Input your search keywords and press Enter.

ရပ်နားသွားသည့် မဏိပူရ ရေအားလျှပ်စစ် စီမံကိန်းပြန်လည် လုပ်ဆောင်နိူင်ရန် စီစဉ်လျက်ရှိ

ွSalai C.Lian
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် အတွင်း လုပ်ငန်းရပ်နားသွားသည့် မဏိပူရ ရေအားလျှပ်စစ် စီမံကိန်းပြန်လည် လုပ်ဆောင်နိူင်ရန် ပြည်ထောင်စု အဆင့်ထိ လိုအပ်သည့် စာရွက်စာတမ်းများ တင်ပြလျက်ရှိကြောင်း ချင်းပြည်နယ် စည်ပင်/လျှပ်စစ်ဝန်ကြီး ဦး စိုးထက်က ပြောသည်။

စည်ပင်/လျှပ်စစ်ဝန်ကြီး ဦး စိုးထက်က “မဏိပူရ ရေအားလျှပ်စစ်လည်း ပြန်စဖို့ ကျွန်တော်တို့ လုပ်နေတယ်၊ နိူင်ငံတော်အဆင့်ကနေ လုပ်ငန်းတာဝန် ယူထားတယ်ဆိုတော့ နိူင်ငံတော်က ခွင့်ပြုချက်ရမှ လုပ်ငန်းစတင်လို့ရမယ်၊ ဒီလို လုပ်ငန်းပြန်စနိူင်ဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်း ကိုလည်း ကျွန်တော်တို့ အကုန်လုံးပို့ထား ပြီးပြီ၊ အရင်က လုပ်နေတဲ့ တရုတ်ကုမ္ပဏီတွေ ပြန်စနိူင်ဖို့ ကျွန်တော်တို့ လုပ်ဆောင်နေတယ်” ဟု ပြောသည်။

ထို့ပြင် ချင်းပြည်နယ်အတွင်းရှိ အသေးစား၊ အလတ်စား ရေအားလျှပ်စစ် ထုတ်လုပ်နိူင်ရန် အတွက် နေရာ (၂၀)တွင် Survey ဆင်းရန် တရုတ်ကုမ္ပဏီနှင့်လည်း MOU ရေးထိုးထားကြောင်း သိရသည်။

ဝန်ကြီး ဦး စိုးထက် က “အသေးစားအလတ်စား ရေအားလျှပ်စစ်အတွက် တရုတ်ကုမ္ပဏီနဲ့ MOU ထိုးထားတာတွေ ရှိတယ်၊ တရုတ်ကုမ္ပဏီများများက လာရောက်ဆက်သွယ်တယ်၊ ဒါပေမဲ့ တစ်ခါတည်း အကောင်အထည် ဖော်လို့ မရဘူး၊ Survey အရင်ဆင်းရမယ်၊ အဲ့ဒီမှာ တစ်နှစ်လောက်တော့ ကြာအုံးမယ်” ဟု ပြောသည်။

ယင်းအသေးစား၊ အလတ်စား ရေအားလျှပ်စစ်ထုတ်လုပ်ရာတွင် ၃၀ မီဂါဝပ်အောက်ကို ပြည်နယ်အစိုးရနှင့်သော်လည်းကောင်း၊ ၃၀ မီဂါဝါတ်အထက်ကို ပြည်ထောင်စုနဲ့ တွဲလုပ်မည် ဖြစ်ကြောင်း သိရသည်။ တရုတ်နှင့် MOU ရေးထိုးထားသည့် နေရာများသည် ချင်းပြည်နယ်အတွင်း မြစ်ချောင်းများရှိသည့်နေရာများဖြစ်ပြီး ဘွဲနူးချောင်း၊ လေမြိုချောင်း၊ မဏိပူ နှင့် ကုလားတန်မြစ် များပါဝင်ကြောင်းသိရသည်။

Zawgyi

ရပ်နားသွားသည့် မဏိပူရ ရေအားလျှပ်စစ် စီမံကိန်းပြန်လည် လုပ်ဆောင်နိုင်ရန် စီစဉ်လျက်ရှိ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် အတွင်း လုပ်ငန်းရပ်နားသွားသည့် မဏိပူရ ရေအားလျှပ်စစ် စီမံကိန်းပြန်လည် လုပ်ဆောင်နိုင်ရန် ပြည်ထောင်စု အဆင့်ထိ လိုအပ်သည့် စာရွက်စာတမ်းများ တင်ပြလျက်ရှိကြောင်း ချင်းပြည်နယ် စည်ပင်/လျှပ်စစ်ဝန်ကြီး ဦး စိုးထက်က ပြောသည်။

စည်ပင်/လျှပ်စစ်ဝန်ကြီး ဦး စိုးထက်က “မဏိပူရ ရေအားလျှပ်စစ်လည်း ပြန်စဖို့ ကျွန်တော်တို့ လုပ်နေတယ်၊ နိုင်ငံတော်အဆင့်ကနေ လုပ်ငန်းတာဝန် ယူထားတယ်ဆိုတော့ နိုင်ငံတော်က ခွင့်ပြုချက်ရမှ လုပ်ငန်းစတင်လို့ရမယ်၊ ဒီလို လုပ်ငန်းပြန်စနိုင်ဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်း ကိုလည်း ကျွန်တော်တို့ အကုန်လုံးပို့ထား ပြီးပြီ၊ အရင်က လုပ်နေတဲ့ တရုတ်ကုမ္ပဏီတွေ ပြန်စနိုင်ဖို့ ကျွန်တော်တို့ လုပ်ဆောင်နေတယ်” ဟု ပြောသည်။

ထို့ပြင် ချင်းပြည်နယ်အတွင်းရှိ အသေးစား၊ အလတ်စား ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရန် အတွက် နေရာ (၂၀)တွင် Survey ဆင်းရန် တရုတ်ကုမ္ပဏီနှင့်လည်း MOU ရေးထိုးထားကြောင်း သိရသည်။

