Input your search keywords and press Enter.

ပလက်ဝမြို့နယ်ရှိ ကျေးရွာအချို့တွင် ဒေသခံ ၁၅ဦးထိ အစအနမသိရဘဲ ပျောက်ဆုံးနေ

Salai Khup Khup

ပလက်ဝမြို့နယ်ရှိ ကျေးရွာအချို့တွင် ဒေသခံရွာသားများ အစအနမသိရ ပျောက်ဆုံးနေသော လူဦးရေမှာ ၁၅ ယောက်ရှိပြီဖြစ်ပြီး ယခုလို အစနမသိရဘဲ ပျောက်ဆုံးနေခြင်းတွင် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတွင် တာဝန်အပြည့်ရှိကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့မှ Pu Terah ကပြောသည်။

ချင်းလူ့အခွင့်ရေးအဖွဲ့မှ Pu Terah က “ခုထိပျောက်ဆုံးနေတာ ၁၅ယောက်ရှိပြီ၊ ၂၀၁၈မှာ ၂ယောက်ပျောက်တယ်၊ ၂၀၁၉မှာ ၁၃ယောက်ပျောက်တယ်၊ ပျောက်ဆုံးနေတဲ့ ဒေသမှာ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းနှစ်ခုဖြစ်တဲ့ မြန်မာတပ်မတော်ရယ် အေအေတပ်မတော်ရယ် သူတို့မှာလည်း တာဝန်ရှိတယ် တကယ်လို့ သူတို့ဖမ်းဆီးတယ်ဆိုရင် သူတို့ဘာကြောင့် ဖမ်းဆီးတာလည် အခုပျောက်တာလည်း တော်တော်များတယ် ဖမ်းတဲ့အကြောင်းရင်းလည်း ဖော်ထုတ်သင့်တယ် သူတို့က သက်ဆိုင်ရာကို အကြောင်းကြားသင့်တယ် အစနပျောက်တယ် ဆိုဒါက လုံခြုံရေးအရ စိုးရိမ်စရာကောင်းတယ်”ဟုပြောသည်။

ပလက်ဝမြို့နယ် ဘောင်ဝရွာသား (၄)ဦးမှာလည်း ဇူူလိုင်လ ၁၆ ရက်နေ့မှ ပျောက်ဆုံးနေပြီး ယနေ့အချိန်ထိ သတင်းအစအန မရသေးကြောင်း ဒေသခံရွာသားများ ပြောပြချက်အရ သိရသည်။

ပျောက်ဆုံးနေသော ဘောင်ဝရွာသား (၄)ဦးမှာ ဦးကျော်ကျော်သန်း(၂၅)နှစ်၊ ဦးကျော်စိန်(၃၁)နှစ်၊ ဦးကျော်လင်း (၂၃)နှစ်နှင့် ဦးစိုးရဲအောင်(၃၂) တို့ဖြစ်ပြီး ၎င်းတို့ထဲတွင် ဦးစိုးရဲအောင်မှာ ကုလားတန် တံတားဆောက်လုပ်ရေး အတွက် ကျောက်ထုတ်လုပ်ခြင်း လုပ်ငန်းခွင်တွင် အလုပ်လုပ်ပြီး ဦးကျော်ကျော်သန်းမှာ ကျေးရွာခန်းမဆောင် ဆေးသုတ်ရန် ဆေးဗူးဝယ် သွားခဲ့ပြီး အပြန်လမ်းခရီးတွင် ဆိုင်ကယ် ကယ်ရီသမားများနှင့် အပြန်တွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

ဒေသခံရွာသား ဦးရှမွေလက “သူတို့လေးယောက် ပျောက်သွားပြီးတဲ့ နောက်နေ့ မနက်(၃)နာရီလောက်မှာ ဒေသခံ ရွာသားတွေ အားလုံးက ဝိုင်းရှာတယ် မတွေ့ဘူး ဒီကနေ့ အချိန်ထိ သူတို့ရဲ့ သတင်းအစနကိုလည်း မသိရသေးတော့ သူတို့ရဲ့ ဇနီး မိတ်ဆွေ ဆွေမျိုးတွေကလည်း အရမ်းစိတ်ပူနေကြတယ်”ဟုုပြောသည်။

