Input your search keywords and press Enter.

ပလက်ဝမြို့နယ်အတွင်း အရပ်သား (၁၅)ဦး ပြောက်ဆုံးနေမှုအပေါ် ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီမှ သဘောထားထုတ်ပြန်

Salai Benezer

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် အေအေတပ်ဖွဲ့ကြား ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် ၂၀၁၉ အောက်တိုဘာလ (၁၅)ရက်နေအထိ အရပ်သား (၁၅)ဦးအထိ ပျောက်ဆုံးနေမှုနှင့် ပါတ်သတ်ပြီး ခူမီးချင်းမျိုးနွယ်စုများ ရေးရာပေါင်းစပ်ညှိနှိုင်းမှုကောင်စီမှ ထုတ်ပြန်ကြေညာချက်တစ်စောင်ကို အောက်တိုဘာ ၂၀ရက်နေ့တွင် ထုတ်ပြန်လိုက်ကြောင်းသိရသည်။

သဘောထားထုတ်ပြန်ချက်ထဲတွင် လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် နိုင်ငံတော်အစိုးရအနေဖြင့် ပျောက်ဆုံးနေသည့် အရပ်သားများ အမြန်ဆုံး ပြန်လည်တွေ့ရှိနိုင်ရေးနှင့် ၎င်းတို့အနေဖြင့် မိမိတို့ သက်ဆိုင်ရာမိသားစုများနှင့် အမြန်ဆုံးပေါင်းစည်းနိုင်ရေး ကူညီဆောင်ရွက်ပေးကြရန် ပါဝင်သည်။

ထို့ပြင် အေအေအဖွဲ့အနေဖြင့် တိုက်ပွဲများနှင့် မသက်ဆိုင်သော ဒေသခံချင်းလူမျိုး အရပ်သားများအား အကြောင်းမဲ့ ခြိမ်းခြောက်ခေါ်ဆောင်ခြင်းများ လုံးဝမပြုလုပ်ရန် တောင်းဆိုထားသည်။

ခူမီးချင်းမျိုးနွယ်စုများ ရေးရာပေါင်းစပ်ညှိနှိုင်းမှုကောင်စီ၏ ညှိနှိုင်းရေးမှူး ဦးစောမြမှ “ အခုလက်ရှိ အခြေအနေက စစ်ပွဲဖြစ်နေတဲ့ အနီးအနားရွာတွေက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကတစ်မျိုး၊ စစ်မဖြစ်ဘဲနဲ့လဲ အခုလိုပျောက်ဆုံးမှုတွေရှိနေတော့ တစ်နယ်လုံးစိုးရိမ်နေကြတယ်၊ တောင်ယာလည်းမသွားရဲကြဘူး၊ တိုင်းရင်းသားတွေက တရားမျှတမှုမရလို့ လက်နက်စွဲကိုင် တော်လှန်ရေးလုပ်ကြတယ်၊ အဲဒါကြောင့် တော်လှန်ရေးလုပ်တဲ့ လက်နက်ကိုင်တွေကိုယ်တိုင်က တရားမျှတမှုကင်းမဲ့တဲ့ လုပ်ရပ်မျိုးမလုပ်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်”ဟု ပြောသည်။

ချင်းလူ့အခွင့်ရေးအဖွဲ့ (CHRO)မှ ပလက်ဝမြို့နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ဒေသခံပြည်သူ (၁၅)ဦး ပဟေဠိ ဆန်ဆန် ပျောက်ဆုံးနေမှု နှင့်ပတ်သက်ပြီး သတင်းအစအနပင်ဘာတစ်ခုမှ မသိရကြောင်း အောက်တိုဘာလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ချင်းလူ့အခွင့်ရေးအဖွဲ့မှ Pu Terah က “ခုထိပျောက်ဆုံးနေတာ ၁၅ယောက်ရှိပြီ၊ ၂၀၁၈မှာ ၂ယောက်ပျောက်တယ်၊ ၂၀၁၉မှာ ၁၃ယောက်ပျောက်တယ်၊ ပျောက်ဆုံးနေတဲ့ ဒေသမှာ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းနှစ်ခုဖြစ်တဲ့ မြန်မာတပ်မတော်ရယ် အေအေတပ်မတော်ရယ် သူတို့မှာလည်း တာဝန်ရှိတယ် တကယ်လို့ သူတို့ဖမ်းဆီးတယ်ဆိုရင် သူတို့ဘာကြောင့် ဖမ်းဆီးတာလည် အခုပျောက်တာလည်း တော်တော်များတယ် ဖမ်းတဲ့အကြောင်းရင်းလည်း ဖော်ထုတ်သင့်တယ် သူတို့က သက်ဆိုင်ရာကို အကြောင်းကြားသင့်တယ် အစနပျောက်တယ် ဆိုဒါက လုံခြုံရေးအရ စိုးရိမ်စရာကောင်းတယ်”ဟုပြောသည်။

