Input your search keywords and press Enter.

သက္မျပည့္ ကေလးအား အဓၶမျပဳက်င့္သူ၏ ဓာတ္ပံုရရွိၿပီျဖစ္ေသာ္လည္း မဖမ္းႏုိင္ေသး

စစ္ကုိင္းတုိင္း၊ ကေလးၿမိဳ႕စမ္းၿမိဳ႕ရပ္ကြက္ရွိ အမွတ္(၈) အေျခခံအထက္တန္းေက်ာင္းတြင္ ေက်ာင္းတက္ေရာက္ေန သည့္ (၅) ႏွစ္အရြယ္ KG ေက်ာင္းသူကို အဓမၼျပဳက်င့္သူ၏ ဓာတ္ပံုမ်ား ရရွိထားၿပီျဖစ္ေသာ္လည္း တရားခံလြတ္ေျမာက္ေနဆဲဟု သိရသည္။
(၅)ႏွစ္အရြယ္ KG ေက်ာင္းသူကို အဓမၼျပဳက်င့္သူမွ ေက်ာင္းမွ ေခၚသြားသည့္ လမ္းေၾကာင္းကို ေက်ာင္းသူမေလးကို ေမးျမန္းသည့္အခ်ိန္တြင္ သြားခဲ႔သည့္ လမ္းအတိုင္း CCTV ကင္မရာတပ္ထားသည့္ ေနရာမ်ား စစ္ေဆးရာ တာဟန္းေစ်းအနီး အပန္းေျဖဘီယာဆုိင္ေရွ႕တြင္ ဆိုင္ကယ္နဲ႔ တင္ေဆာင္သြားခဲ႔သည့္ ပံုရိပ္မ်ားမွ သိရွိရျခင္းျဖစ္ေၾကာင္း သိရသည္။
အမ်ိဳးသမီးဆုိင္ရာ တရားမ်ွတမႈ WJ မွ တာဝန္ရွိသူတစ္ဦးက “အခုခ်ိန္မွာ ကေလးမေလးကိုလည္း ေမးျမန္းလို႔ ရေနၿပီလို႔လည္း သိရတယ္။ ကေလးမေလးကို အဓမၼျပဳက်င့္တဲ႔သူရဲ႕ ပံုရိပ္ေတြကိုလည္း CCTV ကေနတဆင့္ ရရွိတယ္။ တရားခံကိုေတာ့ မမိေသးဘူးလုိ႔လည္း သိရတယ္”ဟုေျပာသည္။
KGေက်ာင္းသူကို အဓမၼက်င့္သူ၏ ပံုရိပ္မ်ားကို သိရွိရသည္မွာ ႏွစ္ပတ္ေက်ာ္ ၾကာခဲ႔ၿပီျဖစ္ေသာ္လည္း တရားခံမွာ လြတ္ေျမာက္ေနဆဲျဖစ္သည္။ အဆုိပါ အမႈႏွင့္ ပတ္သက္ၿပီး တာဝန္ရွိသူမ်ားမွ စံုစမ္း စစ္ေဆးေနဆဲ ျဖစ္ေၾကာင္းလည္း သိရွိရသည္။
စမ္းၿမိဳ႕ရပ္ကြက္ရွိ အမွတ္(၈) အေျခခံအထက္တန္းေက်ာင္းတြင္ ေက်ာင္းတတ္ေရာက္ေနသည့္ (၅)ႏွစ္အရြယ္ KG ေက်ာင္းသူတစ္ဦးကို ေအာက္တိုဘာလ (၁)ရက္ေန႔ ညေနပိုင္းတြင္ အဓမၼျပဳက်င့္သူမွ ေက်ာင္းသူေလးကို မုန္႔ဝယ္ေကၽြးမည္ဆိုၿပီး ဆိုင္ကယ္ျဖင့္ ဒိုးဝိုင္းေခ်ာင္း သုႆန္အနီးတြင္ ေခၚေဆာင္ၿပီး အဓမၼျပဳက်င့္ခဲ႔သည္။

Unicode Version

သက်မပြည့် ကလေးအား အဓ္ဓမပြုကျင့်သူ၏ ဓာတ်ပုံရရှိပြီဖြစ်သော်လည်း မဖမ်းနိုင်သေး

ကလေးမြို့စမ်းမြို့ရပ်ကွက်ရှိ အမှတ်(၈) အခြေခံအထက်တန်းကျောင်းတွင် ကျောင်းတက်ရောက်နေ သည့် (၅) နှစ်အရွယ် KG ကျောင်းသူကို အဓမ္မပြုကျင့်သူ၏ ဓာတ်ပုံများ ရရှိထားပြီဖြစ်သော်လည်း တရားခံလွတ်မြောက်နေဆဲဟု သိရသည်။

(၅)နှစ်အရွယ် KG ကျောင်းသူကို အဓမ္မပြုကျင့်သူမှ ကျောင်းမှ ခေါ်သွားသည့် လမ်းကြောင်းကို ကျောင်းသူမလေးကို မေးမြန်းသည့်အချိန်တွင် သွားခဲ့သည့် လမ်းအတိုင်း CCTV ကင်မရာတပ်ထားသည့် နေရာများ စစ်ဆေးရာ တာဟန်းဈေးအနီး အပန်းဖြေဘီယာဆိုင်ရှေ့တွင် ဆိုင်ကယ်နဲ့ တင်ဆောင်သွားခဲ့သည့် ပုံရိပ်များမှ သိရှိရခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသမီးဆိုင်ရာ တရားမျှတမှု WJ မှ တာဝန်ရှိသူတစ်ဦးက “အခုချိန်မှာ ကလေးမလေးကိုလည်း မေးမြန်းလို့ ရနေပြီလို့လည်း သိရတယ်။ ကလေးမလေးကို အဓမ္မပြုကျင့်တဲ့သူရဲ့ ပုံရိပ်တွေကိုလည်း CCTV ကနေတဆင့် ရရှိတယ်။ တရားခံကိုတော့ မမိသေးဘူးလို့လည်း သိရတယ်”ဟုပြောသည်။
KGကျောင်းသူကို အဓမ္မကျင့်သူ၏ ပုံရိပ်များကို သိရှိရသည်မှာ နှစ်ပတ်ကျော် ကြာခဲ့ပြီဖြစ်သော်လည်း တရားခံမှာ လွတ်မြောက်နေဆဲဖြစ်သည်။ အဆိုပါ အမှုနှင့် ပတ်သက်ပြီး တာဝန်ရှိသူများမှ စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ကြောင်းလည်း သိရှိရသည်။

စမ်းမြို့ရပ်ကွက်ရှိ အမှတ်(၈) အခြေခံအထက်တန်းကျောင်းတွင် ကျောင်းတတ်ရောက်နေသည့် (၅)နှစ်အရွယ် KG ကျောင်းသူတစ်ဦးကို အောက်တိုဘာလ (၁)ရက်နေ့ ညနေပိုင်းတွင် အဓမ္မပြုကျင့်သူမှ ကျောင်းသူလေးကို မုန့်ဝယ်ကျွေးမည်ဆိုပြီး ဆိုင်ကယ်ဖြင့် ဒိုးဝိုင်းချောင်း သုဿန်အနီးတွင် ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ခဲ့သည်။

photo; Nilian Sang FB page