Input your search keywords and press Enter.

လူတုိင္းအက်ံဳး၀င္ အရည္အေသြးမီပညာေရးအတြက္ ကမာၻ႕ဘဏ္ေခ်းေငြ ခ်င္းျပည္နယ္ၿမိဳ႕နယ္ ေလးခုပါ၀င္

Salai Benezar

လူတိုင္းအက်ံဳး၀င္မည့္ အရည္အေသြးမီပညာေရးလုပ္ငန္းအစီအစဥ္အတြက္ ကမာၻ႔ဘဏ္မွ ေခ်းေငြရယူသြားရန္ ႏိုင္ငံေတာ္သမၼတမွ စက္တင္ဘာ ၁၇ရက္ေန႔တြင္ က်င္းပခဲ့သည့္ ျပည္ေထာင္စုလႊတ္ေတာ္တြင္တင္သြင္းခဲ့ၿပီး အဆိုပါစီမံကိန္းတြင္ ခ်င္းျပည္နယ္အတြင္းမွ ၿမဳိ႕နယ္ေလးၿမဳိ႕နယ္ ပါ၀င္ေၾကာင္းသိရသည္။
ခ်င္းျပည္နယ္တြင္ ပလက္၀ၿမိဳ႕နယ္၊ ကန္ပက္လက္ၿမိဳ႕နယ္၊ မင္းတပ္ၿမိဳ႕နယ္ႏွင့္ ထန္တလန္ၿမိဳ႕နယ္တို႕ပါ၀င္ျခင္းျဖစ္သည္။ ၿမိဳ႕နယ္အလုိက္ ရန္ပံုေငြရရွိမႈမွာ ေခ်းေငြရရွိၿပီးေနာက္ ျပန္လည္ စိစစ္ခြဲတမ္းခ်မည္ျဖစ္သည္။
လူတိုင္းအက်ံဳး၀င္ အရည္အေသြးမီပညာေရးလုပ္ငန္းစဥ္အတြက္ ကမာၻ႔ဘဏ္၏ အျပည္ျပည္ဆုိင္ရာ ဖြံ႔ျဖဳိးေရးအဖြဲ႔ (IDA)ထံမွ အေမရိကန္ေဒၚလာ သန္း၁၀၀ ေခ်းေငြရယူသြားရန္ ပညာေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာမ်ဳိးသိမ္းႀကီး၊ စီမံကိန္းႏွင့္ ဘ႑ာေရး၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး ဦးခင္ေမာင္၀င္းတို႔မွ ျပည္ေထာင္စုလႊတ္ေတာ္တြင္ ႏိုင္ငံေတာ္သမၼတကိုယ္စား တင္သြင္းခဲ့ျခင္းျဖစ္သည္။
အဆိုပါစီမံကိန္းတြင္ တစ္ႏုိင္ငံလံုးအတုိင္းအတာျဖင့္ ၿမဳိ႕နယ္ေပါင္း ၁၁၅ၿမဳိ႕နယ္၊ အေျခခံပညာေက်ာင္းေပါင္း ၁၅၀၀၀၊ ေက်ာင္းသားေပါင္း သံုးသန္းခန္႔အေပၚ အက်ဳိးသက္ေရာက္မႈရွိမည့္စီမံကိန္းျဖစ္ေၾကာင္းသိရသည္။
ပလက္၀ၿမဳိ႕နယ္မဲဆႏၵနယ္မွ လႊတ္ေတာ္အမတ္ ဆလိုင္းမ်ဳိးထိုက္မွ “သူတို႔ေဖာ္ျပခ်က္အရ တစ္ႏိုင္ငံလံုးအတိုင္းအတာနဲ႔ ပညာေရးပိုင္းမွာ တစ္ကယ္လိုအပ္ေနတဲ့ၿမဳိ႕နယ္ေတြကို ေရြးထားတဲ့အတြက္ တစ္ကယ္အက်ဳိးရွိမယ္လို႔ေမွ်ာ္လင့္ပါတယ္၊ အဓိကေတာ့ သက္ဆိုင္ရာဌာနေတြကလည္း ေသခ်ာကိုင္တြယ္မယ္၊ အေျခခံပညာေက်ာင္းေတြဘက္ကလည္း ေသခ်ာေဆာင္ရြက္မယ္ဆိုရင္ အမ်ားႀကီးေတာ့ျဖစ္လာမွာပါ၊ က်ေနာ္တို႔ပလက္၀ဆိုရင္လည္း ဆယ္တန္းေအာင္ခ်က္အနိမ့္ဆံုးပိုင္းမွာပါတဲ့အတြက္ တစ္ကယ္ကိုလိုအပ္ပါတယ္”ဟုေျပာသည္။
စီမံကိန္း၏အဓိကရည္ရြယ္ခ်က္မွာ အေျခခံပညာေက်ာင္းမ်ားရွိ ကေလးမ်ားအားလံုး အရည္အေသြးမီ အေျခခံပညာေရးအခြင့္အလမ္းမ်ားကို ရရွိေစရန္၊ ေက်ာင္းျပင္ပေရာက္ ေက်ာင္းေနအရြယ္ကေလးမ်ားအား သင္ယူမႈအခြင့္အလမ္းမ်ား ဖန္တီးေပးရန္၊ ပညာေရး၀န္ထမ္းမ်ား ဘ႑ာေရးႏွစ္ စီမံခန္႔ခြဲမႈလုပ္ငန္းမ်ား အားေကာင္းလာေစရန္ တို႔ျဖစ္ေၾကာင္းသိရသည္။
စီမံကိန္းအတြက္ ကမာၻ႔ဘဏ္တြင္ ေခ်းေငြရယူႏိုင္ရန္ လႊတ္ေတာ္မွ အတည္ျပဳၿပီးပါက အဆိုပါစီမံကိန္းကာလကို ေခ်းေငြစာခ်ဳပ္ အသက္၀င္ၿပီးသည့္ရက္မွ ၄ႏွစ္အတြင္း ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။

