Input your search keywords and press Enter.

ဟားခါးမြို့တွင် ဟိုတယ် (၆) လုံးတည်ဆောက်မည်ဖြစ်ပြီး နှစ်လုံးကို တည်ဆောက်လျက်ရှိ

Salai C.Lian
ချင်းပြည်နယ်၏ မြို့တော်ဟားခါးမြို့တွင် ကြယ် (၃) ပွင့်အဆင့် ဟိုတယ် (၄) လုံးဆက်လက် တည်ဆောက်မည်ဖြစ်ပြီးလက်ရှိအချိန်တွင် ဓါတ်လှေကားပါ ဟိုတယ် (၂) လုံးတည်ဆောက် လျက်ရှိကြောင်း ချင်းပြည်နယ်၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင် ဝန်ကြီး ဦး စိုးထက်ကပြောသည်။

ဝန်ကြီး ဦးစိုးထက်က “ဟိုတယ်က ဂန့်ဂေါလမ်းမှာ တစ်လုံးနှင့် လမ်းဆုံမှာ (၄) ထပ်တစ်လုံး၊ ဓါတ်လှေကား အပါပေါ့၊ အခုဆောက်လက်စက (၂) လုံးရှိတယ်၊ နောက်ထပ်ဆောက်မှာက (၄) လုံးဆိုတော့ အကုန်လုံးက (၆) လုံးဖြစ်သွားမှာပေါ့၊ ကြယ်သုံးပွင့်အဆင့် ဟိုတယ် (၄) လုံးအတွက် နေရာပေးထားတာတွေရှိတယ်၊ အဲ့ဒီအတွက်လည်း ညိုနှိုင်းပြီးပြီ၊ ဟိုတယ်တွေကို ပွင့်လင်းရာသီ နိူဝင်ဘာလ လောက်ဆိုရင်တော့ ကျွန်တော်တို့ စလို့ရပြီ” ဟု ပြောသည်။

အဆိုပါဟိုတယ် တည်ဆောက်ဖို့အတွက် ဟိုတယ်တစ်ခုနှင့် တစ်ခုဘတ်ဂျက်ကွာခြားမှုရှိပြီး ဟိုတည် တစ်လုံးလျှင် ကျပ်သန်း ၂၅ မှ ၄၀ ကြားအသုံးပြုမည် ဖြစ်ကြောင်း သိရသည်။

ဝန်ကြီး ဦး စိုးထက်က “ဘတ်ဂျတ်ကတော့ တစ်ချို့ဟိုတယ်တွေကတော့ သန်း ၄၀ သုံးတာရှိမယ်၊ သန်း ၃၀ သုံးတာတွေရှိမယ်၊ ၂၅ သန်းသုံးတာတွေရှိမယ်၊ အကုန်လုံးကမတူကြဘူး” ဟု ပြောသည်။

ထို့ပြင် ချင်းပြည်နယ်အတွင်းရှိ တစ်ခြားမြို့များတွင်လည်း ဟိုတယ်ဆက်လက် တည်ဆောက်ဖို့ ရှိကြောင်း ဝန်ကြီး ဆိုသည်။
ဝန်ကြီးက “တစ်ခြားမြို့နယ်တွေမှာလည်း ဟိုတယ်ဆောက်ဖို့ရှိသေးတယ်၊ ကျွန်တော်တို့ ဖလမ်း၊ ကန်ပက်လက်၊ မင်းတပ်မှာလည်း ဆက်ဆောက်ဖို့ရှိတယ်၊ ကန်ပလက်၊ မင်းတပ်တို့မှာကတော့ ဟိုတယ်တော့ရှိပြီးသား၊ ဒါပေမဲ့ ကျွန်တော်တို့က လာလိုက်ရင် မြေပြသနာတွေ ဖြစ်တာပေါ့၊ ဒေသခံတွေနှင့် ညိုရအုံးမယ်” ဟု ပြောသည်။

ဟိုတယ်ဆောက်မည့် နေရာကို ယခင်အစိုးရက သတ်မှတ်ခဲ့သည့် ဟိုတယ်ဇုန်အတွင်းမှာ တည်ဆောက်မည်ဖြစ်ပြီး King Solomon, KL Amazing, ချမ်းသာရွှေမြေနှင့် အောင်ကံသာ ကုမ္ပဏီများမှ ဟားခါးကောလိပ်၊ ဂေါက်ကွင်း၊ ကျောဘုတ်ရပ်ကွက်နှင့် မြို့သစ်စီမံကိန်းဧရိယာများ တွင် တာဝန်ယူပြီး ဆောက်မည်ဖြစ်သည်။

