Input your search keywords and press Enter.

ကန္ပက္လက္ၿမိဳ႕ေပၚအတြင္း ဓားပလုိင္း ကိုင္ေဆာင္သူမ်ား အေရးယူမည့္ ဥပေဒ ေဒသခံအမ်ားစုမွ ေထာက္ခံ

Salai Khup Khup

ခ်င္းျပည္နယ္ ကန္ပက္လက္ၿမဳိ႕ေပၚအတြင္း ရိုးရာ ဓားပလိုင္း နဲ႔ လက္နက္ကိုင္ေဆာင္သူမ်ားကို တရားဥပေဒအရ အေရးယူမည့္ ဥပေဒကို ေဒသခံအမ်ားစုမွ ေထာက္ခံၾကေၾကာင္း သိရသည္။

ကန္ပက္လက္အရပ္ဖက္ လူမႈအဖြဲ႕အစည္းမွ ဦးမနားရိွန္းက “ေထြအုပ္နဲ႔ စည္ပင္ေတြဖက္ကေန ၿပီးခဲ႔တဲ႔အပတ္က လက္နက္ ကိုင္ေဆာင္မႈ ပညာေပး ပုိစတာစုိက္ထူတဲ႔ အခမ္းအနားေတြကိုလည္း လုပ္တယ္ ။ ေဒသခံလူအမ်ားစုကေတာ့ ဒီလုိ ဥပေဒနဲ႔အညီ စည္းကမ္းရွိေစခ်င္လို႔ လုပ္တာကို သေဘာတူက်တယ္ အခ်ိဳ႕လူနည္းစုကေတာ့ ကိုယ့္ရိုးရာဓေလ႔ဘဲ ဆိုၿပီးေတာ့ ေျပာတာေတြလည္းရွိတယ္”ဟုေျပာသည္။

ကန္ပက္လက္ၿမိဳ႕ေပၚအတြင္း ဓားထုိးမႈ၊ ေသနတ္ပစ္မႈႏွုန္း ျမွင့္တတ္လာေသာေၾကာင့္ ရုိးရာဓားပလိုင္း၊ လွံ၊ ေသနတ္၊ ေလးျမွား စသည့္ လက္နက္ ကိုင္ေဆာင္သူမ်ားကို တရားဥပေဒအရ အေရးယူေဆာင္ရြက္ေတာ့မည္ ျဖစ္ေၾကာင္း သိရသည္။

ကန္ပက္လက္ ေဒသခံ ဦးမနားရိွန္းက“ဓားထုိးမႈေတြမ်ားလြန္းလို႔ မႏွစ္ကဆုိရင္ ဓားထုိးမႈ (၈)မႈျဖစ္ေနတယ္ ေသနတ္ပစ္မႈက တစ္ႏွစ္ကို ႏွစ္ခါေလာက္ျဖစ္ေနတာ ဆုိေတာ့ ဒါေတြကို ေလးငါးႏွစ္ေလာက္ သုေတသန လုပ္ၾကၿပီး စည္ပင္နဲ႔ခရုိ္င္ဖက္ကေန အခုလုိ ပိတ္ပင္လုိက္ရတယ္လုိ႔လည္း သိရတယ္”ဟုေျပာသည္။

ကန္ပက္လက္ၿမိဳ႕ေပၚအတြင္းတြင္ ပညာေပးကာလအေနျဖင့္ တစ္လအတြင္းသာ ပညာေပးကာလ အျဖစ္သတ္မွတ္ထားၿပီး ပညာေပးကာလ ကုန္ဆံုးပါက စည္းကမ္းမဲ႔ ရုိးရာဓားပလိုင္း၊ လွံ၊ ေသနက္၊ ေလးျမွား စသည့္ လက္နက္ ကိုင္ေဆာင္သူမ်ားကို တရားဥပေဒအရ ထိထိေရာက္ေရာက္ အေရးယူေဆာင္ရြက္ သြားမည္ျဖစ္ၿပီး ရုိးရာယဥ္ေက်းမႈ ပြဲလမ္္းသဘင္မ်ားတြင္သာ ကိုင္ေဆာင္ခြင့္ျပဳမည္ျဖစ္ေၾကာင္းလည္း သိရွိရသည္။

