Input your search keywords and press Enter.

ဗိုလ္ခ်ဳပ္ရုပ္ထုထားရွိေရး ဟားခါးအရပ္ဘက္လူမႈအဖြဲ႕အစည္း အမ်ားစု သေဘာမတူ

ဟားခါးၿမဳိ႕တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ထု ထားရန္ စီစဥ္ေနမႈႏွင့္ပတ္သတ္ၿပီး ဟားခါးၿမဳိ႕ အရပ္ဘက္လူမႈအဖြဲ႕အစည္းေခါင္းေဆာင္မ်ားေတြ႕ဆံုေဆြးေႏြးခဲ့ၾကၿပီး အမ်ားစုမွ သေဘာမတူၾကေၾကာင္းသိရသည္။

အဆိုပါေတြ႕ဆံုေဆြးေႏြးပြဲကို စက္တင္ဘာလ ၁၇ရက္ေန႔တြင္ Hakha Rescue Center (HRC) ရံုးခန္းတြင္ ျပဳလုပ္ခဲ့ၿပီး အရပ္ဘက္လူမႈအဖြဲ႕အစည္းေခါင္းေဆာင္ ၂၀ဦးခန္႔ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

“အဓိကေတာ့ ဗိုလ္ခ်ဳပ္ ရုပ္ထုတည္မယ့္ ကိစၥႏွင့္ပတ္သတ္ၿပီး ေဆြးေႏြးၾကတာေပါ့၊ အဲဒီအစည္းအေ၀းမွာ တက္ေရာက္လာတဲ့သူေတြရဲ႕ ၉၅ရာခိုင္းႏႈန္းေလာက္ကေတာ့ သေဘာမတူၾကဘူး၊ ဒီပြဲက လူနည္းနည္းနဲ႔ပဲ က်င္းပတာျဖစ္တဲ့အတြက္ လာမယ့္ စက္တင္ဘာ ၂၈ရက္ေန႔မွာ တစ္ျခားလူေတြပါ ဖိတ္ၿပီးေတာ့ အစည္းအေ၀းျပန္လုပ္ဖို႔ ဆံုးျဖတ္ၾကတယ္၊ အဲဒီက်ရင္ေတာ့ က်ယ္က်ယ္ျပန္႔ျပန္႔ ေဆြးေႏြးၾကမွာပါ”ဟု အစည္းအေ၀းျဖစ္ေျမာက္ေရးဦးေဆာင္သူ ဆလိုင္း ဗန္က်င္ထန္းမွေျပာသည္။

စက္တင္ဘာ ၂၈ရက္ေန႔တြင္ က်င္းပမည့္ အစည္းအေ၀းပြဲတြင္ CSO အဖြဲ႕မ်ား၊ တကၠသိုလ္ေက်ာင္းသားမ်ား၊ ရပ္ကြက္မ်ားမွ လူငယ္ေခါင္းေဆာင္မ်ား၊ ရပ္မိရပ္ဖမ်ား၊ စီးပြားေရးသမားမ်ား ဖိတ္ေခၚသြားမည္ျဖစ္ေၾကာင္းသိရသည္။

ဟားခါးၿမဳိ႕တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္တုထားရွိရန္ အစီအစဥ္ႏွင့္ပတ္သတ္ၿပီး ခ်င္းအဖြဲ႕အစည္းတစ္ခ်ဳိ႕မွလည္း ကန္႔ကြက္မႈမ်ား၊ ထုတ္ျပန္ခ်က္ ထုတ္ျပန္မႈမ်ား ျပဳလုပ္ခဲ့ၾကေၾကာင္း သိရသည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ထားရွိရန္ ခ်င္းျပည္နယ္လႊတ္ေတာ္ရံုးေရွ႕တြင္ ကြန္ကရက္ခင္းရန္တာ၀န္ယူသည့္ ကုမဏီမွ အလွဴေငြ သိန္း၂၀၀လွဴဒါန္းထားျခင္းျဖစ္ၿပီး ပန္းျခံေျမေနရာရွာၿပီး အေကာင္အထည္ေဖာ္ၿပီးမွသာ ဗိုလ္ခ်ဳပ္ေၾကးရုပ္ကို ထားရွိမည္ျဖစ္ေၾကာင္း ခ်င္းျပည္နယ္အစိုးရက ေျပာဆိုထားသည္။

Unicode Version
ဗိုလ်ချုပ်ရုပ်ထုထားရှိရေး ဟားခါးအရပ်ဘက်လူမှုအဖွဲ့အစည်း အများစု သဘောမတူ

ဟားခါးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထု ထားရန် စီစဉ်နေမှုနှင့်ပတ်သတ်ပြီး ဟားခါးမြို့ အရပ်ဘက်လူမှုအဖွဲ့အစည်းခေါင်းဆောင်များတွေ့ဆုံဆွေးနွေးခဲ့ကြပြီး အများစုမှ သဘောမတူကြကြောင်းသိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၁၇ရက်နေ့တွင် Hakha Rescue Center (HRC) ရုံးခန်းတွင် ပြုလုပ်ခဲ့ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းခေါင်းဆောင် ၂၀ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
“အဓိကတော့ ဗိုလ်ချုပ် ရုပ်ထုတည်မယ့် ကိစ္စနှင့်ပတ်သတ်ပြီး ဆွေးနွေးကြတာပေါ့၊ အဲဒီအစည်းအဝေးမှာ တက်ရောက်လာတဲ့သူတွေရဲ့ ၉၅ရာခိုင်းနှုန်းလောက်ကတော့ သဘောမတူကြဘူး၊ ဒီပွဲက လူနည်းနည်းနဲ့ပဲ ကျင်းပတာဖြစ်တဲ့အတွက် လာမယ့် စက်တင်ဘာ ၂၈ရက်နေ့မှာ တစ်ခြားလူတွေပါ ဖိတ်ပြီးတော့ အစည်းအဝေးပြန်လုပ်ဖို့ ဆုံးဖြတ်ကြတယ်၊ အဲဒီကျရင်တော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြမှာပါ”ဟု အစည်းအဝေးဖြစ်မြောက်ရေးဦးဆောင်သူ ဆလိုင်း ဗန်ကျင်ထန်းမှပြောသည်။
စက်တင်ဘာ ၂၈ရက်နေ့တွင် ကျင်းပမည့် အစည်းအဝေးပွဲတွင် CSO အဖွဲ့များ၊ တက္ကသိုလ်ကျောင်းသားများ၊ ရပ်ကွက်များမှ လူငယ်ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ စီးပွားရေးသမားများ ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်းသိရသည်။
ဟားခါးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုထားရှိရန် အစီအစဉ်နှင့်ပတ်သတ်ပြီး ချင်းအဖွဲ့အစည်းတစ်ချို့မှလည်း ကန့်ကွက်မှုများ၊ ထုတ်ပြန်ချက် ထုတ်ပြန်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိရန် ချင်းပြည်နယ်လွှတ်တော်ရုံးရှေ့တွင် ကွန်ကရက်ခင်းရန်တာဝန်ယူသည့် ကုမဏီမှ အလှူငွေ သိန်း၂၀၀လှူဒါန်းထားခြင်းဖြစ်ပြီး ပန်းခြံမြေနေရာရှာပြီး အကောင်အထည်ဖော်ပြီးမှသာ ဗိုလ်ချုပ်ကြေးရုပ်ကို ထားရှိမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရက ပြောဆိုထားသည်။