Input your search keywords and press Enter.

ကျပ်သန်း ၄၈၀၀ ဖြင့် မံဆောင်း (မဏိပူရ) မြစ်ကူးတံတားအသစ် နှစ် (၂) အတွင်း အပြီးတည်ဆောက်မည်

Salai C.lian
စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံတို့အကြား အဓိက ကုန်သွယ်ရေးလမ်းဖြစ်သည့် ကလေးမြို့မှ မှသွားလျှင် တီးတိန်မြို့- ချင်းပြည်နယ်စပ် ရိဒ်ခေါ်ဒါရ် ကြားရှိ မံဆောင်း (မဏိပူရ) မြစ်ကူးတံတားအသစ်ကို (၂) နှစ်အတွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦး ရွှေထီးအိုးက ပြောသည်။

စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် နယ်စပ် ရိခေါ်ဒါရလ်ကြားတွင် ရှိသည့် မံဆောင်းတံတားသည် လက်ရှိအချိန်တွင် ကုန်ခံနိုင်ရည် ၁၆ တန်သာ ဖြတ်ခွင့်ပြုပြီး တံတားအသစ်တွင် တန် ၆၀ ထိဖြတ်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။
ဝန်ကြီး ဦးရွှေထီးအိုးက “အရင်ကတော့ ဒီတံတားက ကားလေးတွေကိုပဲ သွားခွင့်ပြုထားတယ်၊ အခုတံတား အသစ်မှာကျတော့ တန် ၆၀ ထိကားတွေ ဖြတ်လို့ရတော့မယ်၊ ကျွန်တော်တို့ အခုတံတား တည်ဆောက်ရေးလုပ်ငန်း စတင်နေပါပြီး၊ ဒီတံတားတည်ဆောက်ဖို့အတွက် သန်း ၄၆၀၀ ကိုလည်းလျှာထားပြီးပြီ၊ ဒီမံဆောင်းတံတားကို ပေ ၅၅၇ အရှည်တည်ဆောက်မှာဖြစ်တယ်” ဟု ပြောသည်။

ယခုအသုံးပြုလက်ရှိသည့် မံဆောင်းတံတားမှာ ၁၆ တန်သာဖြတ်ခွင့် ရသည့်အတွက် မိုးတွင်းကာလနှင့် ရေများသည့်အချိန်များတွင် တံတားစိတ်မချရခြင်းကြောင့် ကားကြီးများကုန်းလမ်းဖြင့် သွားလာရသည့်အတွက် အခက်ကြုံနေကြောင်း ကလေး-ရိဒ် ယာဉ်လိုင်းပိုင်ရှင်များထံမှ သိရသည်။
ကလေး-ရိဒ် ယာဉ်လိုင်း ဂိတ်ပိုင်ရှင်တစ်ဦးက “တံတားခံနိူင်ရေနည်းတော့ မိုးရာသီဆို အခက်ကြုံရတာပေါ့၊ နွေရာသီဆိုရင်တော့ ကျွန်တော်တို့ ကုန်းလမ်းကို ဖောက်ပြီး တံတားအောက်ကနေပဲ ဖြတ်ကြတယ်၊ အခုတော့ ကားတန်ချိန်အပိုကိုလည်း တင်လို့မရဘူး၊ လူစီးယာဉ်တွေအတွက်တော့ ကိစ္စမရှိသလောက်ပါပဲ” ဟု ပြောသည်။
ဝန်ကြီးဦးရွှေထီးအိုးက “မံဆောင်းတံတားသစ်က နှစ် (၂) လောက်တော့ကြာမယ် ထင်တယ်၊ ဘာလို့လဲ ဆိုတော့ ဗာရ်တံတားကိုလည်း လုပ်နေတယ်ဆိုတော့၊ ပြီးတော့ ဗာရ်တံတားတော့ လာမယ့်နှစ်မှာ ကျွန်တော်တို့ အပြီးတည်ဆောက်နိူင်မယ်” ဟု ပြောသည်။

အိန္ဒိယ-မြန်မာ အဓိကကုန်သွားရေးလမ်း တစ်ခုဖြစ်သည့် ကလေး-ရိဒ် ကားလမ်းကို နေ့စဉ် အနည်းဆုံး ကားစီးရေ ၃၀ မှ ၅၀ ပတ်ဝန်းကျင်အသုံးပြု သွားလာရသည့် ကားလမ်းဖြစ်သည်။

Zawgyi Version
က်ပ္သန္း ၄၈၀၀ ျဖင့္ မံေဆာင္း (မဏိပူရ) ျမစ္ကူးတံတားအသစ္ ႏွစ္ (၂) အတြင္း အၿပီးတည္ေဆာက္မည္