ကန္ပက္လက္ၿမိဳ႕ျပည္သူ႕ေဆးရံုတြင္ တာ၀န္ထမ္းေဆာင္လ်က္ရွိသည့္ ေဆးရံုအုပ္ ေဒါက္တာေပါင္ရွင္းလ်န္က ” ပြဲညေတြနဲ႕ ရြာေတြမွာ ရန္ျဖစ္ၿပီး ဓားနဲ႕ထိုးမႈေၾကာင့္ ေဆးရံုေရာက္လာၿပီး အသက္ဆံုးရွံဳးရတာေတြမ်ားတယ္။ ရိုးရာဆိုေပမယ့္ ၿမိဳ႕ေတြမွာျဖစ္တဲ့ ဌာနဆုိင္ရာေတြမွာ အဲဒါမ်ိဳးလြယ္စရာလိုသလားေပါ့။ အလုပ္လုပ္ဖုိ႕ ေတာမွာသြားတာမ်ိဳးဆိုရင္ ဓားပလုိင္းလြယ္ခြင့္ဆိုရင္ေတာ့ တစ္မ်ိဳးေပါ့။ ၿမိဳ႕ေပၚမွာလြယ္ေနဖို႕ကမလိုဘူးေလ။ ဓားလြယ္ထားၾကေတာ့ ေဘးကလူေတြေၾကာက္ရတာေပါ့။ ေဆးရံုမွာဆိုခဏခဏ ႀကံဳရတယ္။ ေဆးရံုမွာေတာ့ အမုန္းခံၿပီး ေျပာေနရတယ္။ အခုစည္းကမ္းထုတ္လာတာလည္း ျပတ္ျပတ္သားသားလုပ္ဖုိ႕လုိတယ္။ ဓားပလုိင္းကုိင္တာက ရိုးရာမဟုတ္ပဲ အက်င့္ပါေနတာလည္း ရွိတာေပါ့” ဟုသံုးသပ္ေျပာၾကားသည္။

မင္းတပ္ၿမိဳ႕တြင္း တြင္လည္း ရိုးရာဓားပလုိင္း၊ လွံ၊ ေသနက္၊ ေလးျမွား ကိုင္ေဆာင္သြားလာျခင္းကို ၿပီးခဲ႔သည့္ ဇန္နဝါရီလမွစ၍ စည္းကမ္းမဲ႔ ကိုင္ေဆာင္သြားသူမ်ားကို တရားဥပေဒအရ အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သိရွိရသည္။

Unicode Version

ကန်ပက်လက်မြို့နယ်အတွင်း ရိုးရာဓားပလိုင်း ကိုင်ဆောင်သူများ အရေးယူမည့် ဥပဒေ ဒေသခံအများစုမှ ထောက်ခံ

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အတွင်း ရိုးရာ ဓားပလိုင်း နဲ့ လက်နက်ကိုင်ဆောင်သူများကို တရားဥပဒေအရ အရေးယူမည့် ဥပဒေကို ဒေသခံအများစုမှ ထောက်ခံကြကြောင်း သိရသည်။

ကန်ပက်လက်အရပ်ဖက် လူမှုအဖွဲ့အစည်းမှ ဦးမနားရှိန်းက “ထွေအုပ်နဲ့ စည်ပင်တွေဖက်ကနေ ပြီးခဲ့တဲ့အပတ်က လက်နက် ကိုင်ဆောင်မှု ပညာပေး ပိုစတာစိုက်ထူတဲ့ အခမ်းအနားတွေကိုလည်း လုပ်တယ် ။ ဒေသခံလူအများစုကတော့ ဒီလို ဥပဒေနဲ့အညီ စည်းကမ်းရှိစေချင်လို့ လုပ်တာကို သဘောတူကျတယ် အချို့လူနည်းစုကတော့ ကိုယ့်ရိုးရာဓလေ့ဘဲ ဆိုပြီးတော့ ပြောတာတွေလည်းရှိတယ်”ဟုပြောသည်။

