Input your search keywords and press Enter.

ပညာေရး၀န္ထမ္းမ်ား ပညာဆက္လက္သင္ယူခြင့္ႏွင့္ ခြင့္လံုေလာက္မႈရေရး နံရံကပ္လွဳပ္ရွားမႈျပဳလုပ္

Salai Benezar

အေျခခံပညာေက်ာင္းမ်ားတြင္ လုပ္ကိုင္ေနသည့္ ၀န္ထမ္းမ်ားအေနျဖင့္ ပညာဆက္လက္သင္ယူခြင့္ရေရးႏွင့္ ခြင့္လံုလံုေလာက္ေလာက္ရရွိႏိုင္ေရးအတြက္ နံရံကပ္ လႈပ္ရွားမႈကို ဟားခါးပညာေရးေကာလိပ္တြင္ စက္တင္ဘာလ (၁၇) ရက္ေန႕တြင္ လုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။

နံရံကပ္လွဳပ္ရွားမႈအေနျဖင့္ အေျခခံပညာေက်ာင္းမ်ားတြင္ လုပ္ကုိင္ေနသည့္ ၀န္ထမ္းမ်ား၏ အခြင့္အေရးေတာင္းဆိုမႈစာတမ္းမ်ားကို နံရံမ်ားတြင္ကပ္ၿပီး ဆႏၵေဖာ္ထုတ္ေဖာ္ထုတ္ၾကျခင္းျဖစ္သည္။

“က်ေတာ္တို႔အေနနဲ႔ ဒီတစ္ပတ္ထဲမွာဘဲ လႈပ္ရွားမႈေတြလုပ္တယ္၊ အဲဒီမွာ က်ေတာ္တို႔ေတာင္းဆိုတာ သံုးခ်က္ရွိတယ္၊ ပညာဆက္လက္သင္ယူခြင့္မွာ ခြင့္လံုလံုေလာက္ေလာက္ရရွိဖို႔က အဆင္မေျပဘူး၊ တစ္ျခားဌာနေတြဆိုရင္ ၄၅ရက္ေတာင္မွ ရၾကတယ္၊ အဲဒါေၾကာင့္ က်ေတာ္တို႔အေနနဲ႔ ပညာဆက္လက္သင္ယူခြင့္ႏွင့္ ခြင့္လံုလံုေလာက္ေလာက္ရရွိဖို႔ လႈပ္ရွားမႈကိုလုပ္ရတာျဖစ္ပါတယ္”ဟု ဟားခါးေကာလိပ္ ေက်ာင္းသားသမဂၢ ဥကၠဌ ကိုေအာင္ခင္ႏိုင္မွေျပာသည္။

နံရံကပ္လႈပ္ရွားမႈတြင္ အခ်က္ႏွစ္ခ်က္ေတာင္းဆိုထားၿပီး အေ၀းသင္ပညာ ဆက္လက္သင္ယူခြင့္ရရွိေရး၊ ခြင့္လုံလုံေလာက္ေလာက္ရရွိေရးတို႔ျဖစ္ၿပီး အေျခခံပညာ ညႊန္ၾကားေရးမွဴးခ်ဳပ္ႏွင့္လည္း ေတြ႕ဆံုညွိႏႈိင္းသြားဖို႔ရွိေၾကာင္းသိရသည္။

“က်ေတာ္တို႔က ပညာေရးေက်ာင္းကေနၿပီးသြားရင္ ဒီပလိုမာရတယ္၊ ဒီပလိုမာက ဘြဲ႕မဟုတ္တဲ့အတြက္ က်ေတာ္တို႔ မူလတန္းျပျဖစ္သြားတဲ့အခ်ိန္မွာ ဘြဲ႕လိုခ်င္ရင္ ၀ိဇၨာ သိပၸံ ဘြဲ႕ရဖို႔ အေ၀းသင္ျပန္ေျဖရမယ္၊ အဲလိုခ်ိန္မွာ ခြင့္က (၁၇) ရက္တည္းဆိုရင္ မလုံေလာက္ဘူး၊ ခရီးေ၀းတဲ့ေဒသေတြအတြက္ဆို သြားတာလာတာနဲ႔ (၆)ရက္ေလာက္အခ်ိန္ယူရေတာ့ စာက်က္ဖို႔ အခ်ိန္မရေတာ့ဘူး၊ ဒါေၾကာင့္မို႔လို႔ ခြင့္ကို (၂၅) ရက္ မဟုတ္ရင္ တစ္လဆိုရင္ ပိုၿပီးေတာ့အဆင္ေျပမယ္”ဟု ေျပာသည္။

အဆိုပါနံရံကပ္လႈပ္ရွားမႈကို တစ္ႏိုင္ငံလံုးတြင္ရွိသည့္ ပညာေရးေကာလိပ္ ၂၄ ေက်ာင္း ကိုယ္စားျပဳ ေကာ္မတီမွ ဦးေဆာင္မႈျဖင့္ လုပ္ေဆာင္ျခင္းျဖစ္ၿပီး တစ္ရက္တြင္ ႏွစ္ေက်ာင္းႏႈန္းျဖင့္ ေက်ာင္းအားလံုးတြင္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းသိရသည္။