CHRO၏ ထုတ်ပြန်ချက်ထဲတွင် ပျောက်ဆုံးနေသည့် ဒေသခံ (၁၅)ဦးနှင့်ပါတ်သတ်ပြီး မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) နှစ်ဘက်လုံးမှ ၎င်းတို့လက်ချက်မဟုတ်ဟု ငြင်းဆိုထားကြောင်း ဖော်ပြထားသည်။

Zawgyi Version

ပလက္၀ၿမဳိ႕နယ္အတြင္း အရပ္သား (၁၅)ဦး ေျပာက္ဆံုးေနမႈအေပၚ ခူမီးခ်င္းမ်ဳိးႏြယ္စုမ်ားေရးရာ ေပါင္းစပ္ညႇိႏႈိင္းေရးေကာင္စီမွ သေဘာထားထုတ္ျပန္
=================
Salai Benezer

ခ်င္းျပည္နယ္ ပလက္၀ၿမဳိ႕နယ္အတြင္း တပ္မေတာ္ႏွင့္ ေအေအတပ္ဖြဲ႕ၾကား ျဖစ္ပြားလ်က္ရွိသည့္ တိုက္ပြဲမ်ားေၾကာင့္ ၂၀၁၉ ေအာက္တိုဘာလ (၁၅)ရက္ေနအထိ အရပ္သား (၁၅)ဦးအထိ ေပ်ာက္ဆံုးေနမႈႏွင့္ ပါတ္သတ္ၿပီး ခူမီးခ်င္းမ်ဳိးႏြယ္စုမ်ား ေရးရာေပါင္းစပ္ညႇိႏႈိင္းမႈေကာင္စီမွ ထုတ္ျပန္ေၾကညာခ်က္တစ္ေစာင္ကို ေအာက္တိုဘာ ၂၀ရက္ေန႔တြင္ ထုတ္ျပန္လိုက္ေၾကာင္းသိရသည္။

သေဘာထားထုတ္ျပန္ခ်က္ထဲတြင္ လႊတ္ေတာ္ကုိယ္စားလွယ္မ်ားအပါအ၀င္ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ေပ်ာက္ဆံဳးေနသည့္ အရပ္သားမ်ား အျမန္ဆံုး ျပန္လည္ေတြ႕ရွိႏိုင္ေရးႏွင့္ ၄င္းတို႔အေနျဖင့္ မိမိတို႔ သက္ဆိုင္ရာမိသားစုမ်ားႏွင့္ အျမန္ဆံုးေပါင္းစည္းႏိုင္ေရး ကူညီေဆာင္ရြက္ေပးၾကရန္ ပါ၀င္သည္။

ထို႔ျပင္ ေအေအအဖြဲ႕အေနျဖင့္ တုိက္ပြဲမ်ားႏွင့္ မသက္ဆိုင္ေသာ ေဒသခံခ်င္းလူမ်ဳိး အရပ္သားမ်ားအား အေၾကာင္းမဲ့ ျခိမ္းေျခာက္ေခၚေဆာင္ျခင္းမ်ား လံုး၀မျပဳလုပ္ရန္ ေတာင္းဆိုထားသည္။