ကန်ပက်လက်မြို့နယ်အတွင်း ဓားထိုးမှု၊ သေနတ်ပစ်မှုနှုန်း မြှင့်တတ်လာသောကြောင့် ရိုးရာဓားပလိုင်း၊ လှံ၊ သေနတ်၊ လေးမြှား စသည့် လက်နက် ကိုင်ဆောင်သူများကို တရားဥပဒေအရ အရေးယူဆောင်ရွက်တော့မည် ဖြစ်ကြောင်း သိရသည်။

ကန်ပက်လက် ဒေသခံ ဦးမနားရှိန်းက“ဓားထိုးမှုတွေများလွန်းလို့ မနှစ်ကဆိုရင် ဓားထိုးမှု (၈)မှုဖြစ်နေတယ် သေနတ်ပစ်မှုက တစ်နှစ်ကို နှစ်ခါလောက်ဖြစ်နေတာ ဆိုတော့ ဒါတွေကို လေးငါးနှစ်လောက် သုတေသန လုပ်ကြပြီး စည်ပင်နဲ့ခရို်င်ဖက်ကနေ အခုလို ပိတ်ပင်လိုက်ရတယ်လို့လည်း သိရတယ်”ဟုပြောသည်။

ကန်ပက်လက်မြို့နယ်အတွင်းတွင် ပညာပေးကာလအနေဖြင့် တစ်လအတွင်းသာ ပညာပေးကာလ အဖြစ်သတ်မှတ်ထားပြီး ပညာပေးကာလ ကုန်ဆုံးပါက စည်းကမ်းမဲ့ ရိုးရာဓားပလိုင်း၊ လှံ၊ သေနက်၊ လေးမြှား စသည့် လက်နက် ကိုင်ဆောင်သူများကို တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက် သွားမည်ဖြစ်ပြီး ရိုးရာယဉ်ကျေးမှု ပွဲလမ််းသဘင်များတွင်သာ ကိုင်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ကန်ပက်လက်မြို့ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆေးရုံအုပ် ဒေါက်တာပေါင်ရှင်းလျန်က ” ပွဲညတွေနဲ့ ရွာတွေမှာ ရန်ဖြစ်ပြီး ဓားနဲ့ထိုးမှုကြောင့် ဆေးရုံရောက်လာပြီး အသက်ဆုံးရှုံးရတာတွေများတယ်။ ရိုးရာဆိုပေမယ့် မြို့တွေမှာဖြစ်တဲ့ ဌာနဆိုင်ရာတွေမှာ အဲဒါမျိုးလွယ်စရာလိုသလားပေါ့။ အလုပ်လုပ်ဖို့ တောမှာသွားတာမျိုးဆိုရင် ဓားပလိုင်းလွယ်ခွင့်ဆိုရင်တော့ တစ်မျိုးပေါ့။ မြို့ပေါ်မှာလွယ်နေဖို့ကမလိုဘူးလေ။ ဓားလွယ်ထားကြတော့ ဘေးကလူတွေကြောက်ရတာပေါ့။ ဆေးရုံမှာဆိုခနခန ကြုံရတယ်။ ဆေးရုံမှာတော့ အမုန်းခံပြီး ပြောနေရတယ်။ အခုစည်းကမ်းထုတ်လာတာလည်း ပြတ်ပြတ်သားသားလုပ်ဖို့လိုတယ်။ ဓားပလိုင်းကိုင်တာက ရိုးရာမဟုတ်ပဲ အကျင့်ပါနေတာလည်း ရှိတာပေါ့” ဟုသုံးသပ်ပြောကြားသည်။

မင်းတပ်မြို့တွင်း တွင်လည်း ရိုးရာဓားပလိုင်း၊ လှံ၊ သေနက်၊ လေးမြှား ကိုင်ဆောင်သွားလာခြင်းကို ပြီးခဲ့သည့် ဇန်နဝါရီလမှစ၍ စည်းကမ်းမဲ့ ကိုင်ဆောင်သွားသူများကို တရားဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။