Input your search keywords and press Enter.

ကုလားတန်မြစ်တစ်လျှောက် တရားမဝင် ဟွန်ဒါစက်လှေ ပြေးစွဲနေသူများ၏ တရားမဝင် ငွေကြေးကောက်ခံမှုများကို အရေးယူမည်

Salai Khup Khup
ပလက်ဝမြို့ နယ်တွင်း ကုလားတန်မြစ်၌ တရားမဝင် ဟွန်ဒါစက်လှေပြေးဆွဲနေသူများမှ တရားမဝင် ငွေကြေးတောင်းခံမှုများကို တရားဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပလက်ဝမြို့ စည်ပင်ဥက္ကဌ ဦးထွန်းလင်းကပြောသည်။

ပလက်ဝမြို့ စည်ပင်ဥက္ကဌ ဦးထွန်းလင်းက “ရုံးကနေလည်း ထုတ်ပြန်စာ ရှိပြီးသားပါ။ ဟွန်ဒါစက်လှေ တစ်စီးမှာ လူသုံးဦးနဲ့ အထက်လည်း တင်ဆောင်လို့ ရတယ်။ ငွေကြေးကောက်ခံမှုရှိရင် မတရားသယ်ဆောင်တဲ့ သဘောလည်း သက်ရောက်တယ်။ ကျွန်တော်တို့ဖက်က လုံးဝပြောပြီးသား တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်”ဟုပြောသည်။

ရှင်းလက်ဝ – တောင်ပြို- ပလက်ဝ ကုလားတန်မြစ်တစ်လျှောက် လူသုံးဦးအထက် တင်ဆောင်သည့် ဟွန်ဒါစက်လှေများကို တစ်ဦးလျှင် ငါးထောင်စီကောက်ခံမှုရှိနေပြီး မပေးနိုင်ပါက အတင်းအဓမ္မ မှတ်ပုံတင်သိမ်းဆည်း မူများရှိကြောင်းသိရသည်။

ပလက်ဝမြို့ ဒေသခံတစ်ဦးက “၂၀၁၈ တုန်းက အခုလိုမျိုး ပိုက်ဆံကောက်တာတွေရှိတော့ ဝန်ကြီးကနေ မကောက်ခံဖို့ အမိန့်စာတော့ ထုတ်ထားပြီးဖြစ်တယ်။ ဒါပေမဲ့ အခုလိုပြန်ဖြစ်လာတယ် ဆိုတော့ ခရီးသွားနဲ့ ပက်သက်ပြီး အခက်အခဲတွေ အများကြီးရှိလာပြီ”ဟုပြောသည်။

ပလက်ဝမြို့ စည်ပင်သာယာရေးမှ ငွေကြေးကောက်ခံသည့် ဟွန်ဒါစက်လှေမောင်းသူများကိုလည်း သတိပေးလက်မှတ်များ ထိုးခိုင်းမှုမျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဥက္ကဌ ဦးထွန်းလင်းကပြောသည်။

သူကဆက်ပြီး “ကျွန်တော်တို့ ရုံးကနေ သာရေးနာရေးကိုဖြစ်စေ ကောက်ခံခွင့် မရှိဘူးနောက်ပြီး စက်လှေမှာ လူသုံးဦးနဲ့အထက်လည်း တင်ဆောင်လို့ရတယ်။ အဲဒီကိစ္စအတွက်လည်း သူတို့ကို သတိပေးလက်မှတ်ထိုး ခိုင်းဖို့ အစီအစဉ်လည်း ရှိပါတယ်” ဟုပြောသည်။

Zawgyi Version
ကုလားတန္ျမစ္တစ္ေလွ်ာက္ တရားမ၀င္ ဟြန္ဒါစက္ေလွ ေျပးစြဲေနသူမ်ား၏ တရားမ၀င္ ေငြေၾကးေကာက္ခံမႈမ်ားကို အေရးယူမည္