ခူမီးခ်င္းမ်ဳိးႏြယ္စုမ်ား ေရးရာေပါင္းစပ္ညႇိႏႈိင္းမႈေကာင္စီ၏ ညႇိႏႈိင္းေရးမွဴး ဦးေစာျမမွ “ အခုလက္ရွိ အေျခအေနက စစ္ပြဲျဖစ္ေနတဲ့ အနီးအနားရြာေတြက ထြက္ေျပးလာတဲ့ ဒုကၡသည္ေတြကတစ္မ်ဳိး၊ စစ္မျဖစ္ဘဲနဲ႔လဲ အခုလိုေပ်ာက္ဆံုးမႈေတြရွိေနေတာ့ တစ္နယ္လံုးစိုးရိမ္ေနၾကတယ္၊ ေတာင္ယာလည္းမသြားရဲၾကဘူး၊ တိုင္းရင္းသားေတြက တရားမွ်တမႈမရလို႔ လက္နက္စြဲကိုင္ ေတာ္လွန္ေရးလုပ္ၾကတယ္၊ အဲဒါေၾကာင့္ ေတာ္လွန္ေရးလုပ္တဲ့ လက္နက္ကိုင္ေတြကိုယ္တိုင္က တရားမွ်တမႈကင္းမဲ့တဲ့ လုပ္ရပ္မ်ဳိးမလုပ္ဖို႔ လိုတယ္လို႔ ေျပာခ်င္ပါတယ္”ဟု ေျပာသည္။

ခ်င္းလူ႔အခြင့္ေရးအဖြဲ႕ (CHRO)မွ ပလက္၀ၿမိဳ႕နယ္အတြင္း ကိုယ္၀န္ေဆာင္မိခင္အပါအ၀င္ ေဒသခံျပည္သူ (၁၅)ဦး ပေဟဠိ ဆန္ဆန္ ေပ်ာက္ဆံုးေနမႈ ႏွင့္ပတ္သက္ၿပီး သတင္းအစအနပင္ဘာတစ္ခုမွ မသိရေၾကာင္း ေအာက္တိုဘာလ ၉ ရက္ေန႔က ထုတ္ျပန္ခဲ့သည္။

ခ်င္းလူ႔အခြင့္ေရးအဖြဲ႔မွ Pu Terah က “ခုထိေပ်ာက္ဆံုးေနတာ ၁၅ေယာက္ရွိၿပီ၊ ၂၀၁၈မွာ ၂ေယာက္ေပ်ာက္တယ္၊ ၂၀၁၉မွာ ၁၃ေယာက္ေပ်ာက္တယ္၊ ေပ်ာက္ဆံုးေနတဲ႔ ေဒသမွာ လႈပ္ရွားေနတဲ႔ အဖြဲ႔အစည္းႏွစ္ခုျဖစ္တဲ႔ ျမန္မာတပ္မေတာ္ရယ္ ေအေအတပ္မေတာ္ရယ္ သူတို႔မွာလည္း တာဝန္ရွိတယ္ တကယ္လုိ႔ သူတို႔ဖမ္းဆီးတယ္ဆိုရင္ သူတုိ႔ဘာေၾကာင့္ ဖမ္းဆီးတာလည္ အခုေပ်ာက္တာလည္း ေတာ္ေတာ္မ်ားတယ္ ဖမ္းတဲ႔အေၾကာင္းရင္းလည္း ေဖာ္ထုတ္သင့္တယ္ သူတုိ႔က သက္ဆိုင္ရာကို အေၾကာင္းၾကားသင့္တယ္ အစနေပ်ာက္တယ္ ဆိုဒါက လံုျခံဳေရးအရ စိုးရိမ္စရာေကာင္းတယ္”ဟုေျပာသည္။

CHRO၏ ထုတ္ျပန္ခ်က္ထဲတြင္ ေပ်ာက္ဆံုးေနသည့္ ေဒသခံ (၁၅)ဦးႏွင့္ပါတ္သတ္ၿပီး ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡဳိင့္တပ္မေတာ္ (AA) ႏွစ္ဘက္လံုးမွ ၄င္းတို႔လက္ခ်က္မဟုတ္ဟု ျငင္းဆိုထားေၾကာင္း ေဖာ္ျပထားသည္။