ပျောက်ဆုံးနေသော ဘောင်ဝရွာသား တို့စီးလာခဲ့သော ဆိုင်ကယ်နှစ်စီးကို ပျောက်ဆုံးပြီး နောက်တစ်နေ့ နံနက်စောစော တွင်ရှာဖွေတွေ့ရှိခဲ့ကြပြီး ထိုဆိုင်ကယ် ရှိရာနှင့် မလှမ်းမကမ်းတွင် အေအေအဖွဲ့တို့ ရှိနေကြောင်းလည်း ပျောက်ဆုံးသူများ ရှာဖွေသူများထဲမှ တစ်ဦးကပြောသည်။

ပလက်ဝမြို့နယ် ဒေသအချို့တွင် ရက္ခိုင့်တပ်မတော်နှင့် မြန်မာတပ်မတော်တို့အကြား ပစ်ခက်တိုက်ခိုက် မှုမကြာခဏ ဖြစ်ပွားလေ့ရှိပြီး ဒေသခံအချို့မှာ စက်လက်နက်ကြီး သံတို့ကြောင့် နေ့စဉ် ထိတ််လန့်ကြောက်ရွံ့နေရ လျှက်ရှိကြောင်းလည်း သိရှိရသည်။

Zawgyi Version

ပလက္ဝၿမိဳ႕နယ္ရွိ ေက်းရြာအခ်ဳိ႕တြင္ ေဒသခံ ၁၅ဦးထိ အစအနမသိရဘဲ ေပ်ာက္ဆံုးေန

ပလက္ဝၿမိဳ႕နယ္ရွိ ေက်းရြာအခ်ိဳ႕တြင္ ေဒသခံရြာသားမ်ား အစအနမသိရ ေပ်ာက္ဆံုးေနေသာ လူဦးေရမွာ ၁၅ ေယာက္ရွိၿပီျဖစ္ၿပီး ယခုလုိ အစနမသိရဘဲ ေပ်ာက္ဆံုးေနျခင္းတြင္ ျပည္ေထာင္စုအစိုးရႏွင့္ ျပည္နယ္အစိုးရတြင္ တာဝန္အျပည့္ရွိေၾကာင္း ခ်င္းလူ႔အခြင့္ေရးအဖြဲ႔မွ Pu Terah ကေျပာသည္။

ခ်င္းလူ႔အခြင့္ေရးအဖြဲ႔မွ Pu Terah က “ခုထိေပ်ာက္ဆံုးေနတာ ၁၅ေယာက္ရွိၿပီ၊ ၂၀၁၈မွာ ၂ေယာက္ေပ်ာက္တယ္၊ ၂၀၁၉မွာ ၁၃ေယာက္ေပ်ာက္တယ္၊ ေပ်ာက္ဆံုးေနတဲ႔ ေဒသမွာ လႈပ္ရွားေနတဲ႔ အဖြဲ႔အစည္းႏွစ္ခုျဖစ္တဲ႔ ျမန္မာတပ္မေတာ္ရယ္ ေအေအတပ္မေတာ္ရယ္ သူတို႔မွာလည္း တာဝန္ရွိတယ္ တကယ္လုိ႔ သူတို႔ဖမ္းဆီးတယ္ဆိုရင္ သူတုိ႔ဘာေၾကာင့္ ဖမ္းဆီးတာလည္ အခုေပ်ာက္တာလည္း ေတာ္ေတာ္မ်ားတယ္ ဖမ္းတဲ႔အေၾကာင္းရင္းလည္း ေဖာ္ထုတ္သင့္တယ္ သူတုိ႔က သက္ဆိုင္ရာကို အေၾကာင္းၾကားသင့္တယ္ အစနေပ်ာက္တယ္ ဆိုဒါက လံုျခံဳေရးအရ စိုးရိမ္စရာေကာင္းတယ္”ဟုေျပာသည္။