ပလက္ဝၿမိ္ဳ႕ နယ္တြင္း ကုလားတန္ျမစ္၌ တရားမဝင္ ဟြန္ဒါစက္ေလွေျပးဆြဲေနသူမ်ားမွ တရားမ၀င္ ေငြေၾကးေတာင္းခံမႈမ်ားကို တရားဥပေဒအရ အေရးယူေဆာင္ရြက္ သြားမည္ျဖစ္ေၾကာင္း ပလက္ဝၿမိဳ႕ စည္ပင္ဥကၠဌ ဦးထြန္းလင္းကေျပာသည္။

ပလက္ဝၿမိဳ႕ စည္ပင္ဥကၠဌ ဦးထြန္းလင္းက “ရံုးကေနလည္း ထုတ္ျပန္စာ ရွိၿပီးသားပါ။ ဟြန္ဒါစက္ေလွ တစ္စီးမွာ လူသံုးဦးနဲ႔ အထက္လည္း တင္ေဆာင္လုိ႔ ရတယ္။ ေငြေၾကးေကာက္ခံမႈရွိရင္ မတရားသယ္ေဆာင္တဲ႔ သေဘာလည္း သက္ေရာက္တယ္။ ကၽြန္ေတာ္တုိ႔ဖက္က လံုးဝေျပာၿပီးသား တရားဥပေဒအရ အေရးယူေဆာင္ရြက္သြားမယ္”ဟုေျပာသည္။

ရွင္းလက္ဝ – ေတာင္ၿပိဳ- ပလက္ဝ ကုလားတန္ျမစ္တစ္ေလွ်ာက္ လူသုံးဦးအထက္ တင္ေဆာင္သည့္ ဟြန္ဒါစက္ေလွမ်ားကို တစ္ဦးလ်ွင္ ငါးေထာင္စီေကာက္ခံမႈရွိေနၿပီး မေပးႏုိင္ပါက အတင္းအဓမၼ မွတ္ပံုတင္သိမ္းဆည္း မူမ်ားရွိေၾကာင္းသိရသည္။

ပလက္ဝၿမိဳ႕ ေဒသခံတစ္ဦးက “၂၀၁၈ တုန္းက အခုလုိမ်ိဳး ပိုက္ဆံေကာက္တာေတြရွိေတာ့ ဝန္ၾကီးကေန မေကာက္ခံဖို႔ အမိန္႔စာေတာ့ ထုတ္ထားၿပီးျဖစ္တယ္။ ဒါေပမဲ႔ အခုလိုျပန္ျဖစ္လာတယ္ ဆိုေတာ့ ခရီးသြားနဲ႔ ပက္သက္ၿပီး အခက္အခဲေတြ အမ်ားၾကီးရွိလာၿပီ”ဟုေျပာသည္။
ပလက္ဝၿမိဳ႕ စည္ပင္သာယာေရးမွ ေငြေၾကးေကာက္ခံသည့္ ဟြန္ဒါစက္ေလွေမာင္းသူမ်ားကိုလည္း သတိေပးလက္မွတ္မ်ား ထိုးခိုင္းမႈမ်ိဳးေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ဥကၠဌ ဦးထြန္းလင္းကေျပာသည္။

သူကဆက္ၿပီး “ကၽြန္ေတာ္တုိ႔ ရုံးကေန သာေရးနာေရးကိုျဖစ္ေစ ေကာက္ခံခြင့္ မရွိဘူးေနာက္ၿပီး စက္ေလွမွာ လူသံုးဦးနဲ႔အထက္လည္း တင္ေဆာင္လုိ႔ရတယ္။ အဲဒီကိစၥအတြက္လည္း သူတုိ႔ကို သတိေပးလက္မွတ္ထုိး ခိုင္းဖုိ႔ အစီအစဥ္လည္း ရွိပါတယ္” ဟုေျပာသည္။