Zawgyi One

ဟားခါးၿမိဳ႕တြင္ ဟုိတယ္ (၆) လုံးတည္ေဆာက္မည္ျဖစ္ၿပီး ႏွစ္လံုးကို တည္ေဆာက္လ်က္ရွိ

ခ်င္းျပည္နယ္၏ ၿမိဳ႕ေတာ္ဟားခါးၿမိဳ႕တြင္ ၾကယ္ (၃) ပြင့္အဆင့္ ဟုိတယ္ (၄) လုံးဆက္လက္ တည္ေဆာက္မည္ျဖစ္ၿပီးလက္ရွိအခ်ိန္တြင္ ဓါတ္ေလွကားပါ ဟုိတယ္ (၂) လုံးတည္ေဆာက္ လ်က္ရွိေၾကာင္း ခ်င္းျပည္နယ္၏ ေျပာေရးဆုိခြင့္ရွိသူ စည္ပင္ ၀န္ႀကီး ဦး စုိးထက္ကေျပာသည္။

၀န္ႀကီး ဦးစုိးထက္က “ဟုိတယ္က ဂန္႕ေဂါလမ္းမွာ တစ္လုံးႏွင့္ လမ္းဆုံမွာ (၄) ထပ္တစ္လုံး၊ ဓါတ္ေလွကား အပါေပါ့၊ အခုေဆာက္လက္စက (၂) လုံးရွိတယ္၊ ေနာက္ထပ္ေဆာက္မွာက (၄) လုံးဆုိေတာ့ အကုန္လုံးက (၆) လုံးျဖစ္သြားမွာေပါ့၊ ၾကယ္သုံးပြင့္အဆင့္ ဟုိတယ္ (၄) လုံးအတြက္ ေနရာေပးထားတာေတြရွိတယ္၊ အဲ့ဒီအတြက္လည္း ညုိႏွိဳင္းၿပီးၿပီ၊ ဟုိတယ္ေတြကုိ ပြင့္လင္းရာသီ ႏူိ၀င္ဘာလ ေလာက္ဆုိရင္ေတာ့ ကၽြန္ေတာ္တုိ႔ စလုိ႔ရၿပီ” ဟု ေျပာသည္။

အဆုိပါဟုိတယ္ တည္ေဆာက္ဖုိ႔အတြက္ ဟုိတယ္တစ္ခုႏွင့္ တစ္ခုဘတ္ဂ်က္ကြာျခားမႈရွိၿပီး ဟုိတည္ တစ္လုံးလ်ွင္ က်ပ္သန္း ၂၅ မွ ၄၀ ၾကားအသုံးျပဳမည္ ျဖစ္ေၾကာင္း သိရသည္။

၀န္ႀကီး ဦး စုိးထက္က “ဘတ္ဂ်တ္ကေတာ့ တစ္ခ်ဳိ႕ဟုိတယ္ေတြကေတာ့ သန္း ၄၀ သုံးတာရွိမယ္၊ သန္း ၃၀ သုံးတာေတြရွိမယ္၊ ၂၅ သန္းသုံးတာေတြရွိမယ္၊ အကုန္လုံးကမတူၾကဘူး” ဟု ေျပာသည္။

ထုိ႔ျပင္ ခ်င္းျပည္နယ္အတြင္းရွိ တစ္ျခားၿမိဳ႕မ်ားတြင္လည္း ဟုိတယ္ဆက္လက္ တည္ေဆာက္ဖုိ႔ ရွိေၾကာင္း ၀န္ႀကီး ဆုိသည္။
၀န္ႀကီးက “တစ္ျခားၿမိဳ႕နယ္ေတြမွာလည္း ဟုိတယ္ေဆာက္ဖုိ႔ရွိေသးတယ္၊ ကၽြန္ေတာ္တုိ႔ ဖလမ္း၊ ကန္ပက္လက္၊ မင္းတပ္မွာလည္း ဆက္ေဆာက္ဖုိ႔ရွိတယ္၊ ကန္ပလက္၊ မင္းတပ္တုိ႔မွာကေတာ့ ဟုိတယ္ေတာ့ရွိၿပီးသား၊ ဒါေပမဲ့ ကၽြန္ေတာ္တုိ႔က လာလုိက္ရင္ ေျမျပသနာေတြ ျဖစ္တာေပါ့၊ ေဒသခံေတြႏွင့္ ညုိရအုံးမယ္” ဟု ေျပာသည္။

ဟုိတယ္ေဆာက္မည္႔ ေနရာကုိ ယခင္အစုိးရက သတ္မွတ္ခဲ့သည့္ ဟုိတယ္ဇုန္အတြင္းမွာ တည္ေဆာက္မည္ျဖစ္ၿပီး King Solomon, KL Amazing, ခ်မ္းသာေရႊေျမႏွင့္ ေအာင္ကံသာ ကုမၸဏီမ်ားမွ ဟားခါးေကာလိပ္၊ ေဂါက္ကြင္း၊ ေက်ာဘုတ္ရပ္ကြက္ႏွင့္ ၿမိဳ႕သစ္စီမံကိန္းဧရိယာမ်ား တြင္ တာ၀န္ယူၿပီး ေဆာက္မည္ျဖစ္သည္။