ပညာဆက္လက္သင္ယူခြင့္ရေရးႏွင့္ ခြင့္လံုလံုေလာက္ေလာက္ရရွိႏိုင္ေရး လႈပ္ရွားမႈေအာင္ျမင္ခဲ့ပါက DTEC ေက်ာင္း အပတ္စဥ္ ၂၃ထိ ေက်ာင္းဆင္းထားသည့္ ဆရာ/ဆရာမ မ်ား၊ ပညာေရးေကာလိပ္ေက်ာင္းၿပီးထားသည့္ ဆရာ/ဆရာမ ေသာင္းခ်ီအတြက္ အက်ဳိးေက်းဇူးခံစားရမည္ျဖစ္ေၾကာင္း သိရသည္။

Unicode Version

ပညာရေးဝန်ထမ်းများ ပညာဆက်လက်သင်ယူခွင့်နှင့် ခွင့်လုံလောက်မှုရရေး နံရံကပ်လှုပ်ရှားမှုပြုလုပ်

အခြေခံပညာကျောင်းများတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းများအနေဖြင့် ပညာဆက်လက်သင်ယူခွင့်ရရေးနှင့် ခွင့်လုံလုံလောက်လောက်ရရှိနိုင်ရေးအတွက် နံရံကပ် လှုပ်ရှားမှုကို ဟားခါးပညာရေးကောလိပ်တွင် စက်တင်ဘာလ (၁၇) ရက်နေ့တွင် လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
နံရံကပ်လှုပ်ရှားမှုအနေဖြင့် အခြေခံပညာကျောင်းများတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းများ၏ အခွင့်အရေးတောင်းဆိုမှုစာတမ်းများကို နံရံများတွင်ကပ်ပြီး ဆန္ဒဖော်ထုတ်ဖော်ထုတ်ကြခြင်းဖြစ်သည်။
“ကျတော်တို့အနေနဲ့ ဒီတစ်ပတ်ထဲမှာဘဲ လှုပ်ရှားမှုတွေလုပ်တယ်၊ အဲဒီမှာ ကျတော်တို့တောင်းဆိုတာ သုံးချက်ရှိတယ်၊ ပညာဆက်လက်သင်ယူခွင့်မှာ ခွင့်လုံလုံလောက်လောက်ရရှိဖို့က အဆင်မပြေဘူး၊ တစ်ခြားဌာနတွေဆိုရင် ၄၅ရက်တောင်မှ ရကြတယ်၊ အဲဒါကြောင့် ကျတော်တို့အနေနဲ့ ပညာဆက်လက်သင်ယူခွင့်နှင့် ခွင့်လုံလုံလောက်လောက်ရရှိဖို့ လှုပ်ရှားမှုကိုလုပ်ရတာဖြစ်ပါတယ်”ဟု ဟားခါးကောလိပ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုအောင်ခင်နိုင်မှပြောသည်။
နံရံကပ်လှုပ်ရှားမှုတွင် အချက်နှစ်ချက်တောင်းဆိုထားပြီး အဝေးသင်ပညာ ဆက်လက်သင်ယူခွင့်ရရှိရေး၊ ခွင့်လုံလုံလောက်လောက်ရရှိရေးတို့ဖြစ်ပြီး အခြေခံပညာ ညွှန်ကြားရေးမှူးချုပ်နှင့်လည်း တွေ့ဆုံညှိနှိုင်းသွားဖို့ရှိကြောင်းသိရသည်။
“ကျတော်တို့က ပညာရေးကျောင်းကနေပြီးသွားရင် ဒီပလိုမာရတယ်၊ ဒီပလိုမာက ဘွဲ့မဟုတ်တဲ့အတွက် ကျတော်တို့ မူလတန်းပြဖြစ်သွားတဲ့အချိန်မှာ ဘွဲ့လိုချင်ရင် ဝိဇ္ဇာ သိပ္ပံ ဘွဲ့ရဖို့ အဝေးသင်ပြန်ဖြေရမယ်၊ အဲလိုချိန်မှာ ခွင့်က (၁၇) ရက်တည်းဆိုရင် မလုံလောက်ဘူး၊ ခရီးဝေးတဲ့ဒေသတွေအတွက်ဆို သွားတာလာတာနဲ့ (၆)ရက်လောက်အချိန်ယူရတော့ စာကျက်ဖို့ အချိန်မရတော့ဘူး၊ ဒါကြောင့်မို့လို့ ခွင့်ကို (၂၅) ရက် မဟုတ်ရင် တစ်လဆိုရင် ပိုပြီးတော့အဆင်ပြေမယ်”ဟု ပြောသည်။
အဆိုပါနံရံကပ်လှုပ်ရှားမှုကို တစ်နိုင်ငံလုံးတွင်ရှိသည့် ပညာရေးကောလိပ် ၂၄ ကျောင်း ကိုယ်စားပြု ကော်မတီမှ ဦးဆောင်မှုဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး တစ်ရက်တွင် နှစ်ကျောင်းနှုန်းဖြင့် ကျောင်းအားလုံးတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
ပညာဆက်လက်သင်ယူခွင့်ရရေးနှင့် ခွင့်လုံလုံလောက်လောက်ရရှိနိုင်ရေး လှုပ်ရှားမှုအောင်မြင်ခဲ့ပါက DTEC ကျောင်း အပတ်စဉ် ၂၃ထိ ကျောင်းဆင်းထားသည့် ဆရာ/ဆရာမ များ၊ ပညာရေးကောလိပ်ကျောင်းပြီးထားသည့် ဆရာ/ဆရာမ သောင်းချီအတွက် အကျိုးကျေးဇူးခံစားရမည်ဖြစ်ကြောင်း သိရသည်။