Unicode Version
လူတိုင်းအကျုံးဝင် အရည်အသွေးမီပညာရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေ ချင်းပြည်နယ်မြို့နယ် လေးခုပါဝင်

လူတိုင်းအကျုံးဝင်မည့် အရည်အသွေးမီပညာရေးလုပ်ငန်းအစီအစဉ်အတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေရယူသွားရန် နိုင်ငံတော်သမ္မတမှ စက်တင်ဘာ ၁၇ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်တွင်တင်သွင်းခဲ့ပြီး အဆိုပါစီမံကိန်းတွင် ချင်းပြည်နယ်အတွင်းမှ မြို့နယ်လေးမြို့နယ် ပါဝင်ကြောင်းသိရသည်။
ချင်းပြည်နယ်တွင် ပလက်ဝမြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မင်းတပ်မြို့နယ်နှင့် ထန်တလန်မြို့နယ်တို့ပါဝင်ခြင်းဖြစ်သည်။ မြို့နယ်အလိုက် ရန်ပုံငွေရရှိမှုမှာ ချေးငွေရရှိပြီးနောက် ပြန်လည် စိစစ်ခွဲတမ်းချမည်ဖြစ်သည်။
လူတိုင်းအကျုံးဝင် အရည်အသွေးမီပညာရေးလုပ်ငန်းစဉ်အတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA)ထံမှ အမေရိကန်ဒေါ်လာ သန်း၁၀၀ ချေးငွေရယူသွားရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းတို့မှ ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမ္မတကိုယ်စား တင်သွင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါစီမံကိန်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ်ပေါင်း ၁၁၅မြို့နယ်၊ အခြေခံပညာကျောင်းပေါင်း ၁၅၀၀၀၊ ကျောင်းသားပေါင်း သုံးသန်းခန့်အပေါ် အကျိုးသက်ရောက်မှုရှိမည့်စီမံကိန်းဖြစ်ကြောင်းသိရသည်။
ပလက်ဝမြို့နယ်မဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဆလိုင်းမျိုးထိုက်မှ “သူတို့ဖော်ပြချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပညာရေးပိုင်းမှာ တစ်ကယ်လိုအပ်နေတဲ့မြို့နယ်တွေကို ရွေးထားတဲ့အတွက် တစ်ကယ်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်၊ အဓိကတော့ သက်ဆိုင်ရာဌာနတွေကလည်း သေချာကိုင်တွယ်မယ်၊ အခြေခံပညာကျောင်းတွေဘက်ကလည်း သေချာဆောင်ရွက်မယ်ဆိုရင် အများကြီးတော့ဖြစ်လာမှာပါ၊ ကျနော်တို့ပလက်ဝဆိုရင်လည်း ဆယ်တန်းအောင်ချက်အနိမ့်ဆုံးပိုင်းမှာပါတဲ့အတွက် တစ်ကယ်ကိုလိုအပ်ပါတယ်”ဟုပြောသည်။
စီမံကိန်း၏အဓိကရည်ရွယ်ချက်မှာ အခြေခံပညာကျောင်းများရှိ ကလေးများအားလုံး အရည်အသွေးမီ အခြေခံပညာရေးအခွင့်အလမ်းများကို ရရှိစေရန်၊ ကျောင်းပြင်ပရောက် ကျောင်းနေအရွယ်ကလေးများအား သင်ယူမှုအခွင့်အလမ်းများ ဖန်တီးပေးရန်၊ ပညာရေးဝန်ထမ်းများ ဘဏ္ဍာရေးနှစ် စီမံခန့်ခွဲမှုလုပ်ငန်းများ အားကောင်းလာစေရန် တို့ဖြစ်ကြောင်းသိရသည်။
စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်တွင် ချေးငွေရယူနိုင်ရန် လွှတ်တော်မှ အတည်ပြုပြီးပါက အဆိုပါစီမံကိန်းကာလကို ချေးငွေစာချုပ် အသက်ဝင်ပြီးသည့်ရက်မှ ၄နှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။