Input your search keywords and press Enter.

ရပ္ဆုိင္းထားသည့္ NLD ပါတီရံုးျပန္လည္တည္ေဆာက္မႈ ႏုိင္ငံေတာ္အတုိင္ပင္ခံထံ စာေပးပို႕သြားမည္

Salai Benezar

ရပ္ကြက္ေနလူထုမွ စိမ့္စမ္းေရထြက္ရွိသည့္ ေနရာတြင္ မင္းတပ္ၿမိဳ႕ NLD ပါတီရံုးတည္ေဆာက္မႈကို ကန္႕ ကြက္ခဲ့ျခင္းေၾကာင့္ လုပ္ငန္းရပ္ဆုိင္းခံထားရေသာ္လည္း ယခုအခါ တည္ေဆာက္မႈလုပ္ငန္း ျပန္လည္ စတင္ ေနၿပီျဖစ္သျဖင့္ ႏုိင္ငံေတာ္အတုိင္ပင္ခံထံ ကန္႕ကြက္စာဆက္လက္ေပးပို႕သြားမည္ျဖစ္ေၾကာင္း ေရစမ္းဦးမွ ထြက္သည့္ စမ့္စမ္းေရ ကိုလက္ရွိသြယ္ယူ သံုးစြဲသူျဖစ္သည့္ ခ်င္းျပည္နယ္ စည္ပင္၀န္ႀကီးေဟာင္း ဦးနိန္ႏုိင္း ကေျပာသည္။

စည္ပင္ ၀န္ႀကီးေဟာင္း ဦးနိန္ႏိုင္းက “စည္ပင္ EO ေျပာတာေတာ့ သူတို႔သံုးႀကိမ္ကြင္းဆင္းတဲ့အခ်ိန္မွာ အမႈိက္ ပစ္တဲ့ေနရာျဖစ္တာေၾကာင့္ စိမ့္စမ္းေရမထြက္ဘူးလို႔ေျပာတယ္၊ ဒါေပမယ့္ က်ေတာ္တို႔သံုးေနတဲ့ဟာက ခုခ်ိန္ထိ ထြက္တာဘဲ၊ ၀န္ႀကီးခ်ဳပ္ကလည္း ဒီခ်ိန္မိုးရြာတဲ့အတြက္ ေရကထြက္မွာဘဲလို႔ေျပာရွာတယ္၊ အမွန္က်ေတာ့ လုပ္ထံုးလုပ္နည္းနဲ႔မညီဘူး၊ အေပၚကေနဖိအားေပးတာ၊ ပါတီကေနၿပီးေတာ့ မျဖစ္ျဖစ္ေအာင္ ေဆာက္ဖို႔လုပ္ ေတာ့ ဌာနဆိုင္ရာေတြကလည္း အာဏာရဲ႕သေဘာတရားအရ သူတို႔ဘက္အကုန္ပါကုန္တယ္၊ က်ေတာ္ တို႔အ ေနနဲ႔ေတာ့ ဘယ္လိုနည္းလမ္းနဲ႔ လုပ္မယ္ေတာ့ မသိရေသးေပမယ့္ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢဳိလ္အထိ ကန္႔ကြက္စာတင္သြားမွာပါ”ဟု ေျပာသည္။


လုပ္ငန္းဆိုင္းငံထားရျခင္းမွာ မသမာသူအခ်ိဳ႕၏ မတရားတုိင္ၾကားမႈေၾကာင့္သာ လုပ္ငန္းရပ္နားထားရျခင္းျဖစ္ေၾကာင္း မင္းတပ္ၿမိဳ႕နယ္ NLD ပါတီဥကၠဌလည္းျဖစ္၊ လက္ရွိ ခ်င္းျပည္နယ္ လႊတ္ေတာ္ဒုတိယ ဥကၠဌ ျဖစ္သူ ဦးတိတ္ထန္းကေျပာသည္။

