၁) ဆောင်ရှိပြီး မိန်းကလေးဆောင်တွင် အဆောင်နေသူများ အပြည့်ရှိပြီး ယောက်ကျာင်္းလေးဆောင်တွင် ယောက် ၃၀ လောက်သာရှိသည်ဟုလည်း ယင်းထံမှ သိရသည်။

၎င်းကိစ္စနှင့်ပတ်သတ်ပြီး “ မိန်းကလေးဆောင် တစ်ဆောင် ရှိတယ်ဆိုတာကလည်း ဆရာတို့က အခုနည်းပညာဖက်က လူ (၁၀၀) ဆန့် တစ်ဆောင်ပြီးပြီလေ ဆိုတော့ အဲဒီ (၁၀၀) ဆန့်အဆောင်ကို ဆရာတို့က ယောကျာ်းလေးအဆာင်အဖြစ်ထားပြီး ဒီဘက်က နီးစပ်တဲ့ ၂ဆောင်ကို ၈၀-၈၀ နဲ့ မိန်းကလေးဆောင်လုပ်လိုက်ရင် အဆင်ပြေသွားမှာပါ “ ဟု ဟားခါးကောလိပ် ကျောင်းအုပ်ဆရာကြီး ဒေါက်တာ လျန်ဇခုပ် မှပြောကြားသည်။

ဟားခါးကောလိပ်ကို ၂၀၁၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင်နေ့ကျောင်းသားဦးရေ ၈၃၇ ဦးရှိကြောင်းသိရသည်။

Zawgyi Version

ဟားခါးေကာလိပ္တြင္ ေက်ာင္းသား ၄၃ဝထပ္တိုးမည္ျဖစ္ၿပီး ေက်ာင္းေနေဆာင္မ်ားအတြက္အခက္ခဲရွိေန

Shing Mang

ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕ရွိ ဟားခါးေကာလိပ္တြင္ လာမည့္ႏွစ္အတြက္ ေက်ာင္းသား ၄၃ဝဦး ထပ္တိုးလာမည္ျဖစ္ၿပီး ေက်ာင္းသားဦးေရတိုးလာသည္ႏွင့္အမၽွ စာသင္ေဆာင္မ်ားလုံေလာက္ေသာ္လည္း ေက်ာင္းေနအေဆာင္မ်ားအတြက္အခက္ခဲရွိေနေသးေၾကာင္းသိရသည္။

“ဒီႏွစ္က ေန႔ေက်ာင္းသားဦးေရ ၄၃ဝဦး ထပ္တိုးလာမွာျဖစ္တယ္၊ ေက်ာင္းသားေဆာင္ကေတာ့ ေလာေလာဆယ္ အဆင္ေျပတယ္ ေက်ာင္းသူေဆာင္က ေလာေလာဆယ္အခက္ခဲရွိေနေသးတယ္၊ထပ္ၿပီး မိန္းကေလးေဆာင္ေဆာက္ေနတဲ့ဟာကလည္း ဒီဇင္ဘာလမွာမၿပီးနိုင္ေလာက္ဘူး” ဟု ေမာ္ကြန္းထိန္း ဦးမ်ိဳးမင္း ထံမွ သိရသည္။

ဟားခါးေကာလိပ္တြင္ စာသင္ေဆာင္ (၅) ေဆာင္ ႏွင့္ လူဦးေရ ၈၀ ေက်ာ္ဆန႔္ မိန္းကေလးေဆာင္ (၁) ေဆာင္ ၊ ေယာက်ာ္းေလးေဆာင္ (၁) ေဆာင္ရွိၿပီး မိန္းကေလးေဆာင္တြင္ အေဆာင္ေနသူမ်ား အျပည့္ရွိၿပီး ေယာက္က်ာၤးေလးေဆာင္တြင္ ေယာက္ ၃၀ ေလာက္သာရွိသည္ဟုလည္း ယင္းထံမွ သိရသည္။

၎ကိစၥႏွင့္ပတ္သတ္ၿပီး “ မိန္းကေလးေဆာင္ တစ္ေဆာင္ ရွိတယ္ဆိုတာကလည္း ဆရာတို႔က အခုနည္းပညာဖက္က လူ (၁၀၀) ဆန႔္ တစ္ေဆာင္ၿပီးၿပီေလ ဆိုေတာ့ အဲဒီ (၁၀၀) ဆန႔္အေဆာင္ကို ဆရာတို႔က ေယာက်ာ္းေလးအဆာင္အျဖစ္ထားၿပီး ဒီဘက္က နီးစပ္တဲ့ ၂ေဆာင္ကို ၈၀-၈၀ နဲ႔ မိန္းကေလးေဆာင္လုပ္လိုက္ရင္ အဆင္ေျပသြားမွာပါ “ ဟု ဟားခါးေကာလိပ္ ေက်ာင္းအုပ္ဆရာႀကီး ေဒါက္တာ လ်န္ဇခုပ္ မွေျပာၾကားသည္။

ဟားခါးေကာလိပ္ကို ၂၀၁၆ ခုႏွစ္တြင္ စတင္ဖြင့္လွစ္ခဲ့ၿပီး လက္ရွိတြင္ေန႔ေက်ာင္းသားဦးေရ ၈၃၇ ဦးရွိေၾကာင္းသိရသည္။