စစ္ကိုင္းတုိင္း၊ ခ်င္းျပည္နယ္ႏွင့္ အိႏၵိယႏုိင္ငံတို႕အၾကား အဓိက ကုန္သြယ္ေရးလမ္းျဖစ္သည့္ ကေလးၿမိဳ႕မွ မွသြားလွ်င္ တီးတိန္ၿမိဳ႕- ခ်င္းျပည္နယ္စပ္ ရိဒ္ေခၚဒါရ္ ၾကားရွိ မံေဆာင္း (မဏိပူရ) ျမစ္ကူးတံတားအသစ္ကုိ (၂) ႏွစ္အတြင္း တည္ေဆာက္သြားမည္ ျဖစ္ေၾကာင္း ခ်င္းျပည္နယ္ လမ္းပန္းဆက္သြယ္ေရး ၀န္ႀကီး ဦး ေရႊထီးအုိးက ေျပာသည္။

စစ္ကုိင္းတုိင္း ကေလးၿမိဳ႕မွ ခ်င္းျပည္နယ္ နယ္စပ္ ရိေခၚဒါရလ္ၾကားတြင္ ရွိသည္႔ မံေဆာင္းတံတားသည္ လက္ရွိအခ်ိန္တြင္ ကုန္ခံႏုိင္ရည္ ၁၆ တန္သာ ျဖတ္ခြင့္ျပဳၿပီး တံတားအသစ္တြင္ တန္ ၆၀ ထိျဖတ္ခြင့္ျပဳမည္ ျဖစ္ေၾကာင္း သိရသည္။

၀န္ႀကီး ဦးေရႊထီးအုိးက “အရင္ကေတာ့ ဒီတံတားက ကားေလးေတြကုိပဲ သြားခြင့္ျပဳထားတယ္၊ အခုတံတား အသစ္မွာက်ေတာ့ တန္ ၆၀ ထိကားေတြ ျဖတ္လုိ႔ရေတာ့မယ္၊ ကၽြန္ေတာ္တုိ႔ အခုတံတား တည္ေဆာက္ေရးလုပ္ငန္း စတင္ေနပါၿပီး၊ ဒီတံတားတည္ေဆာက္ဖုိ႔အတြက္ သန္း ၄၆၀၀ ကုိလည္းလွ်ာထားၿပီးၿပီ၊ ဒီမံေဆာင္းတံတားကုိ ေပ ၅၅၇ အရွည္တည္ေဆာက္မွာျဖစ္တယ္” ဟု ေျပာသည္။

ယခုအသံုးျပဳလက္ရွိသည့္ မံေဆာင္းတံတားမွာ ၁၆ တန္သာျဖတ္ခြင့္ ရသည္႔အတြက္ မုိးတြင္းကာလႏွင့္ ေရမ်ားသည္႔အခ်ိန္မ်ားတြင္ တံတားစိတ္မခ်ရျခင္းေၾကာင့္ ကားႀကီးမ်ားကုန္းလမ္းျဖင့္ သြားလာရသည္႔အတြက္ အခက္ႀကံဳေနေၾကာင္း ကေလး-ရိဒ္ ယာဥ္လုိင္းပုိင္ရွင္မ်ားထံမွ သိရသည္။
ကေလး-ရိဒ္ ယာဥ္လုိင္း ဂိတ္ပုိင္ရွင္တစ္ဦးက “တံတားခံႏူိင္ေရနည္းေတာ့ မုိးရာသီဆုိ အခက္ႀကံဳရတာေပါ့၊ ေႏြရာသီဆုိရင္ေတာ့ ကၽြန္ေတာ္တုိ႔ ကုန္းလမ္းကုိ ေဖာက္ၿပီး တံတားေအာက္ကေနပဲ ျဖတ္ၾကတယ္၊ အခုေတာ့ ကားတန္ခ်ိန္အပုိကုိလည္း တင္လုိ႔မရဘူး၊ လူစီးယာဥ္ေတြအတြက္ေတာ့ ကိစၥမရွိသေလာက္ပါပဲ” ဟု ေျပာသည္။
၀န္ႀကီးဦးေရႊထီးအိုးက “မံေဆာင္းတံတားသစ္က ႏွစ္ (၂) ေလာက္ေတာ့ၾကာမယ္ ထင္တယ္၊ ဘာလုိ႔လဲ ဆုိေတာ့ ဗာရ္တံတားကုိလည္း လုပ္ေနတယ္ဆုိေတာ့၊ ၿပီးေတာ့ ဗာရ္တံတားေတာ့ လာမယ့္ႏွစ္မွာ ကၽြန္ေတာ္တုိ႔ အၿပီးတည္ေဆာက္ႏူိင္မယ္” ဟု ေျပာသည္။

အိႏၵိယ-ျမန္မာ အဓိကကုန္သြားေရးလမ္း တစ္ခုျဖစ္သည့္ ကေလး-ရိဒ္ ကားလမ္းကို ေန႔စဥ္ အနည္းဆုံး ကားစီးေရ ၃၀ မွ ၅၀ ပတ္၀န္းက်င္အသံုးျပဳ သြားလာရသည္႔ ကားလမ္းျဖစ္သည္။