ဦးတိတ္ထန္းက “စည္ပင္ကေန သံုးေခါက္ကြင္းဆင္းၿပီးတဲ့ေနာက္မွာ ကန္႔ကြက္တယ္ဆိုတဲ့ ၁၄ဦးမွာ ၁၂ေယာက္က မရွိဘူး၊ ၂ဦးကဘဲ စမ္းေရကို ေသာက္သံုးတာရွိတယ္လို႔ေျပာတယ္၊ မသမာတဲ့သူေတြက်င့္ၾကံတာလို႔ဘဲျမင္တယ္၊ အေဆာက္အဦးေဆာက္ဖို႔ ေျမတူးတဲ့အခါမွာလည္း ဖိနပ္ေဟာင္းေတြထြက္လာတယ္၊ အဲဒီေနရာက အရင္ကအမႈိက္ပံုေဟာင္းလို႔သိရတယ္၊ ဒီအေဆာက္အဦးေဆာက္လိုက္ျခင္းအားျဖင့္ က်ေတာ့္အေနနဲ႔ လက္ရွိမွာ ဆက္ေဆာက္ေနလား မေဆာက္လားေတာ့ မသိေပမယ့္၊ ဆက္လက္တည္ေဆာက္သြားဖို႔အလားအလာရွိပါတယ္၊ စည္ပင္ကလည္း ရက္အတိအက်မသိေပမယ့္ ခြင့္ျပဳလိုက္ၿပီလို႔ၾကားတယ္”ဟု ဦးတိတ္ထန္းမွေျပာသည္။
မင္းတပ္ၿမဳိ႕နယ္ NLD ပါတီရံုးတည္ေဆာက္ျခင္းလုပ္ငန္းကို အမ်ားျပည္သူအသံုးျပဳေနသည့္ စိမ့္စမ္းေနရာတြင္ တည္ေဆာက္ေနျခင္းေၾကာင့္ဟုဆိုကာ ကန္႔ကြက္မႈမ်ားရွိခဲ့သျဖင့္ ၾသဂုတ္လ (၉)ရက္ေန႔တြင္ ၿမဳိ႕နယ္စည္ပင္မွ ယာယီရပ္ဆိုင္းရန္ ထုတ္ျပန္ခဲ့ၿပီးေနာက္ စက္တင္လ (၄) ရက္ေန႔တြင္ ဆက္လက္ေဆာက္လုပ္ရန္ ခြင့္ျပဳခ်က္ ျပန္လည္ထုတ္ထားျခင္းျဖစ္သည္။

NLD ပါတီမွ ပါတီရံုးတည္ေဆာက္မည့္ ေျမေနရာမ်ားႏွင့္ပတ္သတ္ၿပီး ပံုစံ (၁၀၅)ပါ ပိုင္ရွင္ရွိ ျပည္သူပိုင္ ေျမမ်ားကို တန္ရာတန္ႀကီးေပး၀ယ္ရန္ ညႊန္ၾကားထားေၾကာင္း သိရၿပီး၊ ယခုမင္းတပ္ရံုး တည္ေဆာက္ေနသည့္ ေျမေနရာမွာ ျပည္သူပိုင္ေနရာျဖစ္ၿပီး စည္ပင္၏ ခြင့္ျပဳခ်က္ျဖင့္ တည္ေဆာက္ေနျခင္းျဖစ္ေၾကာင္း NLD ပါတီက ဆိုထားသည္။

Unicode Version
ရပ်ဆိုင်းထားသည့် NLD ပါတီရုံးပြန်လည်တည်ဆောက်မှု နိုင်ငံတော်အတိုင်ပင်ခံထံ စာပေးပို့သွားမည်

