Input your search keywords and press Enter.

မတူပီၿမိဳ႕တြင္ အခုိးခံရသည့္ ဆုိင္ကယ္မ်ား အေထာက္ထားျဖင့္ ျပန္လည္ေရြးယူႏုိင္

Salai Khup Khup
မတူပီၿမိဳ႕တြင္ အခိုးခံရသည့္ ဆုိင္ကယ္မ်ားကို အေထာက္ထားျဖင့္ ျပန္လည္ေရြးယူႏုိင္ေၾကာင္း မတူပီၿမိဳ႕မရဲစခန္းမွ ရဲတပ္ၾကပ္ ဦးေအာင္မ်ိဳးဝင္းက ေျပာသည္။

မတူပီၿမိဳ႕မရဲစခန္းမွ ဦးေအာင္မ်ိဳးဝင္းက “အခုလက္ရွိမိထားတဲ႔ လူႏွစ္ေယာက္ကုိေတာ့ အမူဖြင့္ထားတယ္။ သူတုိ႔ခိုးတဲ့ထဲကေန ဆုိင္ကယ္ေလးစီးဘဲ သိမ္းထားရေသးတယ္။ ဆုိင္ကယ္ေပ်ာက္တဲ႔ သူေတြကေတာ့ စခန္းကို လာေတာ့လာတယ္။ လာတဲ႔သူေတြက ခုႏွစ္ေယာက္ရွစ္ေယာက္ေလာက္ရွိတယ္ သူတို႔က သူတို႔ဆိုင္ကယ္မဟုတ္ဘူးဆုိၿပီး ျပန္သြားၾကတယ္။ သူတုိ႔ဆုိင္ကယ္မွန္လို႔ရွိရင္ အေထာက္ထားေတြနဲ႔ လာေရြးရတယ္”ဟုေျပာသည္။

လက္ရွိမတူပီ ၿမိဳ႕မရဲစခန္းတြင္ရွိသည့္ ဆုိင္ကယ္မ်ားကို ပို္င္ရွင္မ်ားဖက္မွ လာေရာက္ေရြး ယူရဲျခင္းမရွိေသးေၾကာင္း ေဒသခံမ်ား ေျပာျပခ်က္အရသိရွိရသည္။
မတူပီ ေဒသခံတစ္ဦးက “ဆိုင္ကယ္ေတြကစခန္းမွာ ဒီအတုိင္းဘဲ။ ဘယ့္ႏွယ့္ အေထာက္ထားရွိမွ ဆုိင္ကယ္လာေရြးလို႔ ရမယ္ဆိုရင္ မတူပီမွာေပ်ာက္သြားတဲ႔ ဆုိင္ကယ္ ေတာ္ေတာ္မ်ားမ်ားဟာ လုိင္စင္မွမရွိတာ ဘယ္လုိေထာက္ထားမ်ိဳးနဲ႔ ရဲစခန္းမွာ သြားေရြးရမွာလဲ။ ေျပာသံေတြၾကားေနရတာက ဆုိင္ကယ္တစ္စီးကို ႏွစ္သိန္းနဲ႔ လာေရြးရမယ္ ဆုိတာမ်ိဳးေတြ ၾကားေနရတယ္။ ဒီေတာ့ကၽြန္ေတာ္တို႔ ဖက္ကလည္း လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေအာင္လ်န္ မတူပီေရာက္မွဘဲ ဒီအေၾကာင္းကို ေဆြးေႏြးၾကဖို႔ စီစဥ္ေနၾကတယ္”ဟုေျပာသည္။

ေလာေလာဆယ္တြင္ ဆိုင္ကယ္ခိုးသူမ်ားကို မတူပီၿမိဳ႕မရဲစခန္း အခ်ဳပ္ခန္းထဲတြင္ ခ်ဳပ္ထားၿပီး ဆုိင္ကယ္ခိုးမႈ၏ ဦးေဆာင္သူတစ္ဦး၏ ဖြင့္ဆုိခ်က္အရ မတူပီၿမိဳ႕ေပၚတြင္ ဆုိင္ကယ္အစီးတစ္ရာဝန္းက်င္ ခိုးခဲ႔ေၾကာင္း ေျပာဆိုထားသည္။