ပလက္ဝၿမိဳ႕နယ္ ေဘာင္ဝရြာသား (၄)ဦးမွာလည္း ဇူူလုိင္လ ၁၆ ရက္ေန႔မွ ေပ်ာက္ဆံုးေနၿပီး ယေန႔အခ်ိန္ထိ သတင္းအစအန မရေသးေၾကာင္း ေဒသခံရြာသားမ်ား ေျပာျပခ်က္အရ သိရသည္။

ေပ်ာက္ဆံုးေနေသာ ေဘာင္ဝရြာသား (၄)ဦးမွာ ဦးေက်ာ္ေက်ာ္သန္း(၂၅)ႏွစ္၊ ဦးေက်ာ္စိန္(၃၁)ႏွစ္၊ ဦးေက်ာ္လင္း (၂၃)ႏွစ္ႏွင့္ ဦးစုိးရဲေအာင္(၃၂) တို႔ျဖစ္ၿပီး ၎တုိ႔ထဲတြင္ ဦးစိုးရဲေအာင္မွာ ကုလားတန္ တံတားေဆာက္လုပ္ေရး အတြက္ ေက်ာက္ထုတ္လုပ္ျခင္း လုပ္ငန္းခြင္တြင္ အလုပ္လုပ္ၿပီး ဦးေက်ာ္ေက်ာ္သန္းမွာ ေက်းရြာခန္းမေဆာင္ ေဆးသုတ္ရန္ ေဆးဗူးဝယ္ သြားခဲ႔ၿပီး အျပန္လမ္းခရီးတြင္ ဆုိင္ကယ္ ကယ္ရီသမားမ်ားႏွင့္ အျပန္တြင္ ေပ်ာက္ဆံုးခဲ႔ျခင္းျဖစ္သည္။

ေဒသခံရြာသား ဦးရွေမြလက “သူတုိ႔ေလးေယာက္ ေပ်ာက္သြားၿပီးတဲ႔ ေနာက္ေန႔ မနက္(၃)နာရီေလာက္မွာ ေဒသခံ ရြာသားေတြ အားလံုးက ဝိုင္းရွာတယ္ မေတြ႔ဘူး ဒီကေန႔ အခ်ိန္ထိ သူတုိ႔ရဲ႕ သတင္းအစနကိုလည္း မသိရေသးေတာ့ သူတုိ႔ရဲ႕ ဇနီး မိတ္ေဆြ ေဆြမ်ိဳးေတြကလည္း အရမ္းစိတ္ပူေနၾကတယ္”ဟုုေျပာသည္။

ေပ်ာက္ဆံုးေနေသာ ေဘာင္ဝရြာသား တုိ႔စီးလာခဲ႔ေသာ ဆုိင္ကယ္ႏွစ္စီးကို ေပ်ာက္ဆံုးၿပီး ေနာက္တစ္ေန႔ နံနက္ေစာေစာ တြင္ရွာေဖြေတြ႔ရွိခဲ႔ၾကၿပီး ထိုဆိုင္ကယ္ ရွိရာႏွင့္ မလွမ္းမကမ္းတြင္ ေအေအအဖြဲ႔တုိ႔ ရွိေနေၾကာင္းလည္း ေပ်ာက္ဆံုးသူမ်ား ရွာေဖြသူမ်ားထဲမွ တစ္ဦးကေျပာသည္။

ပလက္ဝၿမိဳ႕နယ္ ေဒသအခ်ိဳ႕တြင္ ရကၡိဳင့္တပ္မေတာ္ႏွင့္ ျမန္မာတပ္မေတာ္တုိ႔အၾကား ပစ္ခက္တိုက္ခိုက္ မႈမၾကာခဏ ျဖစ္ပြားေလ႔ရွိၿပီး ေဒသခံအခ်ိဳ႕မွာ စက္လက္နက္ၾကီး သံတို႔ေၾကာင့္ ေန႔စဥ္ ထိတ္္လန္႔ေၾကာက္ရြံ႕ေနရ လွ်က္ရွိေၾကာင္းလည္း သိရွိရသည္။