ရပ်ကွက်နေလူထုမှ စိမ့်စမ်းရေထွက်ရှိသည့် နေရာတွင် မင်းတပ်မြို့ NLD ပါတီရုံးတည်ဆောက်မှုကို ကန့် ကွက်ခဲ့ခြင်းကြောင့် လုပ်ငန်းရပ်ဆိုင်းခံထားရသော်လည်း ယခုအခါ တည်ဆောက်မှုလုပ်ငန်း ပြန်လည် စတင် နေပြီဖြစ်သဖြင့် နိုင်ငံတော်အတိုင်ပင်ခံထံ ကန့်ကွက်စာဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း ရေစမ်းဦးမှ ထွက်သည့် စမ့်စမ်းရေ ကိုလက်ရှိသွယ်ယူ သုံးစွဲသူဖြစ်သည့် ချင်းပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဦးနိန်နိုင်း ကပြောသည်။
စည်ပင် ဝန်ကြီးဟောင်း ဦးနိန်နိုင်းက “စည်ပင် EO ပြောတာတော့ သူတို့သုံးကြိမ်ကွင်းဆင်းတဲ့အချိန်မှာ အမှိုက် ပစ်တဲ့နေရာဖြစ်တာကြောင့် စိမ့်စမ်းရေမထွက်ဘူးလို့ပြောတယ်၊ ဒါပေမယ့် ကျတော်တို့သုံးနေတဲ့ဟာက ခုချိန်ထိ ထွက်တာဘဲ၊ ဝန်ကြီးချုပ်ကလည်း ဒီချိန်မိုးရွာတဲ့အတွက် ရေကထွက်မှာဘဲလို့ပြောရှာတယ်၊ အမှန်ကျတော့ လုပ်ထုံးလုပ်နည်းနဲ့မညီဘူး၊ အပေါ်ကနေဖိအားပေးတာ၊ ပါတီကနေပြီးတော့ မဖြစ်ဖြစ်အောင် ဆောက်ဖို့လုပ် တော့ ဌာနဆိုင်ရာတွေကလည်း အာဏာရဲ့သဘောတရားအရ သူတို့ဘက်အကုန်ပါကုန်တယ်၊ ကျတော် တို့အ နေနဲ့တော့ ဘယ်လိုနည်းလမ်းနဲ့ လုပ်မယ်တော့ မသိရသေးပေမယ့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အထိ ကန့်ကွက်စာတင်သွားမှာပါ”ဟု ပြောသည်။
လုပ်ငန်းဆိုင်းငံထားရခြင်းမှာ မသမာသူအချို့၏ မတရားတိုင်ကြားမှုကြောင့်သာ လုပ်ငန်းရပ်နားထားရခြင်းဖြစ်ကြောင်း မင်းတပ်မြို့နယ် NLD ပါတီဥက္ကဌလည်းဖြစ်၊ လက်ရှိ ချင်းပြည်နယ် လွှတ်တော်ဒုတိယ ဥက္ကဌ ဖြစ်သူ ဦးတိတ်ထန်းကပြောသည်။
ဦးတိတ်ထန်းက “စည်ပင်ကနေ သုံးခေါက်ကွင်းဆင်းပြီးတဲ့နောက်မှာ ကန့်ကွက်တယ်ဆိုတဲ့ ၁၄ဦးမှာ ၁၂ယောက်က မရှိဘူး၊ ၂ဦးကဘဲ စမ်းရေကို သောက်သုံးတာရှိတယ်လို့ပြောတယ်၊ မသမာတဲ့သူတွေကျင့်ကြံတာလို့ဘဲမြင်တယ်၊ အဆောက်အဦးဆောက်ဖို့ မြေတူးတဲ့အခါမှာလည်း ဖိနပ်ဟောင်းတွေထွက်လာတယ်၊ အဲဒီနေရာက အရင်ကအမှိုက်ပုံဟောင်းလို့သိရတယ်၊ ဒီအဆောက်အဦးဆောက်လိုက်ခြင်းအားဖြင့် ကျတော့်အနေနဲ့ လက်ရှိမှာ ဆက်ဆောက်နေလား မဆောက်လားတော့ မသိပေမယ့်၊ ဆက်လက်တည်ဆောက်သွားဖို့အလားအလာရှိပါတယ်၊ စည်ပင်ကလည်း ရက်အတိအကျမသိပေမယ့် ခွင့်ပြုလိုက်ပြီလို့ကြားတယ်”ဟု ဦးတိတ်ထန်းမှပြောသည်။
မင်းတပ်မြို့နယ် NLD ပါတီရုံးတည်ဆောက်ခြင်းလုပ်ငန်းကို အများပြည်သူအသုံးပြုနေသည့် စိမ့်စမ်းနေရာတွင် တည်ဆောက်နေခြင်းကြောင့်ဟုဆိုကာ ကန့်ကွက်မှုများရှိခဲ့သဖြင့် သြဂုတ်လ (၉)ရက်နေ့တွင် မြို့နယ်စည်ပင်မှ ယာယီရပ်ဆိုင်းရန် ထုတ်ပြန်ခဲ့ပြီးနောက် စက်တင်လ (၄) ရက်နေ့တွင် ဆက်လက်ဆောက်လုပ်ရန် ခွင့်ပြုချက် ပြန်လည်ထုတ်ထားခြင်းဖြစ်သည်။
NLD ပါတီမှ ပါတီရုံးတည်ဆောက်မည့် မြေနေရာများနှင့်ပတ်သတ်ပြီး ပုံစံ (၁၀၅)ပါ ပိုင်ရှင်ရှိ ပြည်သူပိုင် မြေများကို တန်ရာတန်ကြီးပေးဝယ်ရန် ညွှန်ကြားထားကြောင်း သိရပြီး၊ ယခုမင်းတပ်ရုံး တည်ဆောက်နေသည့် မြေနေရာမှာ ပြည်သူပိုင်နေရာဖြစ်ပြီး စည်ပင်၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း NLD ပါတီက ဆိုထားသည်။