မတူပီမြို့တွင် အခိုးခံရသည့် ဆိုင်ကယ်များ အထောက်ထားဖြင့် ပြန်လည်ရွေးယူနိုင်

မတူပီမြို့တွင် အခိုးခံရသည့် ဆိုင်ကယ်များကို အထောက်ထားဖြင့် ပြန်လည်ရွေးယူနိုင်ကြောင်း မတူပီမြို့မရဲစခန်းမှ ရဲတပ်ကြပ် ဦးအောင်မျိုးဝင်းက ပြောသည်။
မတူပီမြို့မရဲစခန်းမှ ဦးအောင်မျိုးဝင်းက “အခုလက်ရှိမိထားတဲ့ လူနှစ်ယောက်ကိုတော့ အမူဖွင့်ထားတယ်။ သူတို့ခိုးတဲ့ထဲကနေ ဆိုင်ကယ်လေးစီးဘဲ သိမ်းထားရသေးတယ်။ ဆိုင်ကယ်ပျောက်တဲ့ သူတွေကတော့ စခန်းကို လာတော့လာတယ်။ လာတဲ့သူတွေက ခုနှစ်ယောက်ရှစ်ယောက်လောက်ရှိတယ် သူတို့က သူတို့ဆိုင်ကယ်မဟုတ်ဘူးဆိုပြီး ပြန်သွားကြတယ်။ သူတို့ဆိုင်ကယ်မှန်လို့ရှိရင် အထောက်ထားတွေနဲ့ လာရွေးရတယ်”ဟုပြောသည်။
လက်ရှိမတူပီ မြို့မရဲစခန်းတွင်ရှိသည့် ဆိုင်ကယ်များကို ပိုင်ရှင်များဖက်မှ လာရောက်ရွေး ယူရဲခြင်းမရှိသေးကြောင်း ဒေသခံများ ပြောပြချက်အရသိရှိရသည်။
မတူပီ ဒေသခံတစ်ဦးက “ဆိုင်ကယ်တွေကစခန်းမှာ ဒီအတိုင်းဘဲ။ ဘယ့်နှယ့် အထောက်ထားရှိမှ ဆိုင်ကယ်လာရွေးလို့ ရမယ်ဆိုရင် မတူပီမှာပျောက်သွားတဲ့ ဆိုင်ကယ် တော်တော်များများဟာ လိုင်စင်မှမရှိတာ ဘယ်လိုထောက်ထားမျိုးနဲ့ ရဲစခန်းမှာ သွားရွေးရမှာလဲ။ ပြောသံတွေကြားနေရတာက ဆိုင်ကယ်တစ်စီးကို နှစ်သိန်းနဲ့ လာရွေးရမယ် ဆိုတာမျိုးတွေ ကြားနေရတယ်။ ဒီတော့ကျွန်တော်တို့ ဖက်ကလည်း လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန် မတူပီရောက်မှဘဲ ဒီအကြောင်းကို ဆွေးနွေးကြဖို့ စီစဉ်နေကြတယ်”ဟုပြောသည်။
လောလောဆယ်တွင် ဆိုင်ကယ်ခိုးသူများကို မတူပီမြို့မရဲစခန်း အချုပ်ခန်းထဲတွင် ချုပ်ထားပြီး ဆိုင်ကယ်ခိုးမှု၏ ဦးဆောင်သူတစ်ဦး၏ ဖွင့်ဆိုချက်အရ မတူပီမြို့ပေါ်တွင် ဆိုင်ကယ်အစီးတစ်ရာဝန်းကျင် ခိုးခဲ့ကြောင်း ပြောဆိုထားသည်။